Friday, October 9, 2020

သံပုရာသီးရဲ့ ဆေးအစွမ်း

 

သံပုရာသီးရဲ့ ဆေးအစွမ်း

 


မြန်မာနိုင်ငံမှာ    သံပရာအမျိုး စုံလင်လှသလို  စီးပွားဖြစ် စိုက်ပျိုးသူလည်း များလှပါတယ်။ သံပရာပင် ၏ အင်္ဂလိပ်အမည်မှာ Lime ဖြစ်ကာ ရုက္ခဗေဒအမည်  Citrus quratifolla ဖြစ်တယ်။  မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ ဖြစ်တယ်။ သံပရာကို မြေအမျိုးအစား မရွေး စိုက်ပျိုးနိုင် ပေမယ့်   မြေအောက်ရေ နီးတဲ့မြေအမျိုး အစားနဲ့ မြေအောက်တွင် အမာခံလွှာ ရှိကာ မြေသားထု ပါးတဲ့မြေ အမျိုးအစား ရှောင်သင့်တယ်။ စိုက်လို့တော့ ဖြစ်တယ်။  အလုံးသေးတယ်။   အပင်မသန်စွမ်းလို့ အထွက် လျော့တယ်။

 

Thursday, October 8, 2020

ဆင်းရဲတဲ့နိုင်ငံတွေ ရောဂါကာကွယ်ဆေး နောက်ကျမှ ရမယ်ဆိုရင် . . . .

 

ဆင်းရဲတဲ့နိုင်ငံတွေ ရောဂါကာကွယ်ဆေး နောက်ကျမှ ရမယ်ဆိုရင် . . . .

 


ကမ္ဘာ့ကပ်ရောဂါ ကြီးဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါက်တော့ နိုင်ငံမရွေး ၊ လူမျိုးမရွေး ၊ ဘာသာမရွေး ၊ ဆင်းရဲ ချမ်းသာမရွေး ၊ လူကြီးလူငယ် မရွေး ကူးစက် နေပြီ ဖြစ်တယ်။ ဒါပေမဲ့ စမ်းသပ်ဆဲသာ ရှိနေသေးတဲ့ ရောဂါ ကာကွယ်ဆေး တွေကတော့ ဆင်းရဲချမ်းသာ ကွာဟမှု ကြားမှာ တစ်ဖက်စောင်းနင်း ရွေးချယ်ခံနေပြီ ဖြစ်ပါတယ်။

 

Wednesday, October 7, 2020

သတိပြုဖွယ် အိမ်တွင်း လေထုညစ်ညမ်းမှုများ

 

သတိပြုဖွယ် အိမ်တွင်း လေထုညစ်ညမ်းမှုများ

 


လေထု ညစ်ညမ်းမှု ဆိုသော စကားလုံးသည် ကျွန်ုပ်တို့နှင့် ရင်းနှီးနေပြီး သားဖြစ်သည်။ လေထု ညစ်ညမ်းခြင်းကို အကြမ်းအားဖြင့် အဓိပ္ပာယ် ဖွင့်မည်ဆိုလျှင် လေထုထဲတွင် မည်သည့် ပစ္စည်းမဆို ရှိသင့်သည့် အတိုင်းအတာ ထက် ပိုများသွား ခြင်းကို ခေါ်ခြင်း ဖြစ်သည်။

 

လေထု ညစ်ညမ်းမှု ဟု ဆိုလိုက်သည် နှင့် အိမ်တွင်း ၊ အိမ်ပြင် ညစ်ညမ်းမှု အားလုံး အကျုံးဝင် သည်။ လေထု ညစ်ညမ်းမှု ဆိုသည်နှင့် အများစုက အိမ်အပြင် ဘက်ရှိ စက်ရုံများ ၊ အမှိုက်ပုံ များကိုသာ ပြေးမြင်တတ် ကြသည်။ စင်စစ်တော့ အိမ်တွင်း လေထု ညစ်ညမ်းမှု များသည် လူတို့၏ ကျန်းမာရေး ပိုမို ထိခိုက်စေ သည်ကို သတိချပ် စေလိုသည်။ အမေရိက မှ သုတေသန တစ်ခု အရ လူအများစုသည် တစ်နေ့တာ၏ ၈၀ ၊ ၉၀ ရာခိုင်နှုန်း ခန့်သည် အိမ်တွင်း ၊ အဆောက်အဦ အတွင်းတွင် ရှိနေတတ် ကြသည်ဟု ဆိုထားသည် ကို တွေ့ရသည်။

 

Tuesday, October 6, 2020

အမျိုးသားများနှင့် ဆီးကျိတ်ကင်ဆာ

 

အမျိုးသားများနှင့် ဆီးကျိတ်ကင်ဆာ

 


ကမ္ဘာပေါ်တွင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားသော အမျိုးသားများဟာ ပျမ်းမျှအချိန် ၁၈ မိနစ်တိုင်းမှာ တစ်ဦးနှုန်း သေဆုံးနေကြပါတယ်။   “ ယောက်ျား မှာဆီး၊ မိန်းမမှာမီး”ဟူသော ဆိုရိုးစကား အတိုင်း အမျိုးသားများကို ဒုက်္ခပေးလေ့ရှိသော ဆီးကျိတ်ကို ဆေးပညာအရ  သုက်ရည်ဂလင်းဟု ဆိုကြပါတယ်။ သက်လတ်ပိုင်း အရွယ်သို့ ရောက်ရှိလာသော အမျိုးသား တစ်ယောက်တွင် သုက်ရည်ဂလင်း ပြဿနာ ဖြစ်လာနိုင်ခြေ  အလွန်များပြား လာတဲ့အတွက် ဆရာဝန်နှင့်မှန်မှန် ဆေးစစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း  ကမကျန်းမာရေးအဖွဲ့အစည်းများက အမျိုးသား များတွင်ဖြစ်ပွား တတ်သော    ဆီးကျိတ်ရောဂါ အကြောင်းကို သတိပေး လိုသော ရည်ရွယ်ချက်ဖြင့် စက်တင်ဘာလ ကို ကမ္ဘာ့ Prostate Cancer Awareness Month   ဆီးကျိတ်ကင်ဆာ သတိထားရမယ့် လတစ်လအဖြစ် အထူးတလည် သတ်မှတ် ဆော်သြ ပေးထားခြင်း ဖြစ်ပါတယ်။

 

Monday, October 5, 2020

သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ပြောင်းလဲပေးနိုင်တဲ့ လူသားတွေရဲ့ သွားလာမှု အမူအကျင့်များ

 သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ပြောင်းလဲပေးနိုင်တဲ့ လူသားတွေရဲ့ သွားလာမှု အမူအကျင့်များ


ယနေ့ အချိန်အခါမှာ မော်တော်ယာဉ် တွေဆိုတာ လေထု ညစ်ညမ်းမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို အများဆုံး ဖြစ်ပေါ်စေတဲ့ အရာဖြစ်သည်။ ကားတစ်စီး ကနေ လောင်စာဆီ ၁ ဂါလန် လောင်ကျွမ်းသွားတိုင်း ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ ၁၉ ပေါင် ကျော် ထွက်ရှိသည်။

 

တစ်နေ့ တစ်နေ့ ကမ္ဘာတစ်ဝန်း မှာရှိတဲ့ လမ်းတွေပေါ်မှာ သွားလာနေတဲ့ မော်တော်ယာဉ် အရေအတွက်က မရေမတွက် နိုင်အောင်ပါပဲ။ အထူးသဖြင့် ခရီးဝေး သွားခြင်းထက် ရုံးတက် ၊ ရုံးဆင်း သွားလာမှုက ပိုများသည်။ ဒါကြောင့် မိမိတို့ရဲ့ သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်း ကာကွယ်ဖို့ ဆိုရင် မိမိတို့ရဲ့ နေ့စဉ် လှုပ်ရှား သွားလာမှု ပုံစံကို ပြောင်းလဲဖို့ လိုသည်။ ဘယ်လို နည်းလမ်းတွေနဲ့ နေ့စဉ် သွားလာ လှုပ်ရှားမှု ပုံစံကို ပြောင်းလဲပြီး မိမိတို့ရဲ့ ဘဘာဝ ပတ်ဝန်းကျင် ကြီးကို ကာကွယ်နိုင်လဲ ဆိုတာ အောက်မှာ ဆက်လက် ဖော်ပြ လိုက်ပါတယ်-          


စက်ဘီးစီးပါ

Sunday, October 4, 2020

ဆီးချိုသွေးချို နှင့် အမြင်အာရုံ

 ဆီးချိုသွေးချို နှင့် အမြင်အာရုံ



ကမ္ဘာပေါ်မှာ ဆီးချိုသွေးချို လူနာဟာ ၂၀၁၀ ပြည့်နှစ်မှာ ၂၈၅ သန်းရှိကာ ၂၀၃၀ ပြည့်နှစ်မှာ ၂ ဆတိုးလာနိုင် ကြောင်း ခန့်မှန်းထားသည်။ တစ်ကမ္ဘာလုံး ဖြစ်ပွားမှု မြင့်မားလာပြီး ယခင် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ မြင့်တက် နေပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပါ တရိပ်ရိပ် တက်လာသည်။ လူနေမှုပုံစံ ပြောင်းလဲကာ အနောက်နိုင်ငံရဲ့ စားသောက်မှုပုံစံ ပြောင်းလဲလာတယ်။ စင်စစ် ဆီးချိုသွေးချို ဟာ ဇီဝကမ္မ ဖြစ်စဉ် ချို့ယွင်းလို့ ဖြစ်ပ်ါလာတဲ့ သွေးအတွင်း အချိုဓာတ်များတဲ့ ရောဂါဖြစ်သည်။


လူအများသတိမထားမိသော လက်ကိုင်ဖုန်းထက်က ပိုးမွှားအန္တရာယ်

 လူအများသတိမထားမိသော လက်ကိုင်ဖုန်းထက်က ပိုးမွှားအန္တရာယ်



မိမိတို့ ပတ်ဝန်းကျင် တွင်ရှိသော အများသုံးပစ္စည်း များ ဖြစ်ကြသည့် မီးခလုတ်များ ၊ တံခါးလက်ကိုင်ဘု များ ၊ ဓာတ်လှေကား အတွင်း အပြင် ခလုတ်များ ၊ ကွန်ပျူတာ လက်ကွက်များ ၊ လှေကား လက်တန်းများ ၊ တီဗွီရီမုခ်များ ၊ ရေခဲသေတ္တာ တံခါး လက်ကိုင်များ နှင့် ငွေကြေးစက္ကူများ စသည်တို့မှ ကူးစက်ရောဂါ ဗိုင်းရပ်စ် ပိုးမွှား အန္တရာယ် ဖြစ်စေနိုင်သည် ကို ကျန်းမာရေး အသိအမြင် ရှိသူတိုင်း သိထားကြပြီး ဖြစ်သည်။



Friday, October 2, 2020

အသားစားသုံးမှု နှင့် အစာအဆိပ်သင့်ခြင်း

 အသားစားသုံးမှု နှင့် အစာအဆိပ်သင့်ခြင်း



လူတို့သည် သက်ရှည် ကျန်းမာစေဖို့ အစာ အာဟာရများ မှီဝဲ သုံးဆောင် ကြရသည်။ အစာ အာဟာရများ မှီဝဲ သုံးဆောင်ခြင်း ဆိုရာတွင် အသား ၊ ငါး ၊ ဟင်းသီးဟင်းရွက် များ ၊ အစေ့အဆန် များ ၊ မုန့်ပဲသရေစာများကို မျှတစွာ သုံးဆောင် ကြရသည်။ ယခုနှစ်များ အတွင်းတွင် မြန်မာနိုင်ငံတွင် အသားစားသုံးမှုနှုန်း မြင့်တက်လျက် ရှိသည်ကို လေ့လာမှုများ အရ သိရသည်။

Thursday, October 1, 2020

COVID-19 အဆုတ်ရောင်ရောဂါ နှင့် ကလေးသူငယ်များ

 COVID-19 အဆုတ်ရောင်ရောဂါ နှင့် ကလေးသူငယ်များ



၂၀၁၉ ခုနှစ် ဒီဇင်ဘာလ မှ စတင်ဖြစ်ပွား ခဲ့သည့် COVID-19 အဆုတ်ရောင် ရောဂါမှာ ယနေ့အချိန် ကာလအထိ ကမ္ဘာ့လူသား များအား ခြောက်လှန့်ဆဲ ဖြစ်သည်။ COVID-19 အဆုတ်ရောင် ရောဂါမှာ SARS-CoV-2 အမည်ရသည့် ဗိုင်းရပ်ပိုးသစ် ကြောင့် ဖြစ်ရသည့် COVID-19 ရောဂါမှာ အသက်အရွယ် မရွေး ၊ ကျားမ မရွေး ၊ အသားအရောင် မရွေး ကူးစက်ပျံ့နှံ့ စေတတ်ကြောင်း ၊ နောက်ခံ ရောဂါ ရှိသည့် လူနာများကို ပိုမို သေကျေစေတတ် ကြောင်းကိုလည်း အများ သိရှိကြပြီး ဖြစ်သည်။

Wednesday, September 30, 2020

ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသမှုအတွက် အစွမ်းထက်လှတဲ့ မိခင်နို့ရည်

 ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသမှုအတွက် အစွမ်းထက်လှတဲ့ မိခင်နို့ရည်



နိုဗယ်ကိုရိုနာဗိုင်းရပ် ကြောင့်ဖြစ်တဲ့  ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ဖို့ သိပ္ပံ ပညာရှင်တွေက အမျိုးမျိုးသော ကာကွယ် ဆေးတွေကို ဖော်စပ်စ မ်းသပ်ထုတ်လုပ် နေပါတယ်။ ဖော်စပ်စမ်းသပ်တဲ့ နေရာမှာ ကာကွယ်ဆေးက သပ်သပ်၊ ကုသဆေးက သပ်သပ် ဖြစ်ပါတယ်။ ကာကွယ်ဆေးကော၊ ကုသဆေးကော နှစ်မျိုးစလုံး အတွက်ထိ ရောက်တဲ့ဟာကို မတွေ့သေးပါဘူး။