Friday, December 25, 2020
ကျောက်ကပ်ကျန်းမာဖို့ အစားအသောက်ဆင်ခြင်စို့
ကျောက်ကပ်ကျန်းမာဖို့ အစားအသောက်ဆင်ခြင်စို့
ကျွန်တော်တို့ ခန္ဓာကိုယ် အစိတ်အပိုင်းများ ကျန်းမာနေ မှသာ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မည် ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက် များကို ဖယ်ရှား ပေးနိုင်သော ကိုယ်တွင်းအင်္ဂါ တစ်ခု ကျန်းမာစေရန် ပြမူ ဆောင်ရွက်သင့်သည် များကို ဝေမျှပေးလိုသည်။
ခန္ဓာကိုယ် အတွင်းရှိ အဆိပ်အတောက် များကို ဖယ်ရှားပေး နိုင်သော     အတွင်းအင်္ဂါ တစ်ရပ်မှာ ကျောက်ကပ်ပင် ဖြစ်သည်။ နံရိုးတို့၏ အောက်ဘက် အနားတွင်ရှိသော လက်သီးဆုပ် အရွယ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း ဖြစ်သည်။ ကျောက်ကပ်သည်  ကျောရိုး၏ တစ်ဖက်တစ်ချက်စီ တွင်ရှိကြသည်။ သူ၏  အဓိကတာဝန်မှာ ခန္ဓာကိုယ် အတွင်းက အညစ်အကြေး တွေကို စစ်ထုတ်ပေးခြင်း ဖြစ်သည်။
Wednesday, December 23, 2020
အရမ်းမဲ့မသုံးသင့်သော တိုင်းရင်းဆေးများ
အရမ်းမဲ့မသုံးသင့်သော တိုင်းရင်းဆေးများ
မည်သည့် ဆေးဝါးမဆို ဘေးဥပဒ်နှင့် မကင်းပါ။ အနောက်တိုင်း ဆေးဝါးများတွင် ကောင်းကျိုးနှင့် ယှဉ်တွဲ၍ မလိုလား အပ်သော ဘေးဥပဒ် များရှိကြောင်း လူအတော်များများ သိပြီးဖြစ်ကြသည်။ ဥပမာ အားဖြင့် အကိုက်အခဲ ပျောက်ဆေးများ သုံးစွဲခြင်း လွန်ကဲလျှင်  အစာအိမ် သွေးကြောများ ပေါက်တတ်ကြောင်းကို ဆေးပညာရှင် များက အမြဲသတိပေး နေကြ သည်။
တိုင်းရင်းဆေးဝါး များသည်လည်း ထိုကဲ့သို့ ကောင်းကျိုးနှင့် ယှဉ်တွဲ၍ မလိုလားအပ်သော ဘေးဥပဒ်များ ရှိကြောင်းကိုမူ သိသူ အလွန်နည်းပါး လှသည်။ မြန်မာဆေးပဲ  ဘာမှအန္တရာယ် မရှိပါဘူးဟု  ပြောကြကာ ထင်သလို စားသုံးကြ၊ ထင်သလို ကြော်ငြာရောင်းချ တတ်ကြသည်။
Monday, December 21, 2020
ဆောင်းရာသီ ရေချိုး မကြောက်သင့်
ဆောင်းရာသီ ရေချိုး မကြောက်သင့်
