Thursday, December 3, 2020

ပဋိဇီဝပိုးသတ်ဆေး မှန်ကန်စွာ အသုံးပြုကြရေး

 

ပဋိဇီဝပိုးသတ်ဆေး မှန်ကန်စွာ အသုံးပြကြရေး 

 


ကျွန်ုပ်တို့ လူသားများသည် နေ့စဉ်နှင့်အမျှ ရောဂါအန္တရာယ် အသွယ်သွယ်နှင့် ကြံဆုံနေထိုင် နေကြရသည်။ ကမ္ဘာ့ကပ်ကြီး သုံးပါးတို့တွင်  ရောဂန္တရကပ် သည်လည်း တစ်ခု အပါအ၀င် ဖစ်သည်။ ၉၆ ပါးသော ရောဂါ များထဲမှ တစ်မျိုး သို့မဟုတ် တစ်မျိုးထက် ပို၍ခံစား ရနိုင်သည်။ ရောဂါများကို အကြမ်းဖျင်း အားဖြင့် နှစ်မျိုး ခွဲခြားနိုင်သည်။ ကူးစက်ပိုးမွှား များကြောင့် ဖြစ်သော ကူးစက်ရောဂါ များနှင့် မကူးစက်နိုင်သော ရောဂါများ ဖြစ်ကြသည်။

ကူးစက်ရောဂါ များသည် ယေဘုယျ အားဖြင့် အမြစ်ပြတ် အောင်ကုသ နိုင်သည်။ ပဋိဇီဝ ပိုးသတ်ဆေးကြောင့် ကူးစက်သော ပိုးမွှားကို တိုက်ထုတ် သေစေ နိုင်လေသည်။ ဥပမာအားဖြင့်   အဆုတ်နာ တီဘီရောဂါပိုး၊ ၀မ်းကိုက် ရောဂါပိုးနှင့်  ငှက်ဖျား ရောဂါပိုး  စသည်တို့ ဖြစ်ကြသည်။


မကူးစက်နိုင်သော ရောဂါသည်ကား ကမ္ဘာ့နိုင်ငံများ အားလုံး တန်းတူ ထိုးနှက်လျက် ရှိသည်။ ဖွံ့ဖြိုးသော ကမ္ဘာ့နိုင်ငံ များသည်  ကူးစက်ရောဂါ တချို့ ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ တို့သည်ကား ကူးစက်တတ်သော၊ မကူးစက်တတ်သော ရောဂါပေါင်းစုံ တို့ဒဏ်ကို ခံနေကြရသည်။

ကူးစက်တတ်သော ရောဂါများ၏ ထိုးနှက်မှုကို မဟာလူသား တို့သည်  အတိတ်ဆီက တော်တော်ခံခဲ့ ရသည်။ ပလိပ်ရောဂါ၊ ကျောက်ကြီး ရောဂါ၊ ကာလ၀မ်း ရောဂါနှင့် ရာသီပေါ်တုပ်ကွေးရောဂါ စသောရောဂါ အမျိုးမျိုးကြောင့် အသက်ပေါင်း များစွာဆုံးရှုံးခဲ့ ကြရသည်။ ယခုအခါ ကိုဗစ် -၁၉ ရောဂါကပ်ကို အားလုံး ဆိုးဆိုးရွားရွား ခံစားရလျက် ရှိပါသည်။ နေ့စဉ် လူသန်းပေါင်း များစွာသည် အထွေထွေ ကူးစက်ရောဂါများ ဖြစ်ပွား လျက်ရှိပြီး တစ်နှစ်တွင် လူ ၄ သန်းခန့် အထွေထွေ ကူးစက် ရောဂါကြောင့် သေဆုံးလျက် ရှိသည်။

ကာကွယ်၍ ရသော  ကူးစက်ပိုးရောဂါ တို့ကို ကာကွယ်ဆေး များဖြင့်  တွင်တွင်ကျယ်ကျယ် အသုံးပြုကာ ကမ္ဘာ့ရောဂါ ကပ်ကြီးများကို မဟာလူသား တို့၏ ဥာဏစွမ်းအား၊ ဓနစွမ်းအားနှင့် စုပေါင်းစွမ်းအား တို့ဖြင့် ကျော်လွှား နိုင်ခဲ့ကြသည်။ ကူးစက်နိုင်သော ရောဂါတို့ကို အဓိက ကုသရန် ပဋိဇီဝ ပိုးသတ်ဆေးများ အလွန်အမင်း သုံးစွဲခဲ့ကြသည်။ လူ့အသက်ပေါင်း များစွာ ကယ်တင်ရန် သုတေသနများစွာ ပြလုပ်နိုင်ခဲ့ ကြသည်။

