Showing posts with label ဘ၀မြှင့်တင်ရေး. Show all posts
Showing posts with label ဘ၀မြှင့်တင်ရေး. Show all posts

Thursday, September 12, 2024

စာဖတ်ပါ



 

စာဖတ်ပါ

ရန်ကုန် ဌေးဇော်

မိဘတို့သည် သားသမီးများ စကားပြော တတ်သည့် အရွယ်သို့ ရောက်လျှင်ပင် စာရေးတတ် စာဖတ်တတ် လေအောင် ကျောင်းသို့ စေလွှတ်၍ စာသင်စေသည်။ ကလေးများ ကျောင်းသို့ရောက် သော် ဆရာဆရာမ တို့သည် ထိုကလေးများကို စာရေးတတ် စာဖတ်တတ် ကြစေရန် ပထမဦးဆုံး ဗျည်းအက္ခရာ များမှစ၍ စာကြီးပေကြီး များအထိ သင်ကြားပို့ချကြ လေသည်။ ဤသို့ ငယ်စဉ်ကအစပြု၍ မိဖဆရာသမား တို့က စာဖတ်တတ်အောင် သင်ကြားပေးကြ သည်မှာ စာဖတ်တတ် ခြင်းကြောင့် ကလေးတို့၏ အနာဂတ် ကောင်းကျိုးကို ဖန်တီးနိုင်စေရန် ရည်သန်သောကြောင့် ဖြစ်လေသည်။ လူမျိုးအသီးသီး၊ ဘာသာအသီးသီး တို့တွင် အများအားဖြင့် စာနှင့်စာပေ ဟူ၍ ရှိကြသည်။ စာပေသည် စာမှပေါ်ပေါက် လာသည်။ စာသည် စကား၏ သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စံနစ်တကျ စီစဉ်ရေးသား တင်မှတ်ထားသော အမှတ်အသား ဖြစ်သည်။ အချို့ နိုင်ငံများတွင် ရုပ်ပုံသင်္ကေတ များမှ ဆင်းသက်လာသည့် အရေးအမှတ် များကိုပါ စာဟု ခေါ်ကြသည်။

Tuesday, September 10, 2024

ဉာဏ်ရည်တုနည်းပညာ နှင့် ဦးနှောက်နှင့်အာရုံကြောဆက်နွယ်အကျိုးပြုနေမှု

 


 

ဉာဏ်ရည်တုနည်းပညာ နှင့် ဦးနှောက်နှင့်အာရုံကြောဆက်နွယ်အကျိုးပြုနေမှု

ဒေါက်တာဉမ္မာစော

          ကမ္ဘာကြီးသည် သိပ္ပံနည်းပညာ တော်လှန်ရေးဖြစ်ခဲ့ပြီး အရွေ့တစ်ခုနှင့် ခေတ်တစ်ခု စနစ်တစ်ခုစီကို ပြောင်းရွှေ့နေ ပါသည်။ ထိုအရာသည် Artificial Intelligence ဟုခေါ်သည့် ဉာဏ်ရည်တု များနှင့် တည်ဆောက် ထားသော စက်များ၊ စက်ရုပ်များဖြင့် အလိုအလျောက် လုပ်ဆောင်နိုင်သည့် ခေတ်ပင်ဖြစ်ပါသည်။ AI သည် လူများတွင်ရှိသော အသိဉာဏ်အတု တစ်မျိုးဖြစ်ပြီး ၎င်းကိုလူသားတို့မှ တီထွင်ထားခြင်း ဖြစ်ပါသည်။ Russell နှင့် Norvig ဆိုသည့် သိပ္ပံပညာရှင် နှစ်ဦးမှAI သည် လူသားတို့၏ ဉာဏ်ရည်ကို လေ့လာပြီး ၎င်းလူသားများ၏ ဉာဏ်ရည်အတိုင်း တုပ၍ လုပ်ဆောင်ထားသည့် အရာဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆို ထားပါသည်။

Sunday, September 8, 2024

စိတ်ပင်ပန်းမှုတွေ ပြေပျောက်မည့် နည်းလမ်းကောင်းများ

 


 

စိတ်ပင်ပန်းမှုတွေ ပြေပျောက်မည့် နည်းလမ်းကောင်းများ

နိုင်ငံတကာ စိတ်ရောဂါဆိုင်ရာ ကျန်းမာရေး သုတေသီများ၏ လေ့လာချက်များ အရ ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၃၅၀ ခန့် သည် စိတ်ဖိစီးမှု အမျိုးမျိုးကြောင့် စိတ်ရောဂါများ ဖြစ်ပွားလျှက် ရှိကြောင်း နှင့် အောက်ဖော်ပြပါ အကြောင်းရင်းများက လူသား များအား စိတ်ဖိစီးမှုကို အများဆုံး ဖြစ်ပေါ်စေ တတ်ကြောင်း သိရပါသည်။  

·         ထင်ပေါ်ကျော်ကြား အောင်မြင်ချင်လွန်းသော စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာရသော စိတ်ဖိစီးမှုကို လူငယ်များ တွင် ၆၀ ရာခိုင်နှုန်း တွေ့ရသည်။

·         ဖြစ်ချင်မှု၊ လိုချင်မှု ပြင်းပြသော စွဲလမ်း ရူးသွပ်စိတ်ကို လူငယ်များတွင် ၄၉ ရာခိုင်နှုန်း တွေ့ရသည်။

·         ကျန်းမာရေး ပြဿနာအမျိုးမျိုး ရင်ဆိုင်ရသဖြင့် စိတ်ဖိစီးမှုကို အရွယ်ရောက်ပြီး သူများတွင် ၃၆ ရာခိုင်နှုန်း တွေ့ရ သည်။

ဖြေသိမ့်စကား


ဖြေသိမ့်စကား

ဒေါက်တာလွင်သန့်

      လူတို့ဟာ ရင်းနှီးတဲ့ သူငယ်ချင်း(သို့) ဆွေမျိုး တစ်ယောက်ယောက် ဝမ်းနည်းစရာ၊ ကြေလွဲစရာ တစ်ခုခုနဲ့ကြုံရ ပါက ဘာမြောရမှန်း မသိ၊ ဘယ်လိုနှစ်သိမ့်ရမှန်း မသိ ဖြစ်နေတတ်တယ်။ သူတို့အနေနဲ့ ကြေကွဲဖွယ် ကောင်းတဲ့ အဖြစ်အပျက် တွေကိုရင်ဆိုင် ကျော်လွှားရာမှာ ကိုယ်က ဘယ်လိုကူညီ ရမှန်းမသိ တာကြောင့် ကိုယ်ပြောလိုက်ရင်၊ အမှားပါသွားမှာ စိုးတာကြောင့် ခပ်ရှောင်ရှောင် နေမိသွားတာမျိုး လည်းဖြစ်တတ်ကြ ပါတယ်။ အဲဒီလို ရှောင်ဖယ်ဖယ် လုပ်နေပါက သူတို့တွေကို ပိုအထီးကျန် ဆန်သွားတာ ပိုပြီးစိတ်ဆင်းရဲ ရတတ်ပါတယ်။ သူတို့ရဲ့ နာကျင်ခံစားမှုကို ကိုယ့်အနေနဲ့ ပျောက်ကင်း သွားအောင် ဖယ်ရှားပေး နိုင်ပေမယ့် မျှဝေခံစားပေး နိုင်ပါတယ်။ ဒါမှလည်း သူတို့အနေနဲ့ စိတ်သက်သာရာ ရပြီး အထီးကျန် မဆန်တော့ပါဘူး။

Sunday, September 1, 2024

စာပေလေ့လာဖတ်ရှုမှု လူသားတိုင်းကို ကောင်းကျိုးပြု

 



စာပေလေ့လာဖတ်ရှုမှု လူသားတိုင်းကို ကောင်းကျိုးပြု

          ယနေ့ခေတ်လူငယ် တော်တော်များများ အွန်လိုင်း၊ မီဒီယာများဖြင့် ပျော်မွေ့နေကြသည်။ လူငယ်တွေသာမက လူလတ် ပိုင်း၊ တချိုလူကြီးပိုင်း တွေလည်း အွန်လိုင်းကို စွဲလန်းနေကြသည်။ ကလေးများ ဂိမ်းစွဲလာကြသည်။ ကိုယ်လက် လှုပ်ရှားမှု မရှိ။ လေးလံ လာကြသည်။ လူမှုဆက်ဆံရေး နယ်ပယ် ကျဉ်းမြောင်းခြင်းနှင့် အတူ လောကနီတိ သဘောသဘာဝ ချို့ယွင်း လာကြသည်။ အရေးကြီးဆုံး အချက်ဖြစ်သည့် စာပေလေ့လာ ဖတ်ရှုမှုလည်း အားနည်း လာကြသည်။ စာဖတ် အားနည်းခြင်းက ဘ၀တိုးတက်မှု နာရီလက်တံများကို အတိုင်းအတာ တစ်ခုအထိ ရပ်တန့်သွား စေသည်။ ခေတ်စနစ်၏ တောင်းဆိုချက်အရ ရုပ်ဝတ္တုတွေ တိုးတက် လာသည်။ အကျိုးပြု စာပေများ ဖတ်ဖိုထက် အွန်လိုင်းများ၊ အီလက်ထရောနစ် မီဒီယာများ၊ ဒစ်ဂျစ်တယ်လ် များဖြင့်သာ ပျော်မွေ့နေကြသည်။ သို့သော် အွန်လိုင်းကို အကျိုးရှိရှိ မသုံးမပြုကြပေ။ စာမဖတ်ကြဘဲ ဂိမ်းဆော့ခြင်း၊ မီဒီယာကြည့်ခြင်း တို့ဖြင့်သာ အချိန် ကုန်မှန်းမသိ တစ်နေ့တာ ပြီးဆုံးသွားပြန်သည်။

Thursday, July 4, 2024

တန်ဖိုးရှိလှ မိန်းမသားဘဝ




 တန်ဖိုးရှိလှ မိန်းမသားဘဝ

 စာရေးဆရာ တင်နိုင်တိုး ရေးသားထားသော “ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာ အမျိုးသမီးများ” စာအုပ်လေးကို ဖတ်ရန် ကျွန်မရွေးချယ် ကောက်ယူမိပါသည်။ ထိုစာအုပ်ဖုံးလေး ပေါ်က ရှေးခေတ်မြန်မာ အမျိုးသမီးများ ဓာတ်ပုံကို ကြည့်မိသောအခါ ကျွန်မသိသော သူလည်းပါ၍၊ မသိသူလည်း ပါသည်။ သို့သော် ကျွန်မမသိသူက ပိုများပါသည်။ ဤစာအုပ်ပါ အကြောင်းအရာ များသည် ကျွန်မ လူ့ဘ၀သို့ ရောက်မလာသေးခင် ပါလီမန်ခေတ်က အမျိုးသမီးများ အကြောင်းဖြစ်၍ အထူး စိတ်ဝင်စားမိ ပါသည်။

Thursday, May 23, 2024

စနစ်တကျ ချွေတာသုံးစွဲသင့်သောရေနှင့်မီး

 


 

စနစ်တကျ ချွေတာသုံးစွဲသင့်သောရေနှင့်မီး

 

          ပူးပြင်းခြောက်သွေ့ ရာသီတွင် သောက်ရေသုံးရေ ပိုမိုလိုအပ်လာသည် နှင့်တပြိုင်နက် ရေရရှိရန် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏမှာလည်း ပိုမိုများပြားလျက် ရှိပါသည်။ နေ့စဉ် လူနေမှုဘ၀တွင် ရေနှင့်မီး(လျှပ်စစ်) တို့က မရှိမဖြစ် အရေးကြီးသည်။ သန့်ရှင်း၍ ဘေးကင်းသည့် သောက်သုံးရေနှင့် လျှပ်စစ်မီးတို့ကို မိမိတို့နိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသ အသီးသီးတို့ရှိ အိမ်ထောင်စုများ အားလုံးသုံးစွဲခွင့် မရရှိသေးပေ။ အိမ်တိုင်း၊ မိသားစုတိုင်း သောက်သုံးရေ ရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး တို့အတွက် ကြိုးပမ်းနေရဆဲ အခြေအနေတွင်သာ ရှိသေးသည်။

Friday, November 20, 2020

ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော် ဆောင်ရွက်စို့

 

ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော် ဆောင်ရွက်စို့

 


ကလေးသူငယ် ဆိုသည်မှာ   အသက်အရွယ် ငယ်ရွယ်သူ၊ အရွယ်မရောက် သေးသူဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေး သူကို ဆိုလိုသည်။ မွေးကင်းစမှ အသက် ၈ နှစ်ပြည့်အထိ အရွယ်ကို ရှေးဦးအရွယ် ကလေးသူငယ် အဖြစ်  သတ်မှတ်ထား သဖြင့် ဘ၀ တစ်ခုကို ရှေးဦးအရွယ် ကလေးသူငယ် အဆင့်မှ စတင် ဖြတ်သန်းကြသည်။ ကလေးသူငယ် အရွယ်သည် တတ်သိနားလည် နိုင်စွမ်း နည်းပါးပြီး  အကောင်းအဆိုး၊ အမှားအမှန် ခွဲခြားဝေဖန် ပိုင်းဖြတ်နိုင်စွမ်း မရှိဘဲ မိဘ အုပ်ထိန်းသူ လူကြီးသူမ တို့၏ ပြစု စောင့်ရှောက်မှု ဖြင့်သာ လူလားမြောက် ကြသည်။ လူ့ဘ၀ သက်တမ်းတွင် ထိုအရွယ်သည် အလွန်နုနယ် သဖြင့် လိုအပ်သလို ပုံသွင်းနိုင် သော်လည်း ကလေးများ၏ မသိနားလည် မှုကို အခွင့်ကောင်း ယူ၍ နည်းမျိုးစုံဖြင့် အမြတ်ထုတ် အသုံးချကာ ကလေးသူငယ် အခွင့်အရေးကို မျက်ကွယ် ပြလိုက်လျှင် ပန်းကောင်း အညွန့်ချိုး လိုက်သကဲ့သို့ ရှိမည်ဖြစ်သည်။

လူတိုင်းကျန်းမာဖို့ သန့်စင်ခန်းသုံးကြစို့

 

လူတိုင်းကျန်းမာဖို့ သန့်စင်ခန်းသုံးကြစို့ 

 

ကမ္ဘာ့မိလ္လာ (အိမ်သာ)နေ့


ရေအိမ် အသုံးပြနိုင်မှု အားနည်းခြင်းကို မြန်မာနိုင်ငံ တွင်သာမက တခြားနိုင်ငံ အများအပြား တွင်လည်း တွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် လူဦးရေသန်း ၇၀၀၀ ကျော်ရှိရာ  ဟာလာဟင်းလင်း တ်ဝန်းကျင်တွင် ကျင်ကြီး၊ ကျင်ငယ် စွန့် သူအရေအတွက်မှာ သန်း ၁၀၀၀ ၀န်းကျင် ရှိနေသည်။ ရေအိမ်(အိမ်သာ) များသည် လူ့အဖွဲ့အစည်း နှင့် ကမ္ဘာကြီး သာယာလှပ ရေးအတွက် မည်မျှ အရေးပါသည် ဆိုသည်ကို သိရှိရေးနှင့် ကျန်းမာရေး နှင့်ညီညွတ်ပြီး သန့်ရှင်းသည့် ရေအိမ်များ ဖြစ်လာရန် ဆောင်ရွက်နိုင်ရေး တို့အတွက် ကမ္ဘာ့ရေအိမ် (အိမ်သာ) များနေ့ကို World Toilet Organization (WTO) မှ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် စတင်သတ်မှတ် အကောင် အထည်ဖော် ခဲ့သည်။ ထိုအခြေအနေကို သတိပြမိ ကြစေရေး အတွက် ၂၀၃၀ ပြည့်နှစ်တွင် လူသားတိုင်း လုံခြံစိတ်ချ ရသည့် ရေအိမ်(အိမ်သာ) သုံးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက် နေသောကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ က ခရစ်နှစ် ၂၀၁၃ ခုနှစ်က စ၍နှစ်စဉ် နိုဝင်ဘာ  ၁၉ ရက်နေ့ကို ကမ္ဘာ့အိမ်သာနေ့ (World Toilet Day) အဖြစ် သတ်မှတ်ကာ  ကမ္ဘာတစ်ဝန်း အိမ်သာ သုံးစွဲသော ယဉ်ကျေးမှု အစဉ်အလာ ကောင်းတစ်ရပ် ဖြစ်အောင် စည်းရုံးလှုံ့ဆော် လာခဲ့သည်။

Saturday, October 31, 2020

ခေတ်သစ်ယဉ်ကျေးမှုကြောင့် ပျက်စီးသွားနိုင်တဲ့ အနာဂတ်လေးများ

 

ခေတ်သစ်ယဉ်ကျေးမှုကြောင့် ပျက်စီးသွားနိုင်တဲ့ အနာဂတ်လေးများ

 


ယနေ့ခေတ် လူငယ်များ အထူးသဖြင့် အမျိုးသမီးငယ် များမှာ ယောက်ျားသား များနှင့် တန်းတူ ရင်ပေါင်တန်းပြီး အရက်သေစာ သောက်စားခြင်း အမှုကို ပြုလာကြ ပါတယ်။ ယခင်က ကမ္ဘာ့ အရှေ့ခြမ်း ဖြစ်ဖြစ် ၊ အနောက်ခြမ်း ဖြစ်ဖြစ် ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ မဆို နေထိုင်တဲ့ အမျိုးသမီးငယ် ဖြစ်ဖြစ် ၊ အမျိုးသမီးကြီး ဖြစ်ဖြစ် အများစုဟာ အရက်သေစာ ကို သောက်စားခြင်း မရှိကြ ပါဘူး။

          ဒါပေမယ့် ဒီနေ့ခေတ် မှာတော့ အမျိုးသမီးငယ် များဟာ လူငယ် အများစ ပျော်စံရာ ကလပ်များ ထဲမှာသာမက အများပြည်သူ အပန်းဖြေရာ နေရာတွေ ဖြစ်တဲ့ ပန်းခြံလို နေရာမျိုး တွေမှာပါ အရက်သေစာ ကို ပေါ်ပေါ်တင်တင် သောက်စား လာကြပါတယ်။

Friday, August 30, 2019

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ


ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆိုသည်မှာ ခရစ်နှစ် ၁၀၄၄ခုနှစ် ပုဂံခေတ် အနော်ရထာမင်း လက်ထက်တွင် ရှင်အရဟံ၏ အကူအညီဖြင့် ပိဋကတ်တော်များကို သထုံမြို့မှ ပင့်ဆောင်ရယူခဲ့သည်။ ဘုရင်သည် ပည်သူများကို တစ်ရွာတစ်ကျောင်း ဘုန်းကြီးကျောင်းများဆာက်စေပြီး ကလေးများကို ကျာင်းများသို့ပို့၍ စာသင်စေသည်။ ထိုသို့ စာသင်ခဲ့ခြင်းသည် အနော်ရထာမင်း၏ ပညာဉဏ်ကြီးမားမှု ပင်ဖြစ်သည်။ နိုင်ငံတော် ဘတ်ဂျက်ကုန်ကျမှု မရှိခင်း၊ ဘုန်းကြီးများက စာသင်ပေးကြသဖြင့် ဆရာ၊ ဆရာမ လခပေးစရာမလိုခြင်း တို့ကြောင့် ပညာရေးနှင့် ပတ်သက်လျှင် ရွာတိုင်းရှိ ဘုန်းကြီးကျာင်း များအားလုံးသည် စာသင်ကျောင်းများ ဖြစ်သဖြင့် ထိုခေတ် ကာလက နိုင်ငံတော် ပညာရေးကဏ္ဍ အကောင်းဆုံး ဖြစ်နခဲ့သည်။

Monday, August 19, 2019

မှတ်ဥာဏ်ကောင်းစေတဲ့ အမူအကျင့်များ



မှတ်ဥာဏ်ကောင်းစေတဲ့ အမူအကျင့်များ

မှတ်ဥာဏ်ကောင်းစေတဲ့ ဆေးဝါးဆိုပြီး ရောင်းလာတဲ့ အပေါ် အကောင်းဆုံး အဖြေပေးရရင် “မဖြစ်နိုင်ဘူး” လို့ ဆိုရပါမယ်။ မှတ်ဥာဏ်ကောင်း စေတဲ့ အမူအကျင့် တွေတော့ ရှိပါတယ်။ မြန်မာ ဓလေ့ထုံးစံ နဲ့လည်း မမျှော်လင့်ဘဲ ကိုက်ညီနေတာ တွေ့ရတယ်။ မှတ်ဥာဏ်ဟာ မွေးရာပါ အရည်အချင်း ဖြစ်ကာ ဆေးဝါးလုပ်ပြီး ရောင်းချတဲ့ အပေါ် ဆရာဝန်များ မှတ်ချက် မပေးပါဘူး။ စာသင်လို့ မရအောင် မှတ်ဥာဏ်နည်းသူ ၊ မွေးရာပါ လှုပ်ရှားလွန် ကလေး ၊ အော်တစ်ဇင် ကလေးတွေရဲ့ ဦးနှောက်က လွဲရင် လူတစ်ယောက် နဲ့ တစ်ယောက် သိပ်မကွာ ကြပါဘူး။ မွေးရာပါ အရည်အချင်း လို့ ဆိုရပါမယ်။

Sunday, June 24, 2018

သောကကင်းကွာ ငြိမ်းချမ်းပါစေ


သောကကင်းကွာ ငြိမ်းချမ်းပါစေ

လူ့ဘ၀သည် ရခဲလှ၏။ လူ့ပြည်က အပ်တစ်စင်း နှင့်နတ်ပြည်က အပ်တစ်စင်း အချင်းချင်း ထိတွေ့ရန် လွယ်ကူကောင်း လွယ်ကူပေမည်။ လူဖြစ်ရန်ခက်ခဲ လှသည်ဟု အဆိုရှိသည်။ " မနုဿတ္တဘာဝေါ ဒုလ္ဘဘော " ဟူ၍လည်း မှတ်သားရသည်။ သို့ဖြစ်ပေရာ ရခေါင့်ရခဲ လူ့ဘ၀ထဲဝယ် ရောက်ရှိလာရ ထိုခဏတွင် လူဖြစ်ကျိုး နပ်စေရန်၊ လူကောင်းလူတော် ဖြစ်စေရန် အလွန် အရေးကြီးသည်။

လောကသုံးပါးတွင် လူသည်သာလျှင် အသိဉဏ် အရှိဆုံး၊ စွမ်းဆောင်ရည် အရှိဆုံး၊ အမြင့်မြတ်ဆုံး နှင့် အထက်မြတ်ဆုံး သော သတ္တ၀ါဟု ဆိုရပါမည်။ သုံးလောက ထွတ်ထား ဗုဒ္ဓမြတ်စွာဘုရား သည် သာမန် လူသားတစ်ဦးပင် ဖြစ်လင့်ကစား၊ သဗ္ဗညုတ ရွှေဉဏ်တော် ရရှိသော၊ သတ္တ၀ါအားလုံး အပေါ်တွင် မေတ္တာ ထားရှိသော၊ ရန်အပေါင်းကို အောင်မြင်သော၊ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိမြင်၍ လောကအကျိုး၊ ဓမ္မအကျိုးကို သယ်ပိုးရွက်ဆောင် နိဗ္ဗာန်သောင်သို့ ရောက်အောင်ညွှန်ပြ သွန်သင်ပေး တတ်သော၊ စိန်ရောင်ခြည် နေတစ်နုန်းကဲ့သို့ ရွှေဘုန်းတော်သခင် ထိပ်ခေါင်တင် အရှင်သူမြတ် ကြီးလည်း ဖြစ်တော်မူသည်။

Tuesday, June 19, 2018

နိဝါတောစ


နိဝါတောစ

မင်္ဂလာတရားတော် များတွင် တစ်ခုအပါအ၀င် ဖြစ်သည့် " နိဝါတောစ " မိမိကိုယ်ကို နှိမ့်ချခြင်းသည် မြတ်သော စိတ်ထားတစ်ခုပင် ဖြစ်သည်။ ကျွန်ုပ်တို့ နေထိုင်ရာ လူ့ပြည်လူ့ရွာ ကြီးတွင် အဆိုး၊ အကောင်း ဆိုသည်မှာ ဒွန်တွဲရှိနေပါ၏။ ဤသို့ဒွန်တွဲ တည်ရှိခြင်းသည် သဘာဝ တရားကြီးက ဖန်တီးပေးထားခြင်း မဟုတ်ချေ။ သဘာဝတရား ဆိုသော လောကကြီးကို လူသားများက အမျိုးမျိုး အလှဆင် နေကြခြင်း ဖြစ်ပေသည်။ အဘယ်သို့ အလှဆင်ကြ သနည်း။ ရုပ်ဝတ္ထု ပစ္စည်းများဖြင့် အလှဆင်ကြသည်။ တော၊ တောင်၊ ရေ၊ မြေ သဘာဝဖြင့် အလှဆင်ကြသည်။ လှပသည်မှာ မှန်သော်လည်း ပျက်ယွင်းရမည့် အချိန်၌ ပျက်ယွင်းကြ ရသည်။ အဘယ်ကြောင့် ပျက်ယွင်းသနည်း။ လူသားတို့၏ အလှဆင်သော စိတ်ဓာတ်တရား များ ယိုယွင်းပျက်စီး လာသောကြောင့် လောကကြီးလည်း တဖြည်းဖြည်း နှင့် အရုပ်ဆိုး အကျည်းတန် လာခဲ့ခြင်းပင်။

Sunday, June 17, 2018

လူငယ် နှင့် ရွေးချယ်မှု


လူငယ် နှင့် ရွေးချယ်မှု

ရွေးချယ်မှုဆိုသည့် စကားကို နေ့စဉ်နှင့်အမျှ ကြားဖူးကြပါလိမ့်မည်။ ထို့အတူ ရွေးချယ်မှုဆိုသည့် အရာနှင့်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ လွတ်ကင်းနိုင်ကြ လိမ့်မည် မဟုတ်ပေ။ အစားအသောက်၊ အ၀တ်အထည် များမှအစ ဘ၀တစ်သက်တာ ကာလ တစ်လျှောက်လုံး အတွက် အဓိက အရေးကြီးသည့် အသက်မွေး ၀မ်းကျောင်းမှု များထိ မိမိတို့ စိတ်တိုင်းကျ ရွေးချယ်ဖူးခဲ့ကြ မည်သာဖြစ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်း သည် ရွေးချယ်မှုဟူသော ကွန်ရက် တစ်ခုအတွင်း၌ ကျင်လည်ရှင်သန် နေကြရသည့် သူများဟု ဆိုပါကလည်း မှားလိမ့်မည် မဟုတ်ပေ။

Thursday, June 14, 2018

စာဖတ်ခြင်းကျေးဇူး


စာဖတ်ခြင်းကျေးဇူး

လူ့လောကရှိ လူသားတို့သည် မည်သည့် အမျိုးအနွယ်မှ ဆင်းသက်ပေါက်ဖွား လာကြရစေကာမူ လူတစ်ဦးချင်းစီ အတွက် ပိုင်ဆိုင်ရမည့် အမြတ်ဆုံးဥစ္စာ သည်ကား သီလနှင့် ပညာဖြစ်၏။ သီလနှင့်ပညာကို ရှင်တော်ဘုရားက သီလအား ခြေထောက်နှင့် ဥပမာပြု၍ ပညာအား မျက်စိဖြင့်ဥပမာပြု တော်မူခဲ့သည်။ ခြေထောက်ရှိပြီး မျက်စိနှစ်ကွင်း အလင်းမရသည် ရှိသော် လိုရာမရောက်ခရီး မပေါက်နိုင်သကဲ့သို့ မျက်စိနှစ်ကွင်း အလင်းရသော်လည်း ခြေထောက်နှစ်ဖက် မသန်စွမ်းခဲ့ပါမူ လိုရာမရောက်ခရီး မပေါက်ဘဲ ဖြစ်ရ၏။

လူတစ်ဦးချင်းစီတွင် ရှိသော ခြေနှစ်ဖက်မှာလည်း သန်စွမ်း၊ မျက်စိနှစ်ကွင်း မှာလည်း အလင်းရမှသာ လိုရာပန်းတိုင် ရောက်ပေမည်။ မိမိတို့ လိုရာပန်းတိုင် ခရီးသို့ ရောက်နိုင်ရန် အတွက် ခြေနှစ်ဖက်နှင့် မျက်စိနှစ်ကွင်း ကြံ့ခိုင်သန်စွမ်း နေရမည်ဖြစ်သည့် နည်းတူ လူတစ်ဦးချင်းစီတွင် ခြေနှစ်ဖက်နှင့် တူသောသီလ၊ မျက်စိနှစ်ကွင်း နှင့်တူသော ပညာသည် မယွင်းမပျက် တွဲဖက်ရှင်သန် ရမည်ဖြစ်ပါသည်။

Thursday, May 3, 2018

ချိုသာယဉ်ကျေးစွာ ပြောဆိုပါ


ချိုသာယဉ်ကျေးစွာ ပြောဆိုပါ

လူသားတိုင်း၊ လူမျိုးတိုင်း စကားပြောကြ၏။ လူသားတိုင်း၊ လူမျိုးတိုင်း စကားပြောကြရ သော်လည်း မျိုးရိုးမျိုးနွယ် အလိုက် သုံးနှုန်းကြသည့် ဘာသာစကားတော့ မတူညီပေ။ အင်္ဂလိပ်လူမျိုးတို့သည် သူတို့လူမျိုး ဘာသာစကား ဖြစ်သည့် အင်္ဂလိပ်စကား ကိုသာ ပြောကြသည်။ ထို့အတူ တရုတ်လူမျိုးများသည်လည်း သူတို့လူမျိုး ဘာသာစကားဖြစ်သည့် တရုတ်စကားကို ပြောကြသည်။ မိမိတို့ မြန်မာလူမျိုး တို့သည်လည်း မိမိတို့၏ ဘာသာစကား ဖြစ်သည့် မြန်မာစကားကို ပြောကြသည်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးမဆို စကားပြော ကြရ၏။

Sunday, February 4, 2018

ကောင်းသောပုံသက်သေ


ကောင်းသောပုံသက်သေ

လူငယ်များစွာသည် မိမိတို့ နှစ်သက်သော အဆိုတော် ၊ မင်းသား များ၏ အပြုအမူ ၊ အပြောအဆို ၊ အမူအရာ တို့ကို သိသိသာသာ ဖြစ်စေ ၊ မသိမသာ ဖြစ်စေ အတုခိုးတတ် ကြလေသည်။ ကျွန်တော်ကိုယ်တိုင်ပင် ငယ်စဉ်က တိုက်တန်းနစ် မင်းသားဟု နာမည်ကြီးသော လီယိုနာဒို ကို သဘောကျသည်။ သူ့ဆံပင် အတိုင်း ထားသည်။ သူ ဆေးလိပ်သောက်သည့် စတိုင် ကို သဘောကျသည်။ ထို့နောက်တွင် ကျွန်တော် ဆေးလိပ်စွားသွား သည်။ 

Saturday, January 20, 2018

အသက် ၂၀ ကျော်သူများအတွက် ငွေကြေးစီမံခန့်ခွဲနည်းများ


အသက် ၂၀ ကျော်သူများအတွက် ငွေကြေးစီမံခန့်ခွဲနည်းများ

သင် အသက် ၂၀ အရွယ်မှာ ဘယ်အဆင့်ကို ရောက်နေသလဲ ဆိုတာဟာ သင့်ရဲ့ ကျန်ရှိနေသေးတဲ့ ဘ၀တစ်ခုလုံးအပေါ် အကျိုး သက်ရောက်မှု ရှိသွားနိုင်ပါတယ်။ အသက် ၂၀ ကျော်အရွယ်ဆိုတာ အလုပ်ရခါစ၊ တာဝန်တွေကလဲ သိပ်လေးလေးပင်ပင် မဟုတ်၊ ရတဲ့လစာလေးနဲ့ မုန့်ဝယ်စား၊ လိုချင်တာတွေ ၀ယ်ပြီးပျော်နေလို့ ရသေးတဲ့အရွယ် ဖြစ်ပါတယ်။ သို့သော် ဒီအရွယ်ကတည်းက မိမိငွေကြေးကို စနစ်တကျစီမံခန့်ခွဲ တတ်ပါမှ အသက် ၄၀ ကျော်တဲ့အခါ ကိုယ်ရောက်ချင်တဲ့ အဆင့်ကို ရောက်ဖို့ နီးစပ်ပါလိမ့်မယ်။

Thursday, December 21, 2017

ကမ္ဘာ့ရွာ နှင့် သဟဇာတ


ကမ္ဘာ့ရွာ နှင့် သဟဇာတ

ယနေ့အချိန်အခါတွင် နည်းပညာ၏ အစွမ်းက အံ့မခန်းတိုးတက် လာသည်ကို တွေ့နေရသည်။ အထူးသဖြင့် နည်းပညာ၏ ထုတ်ကုန်တစ်ခု ဖြစ်သော ဖေ့စ်ဘွတ်သည် ကျွန်တော်တို့ နိုင်ငံသားတော်တော် များများအပေါ် သိသိသာသာ လွှမ်းမိုးလာခဲ့ပြီ ဖြစ်သည်။

ငွေကျပ် တစ်ထောင့်ငါးရာတန် ဆင်းကတ်တစ်ခု နှင့် ငွေကျပ် လေးသောင်း၊ ငါးသောင်းတန် ဟန်းဆက်တစ်ခု အရင်းအနှီးပြုရုံမျှဖြင့် ကမ္ဘာ့ရွာကြီး အတွင်းသို့ တိုးဝင်ခွင့် ရနေကြပြီ။ ထိုမျှလွယ်ကူလှသဖြင့် မြို့က ဒေးဗစ် နှင့် ရိုစီ တို့ သာမကဘဲ တောက လှမောင် နှင့် အေးစိန် တို့ပါ ဖေ့စ်ဘွတ်သုံးစွဲ လာကြတော့သည်။