ဝန်ခံတယ်
မိန်းကလေးတစ်ယောက်ကို ကိုယ့်အသက်ထက်ဆုံး မြတ်နိုး တန်ဖိုးထားတယ်လို့ မပြောဖြစ်ခဲ့ ပေမယ့်လည်း နှစ်ဦးသား ရင်ခုန်သံချင်း ထပ်တူတာမို့ နှစ်ကိုယ့်တစ်စိတ်ထဲ ရှိနေမယ်လို့ ရင်နဲ့အမျှ အရိုးသားဆုံး ၀န်ခံမိပါတယ်။
ဒီရိုးသားမှုဟာ အကောင်းဆုံး လိမ်ညာမှု လို့ထင်ကြတာ အမှန်ပေမယ့် မိတ်ဆွေ အပေါင်းအသင်း တွေအပေါ်မှာ အမှန်တရားကို ဖွင့်ဟ၀န်ခံဖို့အတွက် တကယ်ပဲ ကြီးမားလွန်းတဲ့ စိတ်ဒုက္ခတစ်မျိုးပဲ ဖြစ်စေပါတယ်။ တခြားတစ်ဖက်က ကြည့်ပြန်တော့လည်း လျှို့ဝှက်ချက်ကြီးကို မြိုသိပ်ထားရတာက ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေပြန်ပါတယ်။ ဒီတော့ မရိုးသားတဲ့ အကျိုးဆက်တွေနဲ့ပဲ ဇွတ်မှိတ် နေလိုက်တော့မယ် ဆိုတာထက်စာရင် အမှန်တရားကို ဖွင့်ပြောဝန်ခံလိုက်တာက ပိုပြီး စိတ်လက်ပေါ့ပါးစေတာ အမှန်တရားပဲ ဖြစ်ပါမယ်။ အမှန်တရားကို ဖြစ်ကြောင်းကုန်စင် ဖွင့်ဟ၀န်ခံလိုက်လို့ ကိုယ့်အပေါ် အခင်အမင် ပျက်သွားမှာစိုးတဲ့ အနေအထား ရှိခဲ့မယ်ဆိုရင်လည်း အမှန်ကိုပဲ ရင်ဖွင့်ပြဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ရှိနေပါတယ်။ ဘာပဲဖြစ်နေဖြစ်နေ အမှန်တရားကို ဖွင့်ပြောလိုက်တဲ့အတွက် ဖိစီးစိတ်တွေ၊ သောကစိတ်တွေ အားငယ်စိတ်တွေ သက်သာသွားစေတယ်လို့ ထင်မိပါတယ်။
တစ်ယောက်သောသူက အရှေ့ကမ္ဘာမှာရှိနေပေမယ့် ကျန်တစ်ယောက်က အနောက်ကမ္ဘာမှာပါ။ တစ်ယောက်က မနက်အရုဏ်အလင်းမှာ မောနင်းလို့ နှုတ်ခွန်းဆက် ချိန်မှာတော့ ကျန်တစ်ယောက်က ကြယ်စင်စုံတဲ့ ညည့်နက်အလယ်မှာ ဂွတ်နိုက်လို့ နှုတ်ဆက်လာတဲ့အတွက် အမှန်ပဲ ရင်နင့်စေခဲ့တာ အခါခါပါ။ နှစ်ယောက်သား တွေ့ဆုံချိန် တဒင်္ဂလေးရယ် ဆိုပေမယ့် ထားရှိကြတဲ့ သံယောဇဉ်တွေက ဝေးလံသလောက် နက်နဲ ခိုင်မြဲလွန်းတယ်လို့ သက်သေထူဝံ့ပါတယ်။ လက်တွေ့မဆန်ပေမယ့် တစ်ယောက်အပေါ် တစ်ယောက် သဟဇာတဖြစ်နေမှုဟာ ချစ်ခင် ပေါင်းသင်းဖို့အတွက် အား ဖြစ်စေပါတယ်။ ခိုင်မြဲတွယ်တာတဲ့ ချစ်ခင်ပေါင်းသင်းမှု တွေဟာ အပြန်အလှန် ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်မှုတွေအပေါ် တည်ဆောက် ထားတာပါ။ နှစ်ဦးသား ခံယူချက်ချင်း ဒါမှမဟုတ် ရင်ခုန်သံချင်း ထပ်တူဖြစ်နေရင် စိတ်ထဲမှာ လုံခြုံစိတ်ချမှု ပိုဖြစ်လာတာနဲ့အတူ အတွေးတွေကိုရော ခံစားချက်တွေကိုပါ မျှဝေလို့ အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။
