Saturday, October 31, 2020

သီတင်းကျွတ်လပြည့် အဘိဓမ္စာအခါတော်နေ့

 

သီတင်းကျွတ်လပြည့် အဘိဓမ္စာအခါတော်နေ့

 


''ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကား ကုသိုလ်၊ အကုသိုလ် ဟု၊ ထိုထိုဘဝ၊ မသိရ၊ များလှအပြစ်တွေ။'' ''ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်မိန့်ကြား၊ မြတ်တရားကြောင့်၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထို ဘုံဘဝ၊သိကြားရ၊ များလှ ကျေးဇူးပေ။'' ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး  ဤသို့ဖွဲ့ဆိုခဲ့သည်ကို လူတိုင်းသိရှိပြီး ဖြစ်သည်။  ဘုရားရတနာ၊ တရားရတနာ၊  သံဃာရတနာ  ရတနာသုံးဖြာ သည် ကမ္ဘာ့လူသားတို့ အကျိုးငှာ ပွင့်ထွန်းခဲ့သည့် အနက် အဘိဓမ္မာ တရားတော်သည်    အဖိုးမဖြတ် နိုင်သော အမိကျေးဇူးဆပ် တရား ဖြစ်ပါ၏။

          အဘိဓမ္မာဟူသော ဝေါဟာရမှာ မူရင်းပါဠိစကား အဘိဓမ္မ ကို အာသရ ပေါင်းခြင်းဖြင့် အဘိဓမ္မာဟု သုံးနှုန်းလာပါသည်။ အဘိဓမ္မာ တရားတော်သည် ပါဠိ၏ နက်နဲခြင်း၊ သဘော အဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်း၊ ဥာဏ်တော်၏ နက်နဲခြင်းဟူသော ဂမ္ဘီရလေးမျိုး နှင့်ပြည့်စုံ၏။ သဘောတရား အနေဖြင့် မည်မျှခက်ခဲ သနည်းဟူမူ သာမန်ပုဂ္ဂိုလ် မဆိုထားဘိ။ အဋ္ဌကထာ ကျမ်းပြု ရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ် သည်ပင် ဝိဘင်းပါဠိတော်လာ ပဋိစ္စသမုပ္ပါဒ် ဒေသနာ အဖွင့်ရေးသားရာ၌  ''ဆောက်တည်ရာမရ   အလွန်ခက်ခဲလှပေစွတကား'' ဟု ညည်းတွား တော်မူရ၏။

ခေတ်သစ်ယဉ်ကျေးမှုကြောင့် ပျက်စီးသွားနိုင်တဲ့ အနာဂတ်လေးများ

 

ခေတ်သစ်ယဉ်ကျေးမှုကြောင့် ပျက်စီးသွားနိုင်တဲ့ အနာဂတ်လေးများ

 


ယနေ့ခေတ် လူငယ်များ အထူးသဖြင့် အမျိုးသမီးငယ် များမှာ ယောက်ျားသား များနှင့် တန်းတူ ရင်ပေါင်တန်းပြီး အရက်သေစာ သောက်စားခြင်း အမှုကို ပြုလာကြ ပါတယ်။ ယခင်က ကမ္ဘာ့ အရှေ့ခြမ်း ဖြစ်ဖြစ် ၊ အနောက်ခြမ်း ဖြစ်ဖြစ် ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ မဆို နေထိုင်တဲ့ အမျိုးသမီးငယ် ဖြစ်ဖြစ် ၊ အမျိုးသမီးကြီး ဖြစ်ဖြစ် အများစုဟာ အရက်သေစာ ကို သောက်စားခြင်း မရှိကြ ပါဘူး။

          ဒါပေမယ့် ဒီနေ့ခေတ် မှာတော့ အမျိုးသမီးငယ် များဟာ လူငယ် အများစ ပျော်စံရာ ကလပ်များ ထဲမှာသာမက အများပြည်သူ အပန်းဖြေရာ နေရာတွေ ဖြစ်တဲ့ ပန်းခြံလို နေရာမျိုး တွေမှာပါ အရက်သေစာ ကို ပေါ်ပေါ်တင်တင် သောက်စား လာကြပါတယ်။

Thursday, October 29, 2020

လေဖြတ်ရောဂါ ကာကွယ်ပါ

 

