Tuesday, February 10, 2009

အရိပ်မည်း

ပန်းရနံ့ကို နှစ်သက်လို့
ဝတ်ဆံကို ချွေမိတယ်
ဘယ်သူ့ကိုများ အပြစ်တင်စရာ လိုမှာလဲ

အမှန်တော့လည်း
ငါ့အချစ်က
ဖန်တီးယူလို့ မရတဲ့ ပုံဆောင်ခဲ ပဲလေ .. ..

Photobucket

13 comments:

စိုင်းစိုင်းလားရှိုး said...

အို....... ကဗျာလေးက တိုပေမယ့် ဖတ်ကောင်းတယ်။ ပုံဆောင်ခဲတဲ့လား။

Anonymous said...

ပန်းရနံ့လေးကို ထာဝရ တန်ဖိုးထားမယ် ရည်ရွယ်ခဲ့တာပဲ။ အပြစ်ဆိုဖွယ် မရှိပါဘူး။ ဟဲဟဲ။ ထိမိ ကောင်းမွန်တဲ့ ကဗျာလေးကို ခံစားသွားပါတယ် ကိုဝင်းဇော်။ အဆင်ပြေပါစေ။

Anonymous said...

ပုံဆောင်ခဲလေးကို အပူပေးကြည့်ပါလား ပြောင်းလာမလားလို့း)
လွမ်းစရာရှိရင် နာစရာနဲ့ဖြေ :P

တောင်ပေါ်သား said...

ပန်းရနံ့လေးကို နှစ်သက်လို့ ၀တ်မှုန်ကို ခြွေမိတာကိုး အကိုရ နောက်တခါ ထပ်တွေ့မဲ့ ပန်းလေးများကို ရနံ့ကြိုက်ရင် ဒီအတိုင်း သိမ်းထားလိုက်နော့် ပုံဆောင်ခဲလေး လုပ်ထားပြီပေါ့။ ခံစားသွားတယ်ဗျ


လေးစားလျက်
တောင်ပေါ်သား

Unknown said...

သစ်သစ်တွေ့တာလားပဲ
ဒီလူမရိုးသားတော့ဘူး အဟတ် အဟတ်
လွန်လွန်ကျူးကျူးတော့ မဖြစ်စေနဲ့အုန်း

ရွှေအင်းသူ said...

ရှမ်းလေး . .. .
ကဗျာလေးလာဖတ်တယ်။
သူ့အချစ်ကို လိုချင်ရင်တော့
အတ္တစိတ်လေး နည်းနည်းလျော့လိုက်နော်

Anonymous said...

ကဗျာလေးနဲ့တွဲပေးထားတဲ့ပုံလေးက ချစ်စရာ ...း)

နှင်းဆီနီ said...

မြင်အောင်ကြည့်သွားတယ်
ကျောင်းတုန်းကတော့ crystal ရအောင်
လုပ်ခဲ့သေးတာပဲ။ ဘော်ဒါရဲ့ crystal က ဘာ ဆားများပါလိမ့်နော်။ အချစ်တွေ ထုံလွှမ်းပျော်ရွှင်နိုင်ပါစေ .. ..

Heart Breaker said...

အပြစ်မမြင်ရက်ပါဘူး
နည်းနည်းလျော့လျော့ပေါ့ပေါ့ လုပ်ပါ
ကျောက်ခဲကြီးရေ အဟီ .. အဟိ

ရွှေအင်းသူ said...
This comment has been removed by the author.
စိုင်းနောင့် said...

အရိပ်မည်းကြီးအတွက် နောင်တရနေမယ်ဆိုရင်လည်း
လျော့၂ပေါ့ပေါ့ လုပ်လိုက်ပါ။

ကောင်းကင်ဖြူ said...

ပန်းရဲ့နံ့ကိုဖန်တီးလို့မရသလို ၊ အချစ်ကလည်းဖန်တီးလို့မရဘူး

Anonymous said...

ပုံဆောင်ခဲတဲ့ လား...။ အဲ့လိုဆို ကျွန်တော်လည်း ပုံဆောင်ခဲ တစ်ခဲ ဖြစ်နေ ပြီနဲ့ တူတယ် ကိုယ့် ဆရာ..။