ပြန်မလာဖြစ်တဲ့ ကိုယ့်နေရာလေးကို ရောက်ပြန်တော့လည်း တစိမ်းတရံလို အေးစက်စက် နိုင်လွန်းတယ်လို့ ခံစားမိတယ်။ တစ်ချိန်က ကိုယ့်အတွက် နွေးထွေးမှုတွေ ယုံကြည်မှုတွေ ဖြည့်ဆည်းပေးတဲ့ အဖော်မွန် ဖြစ်ခဲ့လို့ အတိုင်းအဆမဲ့ သံယောဇဉ် တွယ်မိတယ်။
ဒါပေမယ့် ...
အချိန်တော်တော်ကြာ ဘာတစ်ခုမှ Creative မလုပ်နိုင်ရင် ဒီနေရာလေး ရှိနေတာထက် မရှိတာက ပိုကောင်းမယ်လို့ ဆုံးဖြတ်မိတယ်။ ပိုင်ရှင်မဲ့နေတဲ့ ဒီနေရာလေးကို အလည်ရောက်လာတဲ့သူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။



6 comments:
မမသီရိ said... December 29, 2011 2:11 PM
ဘာလို့ ထွက်ပြေးနေတာလဲ မောင်လေးရေ
စိတ်ကူးလေးတွေပေါ်တဲ့ခါ ချရေး.. မင်း အိမ်ကလေး က စာဖတ်သူတွေ အတွက် နွေးထွေးမှုတွေ ပေးခဲ့ဖူးပါတယ်..
ခင်မင်စွာနဲ့
အမသီရိ
မိုးခါး said... December 29, 2011 6:07 PM
ရှိနေသင့်ပါတယ် ..း) စာတွေဖတ်ဖို့ စောင့်မျှော်နေကြဆဲလို့ ယုံကြည်ပါတယ် ..း))
မငုံ said... January 1, 2012 12:32 PM
ဟာ ဦးချစ်ဖေကြီး ရှိနေသင့်တယ်လေဗျာ. မငုံတောင် ဒီလိုပဲ မအားတဲ့ခါ ဖုန်တက်အောင် ထားခဲ့မိတယ်။ အားတဲ့ခါ အခါအခွင့်ကြုံချိန်မှာ မျှဝေတယ်။ ဒီလိုပဲပေါ့. ရှိနေသင့်တယ်။။
မငုံရဲ့ ပထမဆုံး စာဖတ်သူ ဦးချစ်ဖေကြီး ရှိနေသင့်တယ်နော့
Happy New Year ပါ။
..အလင်းစက်များ said... January 4, 2012 12:11 AM
ရှိနေသင့်ပါတယ်။ တစ်လ တစ်ကြိမ်လောက်ပေါ့
ရာဇာထွေး said... February 3, 2012 7:20 PM
ပို့စ်လေးတင်ထားတာ အခုမှတွေ့ပါတယ် အကိုရေ..
မကြာမကြာလာကြည့်ပေမယ့် အကို့ ကိုမတွေ့ ပဲ
အဟောင်းလေးတွေကို အကိုပြောသလို ငံပြာရည်
ကျိုပြီးပြန်ရပေါင်းလည်းများပါပြီ :D ... အခုလို
ပို့စ်လေးတင်ထားတာတွေ့တော့ဝမ်းသာမိပါတယ်။
အကို ရှိနေသင့်ပါတယ်... အကို့စာတွေဖတ်ချင်
ပါသေးတယ်...အကို အစစအရာရာအဆင်ပြေ
ပါစေခင်ဗျာ...။
sonata-cantata said... February 19, 2012 5:35 PM
ရှိသင့်တယ်လို့ ထင်ပါတယ်လေ...ထင်တာပါပဲလေ...
Post a Comment