သံပုရာသီးရဲ့ ဆေးအစွမ်း
မြန်မာနိုင်ငံမှာ သံပရာအမျိုး စုံလင်လှသလို စီးပွားဖြစ် စိုက်ပျိုးသူလည်း များလှပါတယ်။ သံပရာပင် ၏ အင်္ဂလိပ်အမည်မှာ Lime ဖြစ်ကာ ရုက္ခဗေဒအမည် Citrus quratifolla ဖြစ်တယ်။ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ ဖြစ်တယ်။ သံပရာကို မြေအမျိုးအစား မရွေး စိုက်ပျိုးနိုင် ပေမယ့် မြေအောက်ရေ နီးတဲ့မြေအမျိုး အစားနဲ့ မြေအောက်တွင် အမာခံလွှာ ရှိကာ မြေသားထု ပါးတဲ့မြေ အမျိုးအစား ရှောင်သင့်တယ်။ စိုက်လို့တော့ ဖြစ်တယ်။ အလုံးသေးတယ်။ အပင်မသန်စွမ်းလို့ အထွက် လျော့တယ်။