လဖြတ်ရောဂါ ကာကွယ်ပါ 


အာက်တိုဘာ ၂၉ ရက်သည် World Stroke Day ကမ္ဘာ့လေဖြတ်ရာဂါနေ့ဖစ်သည်။ နှစ်စဉ်ကမ္ဘာ့ လူဦးရေ၏ ၁၅ သန်းခန့်သည်  လဖြတ်ဝေဒနာ ခံစားနေကြရပြီး ငါးသန်းခန့်သည်   လဖြတ်ရာဂါနှင့်သဆုံးရ သကဲ့သို့ ကျန်ငါးသန်းခန့် မှာလည်း နာတာရှည် မသန်စွမ်းသူများ ဖစ် ကျန်ရှိ ခဲ့ရပေသညလဖြတ်ရောဂါ သည် ကင်ဆာရောဂါ၊ နှလုံးသွေးကြောပိတ်ရာဂါများ ပြီးလျှင်သဆုံးမှု အများဆုံးရောဂါ တစ်ခုဖြစ်သည်။ ထို့ပြင် နာတာရှည် မသန်စွမ်းသူ အဖြစ် ကျန်ရှိနိုင်ဆုံးသော   ရာဂါဖြစ်သည်။

လဖြတ်ရောဂါ ခံစားရချိန်တွင် ရုတ်တရက် မျက်နှာတစ်ခြမ်း ရွဲ့သွားခြင်း၊ မျက်စိမြင်ကွင်း အပြည့်အ၀ မမြင်ရတော့ခြင်း၊ မျက်စိစာင်းသွားခြင်း၊ စကားမပီခြင်း၊ စကားမပြော နိုင်ခြင်း၊ အစာမျိုရ ခက်ခဲခြင်း၊ ခြေလက်များ မလှုပ်နိုင်ခြင်း၊ ခြေလက်များ ထုံကျဉ်ခြင်း၊ ဆီး၊၀မ်း မထိန်းနိုင်ခြင်း၊ လမ်းလျှောက်လျှင် ဒယိမ်းဒယိုင်ဖစ်ခြင်းများဖစ်နိုင်ပါသည်။

Wednesday, October 28, 2020

ဆံပင်ဆေးဆိုးသူတို့ သိစေဖို့

 

ဆံပင်ဆေးဆိုးသူတို သိစေဖို


ယနေ့ခေတ် လူငယ် ယောကျာ်းလေး၊ မိန်းကလေး အများစု၏ ဆံပင်အရောင်သည် အနီရောင်၊ အပြာနုရောင်၊ ပန်းရောင် စသည်ဖြင့် ကာလာစုံ များကိုမြင်တွေ့ နေရသည်။ ထို့အတူ အသက် ၄၀ ကျော် အမျိုးသမီး၊ အမျိုးသား အများစု သည်လည်း ဆံပင်နက်ဆေး များကို အလျဉ်းသင့်လျှင် သင့်သလို ဆိုးဖြစ်နေ ကြသည်။ ယင်းကာလာစုံ ဆံပင်ဆိုးဆေး၊ ဆံပင်နက်ဆေး များကြောင့် ဓာတ်မတည့် ဖြစ်ရာမှ ဦးရေပြားတွင် အနာဖြစ်ခြင်း၊ တစ်ကိုယ်လုံး ယားယံခြင်း စသည့် နောက်ဆက်တွဲ အကျိုးကျေးဇူး များကို ခံစား နေကြရ သည်ကိုဖြင့် အများစုက သတိမေ့လျော့ နေကြသည်။

ဆံပင်ဆိုးဆေး အများစုသည်  ဓာတုပစ္စည်းများ ပါဝင်လျက် ရှိသည်။ ယင်းဓာတု ပစ္စည်းများ ကြောင့်ပင် ဓာတ်မတည့်မှု ဖြစ်ပွားခြင်း ဖြစ်သည်။ ဆံပင်ဆိုးဆေး များသည် ဆိုးနေချိန်တွင်  မသိသာ သော်လည်း ဆေးဆိုးပြီး ဆံပင်ခြောက်သည့် အချိန်တွင် သိသိသာသာ လက္ခဏာရပ်များ ခံစားရနိုင်သည်။ ဆံပင် ဆိုးဆေး များကြောင့် ဦးရေပြား ယားခြင်း၊ နားနောက် လည်တိုင် တွင် အကျိတ်များ ရောင်တင်းခြင်း၊ ဆံပင်ဆိုးဆေး အနံ့များကြောင့် ခေါင်းကိုက်ခြင်းများ သိသိသာသာ ခံစားရ နိုင်သည်။

Tuesday, October 27, 2020

ပလတ်စတစ်အမှုန်များ အန္တရာယ်နှင့် နို့ဘူးစို့ ကလေးငယ်များ

 

ပလတ်စတစ်အမှုန်များ အန္တရာယ်နှင့် နို့ဘူးစိုကလေးငယ်များ


များသောအားဖြင့်  မိခင်ကို့မထွက်လို့ နို့မစို့ရတဲ့   မွေးကင်းစ ကလေးငယ်တွေ၊ အခြေအနေ အမျိုးမျိုးးကြောင့် မိခင်နို့ မစို့ရတဲ့ ကလေးငယ် တွေဟာ နို့ဘူးကိုပဲ အားကိုးရပါတယ်။ နို့ဘူးထဲမှာတော့ မိခင်နို့ မဟုတ်တဲ့ ဖော်မြလိာု့မှုန့်ဖျော်ရည် တွေသာ ပါဝင်တာပါ။

ဖော်မြလိာု့မှုန့်ကို   ဖျော်ဖိုအတွက် အများအားဖြင့်   လုပ်လေ့လုပ်ထ ရှိတာကို့ဘူးထဲကို့မှုန့်ထည့်မယ်။ ရေနွေးထည့်မယ်။ ပြီးရင်ဖျော်မယ်။ အဲဒီလိုပဲ လုပ်ကြတာပါ။ ဒီလိုမျိုးနည်းနဲ့ ဖျော်လိုက်ခြင်း အားဖြင့် ဘာတွေဖြစ်သွားလဲ ဆိုရငို့ဘူးစို့ ကလေးငယ်ရဲ့ ၀မ်းဗိုက်ထဲ တစ်ရက်ကို မိုက်ခရို ပလတ်စတစ် အမှုန်ပေါင်း တစ်သန်းကျော် ၀င်ရောက်သွား ပါတယ်။

Monday, October 26, 2020

ညစ်ညမ်းမှုများက အရိုးကျိုးလွယ်နိုင်

 

ညစ်ညမ်းမှုများက အရိုးကျိုးလွယ်နိုင်

 


          ယနေ့ အချိန်အခါသည် လေထု ညစ်ညမ်းမှု ၊ ရေထု ညစ်ညမ်းမှု ၊ မြေထု ညစ်ညမ်းမှု စသည့် အလုံးစုံသော ညစ်ညမ်းမှုများ အဆမတန် များပြား လာနေသည့် အချိန်အခါ ဖြစ်မည်ဟု ဆိုရမည် ဖြစ်သည်။ အထူးသဖြင့် စက်မှုလုပ်ငန်း များစွာ တည်ရှိပြီး ညစ်ညမ်း ပစ္စည်းများကို စနစ်တကျ စွန့်ပစ်မှု မရှိသည့် မြို့ကြီးများတွင် လေထု ညစ်ညမ်းမှု နှင့် ရေထု ညစ်ညမ်းမှု အများဆုံး ဖြစ်ပွားသည်။

          ထိုသို့သော ညစ်ညမ်းမှု များသည် မြို့နေ လူထု၏ ကျန်းမာရေး နှင့် များစွာ ဆက်စပ်နေသည်။ လေထု ညစ်ညမ်းပါက အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ဝေဒနာများ အဖြစ်များ မည်ဖြစ်ပြီး တခြား ညစ်ညမ်းမှု များသည်လည်း အမျိုးမျိုးသော နာတာရှည် ရောဂါ များကို ဖြစ်ပွား စေနိုင်သည်။ 

Sunday, October 25, 2020

မိခင်နို့တိုက်ကျွေးခြင်း နှင့် အကျိုးဆက်များ

 

မိခင်နို့တိုက်ကျွေးခြင်း နှင့် အကျိုးဆက်များ

 


          ယနေ့ခေတ်တွင် သိပ္ပံနှင့် နည်းပညာများ တိုးတက် ထွန်းကား လာသော်လည်း ထိုပညာ များဖြင့် မဖန်တီးနိုင်သော အရာများ ရှိနေသည်။ ထိုအထဲတွင် မိခင်နို့ရည် သည်လည်း တစ်ခု အပါအ၀င် ဖြစ်သည်။ ဆေးသိပ္ပံ ပညာများ မည်မျှပင် တိုးတက် စေကာမူ ယင်း ဆေးပညာ များဖြင့် မိခင်နို့ရည် နှင့် အစွမ်း အာနိသင် တစ်ထပ်တည်း တူညီသော နို့ရည် ကို မဖန်တီး မထုတ်လုပ် နိုင်ပါ။ မိခင်၏ နို့ရည်သည် မေတ္တာ ၊ စေတနာ ၊ ကရုဏာ များဖြင့် ပေါင်းစပ် ထွက်ပေါ်လာသော မိခင်၏ နှလုံးသွေး အဖြူ ပင် ဖြစ်သည်။ သားသမီး ငယ်တို့ သောက်သုံး ရှင်သန် ကြီးထွာရန် အတွက် မိခင်၏ အနီရောင် နှလုံးသွေးရည် များသည် မိခင်၏ မေတ္တာတန်ခိုး ကြောင့် ချိုမြိန်၍ အာဟာရ ပြည့်ဝသော အဖြူရောင် နို့ရည် ဖြစ်သွား ရသည်။

Friday, October 23, 2020

အချိန်မဆိုင်းဘဲ ကုသပါ

 

အချိန်မဆိုင်းဘဲ ကုသပါ 

(အရိုး အကြော အဆစ်အမျက် ရောဂါ)

 


အရိုး၊ အကြော၊ အဆစ် ရောဂါသည် အဖြစ်အများဆုံး အဆစ်ရောင် ရောဂါ အမျိုးအစား တစ်ခုဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး အသက်အရွယ် ပိုင်းခြား မရွေး ဖြစ်တတ်ပြီး မိသားစုဝင် ညီအစ်ကို မောင်နှမများမှ ဖြစ်လေ့ ရှိသူများ၊ ဆေးလိပ် သောက်သူများ၊ ကလေးမီးဖွား ပြီးစ  နို့တိုက်မိခင် များနှင့် အသက် လေးဆယ်ကျော် အမျိုးသမီး များတွင် င်းရောဂါ ဖြစ်နိုင်ခြေ ပိုများသည်။

အရိုး၊ အကြော၊ အဆစ် ရောဂါတွင် သွေးလေးဖက်နာ၊ အရေပြား လေးဖက်နာ၊ အရေပြားထု လေးဖက်နာ စသည်ဖြင့် အမျိုးအစား ပေါင်း ၂ဝဝ ရှိသည်။ လေးဖက်နာ ရောဂါတွင် အဆစ်နာ၊ အဆစ်ရောင် ရောဂါ အမျိုးမျိုးရှိပြီး င်းရောဂါများ အနက် အများဆုံး တွေ့ရှိရ သည်မှာ ဂေါက်ရောဂါ၊ ဒူးကျီးပေါင်း ရောဂါ ခေါ် ဇရာနှင့် ဒဏ်ကြောင့် ဖြစ်သော ဒူးနာရောဂါ၊  လည်ပင်းရောင် စေသော ဗက်တီးရီးယား ပိုးကြောင့် ဖြစ်သော ပိုးလေးဖာက်န Rheumatic Fever  အဆစ်ငယ်များ နာတာရှည် ရောင်ရမ်းသည့် သွေးလေးဖက်နာ ခေါ် RA, Rheumatiod Arthritis နှင့် အရေပြား လေးဖက်နာ ခေါ် SLE ရောဂါတို့ ဖြစ်ကြသည်။

Thursday, October 22, 2020

ဝက်သက်လိုလား . . . တုပ်ကွေးလိုလား

 

ဝက်သက်လိုလား . . . တုပ်ကွေးလိုလား 

 


ဝက်သက်ရောဂါလို့ ပြောလိုက်ရင် ကျွန်မတို့ လူကြီးတွေရော၊ ကလေးတွေရော အားလုံး အကျွမ်းတဝင် သိကြပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ ကျွန်မတို့ မောင်နှမတွေ တစ်နေကုန် ဆော့ကစား ကြတယ်။ အဲဒါ ဖျားရင် အတူတူ ဖြစ်ကြတယ်။ ဝက်သက် ပေါက်တာ ရေယုန်ပေါက်တာ၊ ရေကျောက် ပေါက်တာတွေ ဖြစ်ရင် အားလုံး ဖြစ်ကြတယ်။

မှတ်မှတ်ရရ ဝက်သက်ပေါက်တဲ့ နှစ်ကဆိုရင်   အစပိုင်းဖျားပြီး  အနီပိမ့်လေးတွေ ထွက်လာတယ်။ မျက်လုံးကလည်း နည်းနည်းနီ တယ်လေ။   အနီပိမ့်လေးတွေ တစ်ကိုယ်လုံး ထွက်ပြီး နောက်နေ့မှာ အဖျားကျ သွားတယ်။ ပုံမှန် ပြန်ဖြစ်သွား တာပေါ့။  ဝက်သက် ဆိုတာ  တစ်ခါပေါက် ပြီးရင်  ဝက်သက် ပြီးသွားပြီလို့ ဆိုပါတယ်။

Wednesday, October 21, 2020

ဝသော်လှ၏ . . . အဝလွန်သော် . . .

 

ဝသော်လှ၏ . . . အဝလွန်သော် . . . 

 


ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဝလှ နေလိုက်တာ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်စကား ဆိုလေ့ ရှိကြသည်။ ဝသည် ဆိုရာတွင် အတော်အသင့် ၀ခြင်းက ကြည့်ကောင်း သည်ဆိုသော် လည်း အဝလွန်ခြင်း သည်ကား ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်သည်ကို မေ့ထား၍ မရနိုင်ပေ။

          အဝလွန် ခြင်းကို အာယုဗေဒ ဆေးပညာ အရ အဆီတိုး ရောဂါဟု ခေါ်သည်။ ပါဠိ ဝေါဟာရ အားဖြင့် မေဒ ဟုခေါ်သည်။ အနောက်တိုင်း ဆေးပညာ အားဖြင့် Obesity ဟု ခေါ်သည်။ အဝလွန်ခြင်း ဆိုသည်မှာ ပိုလျှံနေသော ခန္ဓာကိုယ် အဆီများ စုပုံလာပြီး ကျန်းမာရေး အတွက် ဆိုးကျိုး ဖြစ်လာစေသော အတိုင်းအတာ သို့ ရောက်ရှိလာသည့် ကျန်းမာရေး အခြေအနေ ဖြစ်ပြီး ယင်းမှ မျှော်မှန်း ထားသော သက်တမ်းကို တိုစေခြင်း သို့မဟုတ် ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ပိုမို ဖြစ်ပွား လာစေရန် ဦးတည်ခြင်း ဖြစ်သည်။ ကိုယ်အလေးချိန် နှင့် အရပ် နှိုင်းယှဉ် တိုင်းတာမှု ခန္ဓာကိုယ် အလုံးအထည် အညွှန်း BMI သည် ကိုယ် အလေးချိန် ၂၅ ကီလိုဂရမ်/ စတုရန်း မီတာ နှင့် ၃၀ ကီလိုဂရမ်/ စတုရန်း မီတာ အကြားရှိသူ များကို ကိုယ်အလေးချိန် ပိုနေသူများ (မဝမလွန်ခင်) ဟု သတ်မှတ်ပြီး ၃၀ ကီလိုဂရမ်/ စတုရန်းမီတာ ထက် ပိုသူများကို အဝလွန်သူဟု သတ်မှတ်သည်။

Tuesday, October 20, 2020

လုပ်ငန်းခွင် စိတ်ဖိစီးမှုလျှော့ချဖို့ အလုပ်စားပွဲပေါ် အပင်စိုက်ပါ

 

လုပ်ငန်းခွင် စိတ်ဖိစီးမှုလျှော့ချဖို့ အလုပ်စားပွဲပေါ် အပင်စိုက်ပါ 

 


         စိတ်ဖိစီးမှု ဆိုသည်မှာ လူတိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် အရာဖြစ်သည်။ လုပ်ငန်းခွင် အတွင်းတွင် ပိုဆိုးသည်။ အလုပ်ရှင်လည်း အလုပ်ရှင် အလျောက် ၊ အလုပ်သမား ကလည်း အလုပ်သမား အလျောက် စိတ်ဖိစီးမှု ကိုယ်စီ ရှိကြစမြဲ ဖြစ်သည်။

          လုပ်ငန်းခွင် စိတ်ဖိစီးမှု၏ ဆိုးရွားသော အကျိုးဆက်မှာ လုပ်ငန်း တိုးတက်မှု မရှိတော့ဘဲ စိတ်ဖိစီးမှုကို မခံနိုင်သူ တချို့မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ သွားသည် အထိပင် ဖြစ်နိုင်သည်။

