Wednesday, February 21, 2018

သင် သန်ချဖို့ လိုနေပြီလား


သင် သန်ချဖို့ လိုနေပြီလား

" ဟဲ့ နင့်ကလေးဗိုက်ပူနံကားလေး ပါလား။ သန်မချပေးဘူးလား။ "
" ငါက လမ်းဘေးစာ ၊ ယင်နားစာမှ မကျွေးတာ သန်ချဖို့ လိုလို့လား။ "

ဤစကားမျိုး ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မကြာခဏကြား ရသည်။ သန်ကောင်ရောဂါ။ သန်ချဆေး သောက်ခြင်းနှင့် ပတ်သက်ပြီး ကျွန်တော်တို့ ကြားနေရသော စကားများပင်ဖြစ်သည်။ ထို့တူပင် " သန်ကောင်ရောဂါ ဆိုတာဘာလဲ။ သန်ချဆေး သောက်ဖို့ဘာလို့ လိုအပ်တာလဲ။ ဘယ်အချိန်မှာ သန်ချသင့်သလဲ၊ လူကြီးတွေရော သန်ချဆေး သောက်ဖို့လိုသလား။ ကလေးတော့ အသက် ၅ နှစ်ပြည့်ပြီ။ သန်ချဆေး တိုက်ရတော့ မလား။ ကလေးက ညညဆို ငိုနေတာ ဘာလုပ်ရမလဲ။ ကလေးမထွားတာ သန်ချပေးရမလား ။ " စသည့် မေးခွန်းများမှာ အရပ်ထဲတွင် အမေးများလှ သကဲ့သို့ အဖြေကလည်း အမျိုးမျိုး ကြားရမည်သာ ဖြစ်သည်။ သို့သော် ဤ ဆောင်းပါးကို ဖတ်ပြီးလျှင် သင့်အတွက် အထက်ပါအဖြေများ ရှင်းလင်းသွားမည် ဖြစ်သည်။

Wednesday, February 7, 2018

တင်းတိပ်အတွက် နောက်ဆုံးပေါ်ကုထုံး


တင်းတိပ်အတွက် နောက်ဆုံးပေါ်ကုထုံး

တင်းတိပ်ဟာ အမျိုးသမီးတွေကို ဒုက္ခပေးပါတယ်။ အမေရိကန်နိုင်ငံမှာ လူပေါင်း ငါးသန်းကနေ ခြောက်သန်းနီးပါး ခံစားနေရတယ်။ အဲဒီထဲက ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တယ်။ မျက်နှာ တင်းတိပ်ဟာ မျက်နှာပေါ် ပုံမှန်မဟုတ်တဲ့ အညိုကွက် ၊ အမည်းကွက်တွေ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ပါး၊ နှာခေါင်း၊ မေးစေ့ ၊ နဖူး၊ အပေါ်နှုတ်ခမ်း စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ဆရာဝန်တွေသာမက မိတ်ကပ်ပညာရှင် တွေကို တော်တော် ဒုက္ခပေးတဲ့ထဲမှာ တင်းတိပ်လဲ ပါတယ်။ ကုရလဲခက်၊ ပျောက်ဖို့လဲအချိန်ကြာ၊ ဒီကြားထဲ ဆောင်စရာ ရှောင်စရာတွေကလဲ ရှိသေးတယ်။

Sunday, February 4, 2018

ကောင်းသောပုံသက်သေ


ကောင်းသောပုံသက်သေ

လူငယ်များစွာသည် မိမိတို့ နှစ်သက်သော အဆိုတော် ၊ မင်းသား များ၏ အပြုအမူ ၊ အပြောအဆို ၊ အမူအရာ တို့ကို သိသိသာသာ ဖြစ်စေ ၊ မသိမသာ ဖြစ်စေ အတုခိုးတတ် ကြလေသည်။ ကျွန်တော်ကိုယ်တိုင်ပင် ငယ်စဉ်က တိုက်တန်းနစ် မင်းသားဟု နာမည်ကြီးသော လီယိုနာဒို ကို သဘောကျသည်။ သူ့ဆံပင် အတိုင်း ထားသည်။ သူ ဆေးလိပ်သောက်သည့် စတိုင် ကို သဘောကျသည်။ ထို့နောက်တွင် ကျွန်တော် ဆေးလိပ်စွားသွား သည်။