မိန်းကလေးတစ်ယောက်ကို ကိုယ့်အသက်ထက်ဆုံး မြတ်နိုး တန်ဖိုးထားတယ်လို့ မပြောဖြစ်ခဲ့ ပေမယ့်လည်း နှစ်ဦးသား ရင်ခုန်သံချင်း ထပ်တူတာမို့ နှစ်ကိုယ့်တစ်စိတ်ထဲ ရှိနေမယ်လို့ ရင်နဲ့အမျှ အရိုးသားဆုံး ၀န်ခံမိပါတယ်။
ဒီရိုးသားမှုဟာ အကောင်းဆုံး လိမ်ညာမှု လို့ထင်ကြတာ အမှန်ပေမယ့် မိတ်ဆွေ အပေါင်းအသင်း တွေအပေါ်မှာ အမှန်တရားကို ဖွင့်ဟ၀န်ခံဖို့အတွက် တကယ်ပဲ ကြီးမားလွန်းတဲ့ စိတ်ဒုက္ခတစ်မျိုးပဲ ဖြစ်စေပါတယ်။ တခြားတစ်ဖက်က ကြည့်ပြန်တော့လည်း လျှို့ဝှက်ချက်ကြီးကို မြိုသိပ်ထားရတာက ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေပြန်ပါတယ်။ ဒီတော့ မရိုးသားတဲ့ အကျိုးဆက်တွေနဲ့ပဲ ဇွတ်မှိတ် နေလိုက်တော့မယ် ဆိုတာထက်စာရင် အမှန်တရားကို ဖွင့်ပြောဝန်ခံလိုက်တာက ပိုပြီး စိတ်လက်ပေါ့ပါးစေတာ အမှန်တရားပဲ ဖြစ်ပါမယ်။ အမှန်တရားကို ဖြစ်ကြောင်းကုန်စင် ဖွင့်ဟ၀န်ခံလိုက်လို့ ကိုယ့်အပေါ် အခင်အမင် ပျက်သွားမှာစိုးတဲ့ အနေအထား ရှိခဲ့မယ်ဆိုရင်လည်း အမှန်ကိုပဲ ရင်ဖွင့်ပြဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ရှိနေပါတယ်။ ဘာပဲဖြစ်နေဖြစ်နေ အမှန်တရားကို ဖွင့်ပြောလိုက်တဲ့အတွက် ဖိစီးစိတ်တွေ၊ သောကစိတ်တွေ အားငယ်စိတ်တွေ သက်သာသွားစေတယ်လို့ ထင်မိပါတယ်။
တစ်ယောက်သောသူက အရှေ့ကမ္ဘာမှာရှိနေပေမယ့် ကျန်တစ်ယောက်က အနောက်ကမ္ဘာမှာပါ။ တစ်ယောက်က မနက်အရုဏ်အလင်းမှာ မောနင်းလို့ နှုတ်ခွန်းဆက် ချိန်မှာတော့ ကျန်တစ်ယောက်က ကြယ်စင်စုံတဲ့ ညည့်နက်အလယ်မှာ ဂွတ်နိုက်လို့ နှုတ်ဆက်လာတဲ့အတွက် အမှန်ပဲ ရင်နင့်စေခဲ့တာ အခါခါပါ။ နှစ်ယောက်သား တွေ့ဆုံချိန် တဒင်္ဂလေးရယ် ဆိုပေမယ့် ထားရှိကြတဲ့ သံယောဇဉ်တွေက ဝေးလံသလောက် နက်နဲ ခိုင်မြဲလွန်းတယ်လို့ သက်သေထူဝံ့ပါတယ်။ လက်တွေ့မဆန်ပေမယ့် တစ်ယောက်အပေါ် တစ်ယောက် သဟဇာတဖြစ်နေမှုဟာ ချစ်ခင် ပေါင်းသင်းဖို့အတွက် အား ဖြစ်စေပါတယ်။ ခိုင်မြဲတွယ်တာတဲ့ ချစ်ခင်ပေါင်းသင်းမှု တွေဟာ အပြန်အလှန် ယုံကြည်မှုနဲ့ အပြန်အလှန် နားလည်မှုတွေအပေါ် တည်ဆောက် ထားတာပါ။ နှစ်ဦးသား ခံယူချက်ချင်း ဒါမှမဟုတ် ရင်ခုန်သံချင်း ထပ်တူဖြစ်နေရင် စိတ်ထဲမှာ လုံခြုံစိတ်ချမှု ပိုဖြစ်လာတာနဲ့အတူ အတွေးတွေကိုရော ခံစားချက်တွေကိုပါ မျှဝေလို့ အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။



41 comments:
မမသီရိ said... November 9, 2009 5:55 PM
အဆင်ပြေပါစေ မောင်လေးရေ့
ရင်ခုံသံတွေ ထပ်တူကျဖို့က အဓိကပါ
ခရီးမိုင်တိုင်တွေ ဆိုတာ.. နှလုံးသားချင်းနီးတဲ့ခါ
အလိုလို နီးလားပါလိမ့်မယ်..
There is will, there is way.
Cherrymaw said... November 9, 2009 6:26 PM
ဒီတစ်ခါလည်း မစားရသေးပြန်ဘူးပေါ့နော့
နေကောင်းသွားပီလား
မု;သုင်ခု, said... November 9, 2009 6:32 PM
နီးတာရော
ဝေးတာရော
ရှုပ်နေတာပဲ၊ ဒါဆိုလည်း နီးနီးလေးတွေအများကြီးပဲလေ
ရွေးယူလိုက်တော့ ။
အဖြူရောင်ဒဏ္ဍာရီ said... November 9, 2009 6:34 PM
သောကအလွမ်းတွေ ငြိမ်းအေးစေဖို့
အမှန်ပဲ ဆုတောင်းပေးပါတယ်
ပျော်ရွင်ပါစေ
မေသူ said... November 9, 2009 6:38 PM
အစ်ကိုဝင်းဇော်၊ နေကောင်းသွားပြီလား၊ အမြဲတွေ့ရတော့ မယ်ဆိုရင်တော့ ၀မ်းသာစရာပဲ။ ကျန်းမာရေး ဂရုစိုက်ပါ။
နှင်းဆီနီ said... November 9, 2009 6:40 PM
ရင်ခုန်သံချင်း အမြဲ ထပ်တူကျနေစေဖို့ ဆုတောင်းပေးနေ ပါမယ် အမြန်အဆင်ပြေပါစေ
kaungkinpyar said... November 9, 2009 7:07 PM
ဝန်ခံလိုက်ပေါ့...မင်း ..ချစ်တယ်ဆိုလဲ...သီချင်းလေး ဆိုရင်း ဆုတောင်းသွားတယ်၊ အဆင်ပြေ ပျော်ရွှင်ပါစေ
ဥက္ကာ said... November 9, 2009 7:16 PM
ချိန်ရင်း ချိန်ရင်းနဲ့ ကိုပေါလိုတော့ မဖြစ်စေနဲ့ပေါ့ သယ်ရင်းရာ။။။
မင်းမဟော် said... November 9, 2009 7:17 PM
ချစ်ရသူနဲ့ ဝေးနေတဲ့အချိန်မှာ ဘာလုပ်ရင် အကောင်းဆုံးလဲ ဆိုတော့ ၈မိုင် ရွှေဘဲမှာပဲ ပြောကြရင် ကောင်းမယ်... အိုကေမလား
kiki said... November 9, 2009 8:51 PM
ကမ္ဘာကြီးက ကျဉ်းပါတယ် ...
ခုဆို ရွာကြီးသာသာပဲ ရှိတော့တာ တဲ့လေ ...
လာချင်ရင် အနီးလေး ပဲ ..
အားမလျှော့နဲ့  ...
မနေ့ ကထက်စာရင် တနေ့ ပိုနီးလာပါပြီ ...
မချစ်ရ said... November 9, 2009 8:52 PM
အကိုဘာဖြစ်တာလည်းနေမကောင်းဘူးလား
သူများတွေပြောထားတာတွေ့လို့ပါ
ကျန်းမာစွာနဲ့အဆင်ပြေပါစေအကိုရေ..
နေ့အိပ်မက် said... November 9, 2009 9:58 PM
နှလုံးသားရော ခန္ဓာကိုယ်ပါ မြန်မြန်နေကောင်းပါစေ
လင်းကြယ်ဖြူ said... November 10, 2009 3:15 AM
အားလုံးအဆင်ပြေပါစေ ခင်ဗျာ
Thet said... November 10, 2009 7:50 AM
ကျန်းမာရေးကောင်းသွားပြီဆိုတော့
ရင်ဘတ်က ထပ်နာလာပုံပဲ
ကြည့်လုပ်နော် အသက်ငယ်၂နဲ့လည်း နှလုံးရောဂါ ဖြစ်တတ်တယ်
Sai said... November 10, 2009 7:57 AM
မတွေ့ဖြစ်တာကြာခဲ့ပြီ
အားလုံးအဆင်ပြေပါစေ
ကျန်းမာရေး
လူမှုရေး
စီးပွားရေး
အစစ အရာရာပေါ့
ဝဿန်ဦး said... November 10, 2009 8:37 AM
ပြေပြစ်တဲ့အရေးအသားကောင်းမို့ နှစ်သက်တယ်
အားပေးနေကြောင်းပါ
တလနွန် said... November 10, 2009 9:06 AM
အပြင်မှာ ဝေးနေပေမဲ့ ရင်မှာ နီးနေဖို့ ပဲ အရေးကြီးပါတယ်။
ပျော်ရွင်ပါစေ ကိုဝင်းဇော်ရေ။
ခင်မင်ခြင်းများနှင့်
တလနွန်
mgnge said... November 10, 2009 10:01 AM
အာယား...
ဒီလို သတ္တိ မျိုး ကတော့ ခိုက်တယ်... ။
do သာ do
ဒူး မဟုတ်ရင် ပေါင်ပေါ့... ။
ပြန်လာတော့မယ်...။ အကို့ ဆီရောက်ဖို့ သေချာ သလောက် ၇ှိပြီ... ညြီ ပန်လာရင် ဘီယာ အ၀ တိုက် မယ်.. ။အဟီးး
flowerpoem said... November 10, 2009 11:31 AM
ရင်ခုံသံတွေ အမြန်ဆုံးနီးစပ်ပါစေ ကိုဝင်းဇော်..
ဒဏ္ဍာရီ said... November 10, 2009 12:18 PM
"တစ်ယောက်သောသူက အရှေ့ကမ္ဘာမှာရှိနေပေမယ့် ကျန်တစ်ယောက်က အနောက်ကမ္ဘာမှာပါ။"
ဒီစာသားလေးက နှလုံးသားချင်း နီးနေသူတွေအတွက် လွမ်းရတဲ့ စာသားလေးပါ။ ကိုဝင်းဇော်ရဲ့ ခိုင်မြဲတဲ့ အချစ်တွေ အမြန်ဆုံး နီးစပ်ပြီး ပျော်ရွှင်နိုင်ပါစေ ...
ခင်မင်လေးစားလျှက်
မင်းအိမ်ဖြူ said... November 10, 2009 5:39 PM
အနေဝေးပေမယ့် အဝေးနေတွေ မဟုတ်ပါဘူးဗျာ
နှလုံးသားချင်း ရင်နှီးနေဖို့ အရေးကြီးတာပါ
အတူနေပြီး အမြင်မတူတာထက်တော်ပါတယ်လို့ တွေးပါ
မင်းအိမ်ဖြူ
ကိုတိုးလေး said... November 12, 2009 7:23 AM
ဝန်ခံလိုက်ပေါ့ မင်းချစ်တယ်ဆိုလည်း ကြာရင်ငါရှုးလိမ့်မယ် ဘယ်လိုအကြောင်းများကြောင့် ဆိုတဲ့ IMP ရဲ့သီချင်းလေးဆိုသွားတယ်ဗျာအကိုရေ အဆင်ပြေပါစေနော်။
ခင်မင်လျက်
ကိုတိုးလေး
hlaminnlay said... November 13, 2009 6:34 PM
မောင်လေးဝင်းဇော်
ကိုယ်လိုချင်တာကို လိုချင်တယ်လို့ တိုက်ရိုက်ပဲ ပြောလိုက်ရောပေါ့ .. တွေ့နေပြီ ဆိုတဲ့သဘောလား
ကြိုးစားထား
မီးငယ် said... November 13, 2009 6:37 PM
အစ်ကိုရေ့
ရင်ခုန်သံတွေထပ်တူ ဖြစ်ရုံမက
ရင်ခုန်သံချင်း အမြန်နီးနိုင်ပါစေနော်
မီးငယ်
နေခြည်စုစု said... November 13, 2009 6:38 PM
အားကျမိပါတယ် စာရေးကောင်းလို့
ခု တကယ်အဟုတ်လား
kokomaung.uk said... November 14, 2009 6:49 AM
အရှေ့ ကမ္ဘာနှင့်အနောက်ကမ္ဘာဆိုပေမဲ့ ရင်ခုန်သံချင်းတော့ နီးစပ်နေမှာပါ။ ရင်ခုန်တတ်ရင်ပေါ့လေ။
သဉ္ဇာအောင် said... November 14, 2009 10:56 AM
အပြောနဲ့ အလုပ်ညီပါစေနော်
Zayarr said... November 14, 2009 10:58 AM
ယောက်ျားများ ကြိုးစားရင် ဘုရားတောင် ဖြစ်ခဲ့တဲ့ သာဓက ရှိတာပဲ အကျိုးမယုတ်ပါဘူး ..
မိုးသား said... November 14, 2009 10:59 AM
ဒီလို ဒီလိုနဲ့ ကျန်ခဲ့ပေါင်းများပီ မလား
ပျော်ရွှင်ပါစေ
hlaung09 said... November 14, 2009 11:02 AM
ဒီအကြောင်းလေးတွေကို ဖတ်ရတော့ သီချင်းလေး တစ်ပုဒ်ကို သွားအမှတ်ရမိတယ်။ အပေါ်ကတောင် အရင် ဆိုသွားပီးပီ။
Sai Laung Main Thet said... November 14, 2009 8:58 PM
စာကြွေးတွေလာဖတ်တယ်ဗျာ
Anonymous said... November 15, 2009 2:26 PM
ကျွန်တော့်တစ်နေ့တာ (၇)
၂၅-၄-၂၀၀၈ ရက်နေ့
မနက်မိုးလင်းရင် နှုတ်ဆက်နေကျ သူငယ်ချင်းတွေ ကိုလည်း နှုတ်ဆက်လို့မရ ဖြစ်နေတယ်။ သွားလည်နေကျ သူငယ်ချင်းတွေရဲ့ အိမ်တွေလည်း နေ့ခင်းကြောင်တောင် မီးတွေမှိတ်လို့ပါ။ ကိုယ့်အိမ်ကို လာလည်ဖို့ကလည်း တံခါးဖွင့်ထားလျက်နဲ့ လမ်းပျောက်နေကြတယ် ထင်ရတယ်။ ၀င်မလာနိုင်ကြဘူး။ ကျွန်တော့်အတွက် အထီးကျန်ဆန် လွန်းလှတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ရတယ်။
သရဲနီတွေအပေါ် အောင်ပွဲခံခဲ့တဲ့ အပြာင်ရောင် ခြင်္သေ့သူရဲကောင်း တို့ရဲ့ အောင်ပွဲခံသတင်းကို ကိုစိုးထက်၊ ကိုဆိုးသွမ်း၊ ကို Stanley၊ ကိုဖရီး နဲ့ ဆုရည်၊ စိုးမြနန္ဒာသက်လွင် တို့ဆီ ချီးယားမြှောက်ဖို့ ကြိုးစား ပေမယ့် အချည်းနှီးဖြစ်ခဲ့ ရတယ်။ ကျွန်တော့်မှာ ဆွံ့အသူ တစ်ယောက်နဲ့ မခြား မှင်သက်နေမိတယ်။
ဒါနဲ့ အားမလျော့သေးပါဘူး . . .
