ပြန်လာပါ ..

ပြန်လာပါ

အချစ်တဲ့လား
အချစ်ကို မသိတတ်ခင်မှာ
လူတွေကိုချစ်ခဲ့ဖူးတယ်
အလျော်အစားမရှိတဲ့ အချစ်က
ပူဆွေးစေတယ်
ဝမ်းနည်းစေတယ်
သောကပွားစေတယ်
လှောင်ချိုင့်နဲ့တူတယ် နဲ့
အချစ်ကို ကျောခိုင်းခဲ့တယ် .. ..

အချစ်တဲ့လား
အချစ်ကို အချစ်မှန်းသိလာတော့
အချစ်က
နူးညံ့တယ်
ချိုမြိန်တယ်
ရင်ခုန်တယ်
ပျော်ရွှင်တယ်
ကြည်နူးတယ်
ခံစားချက်တွေလည်း အများကြီး
မျှော်လင့်ချက်တွေလည်း တသီကြီးနဲ့
ဆက်ရန်တွေလည်းရှိနေဦးမယ်
အချစ်ကိုထိမှ
အချစ်ဆိုတာကို
ချစ်တတ်လာတယ်
ဒါပေမယ့် အချစ်က ဝေးတစ်နေရာဆီမှာ .. ..


    18 comments:

  1. လာတော့ပါဘူး လိုင်းကားဈေးကြီးတယ် ကျပ်ကကျပ်နဲ့ အအေးတိုက်ရင်တော့ စဉ်းစားမယ်

  2. ဟိုလိုလို ဒီလိုလိုနဲ့ဆိုတော့ ဘာမှ မသိတာ အကောင်းဆုံးပဲ

  3. အဝေးက ချစ်သူနဲ့ အမြန်ဆုံး နီးစပ်ပါစေ အကိုရေ...

    ခင်မင်လေးစားလျှက်

  4. တစ်ယောက်က ပစ်သွားတာ မကြာသေးဘူး
    နောက်တစ်ယောက်က ထိနေပြန်ပြီပေါ့
    တတ်ပဲတတ်နိုင်လွန်းတဲ့ ကိုဝင်းဇော်ကြီး

  5. ကဲ ကဲ
    အားလုံးလဲ သိကုန်ကြပြီ လုပ်လိုက်တော့ လုပ်လိုက်တော့

  6. ပြန်လည်ဆုံဆည်းနိုင်ပါစေခင်ဗျာ......
    အစ်ကိုရေ ပြန်လာတဲ့အတွက် တော်တော်ဝမ်းသာ.....
    ကိုဝင်းဇော်ကြီး ကောင်မလေးနဲ့ အဆင်ပြေပါစေခင်ဗျ..

  7. ပြန်လာပါ မလုပ်ပါနဲ့
    မှီရာကားနဲ့ လိုက်သွားပါ :D

  8. အချစ်နဲ့ အမြန်ဆုံး တွေ့ပါစေ..း)

  9. အကိုရေ အမြန်အဆင်ပြေပါစေ နော်

  10. အော် ငါ့အကို အချစ်နဲ့ ဝေးနေရှာတယ်ကိုး
    အမြန်ဆုံး တွေ့နိုင်ပါစေသား ဒီအချစ်ဆိုတာနဲ့


    လေးစားလျက်
    တောင်ပေါ်သား

  11. မိုးခါးပြောတာ ထောက်ခံတယ်
    ကိုယ်က ယောက်ျားလေးပဲ
    ကိုယ်က သွားပေါ့

  12. အလွမ်းတွေ
    အဆွေးတွေ
    သိနေပြီဆိုပါတော့
    ယုံလိုက်ပါမယ်

  13. ဝေးနေတဲ့ အချစ်တွေ အမြန်ဆုံးနီးစပ်နိုင်ပါစေ အစ်ကိုတော်ရေ .. အစ်ကိုဆီလာရတာလည်း သိပ်တော့ မလွယ်ဘူး .. စောစောစီးစီး ကျော်ရခွရနဲ့ 
    ဒါပေမယ့် လည်း လာမှာပဲ ... ဟီးးး
    ဒါနဲ့  စကားမစပ် သန်းဖေလေးနဲ့ တွေ့ သေးလားမသိဘူးနော် ... ဟီဟီ

    ပျော်ရွှင်ပါစေ!

    ခင်တဲ့ 

    ပန်းခင်းလေး

  14. အချစ်သည် ပူလောင်လွန်းစေသည်

  15. ကျန်သေးတယ်ဗျ။
    အချစ်က
    ခါးသက်တယ်
    ပူလောင်တယ်
    လောင်ကျွမ်းတယ်
    ခံပြင်းတယ်
    ရင်နာတယ်
    ...................... ဒါတောင် အများကြီးကျန်သေးတယ် ထင်တာပဲ။

  16. ရောက်တုန်းခဏ လာရောက်အားပေးသွားပါတယ် .....။
    အဆင်ပြေပျော်ရွှင်ပါစေလို့ .....။

  17. ခံစားချက်တွေ တူနေသလိုလိုပဲနော့...ဟင်းဟင်း...

  18. အချစ်တဲ့လား
    အချစ်ကို အချစ်မှန်းသိလာတော့
    အချစ်က
    နူးညံ့တယ်
    ချိုမြိန်တယ်
    ရင်ခုန်တယ်
    ပျော်ရွှင်တယ်
    ကြည်နူးတယ်......ဟုတ်တာပေါ့
    ခင်မင်တဲ့ jasmine