Wednesday, September 18, 2019

စက္ကန့် ၆၀ အတွင်း အိပ်ပျော်အောင် အိပ်ရအောင်


စက္ကန့် ၆၀ အတွင်း အိပ်ပျော်အောင် အိပ်ရအောင်

ငယ်ငယ်တုန်းက ခေါင်းချရင် အိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းတောင် မနည်း ထယူခဲ့ရတယ်။ အသက်ကြီး လာတာနဲ့အမျှ အကြောင်း အမျိုးမျိုးကြောင့် ညညဆိုရင် တော်တော်နဲ့ အိပ်မပျော် တော့တဲ့ ပြဿနာဟာ လူတိုင်း လိုလိုမှာ ရှိလာတယ်။ အကြောင်း တစ်ခုခုကြောင့် ညဘက် တော်တော်နဲ့ အိပ်မပျော်ဘူး ဆိုရင် ကျွန်တော် လုပ်နေကျ နည်းလမ်းလေး တစ်ခုတော့ ရှိတယ်။ လိုက်လုပ်ကြည့်ပါ။ စက္ကန့် ၆၀ အတွင်း အိပ်ပျော်ပါတယ်။ ဒါပေမဲ့ အဲဒီ နည်းလမ်းကို မမျှဝေခင်မှာ အအိပ်မမှန်ရင် ခန္ဓာကိုယ်ကို ဘယ်လောက် ဒုက္ခဖြစ်စေ သလဲဆိုတာ ကိုတော့ ဖတ်ပေးဖို့ အကြံပေးပါရစေ။

Tuesday, September 10, 2019

အသည်းခြောက်ခြင်းဝေဒနာမှ ကင်းဝေးစေဖို့


အသည်းခြောက်ခြင်းဝေဒနာမှ ကင်းဝေးစေဖို့

အသည်းနှင့် ပတ်သက်၍ အသည်းခြောက်ခြင်း ၊ အသည်းရောင် အသားဝါဘီပိုး ၊ အသည်းရောင် အသားဝါစီပိုး ၊ အသည်းရောင်ခြင်း များ ဖြစ်ပွားနေသည်ကို မကြာခဏ တွေ့နေရသည်။ အသည်းသည် လူ့ခန္ဓာကိုယ်တွင် ၀င်ရောက်လာသည့် အညစ်အကြေးများ နှင့် အဆိပ်အတောက်များ ၊ ပိုးမွှားများအား ခန္ဓာကိုယ် အတွင်းသို့ ပျံ့နှံ့မှု မရှိစေရန် ထိန်းသိမ်း ကာကွယ်ပေးနိုင်သော အရေးပါသည့် ကိုယ်တွင်းအင်္ဂါရပ် တစ်ခုဖြစ်သည်။ ထိုနည်းတူ ခန္ဓာကိုယ် အတွက် ဆောင်ရွက်နေသော လုပ်ငန်းပေါင်း ၅၀၀ ကျော်ကိုလည်း လုပ်ဆောင်လျက် ရှိသည်။

          ယနေ့ခေတ်တွင် ဖြစ်ပွားမှု များသော ရောဂါများထဲမှ အသည်းခြောက် ရောဂါ အကြောင်း တင်ပြပေး လိုသည်။ အသည်းခြောက် ရောဂါကို Cirrhosis ဟုခေါ်သည်။ အသည်းခြောက်ခြင်း ဆိုသည်မှာ အသည်းတွင် အမာရွက်များ ထင်ကာ အသည်း၏ ဖွဲ့စည်းပုံ ပျက်ပြားခြင်း ဖြစ်သည်။ အသည်းခြောက် ခြင်းကို ဖြစ်ပေါ် စေနိုင်သည့် အချက်များမှာ အသားဝါဘီပိုး ၊ စီပိုး တို့ကြောင့် လည်းကောင်း ၊ အသည်း အဆီဖုံးခြင်း ကြောင့်လည်းကောင်း ၊ နာတာရှည် ရောဂါကြောင့် အသည်းခြောက်ခြင်း ၊ အပြုအမူများ အနေဖြင့် အရက်သောက် ခြင်း ၊ မှိုတက်နေသော ငရုပ်သီးခြောက် ၊ အခြား အခြောက်တို့ကို စားသုံးမိခြင်းတို့ ဖြစ်သည်။ အသည်းခြောက်ခြင်း ဖြစ်ပေါ်စေသည့် အကြောင်းများစွာ ရှိသေးသည်။ အသည်းရောင် အသားဝါဘီ ၊ စီ နှင့် အရက်သောက်ခြင်း တို့ကြောင့် အသည်းခြောက်ခြင်း မှာ အဖြစ်များလျက် ရှိသည်။ ထိုအထဲမှ အရက်နှင့် အသည်းခြောက်ခြင်း အကြောင်းကို တင်ပြပေး လိုသည်။

Monday, September 9, 2019

အထွေထွေကျန်းမာေ ရးအတွက် ပူဒီနာရွက်


အထွေထွေကျန်းမာေ ရးအတွက် ပူဒီနာရွက်

ပူဒီနာရွက်ကို ရှေးကျသော ဆေးဖက်ဝင် ဟင်းခတ် အမွှေးအကြိုင် အဖြစ် လူသိများလျက် ရှိသည်။ ကမ္ဘာပေါ်တွင် ပူဒီနာပင် အမျိုးအစားပေါင်း ၃၀ ခန့်ရှိပြီး အပူအအေး မျှတသော ဥရောပ နှင့် အာရှတိုက် ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းကြသည်။ အာရှတိုက်ရှိ ပူဒီနာ သည် ဥရောပတိုက်ရှိ ပူဒီနာထက် အရသာမှာ အနည်းငယ် ပို၍စူးရှ သည်။ ပူဒီနာပင် သည် ခရမ်းရောင် သို့မဟုတ် မရမ်းနုရောင် ပန်းပွင့်ကလေးများ ဝေေ၀ဆာဆာ ဖူးပွင့်ကာ သဲဆန်သော မြေတွင် ပိုမိုဖြစ်ထွန်း ကြသည်။ ရေအလွန် ကြိုက်သော အပင်ဖြစ်ပြီး မြေပြင် ပေါ်တွင် လျင်လျင်မြန်မြန် အမြစ်တွယ် ဖြန့်ကြက်၍ ပေါက်ရောက်လေ့ ရှိကြသည်။

          ပူဒီနာရွက် ကို မိမိနှစ်သက်ရာ ငါး ၊ ပုစွန် နှင့် အသား အမျိုးမျိုး တို့တွင် ဟင်းခတ် အမွှေးအကြိုင် အဖြစ်သော် လည်းကောင်း ၊ မြန်မာ့ရိုးရာ အစားအစာ မုန့်ဟင်းခါးဖြင့် တွဲဖက်၍ သော်လည်းကောင်း ၊ အသုပ် ၊ ချက်တနီး နှင့် ငါးပိရည် အတို့အမြုပ် အဖြစ် လည်းကောင်း မြိန်ရှက်စွာ စားသောက်လေ့ ရှိကြသည်။ ထို့ပြင် ရေနွေးဆူဆူတွင် ပူဒီနာရွက် ကို အစိမ်းလိုက် ခတ်ထည့်၍ သော်လည်းကောင်း သို့မဟုတ် အခြောက်ခံ၍ သော်လည်းကောင်း သို့မဟုတ် အရွက်ခြောက် ကို အမှုန့်ကြိတ်ခြေ၍ သော်လည်းကောင်း လက်ဖက်ရည်ကြမ်း အဖြစ် သောက်သုံး ကြသည်။

Saturday, September 7, 2019

မရှိမဖြစ် နာကျင်မှုပျောက် Fentanyl Patch ကပ်ခွာဆေးများ


မရှိမဖြစ် နာကျင်မှုပျောက် ကပ်ခွာဆေးများ

ပာမယုံ ကြုံမှသိဆိုသလို အချို့သော ကင်ဆာလူနာများ အတွက် နာကျင်မှု ဝေဒနာက အတော်ဆိုးသည်။ ကင်ဆာလူနာတိုင်း နာကျင်ကြ ရတာ မဟုတ်ပေမယ့် တကယ်နာပြီ ဆိုရင်လည်းတ်ာရုံ အကိုက်အခဲ ပျာက်ဆေးနှင့် မရတော့ဘဲ Opioids ဟုခေါ်ကြသည့် မူးယစ်ဆေး အနွယ်ဝင် နာကျင်မှု သက်သာဆေး များကို မှီဝကြရသည်။ ထင်ရှားသည့် မ်ာဖင်း၊ Tramadolဆးများမှာ Opioids အနွယ်ဝင် နာကျင်မှု သက်သာဆေးများ ဖြစ်ကြပါသည်။ ယခုနောက်ပိုင်းမှာ အရေပြားပေါ် မှာကပ်လို့ရပြီး အဆင့်မြင့် နည်းပညာဖြင့် တီထွင်ထားသည့် Fentanyl Patch  အမည်ရ ကပ်ခွာဆေးများ ပေါ်လာပါပြီ။ ပည်ပမှ တင်သွင်းရပြီး အထူးထိန်းချုပ် ဆေးဝါးများ ဖြစ်သည့်အတွက် အလွယ်တကူ ၀ယ်ယူလို့ မရနိုင်ပါ။ ကနေဒါနိုင်ငံမှ ရင်သားကင်ဆာ နောက်ဆုံးအဆင့် လူနာတစ်ဦး ကိုယ်တိုင်ရေးသား ထားသည့် Fentanyl Patch နာကျင်မှုပျောက် ကပ်ခွာဆေး၏ အစွမ်းထက်ပုံကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြ ပးလိုက် ပါသည်။