Tuesday, June 25, 2019

ကျောက်ကပ်ကျန်းမာရေး နှင့် ဓာတ်စာ


ကျောက်ကပ်ကျန်းမာရေး နှင့် ဓာတ်စာ

ပဲကြီးစေ့ပုံစံ လက်တစ်ဆုပ်စာ ကျောက်ကပ်အင်္ဂါ ဟာ ကျောရိုးအောက်ဖက် တစ်ဖက်တစ်ချက် မှာရှိတယ်။ ရေနှင့် သတ္တုဓာတ်များ ၊ သွေးဆဲလ်များ ၊ ပရိုတိန်းစတဲ့ ပမာဏကိုထိန်းသိမ်းပေးတဲ့ ကြီးမား တဲ့လုပ်ငန်း အညစ်အကြေးစွန့်ထုတ်အင်္ဂါဖြစ်တယ်။ ကျောက်ကပ်အား နည်းရောဂါဟာ အသက်အရွယ် အသီးသီးမှာတွေ့ရနိုင်ကာ ပြင်းထန်မှသာ သိကြရတယ်။

          ကျောက်ကပ်မှာ သွေးစစ်ဆန်ခါတစ်သန်းခန့်ရှိပြီး တစ်နေ့ဂါလန် ၄၀ ခန့်စစ်ထုတ်ကာ သွေးကိုသန့်စင်စေပြီး ဆီးကိုအညစ်အကြေးအဖြစ် စွန့်ထုတ်တယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏ အာဟာရဓာတ်တွေချန်ထားပြီး ပိုလျှံတဲ့ရေ၊ ကျန်းမာရေးအတွက် အန္တရာယ်ရှိပစ္စည်းများ၊ ပိုလျှံနေတဲ့အာဟာရတွေကို ဆီးအဖြစ်စွန့်ထုတ်တယ်။

Monday, June 24, 2019

စိတ်ဖိစီးမှုများခြင်း နှင့် နှလုံးရောဂါ



စိတ်ဖိစီးမှုများခြင်း နှင့် နှလုံးရောဂါ

နှလုံးရောဂါသည် ယနေ့ခေတ်တွင် အဖြစ်များနေသော ရောဂါတစ်ခု ဖြစ်သည်။ အဖြစ်များနေသော နှလုံးရောဂါတွင် ကုလဇ ခေါ် မျိုးရိုးဗီဇ ပါ နှလုံးရောဂါက လွဲပြီး ကျန်နှလုံးရောဂါ များသည် အပြုအမူ ၊ အနေအထိုင် တို့ကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ ထို့အတူ စိတ်ဖိစီးမှု များခြင်းကြောင့်လည်း နှလုံးရောဂါ ဖြစ်နိုင်သည်ကို သတိချပ်စေ လိုသည်။

          နှလုံးခုန်ခြင်း ဆိုသည်မှာ နှလုံးသည် ကြွတစ်ခါ ၊ ကျုံ့တစ်လှည့်နှင့် သွေးများကို လက်ခံခြင်း ၊ ထုတ်လွှတ်ခြင်း ပြုလုပ်နေခြင်း ဖြစ်သည်။ ခန္ဓာကိုယ်၏ အပူချိန် တေဇောဓာတ် သည် မှန်နေပါက နှလုံးခုန်နှုန်း သည်လည်း မှန်နေမည် ဖြစ်သည်။ တေဇောဓာတ် မြင့်လာပါက နှလုံးခုန်နှုန်း သည်လည်း မြင့်တက်လာမည် ဖြစ်သည်။ တေဇောဓာတ် နည်းသွားပါက နှလုံခုန်နှုန်း သည်လည်း နည်းသွားမည် ဖြစ်သည်။ ထို့အတူ တိုင်းရင်းဆေးပညာ (ဘေသဇ္ဇဆေးပညာ) ဒေါသသုံးပါး အလိုက် နှလုံး၏ ဖြစ်ပေါ် ပြောင်းလဲနေသည် များရှိပါသည်။ နှလုံးအိမ်တွင် သည်းခြေဒေါသများ ဦးဆောင် လွန်ကဲနေချိန်တွင် နှလုံးခုန်နှုန်းသည် မြန်နေမည် ဖြစ်သည်။ သလိပ်ဒေါသများ ဦးဆောင်လွန်ကဲ နေချိန်တွင် နှလုံးခုန်နှုန်းသည် နှေးကွေးလေးလံ နေမည် ဖြစ်သည်။ လေဒေါသများ ဦးဆောင်လွန်ကဲ နေချိန်တွင် နှလုံးခုန်နှုန်းသည် မူမမှန်ခြင်း ဖြစ်နေတတ်သည်။ သည်းခြေဒေါသ ၊ သလိပ်ဒေါသ ၊ လေဒေါသများ ညီညွတ်နေပါက နှလုံးခုန်နှုန်းသည် မျှတနေမည် ဖြစ်ပြီး ပုံမှန်အတိုင်း လှုပ်ရှားနေမည် ဖြစ်သည်။

