Saturday, September 7, 2019

မရှိမဖြစ် နာကျင်မှုပျောက် Fentanyl Patch ကပ်ခွာဆေးများ


မရှိမဖြစ် နာကျင်မှုပျောက် ကပ်ခွာဆေးများ

ပာမယုံ ကြုံမှသိဆိုသလို အချို့သော ကင်ဆာလူနာများ အတွက် နာကျင်မှု ဝေဒနာက အတော်ဆိုးသည်။ ကင်ဆာလူနာတိုင်း နာကျင်ကြ ရတာ မဟုတ်ပေမယ့် တကယ်နာပြီ ဆိုရင်လည်းတ်ာရုံ အကိုက်အခဲ ပျာက်ဆေးနှင့် မရတော့ဘဲ Opioids ဟုခေါ်ကြသည့် မူးယစ်ဆေး အနွယ်ဝင် နာကျင်မှု သက်သာဆေး များကို မှီဝကြရသည်။ ထင်ရှားသည့် မ်ာဖင်း၊ Tramadolဆးများမှာ Opioids အနွယ်ဝင် နာကျင်မှု သက်သာဆေးများ ဖြစ်ကြပါသည်။ ယခုနောက်ပိုင်းမှာ အရေပြားပေါ် မှာကပ်လို့ရပြီး အဆင့်မြင့် နည်းပညာဖြင့် တီထွင်ထားသည့် Fentanyl Patch  အမည်ရ ကပ်ခွာဆေးများ ပေါ်လာပါပြီ။ ပည်ပမှ တင်သွင်းရပြီး အထူးထိန်းချုပ် ဆေးဝါးများ ဖြစ်သည့်အတွက် အလွယ်တကူ ၀ယ်ယူလို့ မရနိုင်ပါ။ ကနေဒါနိုင်ငံမှ ရင်သားကင်ဆာ နောက်ဆုံးအဆင့် လူနာတစ်ဦး ကိုယ်တိုင်ရေးသား ထားသည့် Fentanyl Patch နာကျင်မှုပျောက် ကပ်ခွာဆေး၏ အစွမ်းထက်ပုံကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြ ပးလိုက် ပါသည်။

တစ်ရက်တစ်ရက် လက်ကိုင်ဖုန်း ကိုပဲ ကျွန်မကြည့်နေရသည်။ ဖုန်းလာ မှာစိုး၍ မဟုတ်။ ဖုန်းဖြင့် သံပတ်ပေးထားလို့ ဖြစ်သည်။ ဘယ်အချိန်မှာ ဘယ်ဆေးကို သောက်ရမည်၊ ဘယ်ဆေးက အစာနှင့် ခားရမည်၊ ဘယ်ဆေးကို အတူသောက်ရမည် စသည်ဖြင့် ဖုန်းဖြင့်သံပတ် ပေးထားခြင်းပါ။ ကျွန်မ၏ ကပ်ခွာဆေး Fentanyl Patch ကတော့ တစ်ရက်ခြားတစ်ခါ လဲလှယ်ရသည့် ဆေးဖြစ်သည်။ Fentanyl Patch ကပ်ခြင်းက အချိန်ကိုက်ဖြစ်ဖို့ လိုသည်။ဆးအချိန်အဆ အတိမ်းအစောင်း ဖြစ်လိုက်သည်နှင့် ပန်နာ လာမှာ ကျွန်မ မလိုလားပါ။ Fentanyl Patch ကပ်ခွာဆေးလေး တွေက တစ်ဘူးမှာ ငါးခုပါသည်။ ပလတ်စတစ်နှင့် လုံအောင် ပိတ်ထားသည်။ ကပ်ခွာဆေးလေး တွေနှင့် ပတ်သက်ပြီး သတိထားစရာတွေ ရှိသည်။ရချိုးပြီးစမှာ Fentanyl Patch ကို တန်းမကပ်ရ။ရစိုနေသည့် အရေပြားပေါ်ကို ကပ်ခွာမှာ ပါလာသည့် ဆေးတွေက အလျင်အမြန် အရည်ပျော်ဝင်သွား တတ်သည်။ ထိုအခါမျိုးမှာ ဆေးလွန်သည့် အန္တရာယ် ဖြစ်သွားနိုင်သည်။ နရာတစ်ခုထဲမှာပဲ ကပ်ခွာကို မကပ်ရ။ ရင်ဘတ်ပေါ်မှာ၊ကျာမှာ၊ လက်မောင်းမှာ၊ ခါးရိုးနေရာမှာပာင်းလဲပြီး ကပ်ရသည်။

၂၀၁၃ ခုနှစ်မှာမှ ကျွန်မမှာ ရင်သားကင်ဆာ ဖြစ်နေမှန်း ရှာတွေ့သွား ကြသည်။ ရင်သားမှာ အစပြုသည့် ကင်ဆာက တစ်ကိုယ်လုံးကို ပျံ့နှံ့နေခဲ့ပြီ။ ကျွန်မ အတွက်တော့ သိပ်မတုန်လှုပ် တော့ပြီ။ ကျွန်မက အရိုးကင်ဆာ တစ်ခုခုဖြစ်နေပြီ ထင်ခဲ့တာပါ။ ကင်ဆာဆဲလ် တွေက အသည်း၊ အဆုတ်၊ အရိုး အတော်များများမှာ ပျံ့နှံ့နေခဲ့ပြီ ဆိုပေမယ့်နာက်ခံ အကြောင်းရင်း တရားခံကတော့ ရင်သားကင်ဆာ ဖြစ်တယ်နာက်ဆုံးအဆင့် ရင်သားကင်ဆာ ဆိုလို့န့လား၊ ညလား အခြေအနေတော့ မဟတ်ပါ။ နှစ်နှစ်၊ သုံးနှစ် လောက်တော့ ကျွန်မ နေရဦးမှာပါ။ ကံကောင်းသည့် လူနာတွေဆိုလျှင် ဆယ်နှစ်ကျော် လာသည်အထိ အသက်ရှည်တုန်း ဟု ဆိုကြသည်။

ကင်ဆာဆရာဝန် တွေက နာကျင်မှုအတွက် Fentanyl Patch ကိုချက်ချင်း ပးတာမျိုးတော့ မဟုတ်။ ပထမဆုံး Hydromorphone အမည်ရ အာနိသင် အချိန်တိုတောင်း သည့် Opioids ဆးတစ်မျိုးကို အရင်စပေးသည်။ဆးအာနိသင် ရှိနေတုန်းတော့ အတော် သက်သာသည်။ဆးအာနိသင် ပြယ်သွားသည်နှင့် ပန်နာလာသည်။ ထိုအခါ အရင်နာတာမျိုးထက် ပိုနာသည်။ မသက်သာတော့ဆးတွေကိုတိုးပြီးသောက်။နာက်ဆုံး လးနာရီ တစ်ကြိမ်ဆးသောက် နေရသည့် အခြေအနေ ဖြစ်သွားသည်။ ညဘက် အိပ်ပျော်နေလည်း ဖုန်းဖြင့် နှိုးစက်ပေးပြီး ရအောင်သောက်သည်။ ကိုယ့်ဝေဒနာ ကိုယ်သိသည်လေ။

ကင်ဆာဆရာဝန်က အချိန်ကြာကြာ ပိုခံသည့် Hydromorphone ဆးကို ပြောင်းပေး လိုက်သည်။ နာတာ အတော်လျော့ သွားသည်။ သို့ပေမယ့် ဘးထွက်ဆိုးကျိုး တွေကစလာပြီ။ဆးရဲ့ ဘေးထွကဆိုးကျိုးတစ်ခုက ၀မ်းချုပ်တာ ဆိုတော့ အဲဒီဒဏ်ကို အတော်ခံလိုက် ရသည်။နာက်တော့ ကင်ဆာ ဆရာဝန်က ကျွန်မကို ဘက်စုံ ထောက်ကူပြု (Palliative Care) အထူးကုဆရာဝန် တစ်ဦးနှင့် ပပေးသည်။

ထိုဆရာဝန်ကမှ ကျွန်မကို Fentanyl Patch နှင့် ကုသဖို့ပာလာတာပါ။ အရေပြားမှာ ကပ်ပြီး ပေးရသည့်ဆးဖြစ်သဖြင့်သာက်ဆေးတွေ လာက်တော့ အစာအိမ် အူလမ်းကြောင်းကို ဒုက္ခမပေးနိုင်၊ ၀မ်းသိပ်မချုပ်နိုင်၊ မပျို့အန်စေနိုင် ဟုပြောသည်။ ကျွန်မကတော့ Opioidsဆးတွ အဆင့်မြင့် လာသည်နှင့် အမျှဆးလွန်ပြီး Overdose ဖစ်မှာကို ကြားဖူးနားဝနှင့်ကြာက်မိသည်။  Fentanyl Patch ကို ကပ်လိုက်တော့ နာတာ အတော်လေး အဆင်ပြေ သွားသည်။ဆး၏ ဘေးထွက်ဆိုးကျိုး လည်း နည်းသွားသည်။

Palliative Care ဆရာဝန်က Fentanyl Patch လိုဆေးမျိုးကို နာကျင်မှု ဝေဒနာမှာ ချက်ချင်းကြီး စပေးလေ့ မရှိကြောင်း၊ Opioidsသာက်ဆး တစ်မျိုးမျိုး သောက်နေရသည့် လူနာများ အတွက်သာ ပိုမိုထိရေက်ပြီး ဘေးထွက်ဆိုးကျိုး နည်းပါးစေရန်ပးခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

ရင်သားကင်ဆာ အဆင့် လူနာသည် ကျွန်မ Fentanyl Patch ကို ကပ်လာတာ သုံးနှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ သံပတ်တွေပးစရာ မလိုတော့ဘဲ ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်နေပြီ။ အစားအစာကို ထိုင်စားနိုင်သည်။ စာထိုင်ရေး နိုင်သည်။ အရင်လို မပြေးလွှား နိုင်တော့ပေမယ့် လမ်းတော့ ကာင်းကောင်းကြီး လျှောက်နိုင် ပါသည်။ နာကျင်မှု ဝေဒနာက ကျွန်မ၏ စိတ်အစဉ်ကို ထာဝရစိုးမိုး ထားခြင်း မရှိတော့။ ယနေ့အချိန်မှာ Opioids နာကျင်မှု သက်သာဆေး များနှင့် ပတ်သက်ပြီးဆးလွန်တာ၊ဆးစွဲတာတွ ကြားနေရသည်။ ကျွန်မအတွက် ကတော့ Fentanyl Patch သည် ပုံမှန်ဘ၀ကို ပန်ရစေခဲ့သည့် ဆေးပါ။

Fentanyl Patchတွက ကင်ဆာလူနာ များစွာ၏ ဘ၀ကို များစွာ ပာင်းလဲပေး လိုက်သည်။ သူ့မှာ တခြားသော Opioidsဆးများနှင့် မတူညီသည့် အချက်လေးတွေ ရှိသည်။ ပထမဆုံး ပြောရရင် Opioids ဆးများ၏ ပမာဏကို မီလီဂရမ်ဖြင့်ဖ်ာပြလေ့ ရှိသည်။ Fentanyl Patch မှာတော့ မိုက်ကရိုဂရမ်ဖြင့် ဖော်ပြသည်။ Fentanyl Patch ကမ်ာဖင်းထက် အဆတစ်ရာ ပိုပြင်းသည်။ ဒါပေမဲ့ဆးလွန်မှာ၊ ပိုသွားမှာ ကျွန်မ မကြောက်တော့ပါ။ Fentanyl Patch အကြောင်း အတော်လေး ထဲထဲဝင်ဝင် ကျွန်မ သိသွားပြီ။ ဘ၀ကိုပြန်လည် ရှင်သန်လာ စေခဲ့သည့် Opioids ဆးတစ်မျိုး၊ ကနေဒါနိုင်ငံ မှာ Fentanyl Patch ထုတ်သည့် စက်ရုံမရှိပါ။ အထူးသဖြင့် ကျွန်မနေ့စဉ် သုံးစွဲနေသည့် ပမာဏနှင့် ကိုက်ညီသော Fentanyl Patch ကပ်ခွာလေးများကို ကနေဒါမှာ မထုတ်လုပ်ဟု ဆိုရမည်။ Fentanyl Patch က ၂၅ မိုက်ကရိုဂရမ် အားလာတာ ရှိသည်။ ၁၂ ဒသမ မိုက်ကရိုဂရမ် လာတာရှသည်။န့တိုင်း ၂၅ အားတစ်ခု၊ ၁၂ ဒသမ အားတစ်ခု စုစုပေါင်း ၃၂ ဒသမ မိုက်ကရိုဂရမ် အားရှိသော Fentanyl Patch ကို ကျွန်မကပ်နေ ရတာပါ။

ကင်ဆာကြောင့် ဖြစ်ရသည့် နာကျင်မှု ဝေဒနာ တွေကို ၁၉၈၆ ခုနှစ်က WHO မှ သတ်မှတ်ပြဋ္ဌာန်း ခဲ့သည့်လှကားပုံစံ ဆေးပေးနည်းဖြင့် ပေးလေ့ ရှိကြသည်။ ပထမဆုံး ပါရာစီတမော လို ဆေးမျိုးဖြင့် စသည်။ ပါရာစီတမောနှင့် ရလျှင် ဒုတိယအဆင့် Tramadol ကိုသုံးသည်။ အဲဒီ အဆင့်နှင့် မရတော့မှ ပိုမိုပြင်းထန် သည့် Hydromorphone လိုဆေးမျိုးကို ပေးလို့ရသမျှ အများဆုံး ပမာဏအထိ တိုးပေးသည်။ ဒါတွေနှင့်မရ တာ့မှ Fentanyl လိုဆေးမျိုးကို သုံးတပါ။

Opioidsဆးများကို သုံးမည်ဆိုလျှင် ကျောက်ကပ်နှင့် အသည်းကာင်း၊ မကောင်း စစ်ဆေးဖို့ လိုသေးသည်။ ဆရာဝန် အများစုကတာ့ WHO လမ်းညွှန်ချက်များ အတိုင်း လိုက်နာကြသည်။ တချို့ ကျတော့လည်း လူနာ အခြေအနေ အပေါ် မူတည်ပြီး အတွေ့အကြုံဖြင့် ချိန်ဆ ပေးသည်လည်း ရှိသည်။ တစ်ခါတလေ ကျတောလူနာကိုယ်တိုင် ကိုယ့်ဘာသာကိုယ် ချိန်ဆပြီး ဆေး အတိုးအလျှော့ လုပ်ရသည်။ ကျွန်မ၏ ကင်ဆာရောဂါ က မနှစ်ကစပြီး ပြန်ဆိုးလာသည်။ အကျိတ်တွေက အာရုံကြာတွေ၊ အရွတ်တွေကို ဖိထားသည်။ လှုပ်ရှားလို့ သိပ်မရချင်တော့။ နာသည့်နေရာ တွေလည်း အတော်များ လာသည်။ ပင်းထန်မှုလည်း ပိုလာသည်။ Fentanyl Patch ကို ၅၀ မိုက်ကရိုဂရမ် အားအထိ တိုးလိုက်ရသည်။

ကင်ဆာဆေး သွင်းလိုက်တော့ လည်ပင်းက အကျိတ်တွေ ပန်လျော့ သွားသည်။ နာတာလည်း သက်သာ လာသည်။ Fentanyl Patch ကပ်ခွာတွေ ကိုလည်း ၅၀ အားမှ ၃၇ ဒသမ အားအထိ ပန်လျှော့လိုက် နိုင်သည်။ သည်နေရာမှာ Opioidsဆးတွေကို မူးယစ်ဆေးဝါး လို သုံးစဲနေသူများ နှင့် နာလွန်းလို့ သုံးကြရသည့် ကျွန်မတို့လို လူနာတွေ ကွာခြားသည်က မူးယစ်ဆေး သမားက ဆေးပမာဏကို အတိုင်းအဆ မရှိမှီဝသည်။ ကျွန်မတို့ ကင်ဆာလူနာ တွေက လိုအပ်သည့် အနည်းဆုံး ပမာဏကိုသာ ချိန်ဆပြီး မှီဝကြသည်။ သို့မှသာ ဘေးထွက်ဆိုးကျိုး နည်းပါးပြီး နာကျင်တာလည်း လျာ့မည်။

Fentanyl Patch ကပ်ခွာဆေးကို ပထမဆုံး ကျွန်မသုံးဖူး ခဲ့စဉ်ကဆးဆိုင်မှ ဆးဝါး ကျွမ်းကျင် ညီမလေးက မှာလိုက်သည်။ သုံးပြီးသား ကပ်ခွာတွေ ကိုခေါက်ပြီး အိမ်သာထဲသို့ စွန့်ပစ်လိုက်ပါ ဟူ၍။ သို့မှသာ တခြားသူများ မတော်တဆ ထိတွေ့မိခြင်းမှ ကာကွယ်နိုင်မည်။ တစ်ခါတလေလည်း Fentanyl Patch ကပ်နေရသည့် လူနာရှိသည်ဟု သတင်းရ သည်နှင့် သုံးပြီးသား ကပ်ခွာတွေကို လိုက်ရှာ နေကြသည့် လူတန်းစား တစ်ရပ် ရှိသေးသည်။

Fentanyl Patch ကပ်ခွာတွေကို တလွဲ သုံးကြသည့် လူတွေ၊ ဖစ်ရပ်တွေ များစွာ ရှိနေသည်။ တချို့ ဆေးစွဲနေသူ တွေဆို Fentanyl Patch ကပ်ခွာအကျန် တွကို လိုက်စုပြီး ဆေးလိပ် လိပ်သောက် ကြသည်။ သုံးပြီးသား ကပ်ခွာကို သည်အတိုင်း ၀ါးစား နေတာလည်း ရှိသည်။ ကျွန်မကတော့ ကိုယ့်ကပ်ခွာ တွကို အိမ်သာထဲ မချပစ်ပါ။ ကမ္ဘာ့ရေထု၊မထုထဲကို Fentanyl Patchဆးတွရာက်သွားမှာ ကြောက်ပါသည်။ ကပ်ခွာ အဟောင်းတွေကို စုထားပြီး ဆေးဆိုင်ကို အမှိုက်ဖျက်ဆီး ပေးဖို့ ပန်ပေးလေ့ ရှိသည်။

ယနေ့မာက်အမေရိကတိုက် မှာ Fentanyl Patch ကို အလွဲသုံးစား နေကြသည့် ပဿနာ အလွန်ကျယ်ပြန့် နေပါပြီ။ဆးကိုရဖို့ လမ်းကြောင်း တွေကလည်း များသည်။ လမ်းပေါ်မှာပင် ၀ယ်လို့ရနေပြီ။ တရားဝင်တော့ မဟုတ်။ရာင်းချသူတွေက ကပ်ခွာကို လိုသလို ဖတ်တောက်ပြီး ရောင်းနေ ကြတာပါ။

၂၀၁၆အာက်တိုဘာ ရက်မှာ ကနေဒါနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာန ပည်သူ့ဆေးဝါး အစီအစဉ်မှ ကြီးကြပ်သည့် အသုံးပြုပြီးသည့် Fentanyl Patch များ ပန်လည်အပ်နှံ နိုင်ရေး စီမံချက် တစ်ခုကို ပဋ္ဌာန်းခဲ့သည်။ လူနာတစ်ယောက် အသုံးပြုပြီးသည့် Fentanyl Patch ကပ်ခွာတစ်ခုကို ခွာလိုက်ပြီး သည်နှင့် စက္ကူစနှင့်ကပ်၊ ပလတစတစ် အိတ်ထဲထည့်ပြီး သိမ်းထားရမည်။နာက်ထပ် ဆေးလိုချင်လျှင် သိမ်းထားသည့် ကပ်ခွာ အဟောင်းကို ပန်ပေးနိုင်မှ ရမည်။ အစပိုင်း မှာတော့ အဲဒီစနစ်က လူနာတွေ အပေါ် အပေါ်စီးက ဆက်ဆံသလို ခံစားရသည်။ ဒါပေမဲ့ တကယ်တမ်းဆးဝါး အလွဲသုံးမှုနှင့် လူ့စွမ်းအား အရင်းအမြစ် တွေကို ကာကွယ်နိုင်ဖို့က ပိုအရေးကြီးသည် မဟုတ်ပါလား။ လူနာမှ ခရီးသွားဖို့ ရှိရင်တော့ ဆရာဝန် လက်မှတ်နှင့် Fentanyl Patch ကပ်ခွာတွေကို ကြိုထုတ်ယူ ခွင့်ရှိသည်။နာက်မှ သုံးစွဲခဲ့သမျှ ကပ်ခွာတွေကို အရေအတွက်နှင့် ပန်အပ်ရသည်။ အားလုံးက ရေတွက် သတ်မှတ်ပြီး တာဝန်ယူမှုနှင့် တာဝန်ခံမှု ရှိရသည့်စနစ်။နာက်ဆုံးအဆင့် ရင်သားကင်ဆာ နှင့် ကျွန်မ နှစ်အတော်ကြာ နေထိုင်ခဲ့ပြီးပြီ။ Fentanyl Patch ကပ်ခွာဆေးတွေ သာမရှိလျှင် သည်အချိန်မှာ ကျွန်မ ရှိတော့မည်မထင်၊ သည်လို မဟုတ်လည်း အိပ်ရာထဲမှာပဲ နာကျင်မှုနှင့် လဲလျောင်း နေရမှာပါ။ ဘ၀အသစ် တစ်ခု ပန်လည်ပေးစွမ်းနိုင်သည့် Fentanyl Patch ကပ်ခွာမျာ အကြောင်း ကိုယ်တွေ့ တင်ပြရခြင်း ဖြစ်ပါသည်။

ဒေါက်တာ လွှမ်းမိုးဟန်
ဓာတ်ပုံ = အင်တာနက်

No comments: