Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Sunday, November 29, 2020

သမိုင်းထင်ပေါ် သာမညဖလ ပွဲတော်

 

သမိုင်းထင်ပေါ် သာမညဖလ ပွဲတော်

 


''တန်ဆောင်မုန်းတွင်း    ဆီးနှင်းတစ်ပြိုက်  မိုးတစ်လိုက်'' ဟု ဆိုအပ်သော မြန်မာ့တစ်ဆယ့် နှစ်လအနက် အဋ္ဌမမြောက် တန်ဆောင်မုန်းလ သည် ထူးခြားသော လဖြစ်သည်။  ''မိုးဝသန် ကုန်ဆုံးလို့ တန်ဆောင်မုန်း ဗြိစ္ဆာ၊ ဖွားနှစ်ခုစွန်း ခါဝယ်၊ ကြတ္တိကာ ကြယ်မင်း'' ဟူသော ဦးပုည ၏ တေးထပ်အတိုင်း တန်ဆောင်မုန်း လသည် မိုးရာသီ ကုန်ဆုံးသော  ခြေခင်းလက်ခင်း သာသည့် ဆောင်းအစ လဖြစ်သည်။ ထို့ကြောင့်ပင်  ''သန်မိုးကုန်စဲ၊ နှင်းသွေးဖွဲသည်၊ ခ၀ဲပွင့်တုန်း၊  တန်ဆောင်မုန်းကား၊ မချုန်းမိုးသား၊ တိုင်ထွတ် ဖျားတွင်၊ ငါးပါးကျိုးရှိ၊ မီးပွင့်ညှိ၍၊ ပြည်ကြီး ဖွယ်ရာ၊ သဒ္ဓါအားကြိုး၊ မသိုးသင်္ကန်း၊ လှူရွှင်လန်းသည်''ဟု ဦးယာ ၏ လူးတားတွင် ဖွဲ့ခဲ့ခြင်း ဖြစ်ပေသည်။

Saturday, November 28, 2020

သင်္ကန်းစုံလင် တန်ဆောင်ဂုဏ်အင်

 

သင်္ကန်းစုံလင် တန်ဆောင်ဂုဏ်အင်

 


တန်ဆောင်မုန်းလ၌ ကျင်းပသော ကထိန်ပွဲသည် တစ်နှစ်လျှင် တစ်ခါသာ ကျင်းပသော ပွဲတော်ဖြစ်သည်။ ကထိန်ပွဲတော်ကို အများ စုပေါင်း၍ ဘုံကထိန်ပွဲတော် အဖြစ် လည်းကောင်း၊ တစ်ဦးတည်း မတည်၍ ပုဂ္ဂလိက ကထိန်ပွဲတော်အဖြစ် လည်းကောင်း ကျင်းပပြုလုပ် ကြသည်။ ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်ကြောင့် ကထိန် ပေါ်ထွန်းလာ သည်ဟု   ဗုဒ္ဓစာပေများ၌ တွေ့ရှိရသည်။ မြတ်စွာဘုရားရှင် သည် ဗာရာဏသီမြို့ မိဂဒါဝုန်တော၌ သီတင်းသုံးရာမှ  ဥရုဝေလတော ရှိ သစ်ပင်ကြီး တစ်ပင်အောက်သို့  ကြွရောက် သီတင်းသုံး တော်မူသည်။ ထိုအချိန်၌ ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ် ရောက်ရှိလာပြီး မြတ်စွာဘုရားရှင် အား ''မိန်းမ တစ်ယောက် တွေ့မိပါသလား'' ဟုေ လျှာက်ထား မေးမြန်းသည်။ ဘဒ္ဒ၀ဂ္ဂီညီနောင် တို့ရှာဖွေ နေသော မိန်းမမှာ ပျော်ပါးရန် ခေါ်ယူထားသော ပြည့်တန်ဆာ တစ်ဦးဖြစ်ပြီး ရွှေငွေရတနာ များကို ခိုးယူ ထွက်ပြေးသွား သောကြောင့် ဖြစ်သည်။

Friday, November 27, 2020

အစဉ်အလာပွဲတော်များနှင့် နွှဲကြတူပြိုင် လတန်ဆောင်တိုင်

 

အစဉ်အလာပွဲတော်များနှင့် နွှဲကြတူပြိုင် လတန်ဆောင်တိုင် 

 


လတကာတို့တွင် တန်ဆောင်မုန်းလ သည် မွေ့လျော်ဖွယ် အကောင်းဆုံး ဖြစ်သည်။ ဤလတွင် မိုးလေတို့ ကင်းလွတ်ပြီ ဖြစ်၍ မိုးကောင်းကင် သည် ကြည်လင်သည်။ ညဥ့်အခါ ကောင်းကင်၌ ကြယ်တာရာ တို့ကို စုံလင်စွာ တွေ့ရသည်။ ဆောင်းဝင်စ မြောက်ပြန်လေ ကြောင့်လည်း အေးမြသည်။ ဤရာသီမှာ ပွင့်သောပန်းသည် ခ၀ဲပန်း ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်ညတွင်မူ ကုမုဒြာကြာပန်း တို့ ပွင့်ကြသည်။

သန်မိုးကုန်စဲ နှင်းစဖွဲတည့် ခ၀ဲပွင့်တုန်း တန်ဆောင်မုန်း (ဆီသည်ရွာစား ဦးမောင်ကြီး) တန်ဆောင်မုန်းလ တွင် ဆီးနှင်းမြူတိမ် မီးခိုးဟူသော လေထုညစ်ညမ်းမှု ကင်းစင်၍ ကောင်းကင်ရှိ နက္ခတ်တာရာ အားလုံး မြင်တွေ့ နိုင်သောကြောင့် နက္ခတ်သဘင်ပွဲ ကျင်းပသော လလည်းဖြစ်သည်။

Saturday, November 7, 2020

အစားလျှော့စားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

 

အစားလျှော့စားခြင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ 


တစ်ရက်မှာ ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏ တရားတစ်ပုဒ်မှာ ကြားလိုက်ရ၏။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ၏ တရားတော် များထဲမှာ အစားအသောက်နှင့် ပတ်သက်ပြီး လောကသား တို့အတွက် မှာကြားခဲ့တာ ရှိသည်။ ငါဘုရားသည် တစ်ရက်လျှင် ဆွမ်းတစ်နပ်သာ ဘုဉ်းပေး၏။ ထို့အတွက် ကျန်းမာသည်။ ပေါ့ပါးသွက်လက် သည်ဟု ဖြစ်ပါသည်။ နေ့လွှဲညစာ မစားသည့် အလေ့အထကို  သံဃာတော်များ စောင့်ထိန်းခဲ့ သည်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ။ ဘာသာရေး ကိုင်းရှိုင်းသည့် ဗုဒ္ဓ ဘာသာဝင်များ သည်လည်း အခါကြီး ရက်ကြီး များမှာ ဥပုသ်သီလစောင့်ထိန်း ကြသည်။

Saturday, October 31, 2020

သီတင်းကျွတ်လပြည့် အဘိဓမ္စာအခါတော်နေ့

 

သီတင်းကျွတ်လပြည့် အဘိဓမ္စာအခါတော်နေ့

 


''ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊ ဤကား ကုသိုလ်၊ အကုသိုလ် ဟု၊ ထိုထိုဘဝ၊ မသိရ၊ များလှအပြစ်တွေ။'' ''ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်မိန့်ကြား၊ မြတ်တရားကြောင့်၊ ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထို ဘုံဘဝ၊သိကြားရ၊ များလှ ကျေးဇူးပေ။'' ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး  ဤသို့ဖွဲ့ဆိုခဲ့သည်ကို လူတိုင်းသိရှိပြီး ဖြစ်သည်။  ဘုရားရတနာ၊ တရားရတနာ၊  သံဃာရတနာ  ရတနာသုံးဖြာ သည် ကမ္ဘာ့လူသားတို့ အကျိုးငှာ ပွင့်ထွန်းခဲ့သည့် အနက် အဘိဓမ္မာ တရားတော်သည်    အဖိုးမဖြတ် နိုင်သော အမိကျေးဇူးဆပ် တရား ဖြစ်ပါ၏။

          အဘိဓမ္မာဟူသော ဝေါဟာရမှာ မူရင်းပါဠိစကား အဘိဓမ္မ ကို အာသရ ပေါင်းခြင်းဖြင့် အဘိဓမ္မာဟု သုံးနှုန်းလာပါသည်။ အဘိဓမ္မာ တရားတော်သည် ပါဠိ၏ နက်နဲခြင်း၊ သဘော အဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်း၊ ဥာဏ်တော်၏ နက်နဲခြင်းဟူသော ဂမ္ဘီရလေးမျိုး နှင့်ပြည့်စုံ၏။ သဘောတရား အနေဖြင့် မည်မျှခက်ခဲ သနည်းဟူမူ သာမန်ပုဂ္ဂိုလ် မဆိုထားဘိ။ အဋ္ဌကထာ ကျမ်းပြု ရှင်မဟာဗုဒ္ဓဃောသ မထေရ်မြတ် သည်ပင် ဝိဘင်းပါဠိတော်လာ ပဋိစ္စသမုပ္ပါဒ် ဒေသနာ အဖွင့်ရေးသားရာ၌  ''ဆောက်တည်ရာမရ   အလွန်ခက်ခဲလှပေစွတကား'' ဟု ညည်းတွား တော်မူရ၏။

Friday, August 30, 2019

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ


ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆိုသည်မှာ ခရစ်နှစ် ၁၀၄၄ခုနှစ် ပုဂံခေတ် အနော်ရထာမင်း လက်ထက်တွင် ရှင်အရဟံ၏ အကူအညီဖြင့် ပိဋကတ်တော်များကို သထုံမြို့မှ ပင့်ဆောင်ရယူခဲ့သည်။ ဘုရင်သည် ပြည်သူများကို တစ်ရွာတစ်ကျောင်း ဘုန်းကြီးကျောင်းများ ဆောက်စေပြီး ကလေးများကို ကျောင်းများသို့ပို့၍ စာသင်စေသည်။ ထိုသို့ စာသင်ခဲ့ခြင်းသည် အနော်ရထာမင်း၏ ပညာဉာဏ်ကြီးမားမှု ပင်ဖြစ်သည်။ နိုင်ငံတော် ဘတ်ဂျက်ကုန်ကျမှု မရှိခြင်း၊ ဘုန်းကြီးများက စာသင်ပေးကြသဖြင့် ဆရာ၊ ဆရာမ လခပေးစရာမလိုခြင်း တို့ကြောင့် ပညာရေးနှင့် ပတ်သက်လျှင် ရွာတိုင်းရှိ ဘုန်းကြီးကျောင်း များအားလုံးသည် စာသင်ကျောင်းများ ဖြစ်သဖြင့် ထိုခေတ် ကာလက နိုင်ငံတော် ပညာရေးကဏ္ဍ အကောင်းဆုံး ဖြစ်နေခဲ့သည်။