Saturday, June 22, 2019

နှစ်တစ်ရာပင် နှင့် ကျန်းမာရေး


နှစ်တစ်ရာပင် နှင့် ကျန်းမာရေး

ယနေ့ကမ္ဘာမှာ ၎င်းအပင်ကို Ginkgo လို့ ခေါ်ပါတယ်။ Ginkgo ဟူသောအသုံးအနှုန်းမှာ ဂျာမန်လူမျိုး ရုက္ခဗဒပညာရှင် ကြောင့် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ၁၆၉၀ ပြည့်နှစ်တွင် ဂျပန်ဘုရား ကျောင်းဝင်းဥယျာဉ်တစ်ခု ထဲတွင် အပင်များကို လေ့လာရင်း ဂျပန်အခေါ် Ginkgo (ဂျင်ကျို)ပင်ကို စတင်တွေ့ရှိ ခဲ့ပါတယ်။ ထိုဂျာမန်ပညာရှင်က ဂျင်ကျိုပင်ကို လေ့လာ၍ သုတေသနများစွာ လုပ်ခဲ့ပါတယ်။ ၁၇၁၂ ခုနှစ်မှာ Ginkyo ဂျပန်အသံထွက်ကိုလိုက်ပြီး Ginkgo ဟု ရေးသားဖော်ပြ ရာမှအစပြု၍ ၎င်းအပင်ကို Ginkgo Biloba ဟု အမည်တွင်ခဲ့ပါတယ်။ ရုက္ခဗဒအရ Ginkgoaceae မျိုးရင်းဖြစ်ပြီး မျိုးစိတ်မှာ Ginkgoales ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ်သန်းပေါင်း ၂၇၀ ကျော်က Ginkgo ပင်၏ ကျောက်ဖြစ်ရုပ်ကြွင်းကို တွေ့ရှိ ခဲ့ရတာကြောင့်လည်း ပြည်ပနိုင်ငံတော် တော်များများက နှစ်တစ်ရာပင် ကို ကမ္ဘာဦးပင်လို့လည်း ခေါ်ကြပါတယ်။

Thursday, June 20, 2019

အ၀လွန်ခြင်းကို ထိန်းပေးသော အစားအစာများ


အ၀လွန်ခြင်းကို ထိန်းပေးသော အစားအစာများ

လူသားတို့ စားသုံးနေကျ အစာအာဟာရ ၃ မျိုးရှိသည်။ ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးစေသော အုပ်စုမှ အသား ၊ ငါး ၊ ပုစွန်၊ နို့ထွက်ပစ္စည်း နှင့် ပဲအမျိုးမျိုး ပါဝင်သည်။ ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေသော အုပ်စုမှာ ဆန် ၊ ဂျုံ ၊ ပြောင်း ၊ ကန်စွန်းဥ ၊ ပိန်းဥ ၊ သကြား ပါဝင်သည်။ ခန္ဓာကိုယ် အတွင်းအပြင် ရောဂါ ဘေးအန္တရာယ် အပေါင်းမှ ကာကွယ်ပေးသော ဟင်းသီးဟင်းရွက်များ ၊ အသီးအနှံများ ၊ သစ်သီးဝလံများ ပါဝင်သော အုပ်စုတို့ ဖြစ်သည်။

အ၀လွန်ခြင်းကို ထိန်းပေးသော အစာအချို့မှာ အသီးအနှံများ ၊ သစ်သီးဝလံများ ပါဝင်သော အုပ်စုဖြစ်သည်။ အ၀လွန်ခြင်းကို ထိန်းပေးသော အစာအချို့မှာ -

ခရမ်းချဉ်သီး ။ ။ ဟင်းသီးဟင်းရွက်ထဲတွင် ခရမ်းချဉ်သီးသည် အာဟာရ ကြွယ်ဝပြီး ဆေးဖက်ဝင်သော အစားအစာဖြစ်သည်။ ခရမ်းချဉ်သီးကို မချက်မပြုတ် ၊ အစိမ်းလိုက် ၊ အတို့အမြှုပ် လုပ်စားလျှင် ဗီတာမင်စီဓာတ် ကို မပျက်မစီး ရရှိနိုင်သည့်အပြင် အခြား အရေးပါသော သက်စောင့်ဓာတ်ကို ရရှိစေသည်။