ရှေးလူကြီးများက   ရေချိုးချိန်ကို   နွေ ကိုး၊   မိုး တစ်ဆယ်၊    ဆောင်း ဆယ့်တစ် လို့    ဆိုကြတယ်။ ဒါကြောင့်   ဆောင်းရာသီမှာ  နံနက်  ၁၁  နာရီတွင် ရေချိုးခြင်းက သင့်လျော်ပါတယ်။ ချမ်းအေး၍ ရေချိုးရ ခက်နေပါက   ဦးစွာ သွားတိုက်ပါ၊     ပြီးမှ ရေချိုးပါ။ သွားတိုက်နေစဉ် လည်ကုပ်နွေး၊ ချိုင်းပူ သွားသဖြင့်  ရေချိုးရတာ မချမ်းတော့ပါ။ အအေးကြောက် သူများက ရေနွေးစပ်၍ ချိုးပေးနိုင်ပါတယ်။ သို့သော် ရာသီဥတု မည်မျှအေးပါစေ  ရေနွေးနဲ့ ခေါင်းမလျှော် သင့်ပေ။ မိမိ ခန္ဓာကိုယ်တွင်း အပူချိန်ထက် ပို၍ ပူသောရေနွေးဖြင့်  ခေါင်းလျှော်ခြင်းက    ဆံသားကို ကာကွယ်ပေးသော သဘာဝ အဆီဓာတ်ကို ဆုံးရှုံးသွားကာ   ဆံသားများ  ခြောက်သွေ့မာဆတ် လာစေပါတယ်။     ဒါ့အပြင် ရေနွေးဖြင့် ခေါင်းလျှော်ခြင်းက မျက်စိကို ထိခိုက်စေပါတယ်။
Friday, December 18, 2020
ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ
ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ
သွးတိုးရောဂါဟာ လူကို မကူးစက်နိုင်တဲ့ နာတာရှည် ရောဂါတစ်ခု ဖြစ်တယ်။  ကိုယ်ဝန်ဆောင် မိခင် သွးတိုးရင် ကိုယ်ဝန်ဆိပ် တက်ခြင်း၊ ကိုယ်ဝန် ပျက်ကျခင်း ကလေးစောစော မွေးခြင်း၊ပါင်မပြည့် လမစေ့ မွးခြင်းတို့ ဖြစ်စေတယ်။ မိခင်ရော၊ ကလေးပါ ကျန်းမာရး ဒုက္ခရောက် နိုင်တယ်။ သိပ်ဆိုးရင် အချင်းကနေ ကလေးဆီ အာဟာရပို့တဲ့ အချါို့ယွင်းမှုရှိကာ ရသင့်တဲ့ အာဟာရမရလို့ ကလေးကြီးထွားမှု နှေးစေတယ်။
ကိုယ်ဝန်ရှိ၊ မရှိစစ်ဆေးဖို့ လိုသလို  သွးတိုးရောဂါ စွဲကပ်ရင်  မိမိဗိုက်အပ်တဲ့ ဆေးရုံ၊ဆးခန်းပြန်ပြဖို့ လိုတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး တက်ရင်သွးဆိပ် တက်ခြင်း ဖြစ်တတ်ရာ -
() ဦးနှောက်ရောင် နိုင်တယ်။ ဦးနှောက် သွေးကြောပတ်၊ ဦးနှောက် ရုတ်တရက် တိုက်ခိုက်ခံရပြီး အသက်ဆုံး နိုင်တယ်။
Thursday, December 17, 2020
ကာကွယ်ဆေးဝေစု အများဆုံးရရှိထားတဲ့ အိန္ဒိယရဲ့ လျှို့ဝှက်ချက်
ကာကွယ်ဆေးအကျပ်အတည်းကာလမှာ ကာက်ွဆေးဝေစု အများဆုံးရရှိထားတဲ့ အိန္ဒိယရဲ့ လျှို့ဝှက်ချက်
ကမ္ဘာမှာ  ကိုဗစ်-၁၉  ရောဂါစတင် ဖြစ်ပွားပါပြီ ဆိုကတည်းက အင်အားကြီး နိုင်ငံတွေဟာ ကာကွယ်ဆေး ဖော်စပ်ထုတ် လုပ်ရေးလုပ်ငန်းမှာ ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ပြီး   ကာကွယ်ဆေး တွေကို စောစောစီးစီး ရရှိနိုင်ဖို့   ကြိးပမ်းလာခဲ့ ကြတာပါ။ တချို့ဆိုရင် သူတို့နိုင်ငံရဲ့ ရပ်တည်မှုကို အသုံးပြပြီး ဆေးဝါးတွေကို လက်ဝါးကြီးအုပ်ဖို့ ကြံပါတယ်။ တချို့ ကျတော့လည်း ကာကွယ်ဆေး နောက်ကို ငွေအားနဲ့လိုက် ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရယ်လို့ မပေါ်သေးခင် ကတည်းက  ကမ္ဘာ့နိုင်ငံကြီး တွေအနေနဲ့ လက်ဦးမှု ရယူထားတဲ့  ကာကွယ်ဆေး အရေအတွက်က ဆေးဝါးကုမ္ပဏီ တွေရဲ့ ထုတ်လုပ် နိုင်စွမ်းအနက်   ၆၀ ရာခိုင်နှုန်း ကျော်ရှိ နေတာပါ။
Wednesday, December 16, 2020
အေးသောရာသီတွင် ရေနွေးချိုးခြင်း အကျိုးအပြစ်
အးသောရာသီတွင်ရနွေးချိုးခြင်း အကျိုးအပြစ်
ရချိုးခြင်းသည် စင်ကြယ်၏။ အသက်ကို ရှည်စေတတ်၏။ ပင်ပန်းခြင်း၊ချွး၊ အညစ်အကြေး တို့ကို ပယ်နိုင်၏။ အားကို ဖြစ်စေတတ်၏။ သြဇာကို လွန်စွာ ဖစ်စေတတ်၏။ ရနွေးဖြင့်  ဦးခေါင်းကို ဆေးလျှော်ခြင်းသည် အားကို ဖြစ်စေတတ်၏။ ဆံပင်၊  မျက်စိနှင့် မသင့်။ (ရေနွေးဖြင့် ရေချိုးခြင်း၊   ခါင်းလျှော်ခြင်း သည် ကိုယ်စင်ကြယ်ခြင်း မျှသာဖြစ်သည်။ ဆိုခဲ့ပြီးသော ရချိုးခြင်း၏ အကျိုးအပြစ် မရှိပြီ။)
ဦးခေါင်း ဆေးလျှော်၍ ရေချိုးခြင်းသည်ရငတ်ခြင်း၊ အာစောက်၊ ပါးစပ်ခြောက်ခြင်း တို့ကိုနိုင်၏။ အညစ်အကြေးကို စင်ကြယ်စေ တတ်၏။ ကိုယ်၏ ပူအိုက်ခြင်း၊ ၀က်ခြံ၊ ယားနာ၊ သည်းခြေကြောင့် ဖြစ်သော ဦးခေါင်းနာ တို့ကိုနိုင်၏။ လ၊ သလိပ်နာ ရှိသောသူသည်ရအေး မချိုကာင်း၊ စဉ်းငယ် နွေးသောရနွေးကိုသျာိုးရမည်။သွးနာ၊ သည်းခြေနာ ရှိသော သူသည်လည်းရနွေး မချိုးကောင်း၊ရအေးကိုသျာိုးရမည်။ ( ယောအတွင်းဝန်  ဦးဖိုးလှိုင် ဥတုဘောဇန သင်္ဂဟကျမ်းရတို့၏ ဂုဏ်ကို ပခြင်းမှ) ထို့ပြင် မျက်နှာ၊ ပါးစပ်ရွဲ့သောသူ၊လနာ ရှိသောသူ၊ မျက်စိနာ ရှိသောသူ၊ ခံတွင်းနာ ရှိသောသူ၊ ၀မ်းရောင်သာသူ၊ နှာစေးသောသူ၊ အစာမကြေ သောသူ၊ အစာစား ပြီးနောက် စားသော အစာမကြေ သောသူ တို့သည်ရမချိုးအပ်ကုန် ဟုလည်းနာက်ဆက်တွဲဖ်ာပြထား သည်ကိုလ့လာတွေ့ရှိ ရသည်။
Tuesday, December 15, 2020
အနီရောင်အသားများမှ ပေးသော နာမကျန်းမှု
အနီရောင်အသားများမှ ပေးသော နာမကျန်းမှု
ကျွန်တော်တို့သည် သက်ရှည် ကျန်းမာဖို့ အစာ အာဟာရများ မှီဝဲသုံးဆောင် ကြရသည်။ အစာ အာဟာရများ မှီဝဲသုံးဆောင်ခြင်း ဆိုရာတွင် အသားငါး၊ ဟင်းသီး ဟင်းရွက်များ၊ အစေ့အဆန်များ၊ မုန့်ပဲသရေစာ များကို မျှတစွာ သုံးဆောင်ကြ ရသည်။ ယခုနှစ်များ အတွင်းတွင်မူ မြန်မာနိုင်ငံတွင် အသားစားသုံးမှု နှုန်းသည် မြင့်တက်လျက် ရှိသည်ကို လေ့လာမှုများ အရ သိရသည်။
အသားစားခြင်း သည် ကျွန်မတို့ ခန္ဓာကိုယ် အတွက် အရေးကြီးသော ပရိုတိန်းဓာတ် ရရှိရန်အတွက် အရေးပါသော အရင်းအမြစ် တစ်ခုဖြစ်သည်။ ထို့အတူ ဗီတာမင်ဘီတွဲ နှင့်သံဓာတ် လိုမျိုး မရှိမဖြစ် လိုအပ်သော ဓာတ်များကိုလည်း ရရှိနိုင် ပါသေးသည်။ သို့သော် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း အနီရောင် ရှိသော အသားများကိုမူ အလွန်အကျွံ မစားသုံးသင့်ပါ။ အနီရောင်ရှိသော အသားများ ဆိုရာတွင် အမဲသား၊ ၀က်သား၊ ဆိတ်သားတို့ အပါအ၀င် ဖြစ်သည်။
Monday, December 14, 2020
အီးစီးကရက်များ နှင့် ကျန်းမာရေးပြဿနာ
အီးစီးကရက်များ နှင့် ကျန်းမာရေးပြဿနာ
တစ်ကမ္ဘာလုံးတွင် အရွယ်ရောက်ပြီး ဆေးလိပ် သောက်သူပေါင်း ၁ ဒသမ ၁ သန်းခန့်ရှိပြီး ၄င်းတို့အနက် ၆၀ ရာခိုင်နှုန်း ခန့်မှာ ဆေးလိပ်ဖြတ်ရန် ကြိုးစားဖူးသူ ၊ ကြိုးစာနေသူ များဖြစ်သည်။ ထိုသို့ ဆေးလိပ်ဖြတ်ရန် ကြိုးစား နေသူများ အနက် ရာခိုင်နှုန်း အတော်များများ သည် အီးစီးကရက် e-Cigarette ဟုခေါ်သည့် လျှပ်စစ်အားကို သုံးပြီး နီကိုတင်း ကို အငွေ့ထုတ်ပေးသည့် စက်ကို စမ်းကြည့်ဖူး သူများ ၊ သုံးကြည့် နေသူများ ရှိနေသည်။ အီးစီးကရက် သည် အမှန်တကယ် ကူညီ ပေးနိုင်သည်ဟု ထင်ပါသလား။ အီးစီးကရက် သည် သောက်သုံးသူ နှင့် သောက်သုံးသူ ပတ်ဝန်းကျင်ရှိ လူများအတွက် အန္တရာယ် ကင်းပါသလား။ ကျန်းမာရေး ထိခိုက်မှု မရှိစေဘဲ ဆေးလိပ် ဖြတ်နိုင်စေ သလား စသော မေးခွန်းများကို သိချင်သူများ ရှိပါလိမ့်မည်။ ထို့ကြောင့် စာဖတ်သူများ အတွက် ဆေးလိပ် အစားသုံး နီကိုတင်း အငွေ့ ထုတ်ပေးနိုင်သည့် အီးစီးကရက် များ အပါအ၀င် အခြားသော ထုတ်ကုန်များနှင့် ၄င်းတို့၏ ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုး ၊ ဆိုးကျိုးများကို ရေးသား လိုပါသည်။
Sunday, December 13, 2020
နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ သတိပြုကာကွယ်ကုသပါ
  နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ သတိပြုကာကွယ်ကုသပါ 
နာတာရှည် အဆုတ်ပွ လြွေပန်ကျဉ်း ရောဂါသည် လူတို့၏အဆုတ်၊ လေပြွန်များ တွင် အမြဲရောင်ရမ်း နေစေကာ  လေဝင်၊   လေထွက် လမ်းကြောင်းတို့ ကျဉ်းသွားခြင်း ကြောင့် ဖြစ်ရသော ပြဿနာဖြစ်သည်။   နာမည်ပါအတိုင်း နာတာရှည် အဆုတ်ရောဂါ တစ်မျိုး ဖြစ်သည်။ တဖြည်းဖြည်း ရောဂါဆိုးရွား နိုင်သည်။ အားလုံး သိထားကြသော ပန်းနာရင်ကျပ် ရောဂါနှင့်မတူ  ကွဲပြားသည်။ ရင်ကျပ်ရောဂါ သည် ဓာတ်မတည့်သော အကြောင်းအရာ တစ်ခုကြောင့် ချက်ချင်း အဆုတ်လေပြွန်များ တစ်ခဏအတွင်း ကျဉ်းမြောင်း လာမှုကြောင့် ရောဂါဝေဒနာ ခံစားရသည်။ ရင်ကျပ်ရောဂါနှင့် တူသလိုလိုနှင့် ကွဲပြားသည်။
Saturday, December 12, 2020
ဆီးချိုရောဂါ နှင့် ခြေထောက်ကျန်းမာရေး
ဆီးချိုရောဂါ နှင့် ခြေထောက်ကျန်းမာရေး
ဆီးချိုလူနာရှင်တွေ အဓိက ဂရုစိုက်ရမယ့် နေရာက ခြေထောက် ဂရုစိုက်ခြင်းပဲ ဖြစ်တယ်။  ခြထောက်ဟာ ဆီးချိုလူနာတွေ ဒဏ်ရာ အနာတရ အဖြစ်လွယ်ဆုံး နေရာဖြစ်တယ်။ ခြေထောက်ဟာ ထိခိုက်မှုတိုင်း မသိလိုက်တာ ပါတယ်။ အာရုံခံစားမှု နည်းပါးခြင်း၊ ခြေထောက် အနေအထား မမှန်ခြင်း၊ ခြေထောက်မှာ အချိန်ကြာမြင့်စွာ အနာဖြစ်ခြင်း၊ ဆီးချို ရောဂါကြောင့် အာရုံကြော များပျက်စီးနေလို့ အာရုံခံစားမှု နည်းပါးပြီး ခဲလုံးနင်း မိခြင်း၊ ဆူးစူးမိခြင်း၊ အပူလောင်ခြင်း၊ ပွတ်တိုက်ခြင်း တို့ကြောင့် အနာဖြစ်ခြင်း၊ အရေကြည်ဖု ဖြစ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
ဆီးချို သွေးချို ထိန်းသိမ်းဖို့ လိုတယ်။ ကျန်းမာတဲ့ နေထိုင်မှုဘ၀ ဖြစ်စေရေး အတွက် သွေးပေါင်ချိန် ပုံမှန် ထိန်းရမယ်။ သွေးချို ပုံမှန်(၇၅-၁၇၅) မီလီဂရမ် ရာခိုင်နှုန်းပဲ ဖြစ်တယ်။ သွေးအတွင်း အဆီတွေ ပုံမှန်အဆင့် ဖြစ်အောင် ထိန်းထားရမယ်။ ဆီးချို ထိန်းထားရင်  ဆီးချိုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့ မျက်စိမှုန်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်း၊ နှလုံး ရုတ်တရက် အတိုက်ခိုက်ခံ ရခြင်း၊ ဦးနှောက် ရုတ်တရက် အတိုက်ခိုက်ခံ ရခြင်းတို့မှ ကာကွယ်နိုင် ပါတယ်။
Thursday, December 10, 2020
စက္ခုအာရုံ ကောင်းစေချင်
စက္ခုအာရုံ ကောင်းစေချင် 
သက်ရှိသတ္တ၀ါ အားလုံးအတွက် အရေးကြီးဆုံး အစိတ်အပိုင်း သည် မျက်လုံးတစ်စုံ ဖြစ်သည်ကို ယုံမှား သံသယ ဖြစ်ဖွယ် မရှိပါ။ ထို့ကြောင့်လည်း ရှေးလူကြီးများက မျက်စိအဆုံး အားအရှုံး ဟု မိန့်ဆို ခဲ့ကြလေသည်။ အတိတ်ကံ အကျိုးပေးကြောင့် မွေးရာပါ အမြင်ကွယ်ခြင်း ၊ မျက်စိ အားနည်းခြင်း ၊ သူငယ်အိမ် စောင်း၍ အမြင်ချို့တဲ့ ခြင်းကို မဆိုလို သော်လည်း ကျန်းမာရေး အခြေခံ ဗဟုသုတ အားနည်း၍ နေထိုင် စားသောက်မှု ပုံစံ မမှန်ခြင်း နှင့် ဘေးပယောဂ အမျိုးမျိုးကြောင့် စက္ခုအာရုံ ချို့ယွင်း သွားခြင်းသည် ကာယကံရှင် အတွက် သာမက နိုင်ငံတော် အတွက်ပါ ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သည်။
          မျက်စိ အတွင်းတိမ် ၊ မျက်စိရေတိမ် ၊ မျက်ခမ်းစပ် ရောဂါ စသည့် မျက်စိရောဂါ အမျိုးမျိုး မတော်တဆ ထိခိုက်မိခြင်း သို့မဟုတ် လုပ်ငန်းခွင်မှ ထိုခိုက်မှု အန္တရာယ် ၊ အာဟာရ ချို့တဲ့ခြင်း ၊ ဆီးချို သို့မဟုတ် သွေးတိုး  သို့မဟုတ် ကျောက်ကပ်ရောဂါ တို့အတွက် သုံးစွဲလျက် ရှိသော ပဋိဇီဝဆေးဝါး များ၏ ဘေးထွက် ဆိုးကျိုးများ စသည် တို့ကြောင့်လည်း အမြင်အာရုံ ပျက်စီးနိုင် သကဲ့သို့ မျက်စိကို အလွန်အကျွံ သုံး၍ ဂိမ်းကစားခြင်း ၊ ကွန်ပျူတာ ကြည့်ခြင်း ၊ ဖုန်းကစားခြင်း ၊ စာကြည့်ခြင်း ၊ နေရောင်ခြည်အောက် ဦးထုပ် ၊ ထီး ၊ နေကာ မျက်မှန် စသည်ဖြင့် အကာအကွယ် မပါဘဲ သွားလာခြင်း ၊ ဆေးလိပ် ၊ အရက် သောက်ခြင်း ၊ အသားမှုန့် များနှင့် အချိုမှုန်ကဲ့သို့ ဓာတုပစ္စည်း များကို စားသောက်ခြင်း တို့ကလည်း အမြင်အာရုံ ချို့ယွင်းစေသော အကြောင်းများ ဖြစ်သည်။
Wednesday, December 9, 2020
ဆောင်းရာသီအတွက် ဆောင်ရန်ရှောင်ရန် အစားအစာလေးများ
ဆောင်းရာသီအတွက် ဆောင်ရန်ရှောင်ရန် အစားအစာလေးများ
ရှေးမြန်မာကြီး များက ဆောင်းတွင်း တစ်တွင်းလုံး ကျန်းမာစေဖို့ အတွက် လက်စွဲတော် ဆေးနည်းတို လေးကို မှီဝဲလေ့ ရှိကြပါတယ်။ ၎င်းဆေးနည်းမှာ  ငရုတ်ကောင်းစိမ်း၊ ပိတ်ချင်းသီး နှင့် ချင်းစိမ်းခြောက် ၎င်း သုံးမျိုးတို့အား ၉ မူးသားစီ ဆတူရော၍ ထိုအရော အနှောထဲသို့ ထန်းလျက်ရည် နှင့် ပျားရည် တစ်ဆယ် ကျပ်သားစီ ရောစပ်ပြီး ဆေးရည်တည် ပါတယ်။
ထိုဆေးနှစ်ရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ပမာဏ ခန့်ကို ဆောင်းဝင်သည့် နေ့ကစပြီး တစ်နေ့တစ်ကြိမ် မျှသာ စားပေးရုံဖြင့် ဆောင်းဥတုမှာ မည်သည့် ရောဂါမျှ မရှိနိုင်တော့ဘူးလို့ ဆိုပါတယ်။ ထိုနည်းတူစွာပင် နွေရာသီ၊  မိုးရာသီ အတွက်ပါ ဆေးနည်းတို လေးများ ဖော်စပ်သောက်သည့် ဓလေ့ကို လေ့လာကြည့်ခြင်း အားဖြင့် ရှေးမြန်မာကြီး များဟာ ကျန်းမာရေး အသိအမြင်နှင့် ပတ်သက်၍ ခေတ်နောက် မကျဘူး လို့ ဆိုနိုင်ပါတယ်။ ယနေ့ကမ္ဘာမှာ တစ်နေ့တခြား တိုးတက်ခေတ်မီ လာတဲ့အလျောက် ရုပ်ဝတ္ထတွေနောက် အမီလိုက်ရင်း   နေထိုင်စားသောက်မှု ပုံစံတွေလည်း ပြောင်းလဲ လာကြရာ လွယ်ကူ မြန်ဆန်သော အစား အသောက်တွေကို အာသီသ ရှိလာကြပြီး ကျန်းမာရေး အတွက် ဘေးထွက် ဆိုးကျိုများစွာ ခံစားနေကြရ ပါတယ်။ ဒီတစ်နှစ် ဆောင်းဥတုမှာ တော့ဖြင့် ရာသီဥတု နှင့်လျော်ညီစွာ စားသောက်နေထိုင် တတ်ဖို့အတွက် အောက်ဖော်ပြပါ ဆောင်ရန်/ ရှောင်ရန် အစားအစာ လေးများဖြင့် မျှဝေ လိုက်ရပါတယ်။
Tuesday, December 8, 2020
အိုခြင်း၏လက္ခဏာ သို့မဟုတ် ဆီးကျိတ်ရောင်ရောဂါ
အိုခြင်း၏လက္ခဏာ သို့မဟုတ် ဆီးကျိတ်ရောင်ရောဂါ
ဆီးကျိတ်ရောင် ရောဂါသည် အသက်ကြီးသူ အမျိုးသား များတွင် အဖြစ်များသော ရောဂါဖြစ်သည်။ ဆီးကျိတ်သည် အမျိုးသားများတွင် သာရှိသော အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဘ၀တစ်သက်တာ ကြီးထွားမှု စက်ဝိုင်း ၂ ကြိမ်ဖြစ်သည် ဟု ဆိုကြသည်။ ပထမ အကြိမ်မှာ မွေးစအရွယ်မှ လူပျိုပေါ်ဝင်ခါစ အချိန် ဖြစ်ပြီး အရွယ်မှာ ၂ ဆ ကြီးလာသည်ဟု ဆိုထားသည်။ ဒုတိယစက်ဝန်းမှာ အသက် ၂၅ နှစ်ခန့်မှ စတင်ကာ အသက်ကြီး လာသည်နှင့် အမျှ တဖြည်းဖြည်း ကြီးမား လာသည်ဟု ဆိုသည်။ ဆီးကျိတ်ရောင် ရောဂါသည် အဆိုပါ ဒုတိယအဆင့် တွင် ဖြစ်ပွားသည်ဟု ဆိုကြသည်။ ဆီးကျိတ်ရောင် ရောဂါသည် အသက် ၅၁ နှစ်မှ ၆၀ ကြား အမျိုးသားများ၏ ထက်ဝက်ခန့်တွင် ဖြစ်ပွားနေပြီး အသက် ၈၀ နှင့်အထက် ဆိုပါက ၉၀ ရာခိုင်နှုန်းခန့် ဖြစ်တတ်သည်ဟု ဆိုထားသောကြောင့် အိုခြင်း၏ လက္ခဏာ ဟုပင် ဆိုနိုင်သည်။
Saturday, December 5, 2020
ကိုကိုဒီမာ ခေါ် တားမြစ်ထားသော အသီး
ကိုကိုဒီမာ ခေါ် တားမြစ်ထားသော အသီး 
အိန္ဒိယသမုဒ္ဒရာ ထဲတွင် တည်ရှိသော ဆေရှဲလ်စ်ကျွန်းစု များတွင်သာ ပေါက်ရောက်ပြီး ရှားပါးသော အုန်းပင်မျိုးစိတ် ဖြစ်သည့် ကိုကိုဒီမာ ( Coco de mer ) ဟုခေါ်သည့် အခွံမာသီး ပါသော အပင်သည် ဒဏ္ဍာရီ အမျိုးမျိုးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ရှိသည့် ထူးဆန်းသည့် အပင်တစ်မျိုး ဖြစ်သည်။
Friday, December 4, 2020
ဆောင်းကြို ဧကရာဇ် နှင့် ဆေးဖက်ဝင်ပုံ
ဆောင်းကြိဧကရာဇ် နှင့် ဆေးဖက်ဝင်ပုံ
ဆောင်းအ၀င် ရောက်လာပြီ ဖြစ်သည့်အတွက် ဧကရာဇ်ပန်း များက ဖြဖွေးစွာ ကြိဆို နေကြသည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလ တို့တွင် ဧကရာဇ်ပန်းများ ပွင့်လေ့ရှိသည်။ ဧကရာဇ်ပင်သည် အပင်ကြီးမျိုး ဖြစ်ကာ ပင်စည်မှာ ဖြောင့်မတ်နေသည်။  အရွက်များမှာ ရွက်မြွှာမစုံ နှစ်ဆင့် သို့မဟုတ် သုံးဆင့် ငှက်မွေးရွက်ပေါင်းများ ဖြစ်ကြသည်။ အရွက်များသည် ထောင့်မှန်ရွက်ဆိုင် ထွက်လေ့ရှိသည်။ ရွက်မြွှာများသည် ဘဲဥပုံ၊ လှံသွားပုံ ရှိကာ ရွက်နားမှာ လွှသွားပုံစံ ရှိသည်။ ပန်းပွင့်သည် အဖြရောင်လိင်စုံ ဖြစ်ပြီး နှစ်ခြမ်းညီ ပန်းဖြစ်သည်။ နှစ်လိုဖွယ်ရာ သင်းပံျ့သော အနံ့လည်း ရှိသည်။ အသီးများမှာ ရှည်လျားပြီး ပြား၍ အက်ကွဲသော အသီးများရှိသည်။
အလွန်အေးသော အရပ်ဒေသများမှ အပ အခြားဒေသ များတွင် အနှံ့အပြား တွေ့နိုင်သည်။ ဧကရာဇ်ပင် ၏ ရေသောက်မြစ်မှာ မြေတွင်းသို့ နက်ရိင်းစွာ ထိုးဆင်းသော်လည်း ဘေးအမြစ် များမှတစ်ဆင့် အပင်များ ထပ်ထွက်လေ့ ရှိသည်။ အခေါက်မှာ ညိုဝါရောင်ရှိပြီး ကမ်းသည်။ ဧကရာဇ်ပင်၏ Indian Cork Tree ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Millingtonia Hortensis Linn.f  ဖြစ်သည်။  မျိုးရင်းအမည်မှာ Bignoniaceae ဖြစ်သည်။