နောက် freeware လေးတစ်ခုပါ။ 112 KB လေးပဲရှိတယ်။ သူ့ရဲ့ စွမ်းဆောင်ချက်ကတော့ ကွန်ပျူတာထဲက ဖိုင်တစ်ခုဟာ နေရာခွဲပြီး ၂ ဖိုင် ၃ ဖိုင် ဖြစ်နေရင် စုစည်းပြီး ရှာပေးပါတယ်။ ထပ်နေတဲ့ ဖိုင်တွေကို ဖျက်ပစ်နိုင်တာကြောင့် ကွန်ပျူတာရဲ့ free space ကိုပိုရစေပါတယ်။ မိမိရှာလိုတဲ့ ဖိုင်ရဲ့ Extension (jpeg, doc, pmd, p65, xls, pdf .....etc ) နဲ့ ရှာချင်တဲ့ Drive ကို ရွေးချယ်ပေးယုံပဲ ဖြစ်ပါတယ်။ ကွန်ပျူတာထဲ ထပ်နေတဲ့ ဖိုင်တွေကို မိနစ်ပိုင်းအတွက် ရှာပေးနိုင်တဲ့ freeware လေးရဲ့ Zip ဖိုင်ကို ဒီကနှိပ် ပြီး ယူနိုင်ပါတယ်။ အဆင်ပြေကြပါစေ။
Showing posts with label အခမဲ့ Softwares. Show all posts
Showing posts with label အခမဲ့ Softwares. Show all posts
Tuesday, March 31, 2009
Neo's Safekeys 2008 2.3.0
စာရေးပျင်းတာနဲ့ ဖရီးရတာလေး ခြေဆန့်မိတယ်။ 1.8 MB ပမဏရှိတဲ့ freeware လေးပါ။ နက်ကဖီးဆိုင်သွားပြီး သုံးနေရတဲ့ သူတွေအတွက် ဆိုင်က ကွန်ပျူတာထဲမှာ key logger ဆိုတဲ့ ပရိုဂရမ်ထည့်ထားရင် မိမိ Keyboard ကနေရိုက်သမျှ တွေကို မသမာတဲ့သူက အကုန်သိနေမှာပါ။ ကိုယ့်ရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် တွေအတွက် မလုံခြုံတော့တာ အမှန်ပါပဲ။ ငွေကြေးနဲ့ ဆိုင်တဲ့ အချက်အလက် တွေသာမက ကိုယ်ရေးကိုယ်တာ အတွက် သုံးတဲ့ ဂျီမေးလ် အကောင့်တွေကိုပါ keyboard ကနေ ရိုက်မထည့်ပဲ ခု freeware ကရလာမဲ့ ကီးလေးတွေကို mouse နဲ့ ကလစ်နှိပ်ပြီး ဖွင့်ယူပါ။ key word တွေကို သူက (*) အက္ခရာ အနေနဲ့ ထုတ်ပေးမှာပါ။ ကီးဘုတ်ကို အသုံးပြုတာ မဟုတ်တဲ့အတွက် keylogger ကိုကြောက်စရာမလိုတော့ပါဘူး။ ဒီ freeware ရဲ့ zip ဖိုင်ကို ဒီကနှိပ် ပြီး ယူနိုင်ပါတယ်။ အဆင်ပြေကြ ပါစေ။
Thursday, February 5, 2009
ZSoft Uninstaller 2.4.1

896 KB ပမာဏရှိတဲ့ အခမဲ့ Uninstaller software လေးပါ။ အသုံးပြုရတာ လွယ်ကူပြီး၊ မိမိ ကွန်ပျူတာမှာ အသုံးမလိုတော့တဲ့ software တွေကို Uninstaller လုပ်ရာမှာ လွယ်ကူ မြန်ဆန်ပါတယ်။ window's XP မှာပဲ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ မလိုလားတဲ့ .temp ဖိုင်တွေကိုလည်း ရှာဖွေပေးနိုင်ပါတယ်။ software ရဲ့ .exe ဖိုင်ကို ဒီကနေ Download လုပ်ယူနိုင်ပါတယ်။
