Friday, October 9, 2020

သံပုရာသီးရဲ့ ဆေးအစွမ်း

 

သံပုရာသီးရဲ့ ဆေးအစွမ်း

 


မြန်မာနိုင်ငံမှာ    သံပရာအမျိုး စုံလင်လှသလို  စီးပွားဖြစ် စိုက်ပျိုးသူလည်း များလှပါတယ်။ သံပရာပင် ၏ အင်္ဂလိပ်အမည်မှာ Lime ဖြစ်ကာ ရုက္ခဗေဒအမည်  Citrus quratifolla ဖြစ်တယ်။  မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ ဖြစ်တယ်။ သံပရာကို မြေအမျိုးအစား မရွေး စိုက်ပျိုးနိုင် ပေမယ့်   မြေအောက်ရေ နီးတဲ့မြေအမျိုး အစားနဲ့ မြေအောက်တွင် အမာခံလွှာ ရှိကာ မြေသားထု ပါးတဲ့မြေ အမျိုးအစား ရှောင်သင့်တယ်။ စိုက်လို့တော့ ဖြစ်တယ်။  အလုံးသေးတယ်။   အပင်မသန်စွမ်းလိုအထွက် လျော့တယ်။

 

သံပရာနဲ   အထူး သင့်လျော်တဲ့ ရေမြေဥတုမှာ မြေချဉ်ငန်ဓာတ် (၆ ဒသမ ၅ - ၇ ဒသမ ၁၀) အတွင်း ဖြစ်တယ်။ မိုးရေချိန် ၇၅ လက်မနဲ့ လက်မ ၈၀ အတွင်း ဖြစ်ပြီး အပူချိန် ၄၀  င်္ံ - ၉၅   င်္ံ အတွင်းမှာ ကောင်းစွာ ဖြစ်ထွန်းတယ်။ နွေရာသီ အပွင့်ပွင့်ချိန်၊ သီးကင်း တင်ချိန်မှာ ရေသွင်းနိုင်တဲ့ ဒေသတွေမှာ၊ အစိုဓာတ် ပြည့်စုံတဲ့ဒေသ တွေမှာ စိုက်ပျိုးနိုင် ပါတယ်။

သံပရာပင်ကို တစ်ကျင်းနဲတစ်ကျင်း ၁၂ ပေကွာ ထားပြီး  အလျား ၂ ပေ၊ အနံ ၂ ပေ၊  အနက် ၂ ပေ ရှိတဲ့ စိုက်ကျင်းများ တူးကာ အပေါ်ယံမြေ တစ်ဆနဲ့ မြေဆွေးနှစ်ဆ ရော၍ ပြန်ဖို့ပါ။ သံပရာပျိုးပင်များကို ၀ါဆိုနဲဝါခေါင်လ တို့မှာ ပြောင်းရွှေ့ စိုက်ပျိုးနိုင်သလို အစေ့ထုတ်ကာ စိုက်ပျိုးနိုင် ပါတယ်။ မြေထုပ်စည်း ခြင်း၊   အဖူးမြှုပ်ခြင်း၊   ကိုင်းကူးခြင်း နည်းတို့က ပိုမိုမျိုးပွားနိုင်လို့  တစ်ပင်လျှင် အလုံး  ၅၀-၃၀  ထိ ထွက်ရှိကာ      စီးပွားဖြစ် စိုက်ပျိုးနိုင်ကြ ပါတယ်။  

သံပရာရည်နဲ့ ပတ်သက်လို့   အားကစား သမားတွေ အမောပြေ နိုင်တာကြောင့် အားကစား လုပ်နေစဉ်နှင့် လုပ်အပြီးမှာ သံပရာရည်ကို သောက်သုံး စေလေ့ရှိ ပါတယ်။    အလုပ်ပင်ပန်း နွမ်းနယ်သူများ ကိုလည်း သံပရာရည်ကို သောက်သုံးစေ ပါတယ်။  ရှေးယခင် ကတည်းက မြန်မာတို့ရဲ့ တိုင်းရင်းဆေးမှာ သံပရာရွက်၊ သံပရာသီး၊ သံပရာရည် တို့ဟာ မပါမဖြစ် ပါဝင်နေ တာကြောင့်  မီးဖိုချောင်သုံး ဆေးစွမ်းကောင်း တစ်လက် အဖြစ် အသုံးပြနေကြဆဲ ဖြစ်ပါတယ်။

သံပရာသီးမှာ ဗီတာမင်စီဓာတ် များစွာပါဝင်ကာ နှလုံးသွေးကြော ကျဉ်းခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်း တို ကာကွယ်နိုင်တဲ့ သစ်သီးဝလံ အုပ်စုမှာ ပါဝင်တယ်လိုဆိုတယ်။ နှလုံးသွေးကြော ကျဉ်းရောဂါ ကာကွယ်ပေး နိုင်တယ်။ သံပရာသီးသည် ချဉ်၏။ လေသလိပ်ကို နိုင်၏။ လေထိုး၊ ရင်ကျပ်နာ၊ ရင်ဘတ်နာ၊ အော့အန် အနာတို့ကို   ပျောက်စေတတ်၏။   ၀မ်းမီးကို တောက်စေ၏။ ပိုးတို့ကိုလည်း နိုင်၏။ ရေငတ်နာ၊ ခံတွင်းအရသာ ပျက်အနာတို့ကို အထူးသဖြင့် နိုင်၏။ ''အဖျားငွေရှိသူတိုနဲမသင့်'' လို့   ဖော်ပြထားပါတယ်။

သံပရာသီးကို    မြန်မာ့ တိုင်းရင်းဆေး အချို့နဲ့ ဆေးမြီးတိုမှာလည်း   ထည့်သွင်း ဖော်စပ်ကြ ပါတယ်။ တိုင်းရင်းဆေး အမှတ်(၄) ပန်းနာချွဲယိုင် ဆေးတစ်ဖုံမှာ သံပရာသီး အလုံး ၅၀ ကို ထည့်သွင်း ဖော်စပ်ထား ကြောင်း သိရပါတယ်။ သံပရာသီး၊ ရှောက်သီးတိုစားသုံးပြီးပါက နွားနို့ မသောက်သင့်ပါဘူး။ အနည်းဆုံး ခြောက်နာရီကြာမှ သောက်သင့်ပါတယ်။ သံပရာသီးနဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာမှာ ပတဲကော နဲကျွဲခေါင်းသီး ဖြစ်တယ်။ အိမ်တွေမှာ အိပ်မွေချပညာ၊ အောက်လမ်း ပညာနဲမလုပ်ခံလိုရင်  သံပရာသီးကို အိပ်ရာဝင်၊  အိမ်ထရံ တို့မှာ ဆောင်ထားပါက အောက်လမ်းပညာ၊ အိပ်မွေချ ပညာနဲ့ချလို့ မရဘူးလို  သိရပါတယ်။ သံပရာသီးဟာ ''တိုဆေး''  အာနိသင်ကိုလည်း ပြယ်စေတယ်လို့ ဆိုပါတယ်။

သံပရာသီးဟာ အရည်သာမက အခွံနဲ့အစေ့ တို့ပါ ဆေးဖက်ဝင် ပါတယ်။ အိမ်တိုင်း ဆောင်ထားသင့် ပါတယ်။ ကိုယ့်ရဲ့အိမ်ခြံဝင်း အတွင်း တစ်ပင်၊နှစ်ပင် စိုက်ထားရုံနဲ့ မိသားစုအားလုံး အလိုရှိတဲ့ အချိန်ခူးယူ အသုံးပြနိုင်တယ်။ သားစိမ်းငါးစိမ်း ကိုင်ထားပြီး လက်မှာ အနံ့စွဲနေရင် သံပရာရွက် လေး၊ငါးရွက် ပွတ်ခြေကာ လက်မှာသုတ်လိမ်း ပေးရင်   နံနေတဲ့ သားစိမ်းငါးစိမ်းနံ့ ပျက်ပြယ် နိုင်ပါတယ်။

သံပရာသီးဟာ စိတ်ကို ကြည်လင်စေပြီး အမူးအမော် ပြေစေပါတယ်။ အိပ်ရာဘေးမှာ အလုံးထားတာထက် အခြမ်းထားတာက ကောင်းတယ်။ သံပရာသီး အနံ့ပါ ဆစ်ထရစ်ဓာတ် က အာရုံကြောတွေ တည်ငြိမ် စေတာကြောင့် စိုးရိမ်ပူပင်မှု လျော့ကျစေကာ တစ်နေ့တာ ပင်ပန်ွးမ်းနယ်မှုကို သံပရာ တစ်ခွက်က ပေးစွမ်း နိုင်တယ်။

အိပ်ရာဘေးထား အိပ်သူတွေမှာ စိတ်အာရုံ စူးစိုက်မှု ပိုကောင်းလာတယ်။ မှတ်သားနိုင်မှု စွမ်းရည်တိုး လာစေတယ်။ ဂျပန်ပညာရှင် တွေရဲ့ လေ့လာတွေရှိချက် အရ  သံပရာသီးကိုအလုပ်ခုံပေါ်မှာ ထားပြီး အလုပ်လုပ် စေကာ အမှားနည်း စေပါတယ်။ သံပရာသီးဟာ အနံ့မွှေးရုံမက လေထဲမှ ပိုးမွှားတွေကို သန့်စင်ပေး ပါတယ်။