ဖုန်းနံပါတ် ၀၉၁ ……….. ကိုနှိပ်လိုက်တယ်။
“ဟလို” “ အန်တီလားခင်ဗျာ၊ ကျွန်တော် ၀င်းဇော် ပါ၊ ဆုရည်နဲ့ စကားပြောခွင့်ပေးပါခင်ဗျာ” “ အော်…အေးအေး”
“ဟလို” “ဆုရည်လား” “ပြောအစ်ကို”
“Connection ကောင်းလား” “ဘာလဲ.. ဆုရည်ဘာမှမဆက်သွယ်ဘူး”
“မဟုတ်ဘူး ဆုရည် အင်တာနက်လိုင်းကောင်းလားလို့မေးတာ”
“သိဘူး၊ ဆုရည်လည်းဘုရားဝတ်တက်နေလို့၊ ဘာဖြစ်လို့လဲ”
“online ထဲဝင်မရလို့ မေးကြည့်တာ”
“မနေ့က Post တွေတင်နေသေးတယ်လေ၊ ကနေ့တော့သိဘူး”
“အေးအေး ဒါပဲ၊ ဒီနေ့ဘယ်သွားဖို့ရှိလဲ”
“ဟင့်အင်း အိမ်မှာပဲရှိမယ်၊ ရှမ်းခေါက်ဆွဲလုပ်စားမလို့၊ လာမလို့လား”
“လာခဲ့မယ်လေ၊ ဒါပဲ၊ ဘိုင်” ကွန်ပျူတာ Connection မကောင်းတော့၊ Connection ကောင်းတဲ့ ရှမ်းခေါက်ဆွဲပဲ သွားစားတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။
ကားဂိတ်ကဆင်း၊ သလ္လ၀တီလမ်းထဲဝင်၊ လမ်းကကျဉ်းပေမယ့် ဆိုက္ကားရော၊ ကားရော၊ လူရောအမြဲစည်ကားနေတဲ့လမ်းသွယ်လေးပါ။ သလ္လ၀တီဈေးလည်းရှိသေးတယ်လေ၊ သူဌေးဈေးပေါ့။ ယောက္ခမ လောင်းကိုမျက်နှာလုပ်ဖို့ ထောပတ်သီးတစ်ခြင်းဝယ်တယ်။ အိမ်ထဲ ရောက်တော့ ရှမ်းပြည်ပြန်လက်ဆောင်လားတဲ့၊ မဟုတ်ပါဘူး အန်တီရယ်. . . သလ္လ၀တီ ဈေးထဲကပါလို့။ ယောက္ခထီးတော့ မရှိဘူး။ ရွာပြန်သွားတယ်။ ပျဉ်းမနား ကြက်ပြေးကိုပြောတာ…။
ဆုရည်တို့အိမ်ကနေပြန်တော့ မရောက်တာကြာပြီဖြစ်တဲ့ မြို့ထဲကို ဆက်သွားတယ်။ FMI ရှေ့ကဆိုင်မှာ Software နဲ့ Game ခွေတွေဝယ်တယ်။ ဂျာနယ်တွေ စာစောင်တွေဝယ်တယ်။ ဆူလေး Game Centre ဘက်တွေသွားတော့ တစ်ချို့ဆိုင်တွေ ပိတ်ထားတယ်။ တစ်ချို့ဆိုင်တွေလည်း Connection မရဘူး။ ဒီလိုနဲ့ အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ လျှပ်စီးမီးချောင်းတွေ မီးလင်းနေပေမယ့် ကျွန်တော့် အတွက်တော့ အမှောင်ကမ္ဘာထဲ လမ်းလျှောက်နေရသလို ပါပဲ။