ပဋိဇီဝ ပိုးသတ်ဆေး ဆိုသည်မှာ  ခန္ဓာကိုယ်ထဲရှိ ကူးစက် တတ်သော ရောဂါပိုးများကို တိုက်ထုတ် ဖျက်ဆီးရန်နှင့် ပွားများမှုကို ရပ်တန့်နိုင်ရန် အသုံးပြသော ဓာတုဗေဒ အခြေခံသော ဆေးဝါးဖြစ်သည်။ အသက်ကယ်သော ဆေးဝါးဖြစ်သည်။ ပဋိဇီဝ ပိုးသတ်ဆေးများကို လွန်ခဲ့သောနှစ် ၂၀၀၀  ကျော် ကတည်းကပင် မဟာလူသားတို့ သုံးစွဲခဲ့ကြသည်။ ရှေးအီဂျစ် လူမျိုးများနှင့် ဂရိလူမျိုးတို့၏ ဆေးပညာ အစတွင်ပင် ပိုးသတ်ဆေးများ အဖြစ် အပင်တချို့ကို အသုံးပြခဲ့ကြောင်း လေ့လာရသည်။ ပထမဆုံး အနေဖြင့် ထောင့်သန်း ရောဂါပိုးနှင့်    ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး များကို သုတေသန များမှတစ်ဆင့် ရှာဖွေဖော်ထုတ် နိုင်ခဲ့ကြပြီး အသက်ပေါင်း များစွာ ကယ်တင် နိုင်ခဲ့သည်။ ပဋိဇီဝ ပိုးသတ်ဆေး ရှာဖွေ ဖော်ထုတ်မှုတွင်  ပင်နီဆီလင် ဆေးအား ဖော်ထုတ် နိုင်ခြင်းသည် ကမ္ဘာ့ ဆေးလောက အတွက် ကြီးမားသော မှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။

အရာရာ၌ ကောင်းကျိုးနှင့် ဆိုးကျို  ဒွန်တွဲ နေလေသည်။ ပဋိဇီဝ ပိုးသတ်ဆေး တို့သည်လည်း ဓာတုဗေဒ အမျိုးအစားများ ဖြစ်ခြင်းကြောင့်  ဘေးထွက်ဆိုးကျိုး များရှိသည်။ တချို့သော ပိုးသတ်ဆေးများက သဘာဝ အပင်တို့မှ ထုတ်ယူပြလုပ် ထားခြင်းသည် မှန်သော်လည်း သုံးစွဲသော ပမာဏနှင့် အချိန်ကာလ အားဖြင့် လည်းကောင်း၊ သန့်စင်နိုင်မှုနှင့် ခန္ဓာကိုယ် အတွင်းဓာတ်များ အချင်းချင်း ဓာတ်ပြနိုင်မှု တို့ကြောင့် လည်းကောင်း နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုး များစွာ ရှိပါသည်။

ပဋိဇီဝ ဆေးယဉ်ပါးခြင်း သည် အန္တရာယ် ရှိသော ဘေးထွက်ဆိုးကျိုး တစ်ခုဖြစ်သည်။   လူသားတို့ကို တိုက်ခိုက်သော ပိုးတို့သည် လွဲမှားမှု တို့ကြောင့် ပိုးသတ်ဆေး ပေးသော်လည်း  ချက်ချင်း မသေတော့ကာ ဆက်လက်ရှင်သန် လာနိုင်သည်။ ပိုးသတ်ဆေး ဒဏ်ခံနိုင်သော မျိုးစိတ်အဖြစ် သဘာဝအားဖြင့် ရှင်သန်ပြောင်းလဲ နိုင်သွားကြသည်။ သဘာဝ ပြောင်းလဲ သွားသော ပဋိဇီဝပိုး မျိုးစိတ်တို့ကို ခက်ခဲစွာ ကုသရသည်။

ပဋိဇီဝ ပိုးသတ်ဆေး ပမာဏများများ လိုအပ်တတ်သည်။  ပိုးသတ်ဆေး နှစ်မျိုး သို့မဟုတ်  ပိုးသတ်ဆေးများ ပေါင်းသုံး၍   ကုသရတတ်သည်။  ထိုမှ တစ်ဆင့်လည်း ပဋိဇီဝ ပိုးသတ်ဆေး အမျိုးမျိုး ယဉ်ပါးသော အဆင့်သို့  ပြောင်းလဲလာ သည်။ ပိုးမွှားများ  အလွယ်တကူ မထိန်းချုပ်နိုင်ခြင်း၊ ရောဂါခံစားမှု ပိုမိုပြင်းထန်ခြင်း၊ အသက်အန္တရာယ် စိုးရိမ်လာ ရခြင်းတို့ ဖြစ်လာတတ်ပြီး အထူးအန္တရာယ် ရှိသည်။

အလွယ်ကူ ဆုံးဥပမာမှာ  အဆုတ်နာ တီဘီပိုးဖြစ်သည်။ တီဘီဆေးကို ပထမအဆင့်တွင် သေသေချာချာ ဆေးကုသမှု မခံယူလျှင် တီဘီပိုးကို အရှင်း မသတ်နိုင်ဘဲ ဆေးယဉ်ပါး အဆုတ်နာတီဘီ ရောဂါအဖြစ် ပြောင်းလဲ သွားနိုင်သည်။ ဆေးယဉ်ပါး တီဘီရောဂါ သည်လည်း အရေးကြီးသော ကျန်းမာရေး ပြဿနာ တစ်ခုဖြစ်သည်။ ပဋိဇီဝ ပိုးသတ်ဆေး ယဉ်ပါးခြင်း ၏ အဓိက အကြောင်းရင်းမှာ မလိုအပ်ဘဲ ပိုးသတ်ဆေးများ လှိုင်လှိုင် သုံးစွဲခြင်း ကြောင့်ဖြစ်သည်။ ပိုးသတ်ဆေး ယဉ်ပါးခြင်းသည် လူနာများကြောင့် သာမက ဆရာဝန်များ၊ ကျန်းမာရေး ၀န်ထမ်းများ ကြောင့်လည်း ဖြစ်ပွားလျက် ရှိသည်။  လူနာများသည် ဆရာဝန် ညွှန်ကြားချက် မရှိဘဲ သာမန် ဖျားနာရုံဖြင့် ပိုးသတ်ဆေး သောက်ခြင်း၊ စပ်ဆေးများနှင့်  သုတေသန မရှိသော၊ ရက်လွန်သော ဆေးများသောက်ခြင်း၊ ပိုးသတ်ဆေးကိုလိုအပ်သော ပမာဏ၊ လိုအပ်သော အချိန်ကာလ အပြည့်သောက်ရန် ပျက်ကွက်ခြင်း တို့ကြောင့် ဆေးယဉ်ပါးမှု အလွယ်တကူ ဖြစ်စေသည်။ ဆရာဝန်နှင့် ကျန်းမာရေး ၀န်ထမ်းများ အနေဖြင့် ပိုးသတ်ဆေးကို လိုအပ်သော ပမာဏ၊  လိုအပ်သော အချိန်ကာလ အပြည့်သောက်ရန် ညွှန်ကြားမှု ပျက်ကွက်ခြင်း၊ ဆရာဝန် ကိုယ်တိုင်  တိတိကျကျ ရောဂါဖြစ်စဉ် မရှိဘဲ ပိုးသတ်ဆေး တစ်မျိုးမျိုးးဖြင့် လွယ်လွယ်ကူကူ ညွှန်ကြား ကုသခြင်း၊ အခြေခံ ပိုးသတ်ဆေးသုံးပြီး ကုသရမည့် အချိန်တွင် မလိုအပ်ဘဲ ပိုးသတ်ဆေး အပြင်းများ သုံးစွဲခြင်း၊  ပိုးသတ်ဆေးများ  ဆေး အရည်အသွေး မပြည့်ခြင်း  စသည့် အချက်များသည် ပိုးသတ်ဆေး ယဉ်ပါးရသော အကြောင်းအချက်များ ဖြစ်သည်။

သာမန် မပြင်းထန်သော ရာသီပေါ် တုပ်ကွေးများ၊ ၀မ်းပျက်ဝမ်းလျှော ခြင်း၊ ထိပ်ကပ်နာ ရောဂါများ၊ အသက်ကြီးပိုင်း ဆီးပိုးတွေ့ရှိခြင်း တို့သည် ယေဘုယျ အားဖြင့် ပဋိဇီဝ ပိုးသတ်ဆေး သုံးပြီး ဆေးကုသရန် မလိုတတ်ပေ။ ထို့ပြင် အေအက်စ်အို ရောင်ရမ်းဓာတ် များပြားခြင်း၊ အဆစ်အမျက်များ တစ်ခါတစ်ရံ နာတတ်ခြင်းနှင့် အာသီးရောင်ခြင်း တို့ရှိရုံမျှဖြင့် ပင်နီဆီလင်ထိုးဆေး၊ စားဆေးကို အလွယ်တကူ သုံးစွဲနေတတ် ကြသည်မှာ မမှန်ကန်ပေ။ မလိုအပ်ဘဲ ပဋိဇီဝပိုးသတ်ဆေး သောက်နေခြင်း ကြောင့် ပိုးသတ်ဆေး၏ မလိုလား အပ်သော ဘေးထွက် ဆိုးကျိုးများနှင့် အပိုငွေကြေး ကုန်ကျခြင်းများ  ရရှိလာရသည်။

အမေရိကန် ဆေးပညာရှင် အဖွဲ့က လူနာများအား ပဋိဇီဝ ပိုးသတ်ဆေး ကို မိမိ၏ ဆရာဝန်များမှ  ညွှန်ကြားခြင်း မပြမီ   မေးခွန်း ငါးခုကို  ပြန်မေးရန်၊ ပြန်ပြီး ဆွေးနွေးရန် အကြံပြထားသည်။ ၂၁ ရာစု ဆေးပညာ တွင် လူနာနှင့် ဆရာဝန်ကြား ဆက်ဆံရေးနှင့်    လူနာ၏ ဆေးကုသမှု လမ်းကြောင်းတွင် လူနာ၏ ဆုံးဖြတ်ရွေးချယ်မှု များက အရေးပါသည်။

မိမိသည်  ပဋိဇီဝ ပိုးသတ်ဆေးနှင့် ကုသရန်  အမှန်တကယ် လိုအပ် ပါသလား၊ ဆေးသောက် ပြီးနောက် ဖြစ်ပေါ် လာနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများ၊ သောက်ဆေးအပြင် လိမ်းဆေး၊ မျက်လုံး၊  နားထည့် ဆေးအဖြစ် ရောသုံးနိုင်သော ပိုးသတ်ဆေး အမျိုးအစားများ ရနိုင်မလား၊ ဆေးပတ်လည်အောင် သောက်ရမည့် ခန့်မှန်း ကုန်ကျစရိတ်၊ ဆေးပိုမို ထိရောက်အောင် သောက်ရမည့် သတိပြဖွယ်ရာ များ (ဥပမာ-အစာနှင့် ဝေးဝေးသောက်ရခြင်း   သို့မဟုတ်  အစာနှင့်ဆေး သောက်ရခြင်း)  စသောမေးခွန်း တို့ကို မေးမြန်းသင့် သည်ဟု အကြံပြထားသည်။ ကျန်းမာရေး ၀န်ထမ်းများ ကလည်း    ပဋိဇီဝ ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက် များကို တိတိကျကျ လိုက်နာပြီး ဆေးကုသရန်၊ ဆေးညွှန်ကြား ပေးရန် အထူးလိုအပ်သည်။

ပဋိဇီဝ ဆေးယဉ်ပါးရသော အရေးကြီးသည့် နောက်ထပ် အကြောင်းအရာ တစ်ခုမှာ စိုက်ပျိုးမွေးမြရေး လုပ်ငန်းများနှင့် ရေလုပ်ငန်းတို့၏ တိရစ္ဆာန် ဆေးကုသမှုနှင့် အစာများတွင်   ပဋိဇီဝ ပိုးသတ်ဆေးများ တိုက်ကျွေးခြင်းနှင့်  အပိုဆောင်း ထည့်ထားခြင်း တို့ကြောင့် ဖြစ်ရသည်။ အလွန်အမင်း အသုံးပြမှုနှင့်  မလိုအပ်ဘဲ အသုံးပြမှုတို့ကြောင့် ၁၉၉၆ ခုနှစ်မှစ၍ ပိုးသတ်ဆေး ယဉ်ပါးမှု စောင့်ကြည့် လေ့လာရေး အစီအစဉ်ကို  ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဦးဆောင် ပြလုပ်ပြီး တားမြစ်အ ရေးယူမှုများ လုပ်ဆောင် နေရသည်။ မြန်မာနိုင်ငံ သည်လည်း  ၂၀၁၆ ခုနှစ်မှစ၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ပူးပေါင်းကာ ပဋိဇီဝပိုး ဆေးယဉ်ပါးခြင်း ကာကွယ်ရေး လုပ်ငန်းစဉ် များကို အထူးကြိုးပမ်း လုပ်ဆောင်လျက် ရှိသည်။

ပဋိဇီဝပိုးများနှင့် ဆေးယဉ်ပါးသော ပိုးများစွာ မဖြစ်ပေါ် စေရေးနှင့် ပိုးပံျ့နှံ့မှု နည်းပါးစေရေး တို့အတွက် လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လုပ်ငန်းခွင်နှင့် ဘေးပတ်ဝန်းကျင် တစ်ခွင် သန့်ရှင်းရေး တို့ကို အထူး အလေးထား ရမည်။ ရေကောင်း ရေသန့်များ မရရှိခြင်း၊  ရေအရင်းအမြစ်များ ရှားပါးခြင်း၊ သန့်ရှင်းရေး ဆိုင်ရာ ငွေကြေးခွဲဝေ သုံးစွဲမှု လျှော့ချခြင်း တို့သည်လည်း ပဋိဇီဝ ပိုးသတ်ဆေး ပိုမိုသုံးစွဲမှု၊ ဆေးယဉ်ပါးခြင်း ဖြစ်ပေါ်နိုင်မှု တို့ကို  တွန်းအားပေး နေသည်။  လူသားတို့သည် မိမိအတ္တ ကိုလည်း လျှော့ရန် လိုသည်။

ပဋိဇီဝ ပိုးသတ်ဆေး ယဉ်ပါးခြင်းကြောင့် လူအရေအတွက် ခုနစ်သိန်းမှ သန်းပေါင်း များစွာ သည် အသက် သေဆုံးလျက် ရှိသည်။ ၂၀၅၀ ပြည့်နှစ်တွင် လူပေါင်း သန်း ၃၅၀ ခန့်သည်  ပဋိဇီဝ ပိုးသတ်ဆေး ယဉ်ပါးမှု၏  နောက်ဆက်တွဲ အဖြစ် သေဆုံးရနိုင် သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခန့်မှန်းထားသည်။ အထူးသတိပြရမည်ဖြစ်သည်။

နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်နေ့ အထိသည် ပဋိဇီဝ ပိုးသတ်ဆေးများ မလိုအပ်ဘဲ သုံးစွဲနေမှု လျှော့ချရေး၊ မှန်ကန်တိကျစွာ သုံးစွဲစေရေး၊ ပဋိဇီဝ ပိုးသတ်ဆေး ဆေးယဉ်ပါးမှုများ   ထပ်မံ မဖြစ်ပွားရန်    ကြိတင် ကာကွယ် ထိန်းချုပ်ရေး၊ ပဋိဇီဝ ပိုးသတ်ဆေး ဆေးယဉ်ပါးခြင်း ကိုပိုမိုသတိမူ စေရေးတို့အတွက် ပဋိဇီဝ ပိုးသတ်ဆေး သတိပြသုံးစွဲရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်ကာ  လုပ်ဆောင် နေသည်။ မှန်ကန်စွာ အသုံးပြကြရန်၊ ဆေးယဉ်ပါးမှုကို ထိထိရောက်ရောက်   ကာကွယ်ထိန်းချုပ် ရန်အတွက်  ပြည်သူလူထုများ၊ မိသားစု ကျန်းမာရေး ဆရာဝန်များ အပါအ၀င် ကျန်းမာရေး ၀န်ထမ်းများ၊ မူဝါဒဆိုင်ရာနှင့် အုပ်ချုပ်ရေး ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး အောင်မြင်စွာ ထိန်းချုပ်ကုသ နိုင်အောင် အထူးကြိုးးပမ်း လုပ်ဆောင် ရပေမည်။    

 

မင်းလှိုင်ထော

ဓာတ်ပုံ - အင်တာနက်

Crd - mwddaily


No comments: