Saturday, August 31, 2019

ပုဂံ သို့မဟုတ် ကမ္ဘာ့အမွေအနှစ်ဒေသ


ပုဂံ သို့မဟုတ် ကမ္ဘာ့အမွေအနှစ်ဒေသ


၂၀၁၉ခုနှစ်တွင် မန်မာတို့၏အမွေ ပုဂံမြေကား ဂုဏ်ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပည့်စုံသော အခြေအနေသို့ ရောက်ခဲ့ပေပြီ။ အကြောင်းကား ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း UNESCO က ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်ထိ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပသာ ၄၃ ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် ကော်မတီ ညီလာခံ အစည်းအဝေက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒသအဖြစ် အတည်ပြုပေး ခဲ့သောကြောင့် ဖြစ်သည်။

Friday, August 30, 2019

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ


ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆိုသည်မှာ ခရစ်နှစ် ၁၀၄၄ခုနှစ် ပုဂံခေတ် အနော်ရထာမင်း လက်ထက်တွင် ရှင်အရဟံ၏ အကူအညီဖြင့် ပိဋကတ်တော်များကို သထုံမြို့မှ ပင့်ဆောင်ရယူခဲ့သည်။ ဘုရင်သည် ပည်သူများကို တစ်ရွာတစ်ကျောင်း ဘုန်းကြီးကျောင်းများဆာက်စေပြီး ကလေးများကို ကျာင်းများသို့ပို့၍ စာသင်စေသည်။ ထိုသို့ စာသင်ခဲ့ခြင်းသည် အနော်ရထာမင်း၏ ပညာဉဏ်ကြီးမားမှု ပင်ဖြစ်သည်။ နိုင်ငံတော် ဘတ်ဂျက်ကုန်ကျမှု မရှိခင်း၊ ဘုန်းကြီးများက စာသင်ပေးကြသဖြင့် ဆရာ၊ ဆရာမ လခပေးစရာမလိုခြင်း တို့ကြောင့် ပညာရေးနှင့် ပတ်သက်လျှင် ရွာတိုင်းရှိ ဘုန်းကြီးကျာင်း များအားလုံးသည် စာသင်ကျောင်းများ ဖြစ်သဖြင့် ထိုခေတ် ကာလက နိုင်ငံတော် ပညာရေးကဏ္ဍ အကောင်းဆုံး ဖြစ်နခဲ့သည်။

Thursday, August 29, 2019

အဆိပ်ငွေ့ကင်းစင်သည့် နေရာကို ရွေးချယ်ကြပါစို့


အဆိပ်ငွေ့ကင်းစင်သည့် နေရာကို ရွေးချယ်ကြပါစို့

   
ယနေ့ခေတ်တွင် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းဆိုသော ယဉ်ကျေးမှုတစ်ခု ကျယ်ကျယ် ပြန့်ပြန့် ထွန်းကားလျက် ရှိသည်။ လက်ဖက်ရည်ဆိုင် ထိုင်ရခြင်း၏ ရည်ရွယ်ချက် များလည်း ရှိသည်။ မိမိတို့ စားသောက်ချက်သည့် အစားအသောက် များကို လွယ်ကူစွာ စားသုံးနိုင် သကဲ့သို့ မိမိတို့၏ ဧည့်သည် များကိုလည်း ကောင်းမွန်စွာ ဧည့်ခံနိုင်ခြင်း စသည်ဖြင့် ရည်ရွယ်ချက် အမျိုးမျိုး ရှိကြသည်။ ထိုသို့ သွားသည့်အခါတိုင်း ပထမဆုံး ရင်ဆိုင်ရမည့် အဆိပ်ငွေ့ တစ်မျိုး ရှိသည်။ ယင်းအဆိပ်ငွေ့မှာ ကိုယ်တိုင် မသောက်သည့်တိုင် သူတစ်ပါး သောက်သော ဆေးလိပ်ငွေ့ ကို ရှူရိုက်ရခြင်း ဖြစ်သည်။

          လက်ဖက်ရည်ဆိုင် ထိုင်ခြင်းနှင့် ပတ်သက်၍ အားနည်းချက် အချို့လည်း ရှိနေကြ သည်။ ဆေးလိပ် ကင်းစင်သည့် လက်ဖက်ရည်ဆိုင် ဟုတ်၊ မဟုတ် ဂရုပြု ရွေးချယ်၍ မထိုင် ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အထက် ဖော်ပြပါ အဆိပ်ငွေ့ကို ရှူမှန်းမသိ ရှူဖြစ်နေကြခြင်း ဖြစ်သည်။ ဆေးလိပ်ငွေ့ ရှူသွင်းခြင်းကြောင့် ပထမဦးစွာ နှလုံးကို ပျက်ယွင်းစေသည်။ ၂၀၁၅ တစ်နှစ်တည်းတွင် ဆေးလိပ်ငွေ့ ရှူသွင်းမိခြင်း ကြောင့် သေဆုံးသူ ဦးရေ ၅၆ ဒသမ ၁ သန်း ရှိသည်။

Monday, August 19, 2019

မှတ်ဥာဏ်ကောင်းစေတဲ့ အမူအကျင့်များ



မှတ်ဥာဏ်ကောင်းစေတဲ့ အမူအကျင့်များ

မှတ်ဥာဏ်ကောင်းစေတဲ့ ဆေးဝါးဆိုပြီး ရောင်းလာတဲ့ အပေါ် အကောင်းဆုံး အဖြေပေးရရင် “မဖြစ်နိုင်ဘူး” လို့ ဆိုရပါမယ်။ မှတ်ဥာဏ်ကောင်း စေတဲ့ အမူအကျင့် တွေတော့ ရှိပါတယ်။ မြန်မာ ဓလေ့ထုံးစံ နဲ့လည်း မမျှော်လင့်ဘဲ ကိုက်ညီနေတာ တွေ့ရတယ်။ မှတ်ဥာဏ်ဟာ မွေးရာပါ အရည်အချင်း ဖြစ်ကာ ဆေးဝါးလုပ်ပြီး ရောင်းချတဲ့ အပေါ် ဆရာဝန်များ မှတ်ချက် မပေးပါဘူး။ စာသင်လို့ မရအောင် မှတ်ဥာဏ်နည်းသူ ၊ မွေးရာပါ လှုပ်ရှားလွန် ကလေး ၊ အော်တစ်ဇင် ကလေးတွေရဲ့ ဦးနှောက်က လွဲရင် လူတစ်ယောက် နဲ့ တစ်ယောက် သိပ်မကွာ ကြပါဘူး။ မွေးရာပါ အရည်အချင်း လို့ ဆိုရပါမယ်။

Sunday, August 18, 2019

ထောင့်သန်းရောဂါအကြောင်း သိကောင်းစရာ


ထောင့်သန်းရောဂါအကြောင်း သိကောင်းစရာ

ထောင့်သန်းရောဂါ ဆိုသည်မှာ မြေကြီးထဲရှိ Bacillus Antharcis (ခေါ်) ဗက်တီးရီးယား ရောဂါပိုး ကြောင့် ဖြစ်လာရသော အန္တရာယ်ရှိ ဗက်တီးရီးယား ကူးစက်ရောဂါ တစ်မျိုးဖြစ်သည်။ ပုံမှန်အားဖြင့် ၄င်း ဗက်တီးရီးယားပိုး က အသက်မ၀င် သေးသော Spore လေးတွေကိုသာ ထုတ်ပေးပြီး ၄င်း spore များက မြေဆီလွှာထဲတွင် သဘာဝအလျှောက် နေထိုင်ကြသည်။ ထို spore များသည် တိရစ္ဆာန် သို့မဟုတ် လူ့ခန္ဓာကိုယ်ထဲ ၀င်ရောက်သွား သောအခါ စတင် အသက်ဝင် လာသည်။ သက်ဝင် လှုပ်ရှားလာပြီ ဖြစ်သော spore တွေ ပွားများလာ ပြီးနောက် အဆိပ်အတောက်တွေ ထုတ်လွှတ်လိုက် သဖြင့် ခန္ဓာကိုယ် အနှံ့ပျံ့နှံ့ သွားကာ ဆိုးဝါးသော ရောဂါတွေကို ဖြစ်ပေါ် စေနိုင်သည်။

          မှတ်တမ်းများအရ ၂၀၀၁ ခုနှစ်တွင် ရောဂါပိုးမွှား လက်နက်အဖြစ် အမေရိကန်နိုင်ငံ ကို စာအိတ်ကတစ်ဆင့် ပေးပို့ခြင်း ခံခဲ့ရပြီး လူ ၅ ဦး သေဆုံးကာ ၁၇ ဦး နာမကျန်း ဖြစ်ခဲ့ရ တာကြောင့် ပိုပြီး သတိထားမိ လာကြခြင်း ဖြစ်ကြောင်း လေ့လာ သိရှိရသည်။