Tuesday, February 24, 2009

အဆင်ပြေ ပါစေ ကြယ်ပိန်

Sent at 10:17 AM on Tuesday

thinstar1: hi
Win: မင်္ဂလာပါ၊ ဘယ်သူများပါလဲ၊ တွေ့ရတာ ၀မ်းသာပါတယ်
thinstar1: hi
Win: ပြောပါ၊ say something pls
thinstar1: ခင်ချင်လွန်းလို့ပါရှင့်၊ အဟိ
Win: ခင်တတ်ပါတယ်၊ ဘယ်သူများလဲ မသိဘူးနော်
thinstar1: မသိဘူး
Win: မ-သိဘူး နဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်
thinstar1: အင်း
Win: နာမည်တူတွေ များတယ်နော်
thinstar1: အဲဒါကိုတော့သိတယ်
Win: ခင်ချင်တာပဲ နာမည်လေးတော့ ပြောသင့်တာပေါ့
thinstar1: မပြောချင်လို့ပါ
Win: ဒါမှလည်း စကားပြောရတာ အဆင်ပြေတာပေါ့၊ ဒါဆို ဘလောဂ့်ရှိလား
thinstar1: ဘလော့လ်ဆိုတာဘာလဲ၊ မသိ
Win: ဒါဆို ကျွန်တော့်ကို ဘယ်လိုသိပြီး ဘာလို့ ခင်ချင်တာလဲတော့ မသိဘူး
thinstar1: အမြင်ကပ်လို့
Win: အန်
thinstar1: အကြောင်းသိချင်လို့
Win: ကောင်းပ
thinstar1: ဘာကောင်လဲလို့၊ တကယ်ပြောတာ
Win: ဘာမှ မဟုတ်ပါဘူးဗျာ၊ သာမန်လူထဲက လူပါပဲ
thinstar1: ဟုတ်လောက်ပါတယ်
Win: ခုပဲ ဗေဒင်တွက်လာတာ၊ လူမုန်းများတယ်တဲ့၊ မှန်တာတော့ မှန်နေပြီ
thinstar1: တကယ်ဟုတ်လောက်တယ်
Win: ပြောပါအုန်း
thinstar1: အရမ်းမှန်တယ်၊ ဗေဒင်ဆရာကိုအိမ်မှာပူဇော်ထား သိလား
Win: အမြင်ကပ်တာ ဘာကြောင့်လဲ၊ အကြောင်းတော့ ရှိမှာပါ
thinstar1: အခြေကြီးတယ်လို့ ပြောာသံကြားလို့
Win: နံပတ် ၁၁ ပဲစီးတာပါ
thinstar1: ဟင်၊ အဲဒါကြောင့်ဖြစ်ချင်ဖြစ်မှာပါ
Win: ဘယ်သူက မြောက်ပေးလိုက်တာလဲ မသိဘူးနော်
  • ကနေ့အထိတော့ ဘယ်သူ့ကိုမှ အမှား မလုပ်ခဲ့သေးပါဘူး
  • အထင်လွဲတာ ဖြစ်ပါမယ်
  • တောင်းပန်ပါတယ်
  • နစ်နာ ထိခိုက်တာများ ရှိရင်
thinstar1: ဟင်၊ နင်ကို ငါ ခုမှသိတာ၊ ဘာထိခိုက်မှု့မှ မရှိဘူး
Win: ဒါဆို ဘာလို့ အမြင်ကတ်တာလဲ
thinstar1: စိတ်ထဲ တမျိုးဖြစ်နေလို့၊ အင်ဗိုက်လုပ်လိုက်တာ
Win: ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်စေချင်ပါတယ်ဗျာ
thinstar1: မာန ကြီးတယ်လို့ ပြောသံကြားလို့ပါဆိုဟာ
Win: ကျွန်တော်က အားလုံးကို ခင်တတ်ပါတယ်
thinstar1: ဟုတ်ကဲ့ရှင့်၊ ဟုတ်၊ ယုံပါတယ်ရှင့်
Win: မာနဆိုတာ ကျွန်တော် ပြောချင်ပါတယ်၊ ခုလိုမျိုးပေါ့၊ ခင်ချင်တယ်ပြောပြီး
  • နာမည်တောင်မပြောပြနိုင်တာ
  • ဘယ်လို သူငယ်ချင်းကောင်းဖြစ်လာမလဲနော်
thinstar1: နင်အသိဆုံးနေမှာပေါ့ဟာ
thinstar1: မပြောချင်လို့ပေါ့
Win: ဒါဆို ဘယ်လိုလုပ် ဆက်ခင်မလဲ၊ စဉ်းစားကြည့်ပါအုန်း
thinstar1: ထင်ချင်သလို ထင်နိုင်တယ်
Win: ကျွန်တော်က မျက်နှာမရှိတဲ့သူနဲ့ စကားပြောနေရမှာလား
thinstar1: မစဉ်းစားချင်ဘူး
Win: သယ်ချင်းတို့ဘက်က မာန လျော့သင့်တယ်မဟုတ်လား
ခင်မင်ချင်စိတ် တကယ်ရှိခဲ့ရင် ပြောပါတယ်
thinstar1: မပြောရင် ခင်လို့မရဘူးဆို၊ သဘောအတိုင်းပဲ
Win: အဲဒီ သဘော မဟုတ်ပါဘူး
  • သယ်ချင်းတို့က
  • ကိုယ့်ဘက်ပဲကိုယ်ကြည့်တတ်တာပဲ
  • ကျွန်တော့် သယ်ချင်းတွေ အများဆုံးက blogger တွေ ဖြစ်တယ်
  • ဒီလို ဘုမသိ ဘမသိ နဲ့တော့ စကားပြောရတာ တစ်မျိုးကြီးပါပဲ
  • မေးလို့လည်း အဆင်မချော
  • ပြောတော့လည်း ဘုနဲ့ဘောက်
  • တောင်းပန်တော့လည်း အထက်စီးက မဆင်းချင်ဘူး
  • အစကတည်းက မခင်နဲ့ပေါ့ဗျာ
  • ဒါကို ကျွန်တော်ကပဲ မာနကြီးတယ်ဖြစ်ရတယ်။
---------------------------------------------------------------

thinstar1@gmail.com လိပ်စာနဲ့ မနေ့က ကျွန်တော့်ကို အရင်လာပြီး Invite လုပ်ထားခဲ့တယ်။ ဒီမနက် အဲဒီကလေးမ ကပဲ အရင်ဝင်ပြီး အပေါ်ကအတိုင်းပဲ စကားပြောဖြစ်ခဲ့တယ်။ စကားစပြောကတည်း လူတဖက်သားကို အကောင်းမမြင် ခဲ့ပါဘူး။ ကျွန်တော်ကပဲ အတတ်နိုင်ဆုံး လိုက်လျောပြီး စကားပြောခဲ့ပါတယ်။ ဒါပေမယ့် အဆင်မပြေတာတော့ အမှန်ပါပဲ။ ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို လျှို့လျှို့ဝှက်ဝှက် နေချင်သူတွေ အနေနဲ့ သူများတွေကိုလည်း မိတ်ဆွေဖွဲ့နေစရာများ လိုသေးလားလို့ မေးချင်ပါတယ်။ နာမည်လေး တစ်လုံးလောက်တောင် မပြောပြ နိုင်လောက်အောင် လျှို့ဝှက်ထား ချင်တယ်ဆိုရင် ဒါဟာ ရိုးသားမှု မရှိဘူးလို့ သုံးသပ်မိပါတယ်။ ဒီလို ဒီအကြောင်းတွေ မကြာခဏ ဖြစ်တတ်လွန်းလို့ Invite လုပ်လာရင် အမြဲပဲ No ပေးခဲ့မိပါတယ်။ လူတိုင်းကို သူငယ်ချင်းလို၊ မိတ်ဆွေရောင်းရင်းလို ဖော်ဖော်ရွေရွေ ခင်မင် တတ်ပါတယ်။ ခင်လည်း ခင်ချင်ပါတယ်။ လိုအပ်တဲ့ အကူအညီကို အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေး တတ်ပါတယ်။ (အိပ်စိုက်ပြီးတော့ပါ) ဒါပေမယ့် နှစ်ဦးနှစ်ဖက် စိတ်ရင်းအမှန်နဲ့ ခင်မင်ဖို့တော့ လိုအပ်မယ် ထင်ပါတယ်။ စောစောစီးစီး နှလုံးနာစရာဖြစ်လို့ ဒီလို ရေးဖြစ်ခဲ့ပါတယ်။ နစ်နာသူများရှိရင် ဒီကပဲ တောင်းပန်ပါရစေ။

ငို

34 comments:

Unknown said...

မာနကြီးတယ်တဲ့
အမြင်ကတ်တယ်တဲ့ ဆော်တယ်ဟ
တို့ကိုလဲ အင်ဗက် မလုပ်တာ ဒါကြောင့်နေမှာ
အဟီး စတာ။
စိတ်မကောင်းမဖြစ်ပါနဲ့
ချက်လောကမှာ ဒီလိုပါပဲ။

My Diary said...

ကိုဝင်းဇော်ကြီးရေ mail ကိုအင်ဗွိုက်ထားတာ မင်း2 ကိုတော့ အိုကေပေးဘူး ။ မာနကြီးတာ သေချာသွားပြီ

Anonymous said...

အဟဲ
ဖြစ်တတ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုတော့ ကောင်းတာပဲ မဟုတ်လားမောင်လေးရဲ့
water follow fish follow နေပေးလိုက်ပါ။
တစ်ဖက်လူ စိတ်တိုအောင် မလုပ်သင့်ပါဘူးနော်။

Welcome said...

-->(My Diary) ဟုတ်လား ဆောရီးပဲ သယ်ချင်းရာ ကိုယ်ပြန်တင်ပေးလိုက်ပါမယ် ။ စိတ်မရှိပါနဲ့။

May Moe said...

G-Talk စသုံးထဲက မိတ်ဆွေတွေနဲ့ ဆက်သွယ်ရေးသက်သက်ပဲသုံးလို့ အပြင်မှာ မသိတဲ့သူတွေကို ချက်လေ့ Accpect လုပ်လေ့မရှိပါဘူး။ Blog ရေးမိတော့ Blog ကသူငယ်ချင်းတွေဖြစ်နေမှာစိုးလို့ Invite တွေ့ရင်လက်ခံမိပါတယ် ။ ဒါပေမဲ့ စကားပြောရတာအဆင်မပြေပါဘူး ။ ASL မေးရင်တော့ အမုန်းဆုံးပဲ ။ သူတို့ပဲ Add ပြီး ဘယ်လိုသိလဲ ဆိုတာမေးသေးတယ် ပြီးတော့ Personal Question တွေမေး သူတို့ကိုမေးရင်တော့ ဘာမှ မဖြေဘူး ။ အဲတော့လဲ Block ရုံပဲပေါ့လေ။ ခုထိတော့ နဂိုရှိပြီးသားBlog ကသူငယ်ချင်းတွေပဲ ထားတော့တယ်။ ဟုတ်တယ် ကိုယ့်ဘက်က စိတ်ရင်းမှန်နဲ့ နေတဲ့ အတွက် မျက်နှာမရှိတဲ့သူနဲ့ မချက်ချင်ဘူး ။ အဲတော်တော်ရှည်သွားပြီ :D

Anonymous said...

ဘလိုင်းကြီးပါလား သူအမြင်ကတ်ရလောက်အောင် အတင်းက ခိုင်လုံတိကျနေလားမသိး) ဆိုးပါ့ ဇွတ်ကြီး စကားတောင်ကောင်းကောင်းမပြောရသေး မာနကြီးတယ် အခြေကြီးတယ် နဲ့ ဟာသမို့ ပနာမစားပါနဲ့ ကိုဝင်းဇော်ရေ့ လွှတ်ထားပေးလိုက် 7 ရက်သားသမီးစိတ်ချမ်းသာတော့ ကုသိုလ်ရတာပေါ့ ကျနော်လည်းကြုံဖူးပါ့ “နင့်လို..ကောင်မျိုး မတွေ့ဖူးဘူး” ကပါသေ ဘာလို့လဲဆိုတော့ စကားတောင် ၁၀မိနစ်ပြည့်အောင်မပြောဖူးပဲ ဖြစ်နေတာဆိုတော့လည်း ကိုယ့်မှာ ဘာပြောရမှန်းမသိပဲ ဟတ်ကော့ကြီး :P အင်းး...တော်ပါပြီးလေ ပြောတော့ဘူး မောတယ် နေလည်းပူနေတယ် ပြန်ပြီး ။

တောင်ပေါ်သား said...

ကိုကြီး သေချာတယ် မာနကြီးတယ်
ကျနော်မေးလ်ကိုလဲ accept မလုပ်ဘူး ဟီးးးးးးးးးး
ကြာပေါ့ မသိဘူးမပြောနဲ့နော့် ဟီးးးးးးးးးးး
ဖြစ်တတ်ပါတယ် အကိုရေ စိတ်ထဲက ဖျောက်ထား မတွေးနဲ့


လေးစားလျက်
တောင်ပေါ်သား

Heart Breaker said...

ကိုယ်ကတော့ မေးလ်ကို စာပို့ဖို့ သက်သက်ပဲ လုပ်ထားတာပါ။ နောက်တော့ အဆွယ်ကောင်းလို့ ဘလောဂ်ထဲ လျှောက်လည်တယ်။ ကောင်းပါတယ်။ ဗဟုသုတ စုံတာပေါ့။ ချက်တင်း ကတော့ မတက်ဖြစ်ဘူး။ မတက်ဖြစ်ဆို သိတဲ့ အပေါင်းအသင်းမရှိလို့လေ။ ဗဟုသုတဖြစ်အောင် တော့ ညီဝင်းဇော်ရေ မေလ်းအပိုများရှိရင် မျှပါအုန်း။ ဟိုလိုလို ဒီလိုလို လုပ်ကြည့်တာပေါ့။

ဝှိုက်ဝှိုက် said...

အမြင်ကပ်လို့ မာနကြီးလို့ တဲ့တွေ့တွေ့ချင်းပဲ
ဆော်ပလော်တီးသွားတာ ကိုဝင်းဇော်ကြီး ဟိုက သတင်းအတိအကျမို့ထင်တယ်နော် အဟဟဟ
စတာ ဒီလိုပါပဲ အဲ့လိုလူတွေအများကြီးရှိတယ် ဘာတွေမှန်းမသိဘူး

မီယာ said...

မလွယ်ပါလားနော်.. ကိုယ်နဲ့ မသိတဲ့လူကို ဘယ်လို စကားပြောရမလဲ.. ဒွတ်ခ

Anonymous said...

မလွယ်ပါလည်း ခုအဲလိုလူတွေလည်းအများကြီးပဲနော်.

ရွှန်းမီ said...

မလွယ်ဘူး.. chat box လေးထဲဝင်နေပြီး သူတို့ကိုယ်သူတို့ ဘာအောက်မေ့တယ် မသိပါဘူး။ စိတ်လေတယ်။

:P said...

ကိုဝင်းဇော်ကို ထောက်ခံပါ၏။
ကိုယ့်နာမည်တောင် မပြောချင်တဲ့လူကို ဘယ်လိုလုပ်
ဆက်စကားပြောလို့ရမလဲ.. ဒါပေမယ့် အရင်လာအက်၊
နာမည်ပြောပြီး လိမ်တဲ့လူလည်းတွေ့ဖူးတယ်..။ သူဟာ ယိုးဒယားလူမျိုး ကျောင်းသားပါဆိုပြီး ပြောတယ်။ ကိုယ့်အကြောင်းမေးတော့ အကုန်အမှန်ပြောမိတယ်..။
(လူတိုင်းကိုပြောတာပါပဲ)။ သူက နစ်နာအောင်တော့ ဘာမှ မလုပ်ပါဘူး..။ တချိန်လုံး လိမ်နေခဲ့တာ..။ ဥပမာ ဂျီတော့ပုံမှာ မြန်မာလို စာရိုက်ထားရင်သူနားမလည်လို့ ဘာအဓိပ္ပါယ်လဲဆိုပြီး မေးလို့ ကိုယ့်မှာအင်္ဂလိပ်လို ဘာသာပြန်ပြရတာ..။ ငါတို့ မြန်မာစကားကို စိတ်ဝင်စားတယ်ဟဲ့ ဆိုပြီး မသိတဲ့ စာလုံးပေါင်းတွေ အမျိုးသားနဲ့ အတူ Dictionary မှာ သေချာအောင်ကြည့်၊ အများကြီးပါပဲ.. နောက်မှ သူ သတိမေ့ပြီး friendster မှာလားမသိ အင်ဗိုက်လုပ်တော့သူ့ပရိုဖိုင်းမှာ ရန်ကုန်က မြန်မာလူမျိုးမှန်းသိလိုက်၇တယ်။ ကိုယ်နဲ့ မသိတဲ့လူ တစ်ယောက်ကို အချိန်ကုန်ခံ အရူးလုပ်နေခဲ့တာပေါ့ ။ ခုလည်း မြန်မာလိုရေးထားတဲ့ဖော်ဝပ်မေးတွေ ပို့နေတုံး၊ Block တော့ မလုပ်ဖြစ်ဘူး၊ လာခေါ်ရင် ပြန်မထူးပြောတော့ဘူး။ အဲဒီက စပြီး ကိုယ်မသိတဲ့လူ လာ invite ရင် လက်ခံဖို့ကြောက်သွားတာပဲ..။

:P said...

ဟယ်... ကောမန်က အရှည်ကြီး ဖစ်တွားပြီ.. ဆောရီးနော် .. အိမ်ရှင်

မု;သုင်ခု, said...

ဖတ်ကြည့်တယ်။ မင်းရဲ့ မိန်းကလေးတစ်ယောက် အပေါ် ကိုင်တွယ်ပုံ ကိုင်တွယ်နည်းက ပဲ မှားယွင်း နေတာပဲလား။ မိန်းကလေးဆိုတာ (နု)မှ ကြိုက်တာ။ ဘာပဲဖြစ်ဖြစ် ကိုယ်က ချော့မော့ပြီး ပေါင်းရင် သူငယ်ချင်း တစ်ယောက်တော့ ရလာမှာပေါ့။ တွေ့တွေ့ချင်းပဲ နာမည် အရင် မေးမဲ့ အစား ခင်အောင် အရင် လုပ်ပြီးမှ မေးတော့ကော နောက်မကျလောက်ပါဘူး။ သူလေးခင်မျာ ရှက်ရမ်းရမ်းပြီးတော့ မင်းကို ပြောမိပြောရာ ဖြစ်သွားတာပေါ့။ တွေ့ရင် ပြန်တောင်းပန် လိုက်ပါ။ အဆင်ပြေပါစေ။

စိုင်းစိုင်းလားရှိုး said...

ဟိုက်။။။

Unknown said...

ကိုဝင်းဇော်ရေ
မုန်းစကိုတိုစေ
ချစ်စကိုရှည်စေတဲ့
အားလုံး ညီအစ်ကိုမောင်နှမတွေပဲလေ
ဖေးမပါ။ ကူညီပါ။ ဟုတ်ပြီလား။

ကောင်းကင်ပြာ said...

တိုတိုဝင်းဇော် ASL ပလိစ်၊ ဟိဟိ၊ဒါကြောင့် Blog မောင်နှမတွေက လွဲရင် ဘယ်သူ invite တာကိုမှ လက်မခံတော့ ဘူး မောင်လေးရေ

မိုးခါး said...

ကိုဝင်းဇော်ကြီးရေ .. အကုန်လုံးပြောသွားကြပြီဆိုတော့ပြောတော့ပါဘူး .. :D

Phu Mon said...

သူကပဲလာ add သေး ဆော်သွားလိုက်တာလဲလွန်ရော.. ဒါမျိုးတွေက Online လောကမှာဖြစ်တတ်ပါတယ်.. စိတ်လျှော့ထားလိုက်ပါတော့

လင်းဒီပ said...

ပြန်တိုင်ပြောမယ် အဒေါ်နဲ့..
အင်ဗိုက်လုပ်တာ လက်ခံစကားပြောလို့....
ဗိုက်ခေါက်ပြတ်ပြီသာမှတ်..:P

khin oo may said...

အင်

ဖိုးဂျယ် said...

မြန်ာမာပြည်က လူငယ်တွေက ချက်တင်ကို
ဘာထင်နေလဲ မသိဘူးနော်
ကျွန်တော်တို့ကလဲ ဒီမှာက ဂျီတော့ ဖွင့်ထားရင်
ချက်တင်တက်တယ်ပဲထင်နေတာ
ကိုယ်က ချက်ချင်မှ ချက်တာလေ ဘလော့လည်ရင်လည်နေတာ
ဒါကို စမခေါ်ဘူး၊ ဟိုရောက်လို့ ဘ၀င်မြင့်တာလား
ဘာလားကလာသေးတယ်။ သူကတို့ စချက်တော့ရော
ဘာဖြစ်လို့လဲ ငရဲကြီးမှာ စိုးလို့လား
ပြောရရင် အရှည်ကြီး ကိုဝင်းဇော်ရေ ဖူးးး

Anonymous said...

မေဒီလည်း ဒီလိုကြုံဖူးပါရဲ့... ပြီးခဲ့တဲ့ အပတ်ကလေးတင်ပဲ ကြုံလိုက်ရတာ... နောက်ဆို ချက်တင်ထဲတောင်ဝင်ချင်တော့ဘူး..

သက်ဝေ said...

ခက်ပါလားနော်...
နောက်ကို မသိတဲ့သူတွေ Invite လုပ်ရင် လက်မခံနဲ့ပေါ့...
ယောင်္ကျားလေးဆိုတာ သိုသိုသိပ်သိပ် ထိန်းထိန်းသိမ်းသိမ်းလေး နေကာမှ တန်ရုံကျတာကလား....

Unknown said...
This comment has been removed by the author.
Anonymous said...

အပေါ်ကလူတွေပြောသွားတာနဲ့ ကုန်နေပြီး ပြောတော့ဘူး
အတူတူပဲလို့...ဟိဟိ

Anonymous said...

အပေါ်ကလူတွေပြောသွားတာနဲ့ ကုန်နေပြီး ပြောတော့ဘူး
အတူတူပဲလို့...ဟိဟိ

WWKM said...

ဟဟ..ရယ်ရတယ်..
အစ်မလဲဖြစ်ဖူးတယ် တမျိုး...
အင်ဗိုက်လာတော့ ဘလော့က မောင်နှမတွေထင်လို့
လက်ခံထားလိုက်ပါတယ်။ အွန်လိုင်းမှာတွေ့လို့
နာမည်မေးတော့ မပြောတာနဲ့ ဘလော့လိုက်တာပေါ့။း)

Anonymous said...

အင်း..... ဟုတ်တယ်။ တစ်ခါတစ်လေ အဲဒီလိုလူတွေနဲ့တွေ့ရတယ်။ ဘယ်ကမှန်းမသိ အင်ဗိုက်လာလုပ်တော့ ဘလော့ပေါ်က မောင်နှမတွေ ဖြစ်နေမှာစိုးလို့ accept လုပ်တာ မေးတော့လည်း ဘလော့ဆိုတာ ဘာလည်း ပြန်မေးတဲ့လူနဲ့။ သိလို့လား မေးတော့လည်း မသိပါဘူး ဖြေတဲ့လူနဲ့။ စိတ်ရှုပ်ဖို့ကောင်းတယ်။ အဲဒါကြောင့် အခုဆို accept တော့လုပ်တယ်။ စကားပြောကြည့်ပြီး သိပ်စိတ်မရှည်ရင် အရင်ဘလော့လိုက်တယ်။ အေးရော... :)

Unknown said...

အိပ်စိုက်ပြီးတောင်ကူညီတယ်ဆိုပဲ။
ဒီလိုသူငယ်ချင်းမျိုးရှာနေတာကြာပြီ။
gmail ကို add ဦးမှပဲ။
accept မလုပ်ပဲထွက်ပြေးရင်
သေဖို့သာပြင်။
တွေ့ရာသင်္ချိုင်းဓားမဆိုင်း။
တကယ်မာနကြီးတယ်လို့
မှတ်ပလိုက်မှာ။ဟွန်း။
စတာနော်။ကယ်ဟုတ်ဘူး။
အဟီး။

နှင်းဆီနီ said...

မျက်နှာမပါတဲ့သူနဲ့ စကားပြောရသလို
ဖီးလ်တော့ နည်းနည်းအောင့်တယ်။
ကိုဝင်းဇော်ကို
တဖက်သတ် စိတ်ဝင်စားနေတာများလား ..
ဖြစ်နိုင်ချေ ၁၀၀ % ပဲနေမှာ။

magyi-parchuu said...

ဖြစ်တတ်ပါတယ် မောင်ငယ်လေးရ..... ဒါက ခေတ်လေ..... သူများဆီကပဲ ယူချင်တာ.. ကိုယ်က ပေးဆပ်ဖို့ကျ တွန့်တိုတတ်တာ ဒီခေတ်က လူငယ်တွေ စိတ်မှာ တော်တော် များနေပြီ။ အဆင်ပြေ အေးချမ်းပါစေ

Unknown said...

ဂလိုမျိုးလည်း ရှိတတ်သားပဲ။ ကြုံဖူးချင်သေးတယ်