Sunday, October 4, 2020

ဆီးချိုသွေးချို နှင့် အမြင်အာရုံ

 ဆီးချိုသွေးချို နှင့် အမြင်အာရုံ



ကမ္ဘာပေါ်မှာ ဆီးချိုသွေးချို လူနာဟာ ၂၀၁၀ ပြည့်နှစ်မှာ ၂၈၅ သန်းရှိကာ ၂၀၃၀ ပြည့်နှစ်မှာ ၂ ဆတိုးလာနိုင် ကြောင်း ခန့်မှန်းထားသည်။ တစ်ကမ္ဘာလုံး ဖြစ်ပွားမှု မြင့်မားလာပြီး ယခင် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ မြင့်တက် နေပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပါ တရိပ်ရိပ် တက်လာသည်။ လူနေမှုပုံစံ ပြောင်းလဲကာ အနောက်နိုင်ငံရဲ့ စားသောက်မှုပုံစံ ပြောင်းလဲလာတယ်။ စင်စစ် ဆီးချိုသွေးချို ဟာ ဇီဝကမ္မ ဖြစ်စဉ် ချို့ယွင်းလို့ ဖြစ်ပ်ါလာတဲ့ သွေးအတွင်း အချိုဓာတ်များတဲ့ ရောဂါဖြစ်သည်။



ဆီးချိုသွေးချို ရောဂါမျိုးရိုး ရှိသူများ ၊ အ၀လွန်ကဲသူများ ၊ ကိုယ်ကာယ လှုပ်ရှားမှု နည်းသူများ ၊ သွေးအတွင်း အဆီဓာတ်များ သူများ ၊ သွေးတိုးရောဂါ ရှိသူများနဲ့ အသက် ၄၀ ကျော် အမျိုးသမီး များ ဖြစ်နိုင်ပါတယ်။ မျက်စိရောဂါက ဆီးချိုကြောင့် အမြင်အာရုံ ဆုံးရှုံး စေတဲ့ အရေးကြီး ရောဂါတွေမှာ တစ်ခုဖြစ်သည်။


ဆီးချိုရဲ့ ရောဂါလက္ခဏာ တွေက ရေငတ်ခြင်း ၊ ဆီးများ မကြာခဏ သွားခြင်း ၊ ကိုယ်အလေးချိန် ကျကာပိန်ခြင်း ၊ ကိုယ်လက် ယားယံခြင်း ၊ အင်္ဂါစပ် နားယားယံခြင်း ၊ အနာကျက် ခဲခြင်း၊ အမျိုးသမီး အဖြူဆင်းခြင်း ၊ ဆီးသွားတဲ့ ရောရာမှာ ပုရွက်ဆိတ်အုံ နေတတ်ခြင်း ၊ ခြေလက်တွေ တုန်နေတတ်ခြင်း ၊ ခြေလလက် ဖောရောင်ခြင်း တို့ဖြစ်သည်။


အသက်အရွယ် မရွေး ၊ ကျား/မ မရွေး ဖြစ်နိုင်လို့ ဆီးချိုသွေးချို ရှိ-မရှိ သွေးအတွင်း သကြားဓာတ်များ ၊ မများကို သွေးဖောက်စစ်မှ သိနိုင်သည်။ ဆီးအတွင်း သကြားဓာတ်ရှိ - မရှိ စမ်းသပ်ရုံနဲ့ မရပါဘူး။ အစားအစာ စားသောက်ခြင်းဟာ သွေးတွင်း သကြားဓာတ်ကို ပြောင်းလဲစေသည်။ ဆီးချိုသွေးချို မှာ အစာမစားမီ ၁၂၆ မီလီဂရမ် ရာခိုင်နှုန်း ၊ ကြုံကြိုက်တဲ့ အချိန် သွေးအတွင်း အချိုးအစား ၁၇၅ -၂၀၀ မီလီဂရမ် ရာခိုင်နှုန်း အထက်ရှိရင် ဆီးချိုသွေးချို ဟု ခေါ်ဆိုနိုင်သည်။ သာမန် ၇၅-၁၇၅ မီလီဂရမ် ရာခိုင်နှုန်း ရှိရမယ်။ ဆီးချိုသွေးချို သေချာအောင် နံနက် ၆ နာရီမှာ ရေမသောက် ၊ အစာမစားဘဲ အစောဆုံး သွေးဖောက် စစ်ဆေးရင် ၅ ဒသမ ၇ ရာခိုင်နှုန်း အောက် ရှိဖို့ လိုပါတယ်။ ၅ ဒသမ ၇ ရာခိုင်နှုန်းထက် ပိုရင် ဆီးချိုသွေးချို ရောဂါလို့ သတ်မှတ်နိုင်ပြီ ဖြစ်သည်။