Free software လေးတွေ install လုပ်ရတာ လွယ်ကူတယ် ထင်ရပေမယ့်။ လူတိုင်းအတွက် တကယ်ပဲ အသုံးတည့်ရဲ့လား ဆိုပြီး ကိုယ့် ကွန်ပျူတာမှာ အရင် Download လုပ်ကြည့်တယ်၊ နောက် Run ပြီး သုံးကြည့်တယ်။ တကယ်ပဲ အကျိုးရှိတယ်ဆိုမှ ပို့စ်အဖြစ် တင်ဖြစ်ပါတယ်။ software ၁၀ ခုလောက် စမ်းကြည့်မှ၊ run ကြည့်မှ တစ်ခုစ နှစ်ခုစ လောက်ပဲ အသုံးတည့်၊ အသုံးဝင် ပါတယ်။ ဒီလိုနဲ့ စမ်းသပ်ပြီး အသုံးမ၀င်ဘဲ install လုပ်မိတဲ့ software တွေကို ပြန်ဖြုတ်ပစ် ရတာကလည်း ဒုက္ခမသေးပါဘူး။ အချိန်ပေးရတာကို ပြောတာပါ။ ဒါကြောင့် ကိုယ့်စက်ထဲက ပိုနေတဲ့ Software တွေကို Uninstaller တွေအများကြီး ရှိတဲ့ အထဲက ဒီ ZSoft Uninstaller ကို အသုံးပြုရတာ လွယ်ကူ မြန်ဆန် ထိရောက်လှပါတယ်။ လက်တွေ့ သုံးပြီးမှ မျှဝေပေးတာ ဖြစ်လို့ စိတ်ချစွာနဲ့ အသုံးပြုနိုင်ပါတယ်။ (ကြော်ငြာခရလို့ တော့ မဟုတ်ပါဘူး၊ ၀ါသနာလေး တစ်ခုတည်းအတွက် နဲ့ပါ။) အဆင်ပြေ နိုင်ကြပါစေ။
Mario Forever 4
Wednesday, February 4, 2009
Advanced SystemCare Free 3.1.2
7.29 MB size ရှိတဲ့ အခမဲ့ PC Maintenance and Protection Software လေးတစ်ခု မျှဝေပေးချင်ပါတယ်။ Windows 2000, XP, 2003 နဲ့ Vista တွေမှာ အသုံးပြုနိုင်ပါတယ်။ လုပ်ဆောင်ချက်တွေကတော့ ....
Spyware Removal.Registry Fix.
Rrivacy Sweep.
Junk Files Clean တွေ ဖြစ်ပါတယ်။
software ရဲ့ asc-setup.exe ဖိုင်ကိုတော့ ဒီကနေ Download လုပ်ရယူ နိုင်ပါတယ်။
Screen Capture 1.0.0
2.6 MB ပမာဏရှိတဲ့ အခမဲ့ Free Screen Capture software လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ Window's Vista, XP နဲ့ 2000 တွေမှာ အသုံးပြုနိုင်ပါတယ်။ အလွယ်တကူ နှိပ်ပြီး သုံးလို့ရတဲ့ Keyboard က Print Screen ခလုတ်ထက်တော့ အများကြီး အသုံးတည့်ပါတယ်။ Software ရဲ့ easycapture_setup.exe ဖိုင်ကို ဒီကနေ Download လုပ်ယူပြီး Run လိုက်ယုံပါပဲ။
Format Factory 1.70
18.4 MB ပမာဏ ရှိတဲ့ အခမဲ့ Multi-functional Media Converter လေးတစ်ခုကို မျှဝေ ပေးချင်ပါတယ်။ သီချင်း၊ ဓာတ်ပုံ၊ ဗီဒီယို ဖိုင်တွေကို format ပြောင်းချင်ရင်ပဲ ဖြစ်ပါစေ၊ ဖိုင် size လျော့ချင်ရင်ပဲ ဖြစ်ပါစေ အသုံးဝင်တဲ့ software လေးပါ။
Movie ဖိုင်တွေကို MP4/3GP/MPG/AVI/WMV/FLV/SWF အဖြစ်
Audio ဖိုင်တွေကို MP3/WMA/AMR/OGG/AAC/WAV အဖြစ်
Image ဖိုင်တွေကို JPG/BMP/PNG/TIF/ICO/GIF/TGA အဖြစ် ပြောင်းပေးနိုင်ပါတယ်။
DVD ရဲ့ .VOB Format တွေကိုလည်းပဲ လိုချင်တဲ့ အပိုင်းလေးပဲ ဖြတ်ညှပ်ကပ် လုပ်နိုင်တဲ့အပြင် .WMV ဖြစ်ဖြစ် .AVI ဖြစ်ဖြစ် အလွယ်အကူ ပြောင်းလို့ရပါတယ်။ Software ရဲ့ FFSetup170 Zip ဖိုင်ကို ဒီကနေ Download လုပ်ယူနိုင်ပါတယ်။ အဲဒီနေရာက မရနိုင်ရင် ဒီမှာ ထပ်ပြီး Download လုပ်နိုင်ပါသေးတယ်။