Monday, October 19, 2020

မထင်မှတ်ဘဲ စားမိနေသော ပလတ်စတစ်များ

 

မထင်မှတ်ဘဲ စားမိနေသော ပလတ်စတစ်များ

 


လူတိုင်း ပလတ်စတစ် များကို သိလျက် နှင့် စားမည် မထင်ပါ။ သို့သော် မထင်မှတ်ဘဲနှင့် စားမိနေသည့် ပလတ်စတစ် ပမာဏ အများအပြား ရှိမည်ဆိုရင် မည်သူမျှ ယုံမည် မဟုတ်ပါ။

          စားမိနေသော ပလတ်စတစ် များမှာ မျက်စိဖြင့် မြင်နိုင်သည့် ပမာဏ မဟုတ်ဘဲ ၅ မီလီမီတာ အောက်ရှိသည့် အရွယ်အစား အလွန် သေးငယ်သော မိုက်ခရို ပလတ်စတစ် များ ဖြစ်သည်။

          ထိုသို့သော ပလတ်စတစ် များကို အလွန် ဝေးလံသော ဒေသရှိ အာတိတ် သမုဒ္ဒရာ ၏ ရေခဲပြင် များမှ တွေ့ရှိရသည်။ သို့သော် ထို ပလတ်စတစ် များမှာ မိမိတို့၏ ခန္ဓာကိုယ် အတွင်း သို့လည်း ရောက်ရှိနေသည်။

Sunday, October 18, 2020

ငွေစက္ကူများ ၊ ဖန်သားပြင်များပေါ်မှာ ၂၈ ကြာရှင်သန်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်

 

ငွေစက္ကူများ ၊ ဖန်သားပြင်များပေါ်မှာ ၂၈ ကြာရှင်သန်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် 

 


ယခင်က အရာဝတ္ထုများ ပေါ်မှာ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် တည်ရှိနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး တစ်ယောက် တစ်မျိုး ဆိုသလို ပြောဆိုခဲ့ကြ ပါတယ်။ အခုတော့  သြစတြေးလျ နိုင်ငံမှာရှိတဲ့ ထိပ်တန်း ဇီဝလုံခြုံရေး ဓာတ်ခွဲခန်းရဲ့ ကျေးဇူး ကြောင့် ကိုရိုနာ ဗိုင်းရပ်စ် တည်ရှိနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး  အသေးစိတ် သိလာ ရပါပြီ။ 

ဓာတ်ခွဲခန်းရဲ့ သုတေသန ပြထုတ်ပြန်ချက် အရဆိုရင် ဒီဗိုင်းရပ်စ်ဟာ ငွေစက္ကများ၊ ဖန်သားပြင် များနဲ့ လူအများစု ထိတွေနေကျ အရာဝတ္ထတွေပေါ်မှာ သီတင်းပတ် လေးပတ် ကြာတဲ့အထိ တည်ရှိ နေနိုင်ပြီး တခြားသူကို ကူးစက်နိုင်စွမ်း ရှိတယ်ဆိုတာ သိလိုက်ရပါတယ်။ 

Friday, October 16, 2020

သင့်လက်တစ်ကမ်းမှာ . . . စွမ်းဆောင်ပါ

 

သင့်လက်တစ်ကမ်းမှာ . . . စွမ်းဆောင်ပါ 

(အဆစ်ရောဂါ)

 


အဆစ်အမျက် ရောင်ရမ်းခြင်းတွင်  အဆစ်အမျက် များ ရောင်ရမ်းခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ တောင့်တောင့် တင်းတင်း ဖြစ်ခြင်းနှင့် မိမိ ပုံမှန်လုပ်ငန်း ဆောင်တာများ မစွမ်းဆောင် နိုင်ခြင်းတို့ပါဝင်သည်။ ကိုက်ခဲ ရောင်ရမ်းသော အဆစ်အမျက် တို့မှာ  ရောင်ရမ်းခြင်း ကြောင့် လက်နှင့် စမ်းသပ်ကြည့်လျှင် ခပ်နွေးနွေး၊ ခပ်တင်းတင်း ဖြစ်နေတတ်သည်။  ပုံမှန်လှုပ်ရှားမှု၊ သာမန် ထိတွေ့မှုတွင်ပင် နာတတ် သေးသည်။ 

လူတိုင်း လူတိုင်းသည် မွေးစမှနေပြီး ခန္ဓာကိုယ် သေဆုံးချိန်အထိ အများဆုံး ခံစားရသည့် ဝေဒနာသည် အဆစ်အမျက် ကိုက်ခဲနာကျင် ခြင်းဖြစ်သည်။ အဆစ် အမျက် ကိုက်ခဲခြင်းက  ရှိတတ်စမြဲ ဖြစ်သည်။   လူ့သက်တမ်း တွင် အနည်းဆုံး ၁၀ ကြိမ်တော့ ခံစားခဲ့ရ တတ်သည်ဟု မှတ်သား ဖူးသည်။ အဘယ်ကြောင့် ဆိုသော် လူဆိုသည်မှာ ခြေထောက် နှစ်ချောင်းနှင့် နေ့စဉ်လှုပ်ရှား သွားလာနေရ၍ ဖြစ်သည်။ ခြေနှစ်ချောင်း ထောက်ပြီး ခန္ဓာကိုယ်ကို နေ့စဉ် သယ်ဆောင် နေရခြင်းသည် ခြေလေးချောင်းဖြင့် ခန္ဓာကိုယ် သယ်ဆောင် သည့် တခြားသက်ရှိ သတ္တ၀ါတွေထက် အဆစ်အမျက် ကိုက်ခြင်းသည် မဆန်းကြယ်ချေ။

Thursday, October 15, 2020

ခါးနာခြင်းအတွက် အိမ်တွင်းကုထုံး

 

ခါးနာခြင်းအတွက် အိမ်တွင်းကုထုံး 

 


ခါးနာခြင်းသည် အသက် ၆၀ ကျော်တွင် အဖြစ် များပြီး အသက်အရွယ် မရွေးလည်း ဖြစ်တတ်သည်။ ခါးနာခြင်းကြောင့် အထိုင်အထ အသွားအလာ ခက်ခဲပြီး ဘေးက မြင်ရသူ အဖို့လည်း စိတ်မသက်သာ၊ ကာယကံရှင် ခံစားရသူ အတွက် အလုပ်အကိုင်ပျက် ရသည်အထိ ဒုက္ခကြီးသည်။ ထိုကြောင့် နိုင်ငံအရပ်ရပ် ရှိ ကျန်းမာရေး အသင်းအဖွဲများက လူအများတွင် ဖြစ်တတ်သော ခါးနာရောဂါ ဝေဒနာ အကြောင်းနှင့်

ခါးနာခြင်း မဖြစ်အောင် ကြိုတင် ကာကွယ် နေထိုင် ပြမူတတ်ကြ စေရန် ရည်ရွယ်၍  အောက်တိုဘာ ၅ ရက်မှ ၉ ရက်ကို Back Care Awareness Week ခါးနာရောဂါ သတိပြရမယ့် ရက်သတ္တပတ် အဖြစ် အထူးတလည် သတ်မှတ် ပေးထားခြင်း ဖြစ်သည်။

Wednesday, October 14, 2020

ဘေးကင်းအောင် နေထိုင်ခြင်းဆိုရာဝယ်

 

ဘေးကင်းအောင် နေထိုင်ခြင်းဆိုရာဝယ်

 


အခု ကျွန်မတို့ အားလုံး နေ့စဉ် ၂၄ နာရီလုံး ပူပန် နေကြရ တာကတော့ COVID-19 ရောဂါ အကြောင်းပါပဲ။ သူဟာ ကျွန်မတို့ကို ဒုက္ခပေးနေတာ ၂၀၂၀  နှစ်ဦး ကတည်းကပါ။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသားအားလုံး  ဆင်းရဲ၊ ချမ်းသာမရွေး၊ ရာထူးကြီး၊ ငယ်မရွေး၊ လူမျိုး ဘာသာမရွေးကို ဖြစ်ရတာပါ။ ဒီရောဂါဟာ ကပ်ရောဂါ အသွင် ဖြစ်နေတာ ဆိုတော့   ရောဂါကူးစက် နိုင်ခြေ အနည်းဆုံး ဖြစ်အောင်လုပ်ကြရတာပေါ့။ အတတ်နိုင်ဆုံး အိမ်ထဲမှာ နေကြဖို့၊  လုပ်ငန်းခွင် ကိုလည်း  နားလိုရတာတွေ နားထားဖို အိမ်မှာနေပြီး လုပ်လိုရရင်လည်း  လုပ်ကြဖို့၊ မဖြစ်မနေ အရေးကြီးကိစ္စ ပေါ်လာလို့ အိမ်အပြင် ထွက်ရင်လည်း အကာအကွယ်တွေ ၀တ်ဖို့တွေကို ကျန်းမာရေး အသိပညာ ပေးတဲ့ နည်းမျိုးစုံနဲ့ လုပ်ကြ ရတာလေ။ ပြည်သူတွေ အားလုံးပါဝင်မှ တစ်ဦးချင်း စီက လိုက်နာမှ ဖြစ်တာ မဟုတ်လား။ ဒီဆောင်းပါးမှာ      ဘေးကင်းအောင် နေထိုင်ခြင်းနဲ့ ပတ်သက်ပြီး တင်ပြလို ပါတယ်။ 

