Showing posts with label ရတနာပုံနေ့စဉ်. Show all posts
Showing posts with label ရတနာပုံနေ့စဉ်. Show all posts

Wednesday, September 18, 2019

စက္ကန့် ၆၀ အတွင်း အိပ်ပျော်အောင် အိပ်ရအောင်


စက္ကန့် ၆၀ အတွင်း အိပ်ပျော်အောင် အိပ်ရအောင်

ငယ်ငယ်တုန်းက ခေါင်းချရင် အိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းတောင် မနည်း ထယူခဲ့ရတယ်။ အသက်ကြီး လာတာနဲ့အမျှ အကြောင်း အမျိုးမျိုးကြောင့် ညညဆိုရင် တော်တော်နဲ့ အိပ်မပျော် တော့တဲ့ ပြဿနာဟာ လူတိုင်း လိုလိုမှာ ရှိလာတယ်။ အကြောင်း တစ်ခုခုကြောင့် ညဘက် တော်တော်နဲ့ အိပ်မပျော်ဘူး ဆိုရင် ကျွန်တော် လုပ်နေကျ နည်းလမ်းလေး တစ်ခုတော့ ရှိတယ်။ လိုက်လုပ်ကြည့်ပါ။ စက္ကန့် ၆၀ အတွင်း အိပ်ပျော်ပါတယ်။ ဒါပေမဲ့ အဲဒီ နည်းလမ်းကို မမျှဝေခင်မှာ အအိပ်မမှန်ရင် ခန္ဓာကိုယ်ကို ဘယ်လောက် ဒုက္ခဖြစ်စေ သလဲဆိုတာ ကိုတော့ ဖတ်ပေးဖို့ အကြံပေးပါရစေ။

Saturday, August 31, 2019

ပုဂံ သို့မဟုတ် ကမ္ဘာ့အမွေအနှစ်ဒေသ


ပုဂံ သို့မဟုတ် ကမ္ဘာ့အမွေအနှစ်ဒေသ


၂၀၁၉ခုနှစ်တွင် မြန်မာတို့၏အမွေ ပုဂံမြေကား ဂုဏ်ကျက်သရေ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသော အခြေအနေသို့ ရောက်ခဲ့ပေပြီ။ အကြောင်းကား ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း UNESCO က ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်ထိ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ကျင်းပသော ၄၃ ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် ကော်မတီ ညီလာခံ အစည်းအဝေးက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် အတည်ပြုပေး ခဲ့သောကြောင့် ဖြစ်သည်။

Friday, August 30, 2019

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ


ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆိုသည်မှာ ခရစ်နှစ် ၁၀၄၄ခုနှစ် ပုဂံခေတ် အနော်ရထာမင်း လက်ထက်တွင် ရှင်အရဟံ၏ အကူအညီဖြင့် ပိဋကတ်တော်များကို သထုံမြို့မှ ပင့်ဆောင်ရယူခဲ့သည်။ ဘုရင်သည် ပြည်သူများကို တစ်ရွာတစ်ကျောင်း ဘုန်းကြီးကျောင်းများ ဆောက်စေပြီး ကလေးများကို ကျောင်းများသို့ပို့၍ စာသင်စေသည်။ ထိုသို့ စာသင်ခဲ့ခြင်းသည် အနော်ရထာမင်း၏ ပညာဉာဏ်ကြီးမားမှု ပင်ဖြစ်သည်။ နိုင်ငံတော် ဘတ်ဂျက်ကုန်ကျမှု မရှိခြင်း၊ ဘုန်းကြီးများက စာသင်ပေးကြသဖြင့် ဆရာ၊ ဆရာမ လခပေးစရာမလိုခြင်း တို့ကြောင့် ပညာရေးနှင့် ပတ်သက်လျှင် ရွာတိုင်းရှိ ဘုန်းကြီးကျောင်း များအားလုံးသည် စာသင်ကျောင်းများ ဖြစ်သဖြင့် ထိုခေတ် ကာလက နိုင်ငံတော် ပညာရေးကဏ္ဍ အကောင်းဆုံး ဖြစ်နေခဲ့သည်။

Monday, November 12, 2018

ဆယ်ကျော်သက်များအကြား မြင့်မားလာနေသော သေကြောင်းကြံစည်မှုများ


ဆယ်ကျော်သက်များအကြား မြင့်မားလာနေသော သေကြောင်းကြံစည်မှုများ

ကလေးတွေ၊ ဆယ်ကျော်သက်တွေ၊ လူငယ်တွေ လွတ်လပ်မှုကို မြတ်နိုးကြတယ်။ စူးစမ်းကြည့်ချင် ကြတယ်။ ကိုယ်ဘယ်လောက် လုပ်နိုင်သလဲ ဆိုတာကို စမ်းသပ်ကြည့်ချင် ကြတယ်။ တစ်ချိန်တည်းမှာ သူတို့ကို အန္တရာယ်တွေ ကလဲ ၀ိုင်းဝိုင်းလည် နေတယ်။

လူကြီးတစ်ယောက် ဆိုင်ကယ် စီးတော့မယ်ဆိုရင် ဦးခေါင်းကို ကာကွယ်ဖို့ ဦးထုပ်ဆောင်းပါ လိမ့်မယ်။ လမ်း သဘောတရား၊ စက်ရဲ့ လုပ်ဆောင်ချက်၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အစရှိ တာတွေကို အမှန်တကယ် နားလည် သဘောပေါက်သူ တွေဖြစ်တဲ့ အတွက် ဆိုင်ကယ်ကို အန္တရာယ် မဖြစ်အောင် ဂရုတစိုက် စီးကြပါလိမ့်မယ်။ သူတို့ကို လမ်းခုလတ်မှာ လူဆိုးတွေ၊ သူခိုးတွေကလဲ ပစ်မှတ်အဖြစ် ရွေးချယ်မှု အားနည်းပါတယ်။ သူတို့ကို ချောင်းရိုက်မယ့် သူတွေ လဲ မရှိသလောက်ပါပဲ။

Wednesday, November 7, 2018

အမျိုးသမီးတွေ သတိထားသင့်တဲ့ အရိုးပွရောဂါ


အမျိုးသမီးတွေ သတိထားသင့်တဲ့ အရိုးပွရောဂါ

အမျိုးသမီးတွေ သတိထားသင့်တဲ့ ရောဂါတွေထဲမှာ အရိုးပွရောဂါ (Osteoporosis) လဲ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အရိုးပွသူဟာ ဘာလက္ခဏာမှ မပြဘဲ တကယ်အရိုးကျိုးတဲ့ အခါမျိုးမှသာ သတိထားမိတတ် ကြတယ်။ တချို့သော လူနာတွေမှာ အရိုးပွပြီး ဆွေးရာက ကျိုးမှန်းတောင် မသိသူတွေ ရှိတတ်ပါတယ်။ အရိုးပွတယ် ဆိုတာ အရိုးတွင်း သိပ်သည်းဆ နည်းလာပြီး အရိုးက ကျိုးလွယ်၊ ထိခိုက်လွယ် လာတဲ့သဘောမျိုး ဖြစ်တယ်။

Monday, October 15, 2018

ကမ္ဘာ့လက်ဆေးနေ့


ကမ္ဘာ့လက်ဆေးနေ့


နှစ်စဉ် အောက်တိုဘာ ၁၅ ရက်နေ့သည် ကမ္ဘာ့လက်ဆေးနေ့ ( Global Handwashing Day ) ဖြစ်သည်။ လက်သန့်ရှင်းရေးနှင့် ပတ်သက်ပြီး ကလေး ဘ၀ကတည်းက စိမ်းလှသည် မဟုတ်ပေ။ ငယ်စဉ် ကလေးဘ၀ ကတည်းက အိမ်တွင်ရော ကျောင်းတွင်ပါ လူကြီးမိဘများ၊ ဆရာသမားများက လက်ဆေးကြရန် ပြောသည်ကို ကြုံဖူး၊ ကြားဖူးကြပါမည်။ 

လူကြီးများက အစာမစားမီ လက်ဆေးရန်၊ အိမ်သာအသုံးပြုပြီး လက်ဆေးရန် စသည်ဖြင့် ခိုင်းသည်ကို ငယ်စဉ်က လူတိုင်း ကြုံဖူးပါမည်။ ကလေးဘ၀တွင်မူ လက်ဆေးခြင်းသည် အပိုအလုပ်တစ်ခု အဖြစ်၊ ကစားချိန်၊ စားချိန်ကို အနှောင့်အယှက် ပေးသော အလုပ်အဖြစ် ကလေးတိုင်း တွေးဖူးပါမည်။ ထို့ကြောင့် မိဘက လက်ဆေးပြီး မှ မုန့်စားရမည် ဆိုသဖြင့် ရေပုံးထဲလက်နှိုက်ပြီး လက်ကိုရေဆွတ်ရုံ ဆွတ်ကာ ကလေးတိုင်း မုန့်ညာစားဖူးကြသည်။

Friday, August 31, 2018

မျက်ကပ်မှန် ဆိုသည်မှာ


မျက်ကပ်မှန် ဆိုသည်မှာ

မျက်ကပ်မှန် များသည် မျက်ကြည်လွှာ ပေါ်တွင် အ၀န်းညီစွာ ထိကပ်လျက် သက်သောင့်သက်သာ တပ်ဆင်နိုင်ရန် ဒီဇိုင်းထွင် ထုတ်လုပ်ထားသော မျက်စိ အမြင်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းဖြစ်သည်။ မျက်မှန် လိုအပ်ချက်ကြောင့် မျက်စိမှုန် သူများသည် မျက်ကပ်မှန်ကို တပ်ခြင်းဖြင့် မျက်မှန် ကဲ့သို့ပင် မျက်စိတွင်း ၀င်ရောက်လာသည့် ပုံရိပ်အလင်းတန်း များကို မြင်လွှာတွင် မှန်ကန်စွာ စုဆုံစေခြင်း အားဖြင့် ကြည်လင်သော အမြင်ကို ရရှိစေသည်။ မျက်ကြည်လွှာ၏ စွမ်းဆောင်ရည်ကို ပိုမို ကောင်းမွန်စေရန် ပုံရိပ်ချိန်ဆမှုကို အတိုးအလျှော့ လုပ်ခြင်းဖြင့်လည်း ကူညီပေးသည်။ အလင်းတန်းများကို မျက်ကြည်လွှာနှင့် တစ်ဆက်တည်း ဖြတ်သန်း နိုင်ခြင်းသည် မျက်ကပ်မှန် များ၏ အားသာချက် ဖြစ်သည်။

Tuesday, July 24, 2018

Carcinogens များအကြောင်း သိကောင်းစရာ


Carcinogens များအကြောင်း သိကောင်းစရာ

အခု ၂၁ရာစုမှာ ကမ္ဘာနဲ့တစ်ဝန်း ကင်ဆာရောဂါ ဖြစ်တဲ့သူတွေ ပိုပြီးများလာပါတယ်။ အမေရိကန်နိုင်ငံ ကင်ဆာရောဂါ ဆိုင်ရာ အဖွဲ့အစည်းက ထုတ်ပြန် ထားသော အချက်အလက် တွေအရ အခုခေတ်တွင် ကင်ဆာဖြစ်နိုင်ချေ နှုန်းမှာ ယောက်ျားကလေး နှစ်ယောက်တွင် တစ်ယောက်၊ မိန်းကလေး သုံးယောက်တွင် တစ်ယောက် ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

Sunday, June 24, 2018

သောကကင်းကွာ ငြိမ်းချမ်းပါစေ


သောကကင်းကွာ ငြိမ်းချမ်းပါစေ

လူ့ဘ၀သည် ရခဲလှ၏။ လူ့ပြည်က အပ်တစ်စင်း နှင့်နတ်ပြည်က အပ်တစ်စင်း အချင်းချင်း ထိတွေ့ရန် လွယ်ကူကောင်း လွယ်ကူပေမည်။ လူဖြစ်ရန်ခက်ခဲ လှသည်ဟု အဆိုရှိသည်။ " မနုဿတ္တဘာဝေါ ဒုလ္ဘဘော " ဟူ၍လည်း မှတ်သားရသည်။ သို့ဖြစ်ပေရာ ရခေါင့်ရခဲ လူ့ဘ၀ထဲဝယ် ရောက်ရှိလာရ ထိုခဏတွင် လူဖြစ်ကျိုး နပ်စေရန်၊ လူကောင်းလူတော် ဖြစ်စေရန် အလွန် အရေးကြီးသည်။

လောကသုံးပါးတွင် လူသည်သာလျှင် အသိဉဏ် အရှိဆုံး၊ စွမ်းဆောင်ရည် အရှိဆုံး၊ အမြင့်မြတ်ဆုံး နှင့် အထက်မြတ်ဆုံး သော သတ္တ၀ါဟု ဆိုရပါမည်။ သုံးလောက ထွတ်ထား ဗုဒ္ဓမြတ်စွာဘုရား သည် သာမန် လူသားတစ်ဦးပင် ဖြစ်လင့်ကစား၊ သဗ္ဗညုတ ရွှေဉဏ်တော် ရရှိသော၊ သတ္တ၀ါအားလုံး အပေါ်တွင် မေတ္တာ ထားရှိသော၊ ရန်အပေါင်းကို အောင်မြင်သော၊ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိမြင်၍ လောကအကျိုး၊ ဓမ္မအကျိုးကို သယ်ပိုးရွက်ဆောင် နိဗ္ဗာန်သောင်သို့ ရောက်အောင်ညွှန်ပြ သွန်သင်ပေး တတ်သော၊ စိန်ရောင်ခြည် နေတစ်နုန်းကဲ့သို့ ရွှေဘုန်းတော်သခင် ထိပ်ခေါင်တင် အရှင်သူမြတ် ကြီးလည်း ဖြစ်တော်မူသည်။

Tuesday, June 19, 2018

နိဝါတောစ


နိဝါတောစ

မင်္ဂလာတရားတော် များတွင် တစ်ခုအပါအ၀င် ဖြစ်သည့် " နိဝါတောစ " မိမိကိုယ်ကို နှိမ့်ချခြင်းသည် မြတ်သော စိတ်ထားတစ်ခုပင် ဖြစ်သည်။ ကျွန်ုပ်တို့ နေထိုင်ရာ လူ့ပြည်လူ့ရွာ ကြီးတွင် အဆိုး၊ အကောင်း ဆိုသည်မှာ ဒွန်တွဲရှိနေပါ၏။ ဤသို့ဒွန်တွဲ တည်ရှိခြင်းသည် သဘာဝ တရားကြီးက ဖန်တီးပေးထားခြင်း မဟုတ်ချေ။ သဘာဝတရား ဆိုသော လောကကြီးကို လူသားများက အမျိုးမျိုး အလှဆင် နေကြခြင်း ဖြစ်ပေသည်။ အဘယ်သို့ အလှဆင်ကြ သနည်း။ ရုပ်ဝတ္ထု ပစ္စည်းများဖြင့် အလှဆင်ကြသည်။ တော၊ တောင်၊ ရေ၊ မြေ သဘာဝဖြင့် အလှဆင်ကြသည်။ လှပသည်မှာ မှန်သော်လည်း ပျက်ယွင်းရမည့် အချိန်၌ ပျက်ယွင်းကြ ရသည်။ အဘယ်ကြောင့် ပျက်ယွင်းသနည်း။ လူသားတို့၏ အလှဆင်သော စိတ်ဓာတ်တရား များ ယိုယွင်းပျက်စီး လာသောကြောင့် လောကကြီးလည်း တဖြည်းဖြည်း နှင့် အရုပ်ဆိုး အကျည်းတန် လာခဲ့ခြင်းပင်။

Sunday, June 17, 2018

လူငယ် နှင့် ရွေးချယ်မှု


လူငယ် နှင့် ရွေးချယ်မှု

ရွေးချယ်မှုဆိုသည့် စကားကို နေ့စဉ်နှင့်အမျှ ကြားဖူးကြပါလိမ့်မည်။ ထို့အတူ ရွေးချယ်မှုဆိုသည့် အရာနှင့်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ လွတ်ကင်းနိုင်ကြ လိမ့်မည် မဟုတ်ပေ။ အစားအသောက်၊ အ၀တ်အထည် များမှအစ ဘ၀တစ်သက်တာ ကာလ တစ်လျှောက်လုံး အတွက် အဓိက အရေးကြီးသည့် အသက်မွေး ၀မ်းကျောင်းမှု များထိ မိမိတို့ စိတ်တိုင်းကျ ရွေးချယ်ဖူးခဲ့ကြ မည်သာဖြစ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်း သည် ရွေးချယ်မှုဟူသော ကွန်ရက် တစ်ခုအတွင်း၌ ကျင်လည်ရှင်သန် နေကြရသည့် သူများဟု ဆိုပါကလည်း မှားလိမ့်မည် မဟုတ်ပေ။

Monday, June 11, 2018

လူမှုကွန်ရက် ကို သတိဖြင့်အသုံးပြု


လူမှုကွန်ရက် ကို သတိဖြင့်အသုံးပြု

မိုဘိုင်းဖုန်းများကို လူတိုင်းနီးပါး ၀ယ်ယူသုံးစွဲနိုင် ကြပေပြီ။ ယနေ့ခေတ် ကာလသည် လူတစ်ကိုယ် ဖုန်းတစ်လုံးတော့ ပိုင်ဆိုင်မှ၊ ကိုင်နိုင်မှ လူရာဝင်သလို ဖြစ်သောခေတ်ဟု ဆိုပါလျှင်လည်း မှားအံ့မထင်။ ဘယ်သွားသွား ဘယ်လာလာ ကျန်သည့် အရာသာ မေ့ကောင်းမေ့ကြမည် ဖြစ်သော်လည်း မိမိဖုန်းကိုတော့ မေ့ကျန်ခဲ့မည် မဟုတ်ပေ။

ရောက်သည့်နေရာ ရှုကြည့်ပါလေ။ လူတိုင်း လက်ထဲတွင် ဖုန်းတစ်လုံးတော့ တွေ့မြင်ရမည် ဧကန်ပါ။ အချို့ဆိုလျှင် ဖုန်းနှစ်လုံး၊ သုံးလုံးနှင့် အလုပ်များ ရှုပ်လို့။

Thursday, May 3, 2018

ချိုသာယဉ်ကျေးစွာ ပြောဆိုပါ


ချိုသာယဉ်ကျေးစွာ ပြောဆိုပါ

လူသားတိုင်း၊ လူမျိုးတိုင်း စကားပြောကြ၏။ လူသားတိုင်း၊ လူမျိုးတိုင်း စကားပြောကြရ သော်လည်း မျိုးရိုးမျိုးနွယ် အလိုက် သုံးနှုန်းကြသည့် ဘာသာစကားတော့ မတူညီပေ။ အင်္ဂလိပ်လူမျိုးတို့သည် သူတို့လူမျိုး ဘာသာစကား ဖြစ်သည့် အင်္ဂလိပ်စကား ကိုသာ ပြောကြသည်။ ထို့အတူ တရုတ်လူမျိုးများသည်လည်း သူတို့လူမျိုး ဘာသာစကားဖြစ်သည့် တရုတ်စကားကို ပြောကြသည်။ မိမိတို့ မြန်မာလူမျိုး တို့သည်လည်း မိမိတို့၏ ဘာသာစကား ဖြစ်သည့် မြန်မာစကားကို ပြောကြသည်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးမဆို စကားပြော ကြရ၏။

Friday, April 6, 2018

မီးဖိုချောင်ထဲက အဖိုးတန် ဆေးဝါးများ


မီးဖိုချောင်ထဲက အဖိုးတန် ဆေးဝါးများ

ဥစ္စာဖြိုစားဖိုက ဆိုတဲ့ စကားပုံဟာ ရှုထောင့်ပေါင်းစုံ ကနေ မှန်နေတာကို တွေ့ရပါတယ်။ အချို့သော အစားအစာတွေ ၊ အစိတ်အပိုင်းတွေကို စားလို့ မရပေမယ့် အကျိုးရှိရှိ အသုံးချလို့ ရတာတွေ အများကြီးရှိတာကို တွေ့ရပါတယ်။


Monday, April 2, 2018

လူ့အချင်း က ဆေးဝါးထုတ်ခြင်း


လူ့အချင်း က ဆေးဝါးထုတ်ခြင်း

လူ့အချင်းဟာ လက်တစ်ဖ၀ါးစာ ပမာဏလောက် ရှိတယ်လို့ မှတ်သားခဲ့ရဖူးတယ်။ ဆေးပညာ လက်တွေ့ဆင်းတော့ အချင်းရဲ့ အတိုင်းအတာကို အတိအကျ သိလာရတယ်။ အလျား ကိုးလက်မ၊ အထူ တစ်လက်မ လောက်ရှိတဲ့ ပျော့ဖပ်ဖပ် အစိုင်ခဲကြီးက အလေးချိန် တစ်ပေါင်မက လေးလံသတဲ့။ အချင်းကို စက်ဝိုင်းနဲ့ ပမာပြုရရင် အလယ်ပိုင်းမှာထူပြီး ဘေးဘက်ရောက်လေ ပါးလေဖြစ်တယ်။ တကယ်တော့ အချင်းဆိုတာ သန္ဓေသားနဲ့ မိခင်ကို အပြန်အလှန် တွယ်ဆက်ထားတဲ့ အစိတ်အပိုင်း တစ်ခုပဲဖြစ်တယ်။ ကိုယ်ဝန်ဆောင်ချိန် မိခင်ရဲ့ အာဟာရဓာတ်ဟာ အချင်းကို ဖြတ်ပြီး သန္ဓေသားဆီ ရောက်ရသလို သန္ဓေသားရဲ့သွေးက တစ်ဆင့် စွန့်ပစ်ပစ္စည်း မှန်သမျှဟာ အချင်းကို ဖြတ်ပြီး အမေဆီပြန်ရောက် လာတယ်။

Wednesday, February 21, 2018

သင် သန်ချဖို့ လိုနေပြီလား


သင် သန်ချဖို့ လိုနေပြီလား

" ဟဲ့ နင့်ကလေးဗိုက်ပူနံကားလေး ပါလား။ သန်မချပေးဘူးလား။ "
" ငါက လမ်းဘေးစာ ၊ ယင်နားစာမှ မကျွေးတာ သန်ချဖို့ လိုလို့လား။ "

ဤစကားမျိုး ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မကြာခဏကြား ရသည်။ သန်ကောင်ရောဂါ။ သန်ချဆေး သောက်ခြင်းနှင့် ပတ်သက်ပြီး ကျွန်တော်တို့ ကြားနေရသော စကားများပင်ဖြစ်သည်။ ထို့တူပင် " သန်ကောင်ရောဂါ ဆိုတာဘာလဲ။ သန်ချဆေး သောက်ဖို့ဘာလို့ လိုအပ်တာလဲ။ ဘယ်အချိန်မှာ သန်ချသင့်သလဲ၊ လူကြီးတွေရော သန်ချဆေး သောက်ဖို့လိုသလား။ ကလေးတော့ အသက် ၅ နှစ်ပြည့်ပြီ။ သန်ချဆေး တိုက်ရတော့ မလား။ ကလေးက ညညဆို ငိုနေတာ ဘာလုပ်ရမလဲ။ ကလေးမထွားတာ သန်ချပေးရမလား ။ " စသည့် မေးခွန်းများမှာ အရပ်ထဲတွင် အမေးများလှ သကဲ့သို့ အဖြေကလည်း အမျိုးမျိုး ကြားရမည်သာ ဖြစ်သည်။ သို့သော် ဤ ဆောင်းပါးကို ဖတ်ပြီးလျှင် သင့်အတွက် အထက်ပါအဖြေများ ရှင်းလင်းသွားမည် ဖြစ်သည်။

Wednesday, February 7, 2018

တင်းတိပ်အတွက် နောက်ဆုံးပေါ်ကုထုံး


တင်းတိပ်အတွက် နောက်ဆုံးပေါ်ကုထုံး

တင်းတိပ်ဟာ အမျိုးသမီးတွေကို ဒုက္ခပေးပါတယ်။ အမေရိကန်နိုင်ငံမှာ လူပေါင်း ငါးသန်းကနေ ခြောက်သန်းနီးပါး ခံစားနေရတယ်။ အဲဒီထဲက ၉၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်တယ်။ မျက်နှာ တင်းတိပ်ဟာ မျက်နှာပေါ် ပုံမှန်မဟုတ်တဲ့ အညိုကွက် ၊ အမည်းကွက်တွေ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ပါး၊ နှာခေါင်း၊ မေးစေ့ ၊ နဖူး၊ အပေါ်နှုတ်ခမ်း စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ဆရာဝန်တွေသာမက မိတ်ကပ်ပညာရှင် တွေကို တော်တော် ဒုက္ခပေးတဲ့ထဲမှာ တင်းတိပ်လဲ ပါတယ်။ ကုရလဲခက်၊ ပျောက်ဖို့လဲအချိန်ကြာ၊ ဒီကြားထဲ ဆောင်စရာ ရှောင်စရာတွေကလဲ ရှိသေးတယ်။

Sunday, February 4, 2018

ကောင်းသောပုံသက်သေ


ကောင်းသောပုံသက်သေ

လူငယ်များစွာသည် မိမိတို့ နှစ်သက်သော အဆိုတော် ၊ မင်းသား များ၏ အပြုအမူ ၊ အပြောအဆို ၊ အမူအရာ တို့ကို သိသိသာသာ ဖြစ်စေ ၊ မသိမသာ ဖြစ်စေ အတုခိုးတတ် ကြလေသည်။ ကျွန်တော်ကိုယ်တိုင်ပင် ငယ်စဉ်က တိုက်တန်းနစ် မင်းသားဟု နာမည်ကြီးသော လီယိုနာဒို ကို သဘောကျသည်။ သူ့ဆံပင် အတိုင်း ထားသည်။ သူ ဆေးလိပ်သောက်သည့် စတိုင် ကို သဘောကျသည်။ ထို့နောက်တွင် ကျွန်တော် ဆေးလိပ်စွားသွား သည်။ 

Friday, January 26, 2018

အရွယ်မရွေးအသုံးတည့်သော ဦးနှောက်လေ့ကျင့်ခန်းများ


အရွယ်မရွေးအသုံးတည့်သော ဦးနှောက်လေ့ကျင့်ခန်းများ

ခန္ဓာကိုယ် သွက်လက်ဖျတ်လတ်နေဖို့ ကိုယ်လက် လှုပ်ရှားမှု လိုအပ်သလို ဦးနှောက်လန်းဆန်း နေဖို့လဲ ဦးနှောက် လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုပါတယ်။ တစ်နေကုန်ထိုင်ပြီး စာပဲလုပ်နေရင် တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲလာမယ်။ အဲဒါက ကိုယ်လက် လှုပ်ရှားလိုက်မှ သက်သာမယ်။ ဒီအတိုင်းပါပဲ ဦးနှောက်ကိုလဲ နေ့စဉ်လုပ်နေကျ အလုပ်တစ်မျိုးပဲ လုပ်ခိုင်းနေမယ် ဆိုရင် ထံသွားနိုင် ပါတယ်။ အသက်ကြီးလာ တာနဲ့အမျှ မှတ်ဥာဏ် ပျောက်ဆုံးမှု ကလဲ ပိုလာပါလိမ့်မယ်။ ဒီတော့ ဦးနှောက် လေ့ကျင့်ခန်း တွေလုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းတွေ ဆိုတာကလဲ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ အလုပ်မပျက် ၊ အသွားအလာ မပျက် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

Saturday, January 20, 2018

အသက် ၂၀ ကျော်သူများအတွက် ငွေကြေးစီမံခန့်ခွဲနည်းများ


အသက် ၂၀ ကျော်သူများအတွက် ငွေကြေးစီမံခန့်ခွဲနည်းများ

သင် အသက် ၂၀ အရွယ်မှာ ဘယ်အဆင့်ကို ရောက်နေသလဲ ဆိုတာဟာ သင့်ရဲ့ ကျန်ရှိနေသေးတဲ့ ဘ၀တစ်ခုလုံးအပေါ် အကျိုး သက်ရောက်မှု ရှိသွားနိုင်ပါတယ်။ အသက် ၂၀ ကျော်အရွယ်ဆိုတာ အလုပ်ရခါစ၊ တာဝန်တွေကလဲ သိပ်လေးလေးပင်ပင် မဟုတ်၊ ရတဲ့လစာလေးနဲ့ မုန့်ဝယ်စား၊ လိုချင်တာတွေ ၀ယ်ပြီးပျော်နေလို့ ရသေးတဲ့အရွယ် ဖြစ်ပါတယ်။ သို့သော် ဒီအရွယ်ကတည်းက မိမိငွေကြေးကို စနစ်တကျစီမံခန့်ခွဲ တတ်ပါမှ အသက် ၄၀ ကျော်တဲ့အခါ ကိုယ်ရောက်ချင်တဲ့ အဆင့်ကို ရောက်ဖို့ နီးစပ်ပါလိမ့်မယ်။