Labels: တစ်နေ့တာအချိန်များ
တချိန်က ဆုရည်နဲ့ ပတ်သက်တဲ့ ပို့စ်လေးကို သတိရအောင် ထည့်ပေးသွားတယ်။ ဘယ်သူ့ကိုမှ အပိုလုပ်ပြီး စိတ်ကူးယဉ်မနေပါနဲ့ ဆုရည်ကိုပဲ ပြန်ဆက်သွယ် မှားခဲ့တာတွေကို တောင်းပန်ပြီး ဆုရည်နဲ့ပဲ တသက်လုံး လက်တွဲနိုင်အောင် ကြိုးစားပါ။
စိုင်းနောင့် said... November 15, 2009 2:33 PM
ဘလော့ထဲမလည် မရောက်ဖြစ်တာ ကြာသွားပြီ၊ မရောက်ဆို အချိန်မပေးနိုင်လို့ပါ။ တောင်ကြီးရောက်နေတယ်လို့ သိရတယ်။ တစ်ရက်လောက်တော့ ချိန်းလိုက်တာပေါ့။ နောက်အပတ်လောက်ဆို ကွန်ဟိန်းဘက် သွားစရာရှိတယ်။ မှာစရာရှိတာ မှာပါ။
ရွှေညာသူ said... November 15, 2009 2:35 PM
မောင်လေးရေ ဟုတ်မဟုတ်တော့ အမ မသိဘူး။ သိတဲ့သူတွေက ပြောကုန်ပြီ အမှန်ပဲလား။ မဟုတ်ရင်လဲ ဖြေရှင်းချက်တော့ ရေးအုန်း ။ သတိရနေပါတယ်နော်။
Welcome said... November 15, 2009 3:35 PM
Anonymous ကတော့ လုပ်ချလိုက် ပါပြီဗျာ။ ကျွန်တော့်ကိုတော့ မျက်နှာများတဲ့ လူတစ်ယောက်လို့ ထင်မိမယ်လို့ ယူဆရပါတယ်။ အမှန်တော့ အဲဒီသဘော မဟုတ်ပါဘူးလို့ ၀န်ခံပါရစေ။ (ဆုရည်) ဘယ်သူဆိုတာ အမှန် သိတယ်ဆိုလို့ ဘလောဂ့်ဂါ (၃)ယောက်ထဲ ရှိပါတယ်။ အဲဒီ (၃)ယောက်ကတော့ မငယ်နိုင်၊ မကဗျာ နဲ့ မီကူးမီ တို့ပဲဖြစ်ပါတယ်။ ကြုံကြိုက်ခဲ့ရင် (ဆုရည်)ဘယ်သူ ဆိုတာ မေးကြည့်စေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ပို့စ်တွေကို ဂရုတစိုက် လာဖတ်ပေးလို့ ကျေးဇူးတင်ရှိပါတယ်။ လေးလည်း လေးစားပါတယ်။ သိကျွမ်းခွင့်ရမယ်ဆိုရင် လင့်ခ်လေးတော့ ချန်ထားသင့်ပါတယ်။
ကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်။
အချစ်မဲ့ဂစ်တာ said... November 15, 2009 7:05 PM
ဘာပဲပြောပြော ချစ်သောသူနဲ့ အမြန်ဆုံးပေါင်းရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ...
မငုံ said... November 16, 2009 4:31 AM
ရေမြေဘယ်လောက်ခြားခြား ဝေးဝေး ရင်ခုန်သံချင်း နီးစပ်ရင် ထပ်တူကျနေမှာပါ။ ဒါပေမဲ့ စာနာပါတယ်။ မနက်မိုးလင်းချိန် မောနင်းနှုတ်ဆက်ချင်ပေမဲ့ ဂွတ်နိုက်လို့ ညရောင်အောက် ရှိနေရတော့ ခံစားရပေမပေါ့။ အမြန်ဆုံး ပျော်ရွှင်ပါစေ။
Khin Yadana said... November 16, 2009 7:07 AM
Link ထားခဲ့ပါဆိုလို့ ထားခဲ့ပါတယ်။ ကျွန်မမှာ ဘလောက်ဂါမိတ်ဆွေ ဆိုလို့ ဆုရည်တစ်ယောက်တည်းသာ ရှိပါတယ်။ တခြားဘယ်သူ့ကိုမှ မသိပါဘူး။ အခုသူ့ကို ဘလောက်လောကမှာ မတွေ့တော့ဘူး။ ဆုရည်တစ်ယောက် စာမရေးတာကြာပြီ ဆက်သွယ်လို့လည်း မရလို့ တနေ့က google search ထဲမှာ သူ့နာမည် ရိုက်ထည့်ပြီး ရှာကြည့်တော့ အပေါ်က Anonymous သုံးထားတဲ့ ကျွန်မ ကွန်မက်ထဲက ဆုရည်အကြောင်းပါတဲ့ ပို့စ်တွေကို ကိုဝင်းဇော်ဘလောက်ထဲမှာ အကုန်လုံးလာတွေ့ရပါတယ်။ ကိုဝင်းဇော်က ဆုရည်ဘလောက်က အဖွဲ့ဝင်တစ်ယောက်ဆိုတာပဲ သိခဲ့ပါတယ်။ ဒီပို့စ်တွေကို ဖတ်ပြီးမှ ဆုရည်နှင့် ကိုဝင်းဇော် ဘာပတ်သက်တယ်ဆိုတာကို သိရပြီး ဆုရည် တစ်ယောက် ဘလောက်လောကကို ဘာကြောင့် စွန့်ခွာသွားတယ်ရတယ်ဆိုတာ ကိုဝင်းဇော်ရဲ့ တခြားပို့စ်တွေကို တွေ့လို့ သဘောပေါက်သွားပါတယ်။ ဆုရည်လို ယဉ်ကျေးသိမ်မွေ့ပြီး ဘာသာရေး ကိုင်းရှိုင်းတဲ့ မိန်းကလေးတစ်ဦးကို ဥပက္ခာပြုပြီး အချစ်သစ် လိုက်ရှာနေတာ မဖြစ်သင့်လို့ အကြံပြုမိတာ မှားရင်လည်း တောင်းပန်ပါတယ်ရှင့်..
စိုင်းစိုင်းလားရှိုး said... November 16, 2009 1:27 PM
ဆရာလုံ ၀င်းဇော်ရေ လာလည်ဖြစ်တာတောင်ကြာပေါ့ ဆရာလဲ ပျောက်နေတယ်နော် ?
အဆင်ပြေလား အစစ အရာရာပေါ့...?
naylin said... November 16, 2009 2:09 PM
ဝန်ခံချက်တွေကို ရုံးတော်မှ မှတ်တမ်းတင်အပ်ပါတယ်
ပျော်ရွှင်ပါစေ ကိုဝင်းဇော်
win latt said... November 18, 2009 4:01 PM
“ အရိုးသားဆုံး ပြောရရင် ချစ်ခဲ့တဲ့ တို့အချစ်ဟာ ဒဏ္ဌာရီ မဟုတ်ဘူးလေ...“
တဲ့ ကိုဝင်းဇော်ရေ...ဒီသီချင်းလေး ဆိုပြလိုက်ပါတော့လား..၊
နောက်ကျမှ ရောက်တာ ခွင့်လွှတ်ပါခင်ဗျာ...။
Post a Comment