Monday, October 12, 2020

ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး လက်ဖက်ရည်ကြမ်း သောက်သုံးပေး

 

ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး လက်ဖက်ရည်ကြမ်းသာက်သုံးပေး 

 


ကျန်းမာရေး ကောင်းခြင်းသည် လူသားတိုင်း အတွက် မရှိမဖြစ် လိုအပ်သည့် အရာဖြစ်သည်။ ကျန်းမာခြင်း၏ အခြေခံ အကြောင်းတရား လးပါး ဖြစ်သော ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့တွင် အာဟာရသည်   ကျန်းမာခြင်း၏ အဓိက အကြောင်းရင်း လည်းဖြစ် ပေသည်။ 

ထိုအာဟာရများ ထဲတွင် လက်ဖက်ရည်ကြမ်း (Green Tea) သည်လည်း တစ်ခု အပါအ၀င် ဖစ်သည်။ အစာလည်းဆေး၊ဆးလည်းအစာ ဆိုသကဲ့သို့ပင် လက်ဖက်ရည်ကြမ်း သည်ဆးတစ်ပါး ဖြစ်သည်။ အမှန်စင်စစ် လက်ဖက် ရည်ကြမ်း သည်  သဘာဝမှ ပေးသောဆးလက်ဆောင် တစ်ခုဖြစ်သည်။ Green Teaသာက်သုံးခြင်းဖြင့် ကျန်းမာရေး အတွက် အကျိုးကျေးဇူး များစွာ ရှိသည့်အပြင် အထူးသဖြင့် အဆုတ်ရောဂါ ဖြစ်ခြင်းကို အတိုင်းအတာ တစ်ခု အထိ ကာကွယ် နိုငကြောင်း သုတေသန တွေ့ရှိချက် အသစ်တစ်ရပ်တွင်  ဖ်ာပြထားသည်။ Green Tea ကို သောက်သုံး ခြင်းဖြင့် ကင်ဆာရာဂါ ကိုတားဆီး နိုင်ကြောင်း  ယခင် သုတေသန ချက်များတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

Sunday, October 11, 2020

ကလေးငယ်တွေက ကိုရိုနာဗိုင်းရပ်ကို အလွယ်တကူ တိုက်ခိုက်နိုင်ရတဲ့ အကြောင်းရင်း

 

ကလေးငယ်တွေက ကိုရိုနာဗိုင်းရပ်ကို အလွယ်တကူ တိုက်ခိုက်နိုင်ရတဲ့ အကြောင်းရင်း

 


ယနေ့ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ဟာ ကလေး၊ လူကြီး၊ ကျား၊ မ မရွေးကူးစက် နေတာပါ။ ဘယ်သူ့မျက်နှာ ကိုမှမကြည့်ပါဘူး။ ဒါပေမဲ့လည်း ရောဂါဖြစ်တာချင်း အတူတူ မှာတောင်မှ လူကြီးတွေထက် ကလေးတွေက အဲဒီဗိုင်းရပ်ကို အလွယ်တကူ တိုက်ထုတ် နိုင်တာတွေရပါတယ်။ ဘာကြောင့်ပါလဲ။ ဘာကြောင့်လဲ ဆိုတာကို  သိနိုင်ဖို့ သုတေသီ တွေက လေ့လာမှုတွေ လုပ်ထားတာ ရှိပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားသူ ကလေးငယ်တွေနဲ့ အရွယ်ရောက် ပြီးသူတွေ ကြားလုပ်တဲ့ ပထမဆုံး လေ့လာမှု ဖြစ်ပါတယ်။