ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆိုသည်မှာ ခရစ်နှစ် ၁၀၄၄ခုနှစ် ပုဂံခေတ်
အနော်ရထာမင်း လက်ထက်တွင် ရှင်အရဟံ၏ အကူအညီဖြင့် ပိဋကတ်တော်များကို သထုံမြို့မှ ပင့်ဆောင်ရယူခဲ့သည်။ ဘုရင်သည် ပြည်သူများကို တစ်ရွာတစ်ကျောင်း ဘုန်းကြီးကျောင်းများ ဆောက်စေပြီး ကလေးများကို
ကျောင်းများသို့ပို့၍ စာသင်စေသည်။ ထိုသို့ စာသင်ခဲ့ခြင်းသည် အနော်ရထာမင်း၏ ပညာဉာဏ်ကြီးမားမှု ပင်ဖြစ်သည်။ နိုင်ငံတော် ဘတ်ဂျက်ကုန်ကျမှု
မရှိခြင်း၊ ဘုန်းကြီးများက စာသင်ပေးကြသဖြင့် ဆရာ၊ ဆရာမ လခပေးစရာမလိုခြင်း
တို့ကြောင့် ပညာရေးနှင့် ပတ်သက်လျှင် ရွာတိုင်းရှိ
ဘုန်းကြီးကျောင်း များအားလုံးသည် စာသင်ကျောင်းများ
ဖြစ်သဖြင့် ထိုခေတ် ကာလက နိုင်ငံတော် ပညာရေးကဏ္ဍ အကောင်းဆုံး ဖြစ်နေခဲ့သည်။
ထိုသို့သော ဘုန်းကြီးကျောင်း ပညာရေးကြောင့် ပုဂံခေတ်တွင် ရဟန်းပညာရှိ၊ လူပညာရှိ
စာဆို အကျော်အမော်များ ထွက်ပေါ်ခဲ့သည်။ ထို့နောက် အင်းဝခေတ်တွင် ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရ
နှင့် ကုန်းဘောင်ခေတ် တွင် မြ၀တီမင်းကြီး ဦးစ၊ စာဆိုတော် ဦးပုည ၊ ယောမင်းကြီး ဦးဘိုးလှိုင် စသည့် အကျော်အမော်များ ရှိခဲ့ပေသည်။ ၁၈၈၅ ခုနှစ်တွင် သီပေါမင်း
ပါတော်မူပြီးနောက် ဘုန်းကြီးကျောင်းများ သည်လည်း စာသင်ကျောင်းများပင် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ကော်မရှင်နာ မင်းကြီး Sir Authur Fare သည် ဘုန်းကြီးကျောင်းများ၏ သင်ကြားမှုများကို
ကြည့်ပြီး ကျောင်းကျယ်ဝန်းခြင်း၊ သန့်ရှင်းခြင်း
တို့ကို လေ့လာတွေ့ရှိကာ လိုအပ်သည့် ထောက်ပံ့မှုများ၊
စာအုပ်စာတမ်းများ၊ ကျောင်းဆရာ လခများ အစရှိသည် တို့ကို ကူညီထောက်ပံ့ ပေးခဲ့သည်။
အင်္ဂလိပ်ခေတ်တွင် ဘုန်းတော်ကြီး စာသင်ကျောင်းပေါင်း ၄၉၁၉ ကျောင်းထိ ရှိခဲ့သည်။ ဖဆပလ ခေတ် ၀န်ကြီးချုပ် ဦးနု လက်ထက်တွင် ထို ဘုန်းတော်ကြီးသင်
စာသင်ကျောင်း များကို (ဘက)ကျောင်းများ အဖြစ် မှတ်ပုံတင်ပေးခြင်း၊ ထိုကျောင်းများကို သင်တန်းများ နှင့် ထောက်ပံ့မှုများ ပေး၍ တွန်းအားပေး
ဆောင်ရွက်ခဲ့ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၅၅၄၅ ကျောင်းထိ ရှိခဲ့သည်။
ထို့အတူပင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များသည် ရှေးအခါ
ကတည်းက ဘုန်းတော်ကြီးသင် ကျောင်းထွက် မှူးကြီးမတ်ရာများ၊ မင်းတရားကြီးများ
နှင့် ဗိုလ်ချုပ်အောင်ဆန်း သည်ပင် ဘုန်းကြီးကျောင်းသား စစ်စစ်ဖြစ်ပါ၏။ ဘုန်းတော်ကြီးသင်
ကျောင်းများကို ချစ်ခင်လေးစား ခဲ့သည်။ လက်အဆင့်ဆင့် ကမ်းလာခဲ့
ပေသည်။ ဆင်းရဲချမ်းသာ မဟူ ပညာများဆုံးခန်း တိုင်အောင် သင်ယူရနေသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များသည် တိုင်းရင်းသား
ပေါင်းစုံနှင့် မြန်မာများအတွက် အင်မတန်
တန်ဖိုးရှိသော နေရာ တစ်ခုပင်ဖြစ်သည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များသည် မြန်မာနိုင်ငံပညာရေး
ပြောင်းလဲပြီး တိုးတက် ကောင်းမွန်ရန် အတွက် တစ်ထောင့် တစ်နေရာမှ ပါဝင်ကာ ကြိုးပမ်း
ဆောင်ရွက်လျက် ရှိသည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးစုံ တို့သည် အတန်းပညာ
များကို လေ့လာသင်ယူလျက် ရှိသည်။ အချို့မှာ ရှင်သာမဏေ
ဝတ်၍ လောကီစာပေ များကို လေ့လာသင်ယူလျက် ရှိသည်။ အခြားတစ်ဖက်
တွင်လည်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် သင်ယူ နေကြသည်
ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာ
အကြောင်းများနှင့် ရင်းနှီးကျွမ်းဝင်ကြသည်။ ဥပမာအနေဖြင့်
ပြောရလျှင် အကယ်၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် ရှင်သာမဏေ
ဝတ်၍ လောကီစာများ လေ့လာပြီး လူထွက်သွားသူများ ရှိသည်။ မည်သို့ပင်
ဆိုစေကာမူ သူတို့သည် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ် သွားမည်မှာ မြေကြီးလက်ခတ် မလွဲပါ။ အဘယ်ကြောင့်
ဆိုသော် သူတို့သည် ဗုဒ္ဓဘာသာ အသိပညာ အကျိုးဆက်များကို ရရှိသွားသောကြောင့်
ဖြစ်သည်။
သူတို့သည် သေချာပေါက် ဘုန်းတော်ကြီး များနှင့် ရှင်သာမဏေ
ကိုရင်လေး များအား ဆွမ်းလောင်းကြမည် ဖြစ်သည်။ ထိုကဲ့သို့ ပစ္စည်းလေးပါးကို လှူဒါန်း
ထောက်ပံ့ကြ သည်မှာလည်း သာသနာတော်ကို
ဆက်လက် တည်တံ့အောင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
များသည် သာသနာတော်ကို ခုတုံးလုပ်နေသည် ဟု တွေးထင်ပြောကြသူများ စဉ်းစားဆင်ခြင်
သင့်သည်။ “ သာသနာတော်ကို ခုတုံးလုပ်ကာ ရှင်ရဟန်း
သွင်ဆောင်ယူပြီး စာသင်နေကြသည်။ ဘ၀၀မ်းစာ အတွက်၊ စားဝတ်နေရေး အတွက်သာ အများအားဖြင့် ရည်ရွယ်ကြသည်
” ဟု ပြောဆိုလိုက်ခြင်း သည် ဘုန်းတော်ကြီးသင်
ပညာရေး ကျောင်းအုပ် ဆရာတော်များ၏ လုပ်ရပ်မှာ မှားယွင်း
နေသည်ဟု ပြောလိုက်သကဲ့သို့ ဖြစ်သည်။ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်း များတွင် သီတင်းသုံးနေထိုင် ကြသော သံဃာများမှာ သံဃာအစစ်
မဟုတ် သံဃာအတုများသာ ဖြစ်သည်ဟု ပြောလိုက်ခြင်းပင် ဖြစ်သည်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
များတွင် ဦးဆောင်နေသော သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ဆရာတော်ကြီး များအား သူတို့၏ ကိုယ်ကျင့်သိက္ခာ
ကို ဂုဏ်ကျေးဇူးမဲ့ ကဲ့ရဲ့ပြောဆို လိုက်ခြင်းပင်
ဖြစ်သည်။
မြတ်စွာဘုရားသည် အင်္ဂုတ်္တရနိကာယ်
အန္ဓသုတ္တန် တွင် “ အန္ဓဉ္စဧကစက္ခုဉ်္စ၊ အာရကာ ပရိဝဇ္ဇယေ။ ဒွိစက္ခုံ ပန သေဝေထ၊ သေဋ္ဌံ ပုရိသပုဂ္ဂလံ “ ဟု မိန့်တော်မူခဲ့သည်။
လောကီအမြင် လောကုတ္တရာ အမြင်ဟူသော အမြင်နှစ်ခုစလုံး မရှိသော စုံလုံးကန်းနှင့် လောကီအမြင်
ကိုသာ မြင်နိုင်သော တစ်ဖက်ကန်း ပုဂ္ဂိုလ်ကို အဝေးကနေ ရှောင်ကြဉ်ပြီး လောကီအမြင်နှင့်
လောကုတ္တရာ အမြင်ဟူသော အမြင်နှစ်ခုစလုံးကို မြင်သော နှစ်ဖက်မြင်ပုဂိ္ဂုလ်
ကိုသာ မှီဝဲဆည်းကပ် ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ပညာရေး အဆင့်အတန်း နိမ့်ပါးသောကြောင့် အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးမှု
များသည် နောက်ကျကျန်လျက် ရှိသည်။ ထိုကဲ့သို့ နောက်ကျ
ကျန်ရစ်ခဲ့သော ပညာရေးကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
များက ပညာရေးကို မြင့်မားစေရန် တစ်တပ်တစ်အား အားဖြည့်ကူညီ
လာကြသည်။ မိသားစု စီးပွားရေး အခက်အခဲနှင့် အကြောင်း
အမျိုးမျိုးကြောင့် ပညာမသင်ကြား နိုင်ခဲ့သူများကို ပညာဒါနအဖြစ် သင်ကြားပေးနေခြင်း
ဖြစ်သည်။ သင်ကြားပေးရာ တွင်လည်း လောကီ၊ လောကုတ္တရာ
နှစ်ဖြာသော ကောင်းကျိုးကို ရည်မျှော်ပြီး သင်ကြားပေးနေခြင်း
ဖြစ်သည်။
ကျွန်ုပ်တို့ လေ့လာသင်ယူလျက် ရှိသော ပညာများသည် လွယ်ရာမှ ခက်ရာသို့၊ အနည်းမှအများ
သို့ သွားရခြင်း ဖြစ်သည်။ ထို့အတူပင် လောကီစာပေများ
မှသည် ခက်ခဲနက်နဲ လှသည့် လောကုတ္တရာ
စာပေများကို ဆက်လက်လေ့လာ ဆည်းပူးရမည် ဖြစ်သည်။
ထို့ကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များသည် မြန်မာနိုင်ငံအတွက် လည်းကောင်း၊ လောကီအတန်း
စာပေများကို သင်ယူသူများ အတွက် လည်းကောင်း၊ မြတ်စွာဘုရား၏ သာသနာအတွက်
လည်းကောင်း အကျိုးရှိသော
ကောင်းမွန်သော နေရာတစ်ခုပင် ဖြစ်သည်။ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်း များကို ချစ်ခင်သော အကောင်းမြင်စိတ် ကလေးများ ဖြင့်သာ ကြည့်စေချင်ပါသည်။
အောင်လံ
- မောင်နန္ဒ
ဓာတ်ပုံ အင်တာနက် ( No(4) Monastic Education School, Shwebo, Sagaing, Myanmar )
( ၀န်ခံချက်
= စာရေးသူ၏ “ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသည် သာသနာတော်ကို
ခုတုံးမလုပ် ” ဆောင်းပါးပါ နိဒါန်းတစ်ပုဒ်ကို ဖြုတ်ထားခဲ့ပါသည်။ )
No comments:
Post a Comment