Audio ဖိုင်တွေကို MP3/WMA/AMR/OGG/AAC/WAV အဖြစ်
Image ဖိုင်တွေကို JPG/BMP/PNG/TIF/ICO/GIF/TGA အဖြစ် ပြောင်းပေးနိုင်ပါတယ်။
DVD ရဲ့ .VOB Format တွေကိုလည်းပဲ လိုချင်တဲ့ အပိုင်းလေးပဲ ဖြတ်ညှပ်ကပ် လုပ်နိုင်တဲ့အပြင် .WMV ဖြစ်ဖြစ် .AVI ဖြစ်ဖြစ် အလွယ်အကူ ပြောင်းလို့ရပါတယ်။ Software ရဲ့ FFSetup170 Zip ဖိုင်ကို ဒီကနေ Download လုပ်ယူနိုင်ပါတယ်။ အဲဒီနေရာက မရနိုင်ရင် ဒီမှာ ထပ်ပြီး Download လုပ်နိုင်ပါသေးတယ်။
Friday, January 16, 2009
for All Mobiles
Sunday, January 4, 2009
Pod Mailing
Thursday, January 1, 2009
Free Hosting (2)
Web browser အပြင် Mobile phone အသုံးပြုပြီး 10 GB ပေးထားတဲ့ Free Hosting လေးတစ်ခုကို နှစ်သစ်လက်ဆောင် ပေးချင်ပါတယ်။ Non-media file အတွက် 5 GB နဲ့ Media file အတွက် 5 GB ပေးသုံးတယ်။ Data, Videos, Music နဲ့ Photo တွေကို သိုမှီးထားနိုင်ပါတယ်။ နှစ်သစ်မှာ သူငယ်ချင်းများ အားလုံး ပျော်ရွှင်ချမ်းမြေ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ကြပါစေ။ ဒီကနေ Click လုပ်ပြီး Sign-in လုပ်ယုံပါပဲ။
Link to : Free Hosting (1)
Link to : Free Hosting (1)
Friday, December 26, 2008
Free Hosting
Google account အသုံးပြုပြီး 1 GB ပေးထားတဲ့ Free Hosting လေးတစ်ခုပါ။ Word Document, Speed sheet, PPT Presentation, Note တွေနဲ့ ပုံတွေကို သိုမှီးထားနိုင်ပါတယ်။ ကိုယ်ပိုင် အသုံးပြုနိုင်သလို အများသုံး Share လုပ်ခွင့်လည်း ပေးထားပါတယ်။ Office သုံးသူများ နှစ်သက်မှာပါ။ ဒီကနေ Click လုပ်ပြီး Sign-in လုပ်ယုံပါပဲ။
Thursday, November 13, 2008
Word Web 5.5 အဘိဓာန်
Word Web 5.5 အဘိဓာန်
အဓိပ္ပာယ်တူ စကားလုံးကွဲ တွေကို ဖော်ပြပေးတဲ့ အခမဲ့ အဘိဓာန် Software လေးကို မျှဝေပေးချင်ပါတယ်။ ဒီ software ရဲ့ database ထဲမှာ စာလုံးပေါင်း (၁၅၀၀၀၀) ထည့်ထားပြီး၊ အကြောင်းအရာကွဲတဲ့ စာလုံး (၁၂၀၀၀၀)လုံး ပါဝင်ပါတယ်။ Word Web ကို ကိုယ်ကွန်ပျူတာမှာ install လုပ်ပြီး offline မှာ အသုံးပြု နိုင်သလို၊ online မှာ အသုံးပြုမယ် ဆိုရင်တော့ Wikipedia Encyclopedia လို မှီငြမ်းပေးနိုင်တဲ့ ဝက်ဘ်ဆိုက်တွေဆီကို ညွှန်းပါသေးတယ်။ ကိုယ်ရှာဖွေလိုတဲ့ စကားလုံးကို hear Pronunciation နဲ့ အသံကို နားထောင်နိုင် ပါသေးတယ်။ ဖိုင်အရွယ်ကတော့ 7.44 MB ရှိပါတယ်။ Window's 98 ကနေ နောက်ဆုံး Vista အထိ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပါတယ်။ အသုံးပြုမယ် ဆိုရင်တော့ ဒီမှာ Click လုပ်ပြီး ရယူနိုင်ပါတယ်။ အဆင်ပြေပါစေ။
Saturday, November 8, 2008
Window's Registry Cure 1.5.0.1
အခမဲ့ ရယူနိုင်တဲ့ Software လေး မျှဝေပေး ချင်ပါတယ်။ Size က 1.02 MB ပမာဏ လောက်ပဲရှိပါတယ်။ Window's 95 ကနေနောက်ဆုံး Version ဖြစ်တဲ့ Vista အထိ အကုန် အသုံးပြု နိုင်ပါတယ်။ ဒီ Software လေးဟာ Error ဖြစ်နေတဲ့ Window's Registry တွေကို (၂)မိနစ်အတွင်း Cleaner လုပ်ဆောင်ပေးမယ့် Utility ဖြစ်ပါတယ်။ အသုံးတည့် တဲ့ Software လေးဖြစ်ပါတယ်။ ဒီ Software လေးကို ဒီကနေ Click လုပ်ပြီး သွားယူနိုင်ပါတယ်။ ကွန်ပျူတာ သုံးစွဲသူတိုင်း အဆင်ပြေပါစေ။
Friday, November 7, 2008
Auslogics Disk Defrag 1.5.19.330
အခမဲ့ ရယူနိုင်တဲ့ Software လေး မျှဝေပေး ချင်ပါတယ်။ Size က 1.68 MB ပမာဏ လောက်ပဲရှိပါတယ်။ Window's 2000 နောက်ပိုင်း Version တွေ အကုန် အသုံးပြု နိုင်ပါတယ်။ ဒီ Software လေးဟာ ခေတ်ပေါ် Harddisk တွေကို Defrag လုပ်ဖို့အတွက် စီမံထားတဲ့ Utility ဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ လုပ်ငန်းစဉ်တွေ နှေးကွေး လေးလံစေတဲ့ ပြန့်ကျဲနေတဲ့ Harddisk ထဲက အချက်အလက်တွေကို အပြည့်အ၀ ကာကွယ်ပေးနိုင် ပါတယ်။ သုံးစွဲရတာလည်း လွယ်ကူ တဲ့အတွက် သုံးစွဲဖူးသူတိုင်း နှစ်သက်မှုရစေတဲ့ Utility တစ်ခု ဖြစ်ပါတယ်။ Software လေးကို ဒီကနေ Click လုပ်ပြီး သွားယူနိုင်ပါတယ်။
Wednesday, October 29, 2008
Rapid Typing Zone
Rapid Typing Typing Tutor 1.9.9.9
Typing လေ့ကျင့်သူများအတွက် အခမဲ့ရနိုင်တဲ့ software လေးဖြစ်ပါတယ်။ Window's 2000, XP နဲ့ Vista တွေမှာ ကောင်းစွာ အလုပ်လုပ်ပါတယ်။ ဒီ software လေးကနေ ကီးဘုတ် လက်ကွက်တွေ မှတ်မိဖို့နဲ့ ပိုပြီး လျင်မြန်အောင် လေ့ကျင့်ဖို့အတွက် အထောက်အကူ ရပါတယ်။ သုံးရတာ လွယ်ကူတဲ့အပြင် အရောင်အသွေးလည်း စုံလင်ပါတယ်။ ကြိုက်နှစ်သက်ရာ လေ့ကျင့်ခန်းတွေကို ရွေးချယ် လေ့ကျင့်နိုင်သလို ကိုယ်ပိုင်သင်ခန်းစာ တွေကိုလည်း ဖန်တီးယူနိုင်တာကို တွေ့ရပါတယ်။ သင်ခန်းစာတွေကို ဘာသာစကား မျိုးစုံနဲ့ လေ့လာနိုင်တာကိုလည်း တွေ့ရပါတယ်။ လေ့လာသူများအတွက် ရည်ရွယ်ပါတယ်။ ဒီမှာ Click လုပ်ပြီးရယူနိုင်ပါတယ်။
Subscribe to:
Posts (Atom)