ပုရွက်ဆိတ်၊ ခြင်၊ ယင်    အင်းဆက် ပိုးမွှားတွေ ကင်းစင်စေ ပါတယ်။ ပိုမိုပြီးထိရောက်မှု ရှိစေချင်ရင် လေးညှင်းပွင့် တွေကို သံပရာသီး ပေါ်မှာ ထိုးစိုက်ထား သင့်ပါတယ်။ သံပရာနဲ့ သံပရိုသီးမှာ ဗီတာမင်စီ ပါဝင်တာကြောင့် ကျန်းမာရေး အထောက်အကူ ဖြစ်စေပါတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနယ် သမျှ သက်သာစေ ပါတယ်။ သံပရာသီး၊ သံပရာရည်နဲ့ ၀ိတ်ချလို့ ရပါတယ်။   နေ့စဉ် သံပရာ သုံးခွက်  သောက်သုံးပေးရင် ခန္ဓာကိုယ် အလေးချိန် အချိုးအဆ ဘီအမ်အိုင် သာမန် (၁၈ ဒသမ ၉ - ၂၄ ဒသမ ၉) အတွင်း ရှိစေပါတယ်။

ဘီအမ်အိုင် ဆိုတာ ခန္ဓာကိုယ် အလေးချိန် (ကီလိုဂရမ်) ကို အရပ်အမြင့် မီတာ (နှစ်ထပ်ကိန်း) နဲ့ စားလို့ရတဲ့ ရလဒ်ဖြစ်တယ်။   ဘီအမ်အိုင်  ၃၀  နဲ့အထက်ကို အ၀လွန်ခြင်း လို့ သတ်မှတ်ပါတယ်။   သံပရာရည်က  အ၀လွန်ခြင်းနှင့်  ဆီးချိုရောဂါကို  လျော့ကျစေပါတယ်။

ဆေးဖြလေး ဖော်စပ်နိုင်တယ်။ ဆေးဖြလေး ဆိုတာ ဂေါဒန်ကျောက် တစ်ပိဿာ ခန့်ကို နွားနို့နဲ့စိမ်၊ ဂေါဒန်ကျောက် ထဲကိုနွားနို့ စိမ့်ဝင်သွားတယ်။ နွားနို့ စိမ်ထားတဲ့ ဂေါဒန်ကျောက်ကို  နေသွေအောင် လှမ်းကာ  နွားနို့စိမ်ခြင်း၊ နေသွေ့အောင် လှန်းခြင်း သုံးကြိမ်မျှ ပြလုပ်ပြီး သံပရာသီး ငါးလုံးခန့် ဂေါဒန်ကျောက်ထဲ အရည်ဝင်သလောက် ညှစ်ထည့်၊ နေသွေအောင်လှန်း မီးဖုတ်ပြီး အမှုန့်ထောင်းပါက ဖြနုနေတဲ့ ဆေးမှုန့်ကို ဆေးဖြလေး လိုခေါ်တယ်။ ဖျားနာ၊ ငန်းဖမ်း၊ တုပ်ကွေး၊ အညောင်းမိ၊ အညှော်မိပါက ကွမ်းရွက်ပြတ်ရည် သို့မဟုတ် ထန်းလျက်ရည် နဲတိုက်နိုင်တယ်။ ထိခိုက် ဒဏ်ရာရရှိရင် ဒဏ်ရာရတဲ့ နေရာကို ရေစင်စင်ဆေး ကာ ဆေးဖြလေး အမှုန်သိပ်ထည့်ပေးရင် အနာကျက် မြန်စေတယ်။ အဆိပ်ရှိတဲ့ သတ္တ၀ါကိုက်ပါက အဆိုပါ ဆေးဖြလေးမှုန်ကို ဒဏ်ရာမှာထည့် သောက်လည်း သောက်သင့်တယ်။ လူကြီး ဆေးတစ်ခွက်စာ ဆီးသီးလုံးခန့်၊ ကလေး ဆေးတစ်ခွက်စာ  မန်ကျည်း တစ်စေ့ခန့် (ကော်ဖီ တစ်ဇွန်းခန့်) တိုက်ကျွေး နိုင်တယ်။ ရောဂါအနု၊ အရင့်လိုက်ကာ အသက်အရွယ် အလိုက် ဆေးကို တစ်နေ နှစ်ခွက်မှ လေးခွက်အထိ သောက်သုံးနိုင်တဲ့ အဘိုးဆောင် ရဲ့  မောနေယျဆေးနည်း မှာ  ဖော်ပြထားပါတယ်။  

ဒေါက်တာ လွင်သန်

ဓာတ်ပုံ - အင်တာနက်


No comments: