Monday, March 26, 2018

ကင်ဆာကင်းဝေးနေထိုင်ရေး


ကင်ဆာကင်းဝေးနေထိုင်ရေး

ကင်ဆာရောဂါလို့ ခြုံငုံပြောဆိုနေကြ ပေမယ့် အမှန်တော့ လူသားတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါပေါင်း နှစ်ရာကျော်ရှိပါတယ်။ အကြမ်းဖျင်း အရတော့ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အပေါ် အခြေတည်ပြီး ကင်ဆာရောဂါ များကို အမည်ပေး ကြတာပါ။ အဆုတ်မှာဖြစ်တော့ အဆုတ်ကင်ဆာ၊ ရင်သားမှာဖြစ်လို့ ရင်သားကင်ဆာ ပေါ့။ တစ်ကိုယ်လုံးကို ပျံ့နှံ့ ဖြစ်ပွားတတ်တဲ့ သွေးကင်ဆာလို၊ ပြန်ရည်ကျိတ် ကင်ဆာတွေ ကျပြန်တော့ ကိုယ်အင်္ဂါ အစိတ်အပိုင်းနဲ့ အမည်ပေးလို့ မရပါ။

Saturday, March 24, 2018

အာလူး စားသုံးခြင်း နှင့် ကျန်းမာရေး


အာလူး စားသုံးခြင်း နှင့် ကျန်းမာရေး

လူတစ်ယောက်၏ ကျန်းမာရေးသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရပေါ်တွင် တည်မှီလျက် ရှိသည်။ ကျန်းမာစွာ အသက်ရှင်နေထိုင်ရေး နှင့် စံချိန်မီကြီးထွား ဖွံ့ဖြိုးရန် အာဟာရဓာတ်များ ပြည့်ဝမျှတစွာ မှီဝဲစားသုံးရန် လိုအပ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအနေဖြင့် မိမိပတ်ဝန်းကျင်၌ စိုက်ပျိုးထုတ်လုပ် ရရှိနိုင်သော အစားအစာများကို အာဟာရပြည့်ဝ မျှတအောင် မည်သို့မှီဝဲစားသုံးသင့် သည်ကို သိရှိထားသင့် ပေသည်။

Sunday, March 18, 2018

ဝေလေလေ - ဘစ်ကွိုင် (Bitcoin)


ဝေလေလေ - ဘစ်ကွိုင် (Bitcoin)

(၁)

Bitcoin ဆိုတာ ဘာလဲလို့ သိပြီးသူတွေ အတွက် ရေးတာဆိုတော့ ဘာလဲလို့ အဓိပ္ပာယ်ဖွင့် မနေတော့ပါဘူး။ မသိသေးသူတွေ အတွက် အနည်းငယ် မိတ်ဆက် ပေးရရင် ဘစ်ကွိုင်ဆိုတာ ဒစ်ဂျစ်တယ်စနစ်နဲ့ လုပ်ထားတဲ့ ငွေကြေးပါ။ ငွေကြေးဆိုပေမယ့် ဘယ် ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှု အောက်မှာမှ မရှိဘူး။ ကြားခံမပါဘဲ၊ ကိုယ့်အချင်းချင်း အပေးအယူ လုပ်နိုင်တယ်။ မှန်၊ မမှန်ကိုလည်း စစ်ဆေးနိုင်တယ်။ တခြား ငွေကြေးတွေ၊ ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေနဲ့ လဲလှယ်နိုင်တယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အထိ ဘစ်ကွိုင်နဲ့ ပေးတာကို လက်ခံတဲ့ လုပ်ငန်းတွေ တစ်သိန်းလောက် ရှိတယ်။ ၂၀၁၇ ခုနှစ်မှာ ဘစ်ကွိုင် အသုံးပြုနေသူတွေ ၃ သန်းကနေ ၆ သန်းလောက် အထိ ရှိနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိတယ်။ ဘစ်ကွိုင် ကို BT တို့ XBT တို့ ဆိုတဲ့ သင်္ကေတတွေနဲ့ သုံးစွဲ သတ်မှတ်ပြီး တစ်ယူနစ်ရဲ့ တစ်ထောင်ပုံတစ်ပုံ ကနေ တစ်သန်းအထိ ပုံပြီး အရောင်းအ၀ယ် အပေးအယူ လုပ်လို့လည်း ရတယ်။