Friday, April 6, 2018

မီးဖိုချောင်ထဲက အဖိုးတန် ဆေးဝါးများ


မီးဖိုချောင်ထဲက အဖိုးတန် ဆေးဝါးများ

ဥစ္စာဖြိုစားဖိုက ဆိုတဲ့ စကားပုံဟာ ရှုထောင့်ပေါင်းစုံ ကနေ မှန်နေတာကို တွေ့ရပါတယ်။ အချို့သော အစားအစာတွေ ၊ အစိတ်အပိုင်းတွေကို စားလို့ မရပေမယ့် အကျိုးရှိရှိ အသုံးချလို့ ရတာတွေ အများကြီးရှိတာကို တွေ့ရပါတယ်။


Wednesday, April 4, 2018

ဖုန်းအက်ပလီကေးရှင်း တွေကို ဘာကြောင့် အခမဲ့ထုတ်လွှင့်ကြသလဲ ?


ဖုန်းအက်ပလီကေးရှင်း တွေကို ဘာကြောင့် အခမဲ့ထုတ်လွှင့်ကြသလဲ ?

သင်ဟာ မိုဘိုင်းဖုန်း သုံးတယ်ဆိုရင် App တွေ မသုံးမဖြစ် သုံးနေပါတယ်။ သင် ဖုန်းဘေလ်ဖြည့်ဖို့ ၊ Pakcge ၀ယ်ဖို့သုံးတဲ့ App ၊ သင် ဒေတာတွေရှယ်ဖို့ သုံးတဲ့ Zapya၊ သင်သုံးနေတဲ့ Facebook အပြင် ဓာတ်ပုံ တည်းဖြတ်တဲ့ App ၊ ရုပ်သံလိုင်းတွေ ကြည့်လို့ရတဲ့ App တွေစုံလို့ နောက်ဆုံး အဘိဓာန်ကြည်ချင်ရင် တောင် App တစ်ခုခု ရှိနေပါတယ်။ ပြီးတော့ အဲဒီ App အတော်များများဟာ အခမဲ့ပါ။ အသုံးပြုနေရင်း အဆင့်မြှင့်တင် ချင်မှသာ ဒေါ်လာအနည်းငယ် ပေးသွင်းရတာဖြစ် ပါတယ်။ လူတွေဟာ App တွေကို ဘာဖြစ်လို့ အခမဲ့ထုတ်လုပ် နေကြတာပါလိမ့်။

Monday, April 2, 2018

လူ့အချင်း က ဆေးဝါးထုတ်ခြင်း


လူ့အချင်း က ဆေးဝါးထုတ်ခြင်း

လူ့အချင်းဟာ လက်တစ်ဖ၀ါးစာ ပမာဏလောက် ရှိတယ်လို့ မှတ်သားခဲ့ရဖူးတယ်။ ဆေးပညာ လက်တွေ့ဆင်းတော့ အချင်းရဲ့ အတိုင်းအတာကို အတိအကျ သိလာရတယ်။ အလျား ကိုးလက်မ၊ အထူ တစ်လက်မ လောက်ရှိတဲ့ ပျော့ဖပ်ဖပ် အစိုင်ခဲကြီးက အလေးချိန် တစ်ပေါင်မက လေးလံသတဲ့။ အချင်းကို စက်ဝိုင်းနဲ့ ပမာပြုရရင် အလယ်ပိုင်းမှာထူပြီး ဘေးဘက်ရောက်လေ ပါးလေဖြစ်တယ်။ တကယ်တော့ အချင်းဆိုတာ သန္ဓေသားနဲ့ မိခင်ကို အပြန်အလှန် တွယ်ဆက်ထားတဲ့ အစိတ်အပိုင်း တစ်ခုပဲဖြစ်တယ်။ ကိုယ်ဝန်ဆောင်ချိန် မိခင်ရဲ့ အာဟာရဓာတ်ဟာ အချင်းကို ဖြတ်ပြီး သန္ဓေသားဆီ ရောက်ရသလို သန္ဓေသားရဲ့သွေးက တစ်ဆင့် စွန့်ပစ်ပစ္စည်း မှန်သမျှဟာ အချင်းကို ဖြတ်ပြီး အမေဆီပြန်ရောက် လာတယ်။