Monday, February 2, 2009

ကာရာအိုကေ ဆိုမယ်

အခုမှ ရောက်ဖူးတဲ့ အွန်လိုင်းပေါ်က မြန်မာ ကာရာအိုကေ သီချင်းဆိုလို့ ရနိုင်တဲ့ ၀က်ဘ်ဆိုက်လေး တစ်ခု မျှဝေပေးချင်ပါတယ်။ သီဆိုသူ တေးသံရှင် ၁၀၇ ယောက်ရဲ့ တေးသီချင်းများကို ဝေေ၀ဆာဆာ တင်ထားပေးပါတယ်။ နှစ်သက်တဲ့ သီချင်းရဲ့ Code ကိုလည်း ရယူအသုံးပြုနိုင် ပါတယ်။ Contests မှာ Register လုပ်ပြီး ကိုယ်နှစ်သက်တဲ့ သီချင်းကိုလည်း တင်နိုင်ပါတယ်။ တင်ပြီးသားသီချင်း တွေကို နားထောင်ပြီးလည်း မှတ်ချက်ပြု နိုင်ပါသေးတယ်။ (ကျွန်တော်တော့ အကြိမ် ၂၀ လောက် Register လုပ်တာ You have entered wrong security code. စာတန်းပဲပေါ်နေလို့ လက်လျော့ခဲ့ရတယ်။ ကျွန်တော်ပဲ ပိန်းတာ နေမှာပါ။) ၀က်ဘ်ဆိုက်ထဲ ၀င်မွှေရင်း နှစ်သက်မိတဲ့ ဘိုဘိုရဲ့ ညှို့မျက်ဝန်းသီချင်း လေးကို ပြန်လည် တင်လိုက်ပါတယ်။ အပျင်းပြေပေါ့။ ကာရာအိုကေ ၀က်ဘ်ဆိုက်ကို ဒီကနေ Click လုပ်ပြီး သွားရောက် လေ့လာနိုင်ပါတယ်။

Photobucket



ညှို့မျက်ဝန်း / ဘိုဘို

နောက်လှည့်ကြည့်တစ်ချက် ဆိုသာရုံလေး ညှို့မျက်ဝန်းရှင်ရယ်
မင်းပေးသွားတဲ့ ရင်ဝေဒနာလည်း စက္ကန့်ရွှေ့ အမျှပါပဲ
ကလေးငယ်လို လိုလားမှုများစွာနဲ့ရယ် တောင်းခံသူကို

အချစ်တစ်ခြမ်း တစ်ဖဲ့ ဖြစ်ဖြစ် စေတနာသဒ္ဒါ သလောက်မျှခဲ့ပါ
အချစ်လမ်း တစ်ဝက်ဖြစ်ဖြစ် ကြင်နာနိုင်သလောက် ရွေ့လှမ်းပါ
အချစ်ပန်းတစ်ဝက် ဖြစ်ဖြစ် စာနာနိုင်သလောက် စွန့်ခဲ့ပါ

နားနဲ့မနာ ဖ၀ါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါ
ပြောလှည့်ပါ ဟောလှည့်ပါ အချစ်တရားတစ်ပုဒ် နာလိုသူမှာ
အတွေးများစွာ ပေးထားတာ အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ
ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ
မြေဇာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ ထပ်တူ
တစ်ပြည်ကွာ အနမ်းတို့ရဲ့ အဝေးခွာခြင်းနဲ့ အတူ

ဒီလူမှာသာ ဆုံးရှုံးနေမှာပဲလေ ဆုံးကာ ရှုံးကာသာ နေမှာပဲလေ
ဆုံး ရှုံး နေမှာပဲလေ အမြဲအစဉ် ရှုံးကာသာ နေမှာပဲလေ အမြဲရှုံး နေမှာပဲလေ အချစ်ရေ ..

အသည်းခွင့်မြားချက် ရင်လယ်ဗဟို၌ စူးစိုက်ခဲ့ပြီကွယ်
အပြုံးဝင့်တစ်ချက်က ရင်ကိုတစ်ပါတည်း သိမ်းပိုက်သွားပြီကွယ်
စိတ်အစဉ်ရယ် တစ်ပါတည်း နဲ့ လိုက်ပါသွားတယ် ညှို့ပိုင်သူရေ

အရှင့်ပခုံးနုထက်မှ အပြာရောင် လွယ်အိတ်ကလေး ဖြစ်ပါရစေ
အရှင့်ဖ၀ါးနုအောက်မှ ကတ္တီပါ ဖိနပ်ကလေး ဖြစ်ပါရစေ
အရှင့်ဦးထိပ်ထက်မှ ငွေရောင် ဆံညှပ်ကလေး ဖြစ်ပါရစေ

နားနဲ့မနာ ဖ၀ါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါ
ပြောလှည့်ပါ ဟောလှည့်ပါ အချစ်တရား တစ်ပုဒ် နာလိုသူမှာ
အတွေးများစွာ ပေးထားတာ အရှုံးအမြတ်အတွက် မရေရာသူမှာ

နေလောင်ပန်းတို့ရဲ့ ငိုရှိုက်သံနဲ့အတူ
ရော်ဝါရွက်တို့ရဲ့ ညှိုးငယ်စိတ်နဲ့အတူ
မြေဇာမြက်တို့ရဲ့ သိမ်ငယ်မှုနဲ့ ထပ်တူ
တစ်ပြည်ကွာ အနမ်းတို့ရဲ့ အဝေးခွာခြင်းနဲ့အတူ
အရှင်ပိုင်ဆိုင်ရာ အသည်းယဇ် ပလ္လင်တော်ထက်မှာ
အနှေးအမြန် စတေးခံကာ နေမှာပဲလေ
အသည်းယဇ် ပလ္လင်တော်ထက်မှာ ဆုံးကာရှုံးကာသာ
နေမှာပဲလေ ဆုံးရှုံး နေမှာပဲလေ အချစ်ရေ .. ..

12 comments:

WWKM said...

အစ်မလဲ ဆိုပြီးသွားပြီလေ။ ဒါပေမယ့် ချက်ချင်းမ
ဝင်တာလာမသိ မရဘူး။ အခု မောင်ဝင်းဇော်ပြောမှ
ပြန်သတိရတယ် ၊စစ်ကြည့်ဦးမှ။

မျှဝေပေးတာကောင်းတယ် မောင်ဝင်းဇော်ရေ..
ပျော်ပျော်ရွှင်ရွှင် ဘလော့ဂါတွေကာရာအိုကေဆိုင်မှာ
ဆုံကြရတာပေါ့နော်။ :D

လင်းထက် said...

ကိုဝင်းဇော်ကြီး ဘယ်နှစ်ပုဒ်လောက် တောင် ဆိုခဲ့ သလဲဗျ ...
အခု တင်ပေးထားတဲ့ သီချင်းက ဘိုဘို ပြန်ဆိုတာ ထင်တယ်နော် မူရင်း အဆိုတော်က ကျွန်တော် အရမ်းကြိုက်တဲ့ ဖိုးချို ဆိုထားတာ ထင်ပါတယ်..။

ATN said...

ဟုတ်ပါတယ် မူရင်းက ဖိုးချို ဆိုခဲ့တာပါ...

Welcome said...

(ကိုလင်းထက်နဲ့ ကိုအောင်သာငယ်)
ဟုတ်ပါတယ်။ ဖိုးချိုအမှတ်တရ live show မှာ ဘိုဘိုက ပြန်ဆိုထားတာပါ။

Unknown said...

သီချင်းဆိုက်လေး ရောက်ခဲ့တယ်။ ပေါ့ပေါ့ပါးပါး လေးနဲ့ ကောင်းမွန်တယ်၊ သီချင်းတော့ သိပ်မများသေးဘူးနော်။

Anonymous said...

သီချင်းတွေ လျှောက်ကြည့်တာ ကိုယ်ကြိုက်တဲ့ အဆိုတော်တွေလည်း တွေ့ရလို့ ကျေးဇူးငါ့မောင်ရေ။

Unknown said...

ရောက်ခဲ့ပါတယ်။ ဆိုခဲ့တယ်။ စိတ်လွတ်ကိုယ်လွတ်ရှိတဲ့အချိန်လေး ထပ်သွားပါအုန်းမယ်။

Anonymous said...

ဝိုး..သီချင်းတွေ ရှယ်ကြီးပဲ ကျေးဇူး ကျနော် ကိုဝင်းဇော်တင်ပေးနေတဲ့ ဆိုဒ်တွေကပဲ နားထောင်ဖြစ်နေတာကြာပြီး ရှဲရှဲး)

Anonymous said...

သွားမကြည့်ရသေးဘူး ... တင်ပေးထားတဲ့ညှို့မျက်ဝန်းကိုတော့ ကြိုက်တယ် ...

မြတ်သွယ် said...

သွားကြည့်မယ်
ကိုဝင်းဇော် တင်ပေးထားတဲ့သီချင်းလေးလည်း နားထောင်သွားပါတယ်
မျှဝေပေးလို့ သိုင်းကျူးပါ
ပုလဲလည်း တွားဆိုမယ်
ဟီးးးး)

My Diary said...

ရွာမှာ (၁)ပုဒ် 50 ပေးရတယ်
အခုလိုအလကားရတော့ တစ်နေကုန်သွားဆိုမယ်
ရှဲ 2 ။

Anonymous said...

SoeSoe