သွေးအတွင်း အချိုဓာတ်ကို သွေးဖောက် စစ်ဆေးတဲ့ အချိန်ကာလရှိ သွေးအတွင်း အချိုဓာတ် ပမာဏ ကိုသာ ဖော်ပြနိုင်ပြီး ကျန်တဲ့ အချိန်မှာ အချိုဓာတ် ပမာဏ များလွန်းခြင်း ၊ နည်းလွန်းခြင်း ကို မဖော်ပြ နိုင်ပါဘူး။ ဟေမိုဂလိုဘင် အေ၀မ်းစီ ကို တိုးတာခြင်း ဟာ ၃ လအတွင်း သွေးချို ပမာဏ ထိန်းထားခြင်း ရှိ-မရှိ သိနိုင်သည်။ သွေးနီဥ ရဲ့ သက်တမ်းဟာ ရက်ပေါင်း ၁၂၀ ရှိတာကြောင့် ၃ လအတွင်း ဆိုလိုခြင်း ဖြစ်သည်။


မစားသုံးသင့်တဲ့ အစာတွေက သကြား ၊ နို့ဆီ ၊ ကော်ဖီမစ် ၊ တီးမစ် ၊ အိုဗာတင်း ၊ မိုင်လို ၊ ဟောလစ် ၊ အိုက်ခရင် ၊ အချိုရည်ဘူးများ ၊ ထန်းလျက် ၊ ကြံသကာ ၊ မလိုပါတဲ့ အစာများ ၊ ချိုတဲ့ အသီးများ ၊ ပြည့်ဝဆီနဲ့ အုန်းဆီ အမျိုးမျိုး တို့ဖြစ်သည်။ စားသုံးသင့်တဲ့ အစား အစာတွေက ဆန်နဲ့ ပြုလုပ်တဲ့ အစားအစာ ၊ ဂျုံနဲ့ ပြုလုပ်တဲ့ အစားအစာ ၊ အမျှင်ပါတဲ့ ဟင်းသီးဟင်းရွက် များ ၊ အသားမှာ ငါးအမျိုးမျိုး ၊ အမဲသား ၊ ဆိတ်သာ  ၊ ၀က်သား ၊ အဆီမပါ စားသောက်နိုင်သော ဘဲသား ၊ ကြက်သား (အရေခွံမပါ) နဲ့ မြေပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ ၊ ပင်လယ်ငါး မှ ရတဲ့ အဆီများ စားနိုင်ပါသည်။


ဆီးချိုရောဂါ ရဲ့ နောက်ဆက်တွဲ ရောဂါမှာ အမြင်အာရုံ ဆုံးရှုံး စေတဲ့ အရေးကြီးရောဂါ တစ်ခု ပါဝင်ပါသည်။ ဆီးချိုကြောင့် ဖြစ်တဲ့ မျက်စိရောဂါ တွေက မြင်လွှာ ကို ထိခိုက်နိုင်တဲ့ ရောဂါ ၊ အတွင်းတိမ် ၊ ရေတိမ် ၊ မျက်စိ သွေးကြော ပိတ်ဆို့မှု ကြောင့် အမြင်အာရုံ ထိခိုက်ရောဂါ တို့ ဖြစ်သည်။


ဆီးချိုကြောင့် အမြင်အာရုံ ဆုံးရှုံးခြင်းကို ကာကွယ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ဆီးချိုသွေးချို ကို ကောင်းမွန်အောင် စနစ်တကျ ကုသ ထိန်းသိမ်းသင့်တယ်။ သွေးပေါင်ချိန် သာမန် ၁၂၀/၈၀ မီလီမီတာ ရှိသင့်တယ်။ ဆေးလိပ် ၊ ကွမ်း ဖြတ်ရမယ်။ မျက်စိ မှန်မှန် စစ်ဆေးရမယ်။ လိုအပ်တဲ့ ကုသမှု ခံယူရပါမယ်။ ဆီးချိုရောဂါ ရှိသူတိုင်း မျက်စိမှန်မှန် စစ်ဆေးသင့် ပါတယ်။ အချိန် မှန်မှန် မျက်စိ စစ်ထားခြင်းက ဆီးချိုသွေးချို ရောဂါကြောင့် ဖြစ်တဲ့ မျက်စိရောဂါ တွေကို ဆောလျင်စွာ သိရှိနိုင်သည်။ ထိရောက်တဲ့ ကုသမှု ပေးလျှင် အမြင်အာရုံ ဆုံးရှုံးမှုကို လျော့စေနိုင်သည်။


အမျိုးအစား(၁) ဆီးချိုသွေးချို အတွက် ရောဂါရှိကြောင်း စသိချိန်မှ ၃-၅ နှစ်အတွင်း နဲ့ ဆီးချို အမျိုးအစား (၂) မှာ ရောဂါရှိတယ် လို့ စတင်သိရှိတဲ့ အချိန်နဲ့ နှစ်စဉ် သို့မဟုတ် ဆရာဝန် ညွှန်ကြားချက် အတိုင်း မှန်မှန် စစ်ဆေးသင့်သည်။ ကိုယ်ဝန်ဆောင် ဆီးချိုသွေးချို ရောဂါအတွက် ကိုယ်ဝန် ၂၈ ပတ်တွင် စစ်ဆေးသင့်သည်။


မျက်စိ စစ်ဆေးနိုင်တဲ့ နေရာတွေက မျက်စိ စစ်ဆေးခြင်းကို မျက်စိ အထူကု ဆေးရုံကြီးများ ၊ မျက်စိ အထူးက ဆရာဝန်ရှိ ဆေးရုံ ၊ ဌာန ၊ ဆေးခန်း တို့တွင် စစ်ဆေး နိုင်သည်။ မျက်စိ စမ်းသပ် စစ်ဆေးလျှင် အဖော်တစ်ဦး ခေါ်လာဖို့ လိုသည်။ သူငယ်အိမ် ကျယ်လာစေဖို့ မျက်စဉ်းခတ် ပေးရမယ်။ ရေတိမ်ရှိရင် မျက်စဉ်းခတ် ပါက ပိုမိုဆိုး လာနိုင်လို့ ဆရာဝန် ၊ ဆရာမ တွေကို ကြိုတင် အသိပေးဖို့ လိုပါသည်။ သည့်နောက်မှာ ခေတ်မီ မျက်စိ စစ်ဆေးတဲ့ စက်တွေနဲ့ အမြင်လွှာကို ဓာတ်ပုံရိုက် စစ်ဆေးပေး ရမှာ ဖြစ်တယ်။ မျက်စိ စမ်းသပ်စစ်ဆေးတဲ့ ရလဒ်ကို မူတည်လို့  ၆ လ သို့မဟုတ် တစ်နှစ်မှာ မျက်စိ ပြန် စစ်ဆေးဖို့ သို့မဟုတ် မျက်စိ အထူးကုနဲ့ ပြကာ ကုသမှုတွေ ဆက်လက် ခံယူဖို့ ဆောင်ရွက်ရမှာ ဖြစ်သည်။


မျက်စိ စစ်ဆေးလို့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ မျက်စဉ်းခတ်ပြီး နာရီ အနည်းငယ်ခန့် မျက်စိဝါးနေတယ် ၊ မျက်စိ စမ်းသပ်တဲ့ နေ့မှာ ကိုယ်တိုင် ကားမမောင်းဖို့ ၊ အနည်းဆုံး အဖော်တစ်ဦး ခေါ်လာဖို့ လိုသ်။ ဆီးချို မထိန်းနိုင်ရင် အမြင်အာရုံ ဆိုးရွားစွာ ပြောင်းလဲနေမယ်။ ဆီးချို ရောဂါကြောင့် မြင်လွှာဗဟိုမှာ ဆံခြည်သွေးဥ နေမှာ ဖြစ်တယ်။ အမြင်အာရုံး ဆုံးရှုံးခြင်းကို ကာကွယ်ဖို့ ဆီးချိုသွေးချို ကို စနစ်တကျ ထိန်းသိမ်းကာ မျက်စိ အထူးကု ဆရာဝန်နဲ့ ကုသသင့်သည်။


