Tuesday, July 30, 2024

သက်ရှည်ကျန်းမာလှပဖို့ ကိုယ်လက်လှုပ်ရှားကစားစို့

 



သက်ရှည်ကျန်းမာလှပဖို့ ကိုယ်လက်လှုပ်ရှားကစားစို့

ဒေါက်တာဥမ္မာစော

          လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ရောဂါများကို ကူးစက်နိုင်သော ရောဂါများနှင့် မကူးစက်နိုင်သော ရောဂါများဟူ၍ ခွဲခြားလေ့ရှိသည်။ ကိုဗစ်ကဲ့သို့သော၊ တီဘီကဲ့သို့သော ရောဂါပိုးမွှား များကြောင့် ဖြစ်ရသော ရောဂါများကို ကူးစက်နိုင်သော ရောဂါဟု အမည်တပ်ကြသည်။ များသောအားဖြင့် ဖွံ့ဖြိုးမှု မရှိသော၊ ဖွံ့ဖြိုးမှု နိမ့်ကျသော နိုင်ငံများ တွင် အစာအာဟာရ ချို့တဲ့မှုကြောင့် ကိုယ်ခံစွမ်းအား ကျဆင်းမှု၊ လူနေထူထပ်မှုကြောင့် ရောဂါပိုးကူးစက် လွယ်မှုတို့အပြင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း တို့ကြောင့် ကူးစက်နိုင်သောရောဂါများအဖြစ်များကြသည်။ မကူးစက်နိုင်သော ရောဂါများဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါ အမျိုးမျိုးတို့သည် မူလသဘောအရ ချမ်းသာကြွယ်ဝသော ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် အဖြစ်များသော ရောဂါများ ဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့ရွာ ဖြစ်လာပြီးနောက် ကမ္ဘာအနှံ့မှ လူသားများကြားတွင် နေထိုင်စားသောက်မှု အကျင့်စရိုက်များ တူညီလာသော အခါ မကူးစက်နိုင်သော ရောဂါများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ၌ပါ ဖြစ်နှုန်းများလာခဲ့ ပါသည်။

Monday, July 29, 2024

အသည်းရောင်အသားဝါရောဂါအကြောင်းသိကောင်းစရာ

 



 အသည်းရောင်အသားဝါရောဂါအကြောင်းသိကောင်းစရာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ကနှစ်စဉ် ဇူလိုင်လ ၂၈ ရက်ကို “ကမ္ဘာ့အသည်းရောင် ရောဂါနေ့ - World HepatitisDay (WHD)”အဖြစ် သတ်မှတ်ထားရာ၊ ထိုနေ့သို့ရောက်တိုင်း မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အသီးသီးမှ အများပြည်သူများ အတွက် အသိပညာနှင့် ကျန်းမာရေး ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပညာပေး ဟောပြောပွဲများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိသည်။ မည်သည့်ရောဂါ အတွက်မဆို ရောဂါဖြစ်ပေါ် ခံစားလာမှ ကုသခြင်းထက် မဖြစ်ခင် ကြိုတင် ကာကွယ်ထားခြင်းက ပို၍သာလွန် ကောင်းမြတ်လှ ပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ယခုလို နှစ်တစ်နှစ်၏ ပြက္ခဒိန်လ များတွင် ၉၆ ပါးသော ရောဂါဝေဒနာ အမျိုးမျိုးအတွက် ကျန်းမာရေး သတိပေးနေ့များကို သတ်မှတ်ကာ စဉ်ဆက်မပြတ် အသိပေးလျက် ရှိပါသည်။

Thursday, July 4, 2024

တန်ဖိုးရှိလှ မိန်းမသားဘဝ




 တန်ဖိုးရှိလှ မိန်းမသားဘဝ

 စာရေးဆရာ တင်နိုင်တိုး ရေးသားထားသော “ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာ အမျိုးသမီးများ” စာအုပ်လေးကို ဖတ်ရန် ကျွန်မရွေးချယ် ကောက်ယူမိပါသည်။ ထိုစာအုပ်ဖုံးလေး ပေါ်က ရှေးခေတ်မြန်မာ အမျိုးသမီးများ ဓာတ်ပုံကို ကြည့်မိသောအခါ ကျွန်မသိသော သူလည်းပါ၍၊ မသိသူလည်း ပါသည်။ သို့သော် ကျွန်မမသိသူက ပိုများပါသည်။ ဤစာအုပ်ပါ အကြောင်းအရာ များသည် ကျွန်မ လူ့ဘ၀သို့ ရောက်မလာသေးခင် ပါလီမန်ခေတ်က အမျိုးသမီးများ အကြောင်းဖြစ်၍ အထူး စိတ်ဝင်စားမိ ပါသည်။

Wednesday, July 3, 2024

ဒေါသထွက်လွယ်ခြင်းနှင့် အိပ်ရေးပျက်ခြင်း

 



ဒေါသထွက်လွယ်ခြင်းနှင့် အိပ်ရေးပျက်ခြင်း

ဒေါက်တာလွင်သန့်

        မကြာခဏ ဒေါသဖြစ်လွယ်ခြင်းက ရေရှည်မှာ ကိုယ်တိုင်ရဲ့ နှလုံးကျန်းမာရေး တုံ့ပြန်ပြီး ထိခိုက်မှု ဖြစ်စေတယ်လို့ သုတေသီက ဆိုတယ်။ အချိန်မရွှေး၊ နေရာမရွှေး၊ ဒေါသမထိန်းဘဲ ၊ပေါက်ကွဲနေတတ်သူ တွေမှာ နှလုံးသွေးကြော တွေကို နာတာရှည် ထိခိုက်ဒဏ်ရာ ရရှိသွားစေတယ် လို့ အမေရိကန်၊ နယူးယောက်မြို့ ကိုလံဘီဟာ တက္ကသိုလ် အာဗင် ဆေးပညာစင်တာ သုတေသန ခေါင်းဆောင်း ဒေါက်တာ ဒိုင်တီချိုချင်ဆိုတာ က ပြောကြားတယ်။ လူတွေစိတ်တို့ ဒေါသထွက် နေချိန်မှာနဲ့ စိတ်သောက ဖိစီးချိန်၊ ဝမ်းနည်းနေချိန်နဲ့ ပုံမှန်အနေထား စိတ်ခံစားချက် ရှိနေချိန်တွေမျိုးမှာ သွေးကြောတွေရဲ့ လုပ်ဆောင်ချက် တွေကို သုတေသီတွေက လေ့လာမှု လုပ်ခဲ့ကြတာ ဖြစ်တယ်။