Showing posts with label နှုတ်ဆက်ခြင်း. Show all posts
Showing posts with label နှုတ်ဆက်ခြင်း. Show all posts

Thursday, April 23, 2009

ခဏတာ နှုတ်ဆက်ချင်တယ် ..

ခဏတာ နှုတ်ဆက်ချင်တယ် ..

  • အွန်လိုင်းပေါ်က ညီအစ်ကိုမောင်နှမများ၊ မိတ်ဆွေများ၊ သူငယ်ချင်းများ၊ စာဖတ်သူများ အားလုံး အားလုံး မင်္ဂလာပါ။
  • အချိန်ပေးပြီး တကူးတက အိမ်လည် ရောက်လာတဲ့ အတွက် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။
  • ကျွန်တော် ဝါသနာထုံတဲ့ ဘလော့ဂ်ရေးခြင်းကို ခေတ္တရပ်နားပါမယ်။

အားလုံးပဲ အစစ အရာရာ အဆင်ပြေ ရွှင်လန်း ချမ်းမြေ့ ကြပါစေလို့ ဆန္ဒပြုပါတယ်။
လေးစားလျက်နဲ့ .. ..




(စာမျက်နှာ ၁၅ ၊ လေးဖြူ)
အတိတ်တွေက မှုန်ဝါးပေမဲ့ ငါတို့နှစ်ဦးဇာတ်လမ်းမှာ
တချို့နေရာက ကောင်းခန်းရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လိုကြည့်မကောင်းပေမဲ့ မြင်ရတယ်
အဓိပ္ပာယ်မရှိတာ သိပေမဲ့ တစ်ခါတလေ
တိုက်ဆိုင်မှုတွေ ရှိလာတော့လည်း အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်
တွေ့ရင် မှတ်မိအုန်းမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ
ဘယ်ဆီကို မင်းရောက်နေမလဲ
(ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ သတိရပါတယ်)၂

အတိတ်တွေက မှုန်ဝါးပေမဲ့ ငါတို့နှစ်ဦးဇာတ်လမ်းမှာ
တချို့နေရာက ကောင်းခန်းရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လိုကြည့်မကောင်းပေမဲ့ မြင်ရတယ်
အဓိပ္ပာယ်မရှိတာ သိလဲပဲ တစ်ခါတလေ
တိုက်ဆိုင်မှုတွေ ရှိလာတော့ငါ အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်လွယ် ငါမေ့မရဘူးကွယ်
ဘယ်ဆီကို မင်းရောက်နေမယ်
(ဘာတွေကို မင်းလုပ်နေမယ်
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ
သတိရပါတယ်/တစ်ခါတလေ ငါသတိရပါတယ်)၂

အတိတ်ရယ် မှတ်မိအုန်းမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ
--- မင်းရောက်နေလဲ (ဘယ်ဆီကိုမင်းရောက်နေမလဲ)
--- မင်းလုပ်နေမလဲ (ဘာတွေကို မင်းလုပ်နေမလဲ)
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ သတိရပါတယ်
ဘာတွေကို မင်းလုပ်နေမလဲ
ဘယ်သူနဲ့ မင်းရှိနေမယ်
တွေးမိပါတယ် အလွမ်းမိုးရင်ထဲ စဉ်းစားရင်လဲ
တစ်ခါတလေ ငါသတိရပါတယ် ..
သတိရနေမယ် ...