ဆီးချိုရဲ့ နောက်ဆက်တွဲ ရောဂါတွေက ဦးနှောက် သွေးကြောပိတ်ကာ လေသင်တုန်း ဖြတ်ခြင်း ၊ မျက်စိကွယ်ခြင်း ၊ ကျောက်ကပ်ရောဂါ ဖြစ်ခြင်း ၊ အာရုံကြော မျက်စီ ထုံကျဉ်ခြင်း ၊ ခြေထောက် ပုပ်ခြင်း ၊ ရောဂါပိုးမွှား မကြာခဏ ၀င်ရောက်ခြင်း ၊ အနာကျက်ဖို့ ခဲယဉ်းခြင်း ၊ ကိုယ်ဝန်ဆောင်ချိန် ဖြစ်ပေါ်တဲ့ နောက်ဆက်တွဲ ဆင့်ပွားကြောင့် မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေး အသက် အန္တရာယ် ထိခိုက်နိုင်ခြင်း တို့ ဖြစ်ကြသည်။ ဆီးချို သွေးချိုကို အမြစ်ပြတ်အောင် မကုသနိုင် ပါဘူး။ ဆရာဝန် နဲ့ ပြသကာ ဆီး ၊ သွေး မှန်မှန် စစ်ဆေးဖို့ အပ်သည်သည်။ ဆေး ကုသမှု ခံယူပြီး စနစ်တကျ နေထိုင် စားသောက်လျှင် သက်တမ်းစေ့ နေထိုင် နိုင်သည်။


ဆီးချိုသွေးချို ရောဂါသည် တို့ လိုက်နာဖို့ တတ်ကျွ်း နားလည်တဲ့ ဆေးပညာရှင်နဲ့ ပြသပြီး လမ်းညွှန်ချက် တိတိကျကျ လိုက်နာကာ ဆီးချို စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်သည်။ အစားအစာ နဲ့ ဆေးဝါးကို အချိန်ကိုက်ပြီး စားသုံးသင့်သည်။ မက်ဖော်မ်င ၅၀၀ မီလီဂရမ်နဲ့ ဂလိုင်ဇင် ၄၀ မီလီဂရမ် ကို နံနက်တစ်ကြိမ် ၊ ညတစ်ကြိမ် သောက်ခြင်းက မက်ဖော်မင် ယဉ်ပါးမှုကို ရှောင်ရှားနိုင်မှာ ဖြစ်သည်။ ငျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့် ၊ လုံးတီးဆန် ၊ အသီးအရွက်သုပ် တစ်ပွဲ ၊ စွပ်ပြုတ်တစ်ခွက် လောက်ဟာ အဆင်ပြေ နိုင်သည်။ အချို စားသုံးမှုကို တတ်နိုင်သမျှ ရှောင်သင့်သည်။ ဟင်းသီးဟင်းရွက် ၊ ငါး ၊ အဆီမပါတဲ့ အသားများ စားနိုင်သည်။ စားသုံးဖို့ မသင့်တဲ့ အချိုကဲတဲ့ အစာ ရှောင်သင့်သည်။ မျက်စိကို ၆ လတစ်ကြိမ် ပြသသင့်သည်။ ထိခိုက်ရှနာ ၊ ဒဏ်ရာဖြစ်လျှင် ဂရုစိုက် ကုသသင့်သည်။


သွေးထဲမှာ သကြားဓာတ် များရင် အန္တရာယ် ရှိသလို သကြားဓာတ် နည်းလွန်းလျှင် လည်း အန္တရာယ် ရှိနိုင်သည်။ ဆီးချိုသွေးချို ရောဂါရှင်တို့ အနေဖြင့် မစားသင့်တဲ့ အစားအစာ ကို စားသုံးလျှင် သွေးအတွင်း သကြားဓာတ် လွန်ကဲ များပြား နိုင်သလို စားနိုင်တဲ့ အစာတွေ လုံလုံလောက်လောက် မစားလျှင်လည်း သွေးအတွင်း အချိုဓာတ် ကျဆင်းကာ သတိလစ်မေ့မြောခြင်း ၊ အသက် အန္တရာယ် ရှိခြင်းထိ ဖြစ်လာနိုင်လို့ သတိပြု ဆင်ခြင်ဖို့ လိုပါသည်။ ဆီးချိုဆေးကို နံနက်စာ မစားမီ နှင့် ညစာမစားမီ နာရီဝက်အကြာ သောက်ပြီးမှ သို့မဟုတ် အစာ စားသောက်ပြီး နာရီဝက်ကြာမှ သောက်ပေး သင့်ပါသည်။


ဒေါက်တာ လွင်သန့်

ဓာတ်ပုံ - အင်တာနက်











No comments: