Friday, November 22, 2024

ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်

 



ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်

          ရှေးလူကြီးများက ပျားရည်ကို “ပန်းပေါင်းတစ်ထောင်ဟုခေါ်သည်။ ပျားကောင်၏ ခြေချောင်းကလေး များဖြင့် ပန်းဝတ်မှုန်များကို ယူငင်သယ်ဆောင် လာကာ ပန်းတစ်ပွင်မှ တစ်ပွင့်ဆီသိုကူးလူးပျံသန်း၍ ၀တ်မှုန်ချပေးလေ့ ရှိသည်ထို့ကြောင့် ကမ္ဘာပေါ်မှာ ပျားသတ္တ၀ါမရှိလျှင် ပန်းမျိုးပေါင်း တစ်ထောင့်် ပျောက်ကွယ်သွားနိုင် သကဲ့သိုပန်းမျိုးစိပ်တွေ ပျက်သုဉ်းသွား ခဲ့လျှင်လည်း ပန်းဝတ်ရည် မရှိနိုင်တော့၍ ပျားသတ္တ၀ါတွေ မျိုးတုံးသွားနိုင် ပါသည်


ပျားရည်ရာဇ၀င်

          ပျားရည်ကို လူတိုင်းလိုလိုမြင်ဖူးစားဖူးကြမည်ဟု ယုံကြည်မျှော်လင့်မိ ပါသည်။ ပျားရည်က အမှန်တကယ် ဆေးဖက်ဝင်ကြောင်း ကြားဖူးနားဝ သိထားကြ သော်လည်း၊ ပျားရည၏ သမိုင်းကြောင်းနှင့် အကျိုးအာနိသင် စုံအလင်ကိုမူ သိသူနည်း ပါးလိမ့်မည်။ သမိုင်းရာဇ၀င်ကို လေ့လာကြည့်ရာ ရှးနှစ်၁၀၀၀၀ခန်က စပိန်နိုင်ငံ ရှေးဟောင်း ကျောက်ဂူတစခုနံရံပေါ်မှာ ကျောက်ခေတ် လူသားတစ်ဦးက ပျားအုံမှပျားရည်ကို အာသာငမ်းငမ်း စုပ်ယူသောက်နေပုံ ရေးဆွဲဖော်ပြ ထားသည်ကို လေ့လာတွေရှိ ရသည်။ အဆိုပါ အထောက်အထား အရပျားရည်ကို လွန်ခဲ့သော နှစ်၁၀၀၀၀မတိုင်မီ ကတည်းက လူသားတို့ စားသုံး လာခဲ့ကြကြောင်း မှတ်သားရပါသည်။

မြန်မာ့ပျားမွေးနည်းအကြောင်းတစေ့တစောင်း

          ပျားမွေးရာတွင် ဖရိန်ဟုခေါ်သည့် ပျားသလက် ရှစ်ချပ်ပါဝင်ပြီး ပျားပုံးတစ်ပုံးလျှင် ပျားကောင် ပျားဥ ပျားအကောင်ရေ သိန်းချီ၍ ပျားထီး၊ ပျားဘုရင်မ၊ ပျားလုပ်သား၊ သက်ကြီးပျားတို့ ပါဝင် အလုပ်လုပ်ကြသည်။ ၄င်းပျားသေတ္တာ တွင် ပျားဘုရင်မသည် အဓိကဖြစ်ပြီး သက်တမ်း ()နှစ်အထိ အသက်ရှင်သန်သည်။ ပျားထီးတို့သည် မိတ်လိုက်ပြီး သေကြကာပျားလုပ်သားတို့က တစ်လဝန်းကျင် အလုပ်လုပ်၍ ရှင်သန်ကြသည်။ ရှေးယခင်က ပြည်တွင်း ထုတ်လုပ်သော ပျားရည် ထက်ဝက်ခန့်ကို ဆီးပင် (Jujube trees) မှ ထုတ်လုပ်ရရှိပြီး ယခုအခါ နေကြာပင်မှ အများဆုံး ထုတ်ယူရရှိသည်။ အခြားပျားရည် ထုတ်လုပ်သော အပင်များမှာ နှမ်းပင်၊ သုံးဆင့်ပန်းပင်၊ ၀ါဖြူပင်၊ ပဲစင်းငုံပင်၊ တောပန်းများနှင့် လိုက်ချီးပင်တို့မှ ဖြစ်ကြသည်။ 

          မြန်မာနိုင်ငံ၏ ပျားမွေးမြူရေး လုပ်ကိုင်သူများသည် တောပန်း၊ တောင်ပန်းများ ရှိသည့်ဒေသတွင်း နေကြာစိုက်ခင်း ပေါများသည့် ချင်းတောင်ခြေ၊ မြစ်သာမြစ်ရိုး တစ်လျှောက်သို့ ပျားသေတ္တာ၊ ပျားပုံးများ သိန်းချီ ပြောင်းရွှေ့မှုများ ပြုလုပ်ကာ မွေးမြူကြသည်။ အထူးသဖြင့် မိုးများသည့် အရပ်နှင့် ရာသီဥတု အလွန်ပူပြင်းသော အရပ်တို့ကို ရှောင်ကြဉ်ကြသည်။ တောပန်း၊ တောင်ပန်းမရှိ စိုက်ပျိုးရေးပန်းလည်း နည်းပါးသော အရပ်ဒေသများတွင် ဥပမာမတ်လ၊ ဧပြီလ၊ မေလ ကဲ့သို့ အလွန်ပူပြင်းပြီး ပန်းပွင့်နည်းသော ကာလများတွင် ပျားများကို သကြားကျွေး၍ မွေးမြူကြရသည်။

နိုင်ငံခြားဝင်ငွေရသော မြန်မာ့ပျားရည်

          မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ပျားလုပ်ငန်းဌာန)၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၏ သတင်း အချက်အလက် များအရ ပျားရည်ထုတ်လုပ်မှု အနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည် ဟူ၍ ထုတ်လုပ် လျက်ရှိကြောင်း၊ မြန်မာ့ပျားရည်ကို ပြည်ပနိုင်ငံများ ဖြစ်ကြသည့် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်၊ တရုတ်(တိုင်ပေ) နှင့် စင်ကာပူနိုင်ငံ တို့သို့ တင်ပို့လျက်ရှိပြီး ဂျပန်နိုင်သို့ အများဆုံး တင်ပို့လျက် ရှိကြောင်း၊ ယခု ဘဏ္ဍာနှစ်၏ လေးလတာ ကာလအတွင်း (ဧပြီမှ ဇူလိုင်လအထိ) ပြည်ပသို့ ပျားရည်တင်ပို့မှု အနေဖြင့် ပုံမှန် ကုန်သွယ်ရေး လမ်းကြောင်းမှ မက်ထရစ်တန် ၆၃၇ ဒသမ၈၂ တန် နှင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ ၂၇ တန် စုစုပေါင်း မက်ထရစ်တန်ချိန် ၆၆၄ ဒသမ ၈၃ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုညဒသမ ၉၉၇ သန်း ရရှိထားကြောင်း သိရသည်။

ပျားရည်အသစ်နှင့်အဟောင်း

          ပျားအုံဖွပ်ပြီး တစ်နှစ်အတွင်း သက်တမ်းရှိသော ပျားရည် အမျိုးအစားကို ပျားရည်အသစ်ဟု ခေါ်ပြီးထိုပျားရည်က လူကိုဝဖြိုးစေ၍ အသံကြည်လင် ကောင်းမွန်စေ ပါသည်။ ပျားအုံဖွပ်ပြီး နောက်တစ်နှစကျော်ကြာ သက်တမ်းရှိသော ပျားရည် အမျိုးအစားကို ပျားရည်အဟောင်းဟု ခေါ်ပြီးထိုပျားရည်က လူကို အဆီကျ အသားကျစ်ပိန် စေပါသည်။ ၀မ်းချုပ်စေသည်။ သွေးတိုးလေငန်း သမားများအတွက် ဆေးကောင်းတစ်ခွက် ဖြစ်သည်။

ပျားရည်၏အာနိသင်များ

          ကျောက်ခေတ်မှသည် အ်တာနက်ခေတ် ရာက်သည့်တိုင် လူသားတိုအစွမ်းဖြင့် ပျားရည်ကဲ့သိုသက်ရှည်ကျန်းမာ စေည့် အစားအစာမျိုးကို မတီထွင်ကြသေးပေ။ ပျားရည်ကို တစ်ကြိမ်သောက်လျှင် လ္ဘက်ရည်ဇွန်း တစ်ဇွန်း သိုမဟုတ် နှစ်ဇွန်းထက် ပိုမသောက်သင့်ပေ။ ထူးခြား ကောင်းမွန်လှသော ပျားရည်၏ ဆေးဖက်ဝင် အာနိသင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

·         အမျိုးသမီးများ ဓမ္မတာရာသီလာချိန်၊ မီးဖွားပြီးစနှင့် နိုချိုတိုက်ချိန် များမှာလည်း ပျားရည် စားသင့်ပါသည်။ အထူးသဖြင့် မီးဖွားပြီးစ သွေးသားနုချိန်မှာ ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ

·         အမျိုးသမီးများ သားအိမ်လည်တိုင် အနာဖြစ်ပြီး မီးယပ်ဖြူဆင်းပါက ၀ါဂွမ်းသန်သန်ကို ပျားရည်ဆွတ်၍ ယောနိအတွင်း ထည့်သွင်း အသုံးပြုနိုင် ပါသည်။

·         ပျားရည်က ကလေးများကို အစာကေစေနိုင် သကဲ့သို့၊ လူကြီးများ အတွက်လည်း အစာအိမ်ကို အားကောင်းစေ ပါသည်။

·         အိပ်ယာထဲ နှစ်ရှည်လများ လဲလျောင်း နေရသဖြင့် အိပ်ယာခင်း အပူလောင်နာခြင်း ကို ပျားရည် လိမ်းပေးပါ

·         မတ်ပဲကို ထောပတ်ဖြင့်ကြော်၍ ပျားရည်ဖြင့် စားပေးပါက သုက်ကိုပွားစေသည်။ အသားအရေ တွန်ခြင်း၊ ဆံပင်ဖြူခြင်းမှလည်း ကာကွယ်ပေးသည်။

·         ကာမအား ကုန်ခန်းသူများ ပျားရည်ကို နေစဉ်နံက် တစ်ကြိမ်၊ ညတစ်ကြိမ် စားပေးပါ

·         အားကစားသမားများ သက်လုံ ကောင်းစေရန် ပျားရည်သောက်ပါ သိုမဟုတ် ပျားရည်ကို သံပုရာရည်နှင့် သောက်ပါ

·         အိပ်မပျော်သူများ ညအိပ်ယာဝင်ချိန် သောက်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေ ပါသည်။

·         နှာစေး၊ ချောင်းဆိုးခြင်း အတွက်ပျားရည်ကို ရှောက်ရည် သိုမဟုတ် သံပုရာရည်တိုဖြင့် ဆတူရေသောက်ပါ။

·         ကလေးငယ်များ ချွဲကျပ်ရင်ကျပ်ဖြစ်လျှင် ပျားရည်ကို သံပုရာရည်ဖြင့် ဆတူရော၍ တိုက်ပါ

·         မီးလောင်ဒဏ်ရာ၊ အနာဆွေး အနာဟောင်း၊ ထိခိုက်ရှနာ၊ အနာကြီး(နူနာ) များပေါ် ပျားရည်လိမ်းပေးခြင်းဖြင့် အနာမြန်မြန် ကျက်စေပါသည်။

·         နှလုံးရောဂါရှိသူ၊ နှလုံးအားနည်း၍ မောပမ်းသူများ ပျားရည်စာပေးပါ

·         အရိုးကျိုးအက်ခြင်း အတွက် ပျားရည် စားပေးခြင်းဖြင့် အရိုးမြန်မြန် ပြန်လည်ဆက် စေသည်။

·         ဦးခေါင်းထက်တွင် အနာပေါက်ခြင်း သိုမဟုတ် ဒဏ်ရာရ၍ ဆံပင်ကျွတ်ပြီး ပြန်မပေါက်ခဲ့သော် ပျားရည်လိမ်းပေးပါ

·         ပျားရည်နှင့် အလှဆီရော၍ လိမ်းပေးပါက အသားအရေ စိုပြည်လှပ စေပါသည်။

·         အစာအိမ်နာဖြစ်၍ ဗိုက်နာအော့အန်ပါက ပျားရည်ကို အုန်းနို့နှင့်ရော၍ သောက်ပါ သိုမဟုတ် ဒိန်ချဉ်ကို ရေခဲမထည့်ဘဲ ပျားရည်နှင့် ရောသောက်ပါ

·         ကလေးငယ်များ ၀မ်းပျက်၊ ၀မ်းလျောခြင်း အတွက်ပျားရည် အနည်းငယ်ကျွေးပါ

·         ပျားရည်က စိတ်ကိုထိန်းပေး နိုင်သော အစွမ်းသတ္တိရှိ၍ အိပ်ယာထဲ အပေါ့စွန်တတ်သော ကလေးများကို ညအိပ်ယာဝင်ခါနီး ပျားရည်ကျွေး ပေးခြင်းဖြင့် အပေါ့အပါး မသွားအောင် ဟန်တားနိုင် ပါသည်။

·         ကလေးငယ်များ သူငယ်နာ အကြောဆွဲ၍ သေလုမျောပါး ဖြစ်နေလျှင်၊ ပျားရည်ကျွေး ပေးခြင်းဖြင့် အသက် ချမ်းသာရာ ရနိုင်ပါသည်။

·         ခန္ဓာကိုယ်ဝပြီး သွေးတိုးသူများက နနွင်းခါးကို အမှုန်ကြိတ်၍ ပျားရည်နှင့်စားပါ (ပိန်ပြီးသွေးတိုးသူများ မစားရ)။

·         အစာမကြေ အော့အန်သူများက ပျားရည်ကို သြဇာသီးဖြင့်စားပါ

·         တုတ်ကောင်၊ သန်ကောင်ရှိသော ကလေးငယ်များအတွက် နာနတ်သီးကို ပျားရည်ဖြင့်နယ်၍ ကျွေးပါ သို့မဟုတ် ပျားရည်နှင့်အုန်းနိုရောစပ်၍ တိုက်ကျွေးပါ။

·         သွေးဝမ်းကျခြင်း၊ ၀မ်းပျက်ခြင်း တိုအတွက် ပျားရည်ကို သီးသီးမှည့်ဖြင့် ရောခေါက်၍စားပါ

·         ပျားရည်နေစဉ် စားခြင်းဖြင့် မျက်စိကောင်း စေပါသည်။

·         အရွယ်တင် နုပျိုစေပါသည်။

ပျားရညနှင့်တွဲဖက်မစားသင့်သောအစားအစာများ

          ကြာစေ့၊ မုန်လာဥအဖြူ၊ ၀က်သား၊ ငါး၊ ခိုသား၊ ပဒုမ္မာကြာရွက်၊ ပိတချင်းရွက်၊ ပိန္နဲသီး၊ ဥသျှစ်သီး၊ အုန်းရည်၊ ရှားစောင်းကြီး တို့ဖြစ်ကြသည်။

ပျားရည်အတုနှင့်အစစ်ခွဲခြားနည်း

          ပျားရည်သည် ရှားပါး၍ တန်ဖိုးကြီးမားသဖြင့် ပျားရည်ဈေးကွက်တွင် အတုရောင်းချလျက် ရှိနေသည်။ ပျားရည် တုသည် အရောင်အနံ့၊ အရသာအာနိသင် အားလုံး အစစ်နှင့်ကွာခြားသည်။ ပျားရည်စစ်စစ်၏ ဂုဏ်သတ္တိမှာ နှစ်ပေါင်မည်မျှကြာအောင် ထားသော်လည်း အရောင်(colour) ပြောင်းရုံမှအပ မပုပ်မသိုး သဘာဝဓာတ် မပျက်ပြယ်ဘဲ မူလအရသာ အာနိသင်အတိုင်း ရှိနေမြဲဖြစ်သည်။ ပျားရည် စစ်မစစ် သိလိုပါလျှင် (က) ပျားရည်ကို ခွေးကျွေးကြည့်ပါ၊ ခွေးမစားလျှင် ပျားရည်စစ် ဖြစ်သည်။ () ၀ါဂွမ်းကို ပျားရည်နှစ်၍ မီးရှိုကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်သည်။ () ပျားကောင်ကို ဖမ်း၍ပျားရည်ထဲ နှစ်ကြည့်ပါ၊ အပေါ်သိုကူးပြီး ပျံထွက်သွားလျှင် ပျားရည်စစ်သည်။ () ယမ်းမီးခြစ်ဆံခေါင်းကို ပျားရည်မှာစိမ်၍ မီးခြစ်ကည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်သည်။ () ပျားရည်တစ်စက် နှစ်စက်ကို ဌက်ပျောဖက်ပေါ် တင်ကြည့်ပါ၊ အောက်သို့ လျောမကျဘဲ လုံး၍တင်နေလျှင် ပျားရည်စစ်သည်။ () ပျားရည်တစ်ဇွန်းနှင့် နှမ်းဆီတစ်ဇွန်း ရောစပ်ပြီးနောက် တစ်ဇွန်းသာ ရလျှင် ပျားရည်စစ်ပါသည် (သိုသော် ထိုအရောအနှောကို မစားရ)

 

စေတနာများစွာ

ဆောင်းပါးရှင် ပေါက်ပေါက် ရေးသားသည်။


No comments: