အရက်နှင့်ကျန်းမာရေးပြဿနာ
ဒေါက်တာလွင်သန့်
အရက်က သောက်တတ်ရင်ဆေး၊ မသောက်တတ်ရင်ဘေး ဖြစ်တယ်။
တရုတ်လူမျိုးတွေ ဂျပန်နဲ့ ကိုရီးယားလူမျိုးတွေ ညစာမစားခင် အမျိုးသား အရက်(၂)ပတ် အမျိုးသမီး
အရက်(၁)ပတ် သောက်တတ်ကြပြီး၊ နှလုံးသွေးကြော ရောဂါမဖြစ်စေ ပါဘူး။ ဒါပေမယ့် အရက်က စွဲစေတယ်။
ဒီဖက်ခေတ်မှာ နိုင်ငံခြား အရက်မျိုးစုံ၊ တံဆိပ်မျိုးစုံ ဝင်ရောက်လာ ပါတယ်။ နောက်တော့
နိုင်ငံခြားငွေ ပြုန်းတီးခြင်းလို့ သတ်မှတ်ပြီး၊ နိုင်ငံခြားအရက်တွေ ပိတ်ပင်ခဲ့တယ်။
ယခုတော့ အရက်တိုင်း၊ ပြည်တွင်းဖြစ် အရက်များ တံဆိပ်အမျိုးမျိုးနဲ့ နိုင်ငံခြားအရက်ရနံ့နဲ့
အရသာ တုပကာ၊ ပုလင်းထဲထည့်ပြီး ထုတ်သေးတယ်။ ဘယ်အရက်မှ မစစ်တော့ပါဘူး။ အရက်က ကျန်းမာရေး၊
လူမှုရေး၊ ဘာသာရေး၊ စီးပွါးရေးအားလုံး ဆိုးကျိုးတွေတန်းစီ ပေးနိုင်ပါတယ်။ အရက် သောက်သုံးသူတွေဟာ
တဖြည်းဖြည်းနဲ့ အရက်စွဲပြီး၊ အရက်ရဲ့သားကောင် ဖြစ်လာတယ်။ တောအရက်တွေမှာ လူတွေသောက်ဖို့
ဘယ်လိုမှမဖြစ်နိုင်တဲ့ ဓာတ်မြေဩဇာ၊ ပလပ်စတစ်၊ ဆာလဖြူရစ် အက်ဆစ်ပြင်း၊ အင်ဒရင်းတို့နဲ့
စီမံချက်လုပ်ထားလို့ အရက်နဲ့ ဆိုးကျိုးစောစောပိုပြီး ခံစားရတာ၊ အရွယ်မတိုင်ခင် သေဆုံးကြရလို့
မအိုဆေးဆိုပြီး တွင်ကျယ်စွာ သောက်သုံးနေကြ ပါတယ်။ တကယ့် ကြောက်စရာ ကောင်းလွန်း ပါတယ်။
(၁) သွေးအားနည်းခြင်း။ အရက် အလွန်အကျွံ သောက်တာကကြောင့်
အောက်စီဂျင် သယ်ပို့နေတဲ့ သွေးနီဥ အရေအတွက်တွေ ပုံမှန်လျော့နည်း သွားတယ်။ ဒီလိုအခြေအနေ
မျိုးက သွေးအားနည်းတာ ဖြစ်စေပြီး၊ မောပန်းတာနဲ့ အသက်ရှူမြန်တာ ဖြစ်ပေါ်စေတယ်။
(၂) ကင်ဆာရောဂါ။ ။ အရက်ကို နေစဉ်အလေ့အထ တစ်ခုလို
ပုံမှန်သောက်နေသူ တွေက အသည်းတစ်ခုမှာ တင်အသည်း အဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ နာတာရှည်
အသည်းရောင်ခြင်း၊ အသည်း အမှတ်စွဲထင်ခြင်း၊ အသည်း ကျွတ်ဆတ်နာ၊ အသည်းကင်ဆာ၊ အစာရေမျိုပြွန်
ကင်ဆာ၊ အစာအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ တိုရွန်တို တက္ကသိုလ် ပါမောက္ခ ဂျာရမရမ် ကအရက်က
ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ကင်ဆာဖြစ်စေတဲ့ အက်စီတယ်ဒီဟိုက် (Acetaldehyde) အဖြစ်ပြောင်းသွား
တာကြောင့်လို့ ဆိုတယ်။ အရက်အလွန်အကျွံ သောက်သူတွေဟာ ဆေးလိပ်ပါ သောက်သုံးလာလို့၊ ကင်ဆာဖြစ်နိုင်ခြေ
ပိုများနိုင် ပါတယ်။
(၃) နှလုံးသွေးကြောရောဂါ။ ။အရက်အလွန် အကျွံသောက်တာ
ကြောင့်သွေးခဲဖတ် တွေဖြစ်ပေါ်စေ ပါတယ်။ အဆိုပါ သွေးခဲဖတ်တွေက နှလုံးရုတ်တရက် အတိုက်ခံရတာ၊
ဦးနှောက် တိုက်ခိုက်ခံရတာနဲ့ လေဖြတ်နိုင်ခြေ များစေတယ်။ ဟားဗက်တက္ကသိုလ်မှ သုတေသီတွေရဲ့
လေ့လာမှုအရ အရက်သောက်သူ တွေဟာ နှလုံးတိုက်ခိုက်ခံ ရတာကြောင့် သေဆုံးနိုင်ခြေ နှစ်ဆပိုမိုမြင့်မား
ပါတယ်။ အရက် အလွန်အကျွံ သောက်တာကြောင့် နှလုံးကြွက်သားတွေ အားနည်းပြီး၊ နှလုံးလုပ်ဆောင်နိုင်
ခြေလျော့နည်း လာပါတယ်။ နှလုံးသွေးဝင်ခန်း၊ သွေးလွှတ်ခန်း တွေရဲ့ လှုပ်ရှားမှုတွေ လျော့နည်းသွားပြီး၊
နှလုံးခုန်နူန်း လျော့နည်းသွား ပါတယ်။ ဒီလို လျော့နည်းတာက သွေးခဲဖြစ်ပေါ်ပြီး လေဖြတ်နိုင်ခြေ
များစေပါတယ်။
(၄) သက်ကြီး သတိမေ့ရောဂါ ခံစားရခြင်း။ ။အသက်ကြီး
လာတဲ့အခါ ဦးနှောက်ကျုံ့တာကို အများစုက ခံစားရတတ်တယ်။ အရက် အလွန်အကျွံေ သာက်ပါက ဦးနှောက်ကျုံ့နူန်း
ပိုများလာပြီး မှတ်ဉာဏ် လျော့နည်းတာနဲ့ သက်ကြီး သတိမေ့ရောဂါ (Alzheimer, Dementia)
ဖြစ်စေပါတယ်။ အရက် အလွန်အကျွံ သောက်သုံးသူ တွေဟာ လုပ်ငန်းပိုင်း လုပ်ဆောင်ရာ မှာလည်း
လိုက်နာဆောင်ရွက်မှု အားနည်းပါတယ်။ အရက် အလွန်အကျွံ သောက်သူတွေဟာ အာဟာရပိုင်းလည်း ချိုတဲ့တာကြောင့်
အသက်ကြီးလို့ ဦးနှောက်ကျုံ့ပြီး၊ ခံစားရသူတွေထက်၊ သက်ကြီး သတိမေ့ရောဂါ (Alzheimer's)
ရောဂါလက္ခဏာ တွေပိုမိုခံစားရနိုင် ပါတယ်။
(၅) စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ပါတယ်။ စိတ်ဓာတ်ကျတာနဲ့
အရက်သောက်တာက ဒွန်တွဲနေတယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုရင် အရက်သောက်တဲ့ သူတွေမှာ စိတ်ဓာတ်ကျတာကို
ခံစားရလာတဲ့အခါ၊ အရက်ဖြတ်ဖို့ ကြိုးစားကြပေမယ့် နောက်ဆုံးမှာတော့ အရက် အလွန်အကျွံ သောက်သူတွေ
ဖြစ်သွားကာ၊ စိတ်ဓာတ် ကျဆင်းမှုပိုများ လာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ အရက်က ဆိုးရွာစေပါတယ်။
နယူးဇီလန် လေ့လာမှုအရ စိတ်ဓာတ်ကျလို့ အရက်သောက်ရာ ကနေ စိတ်ဓာတ်ကျခြင်း လုံးလုံးဖြစ်သွားပြီး၊
အခြေအနေ ပိုဆိုဝါးစေတယ်လို့ ဆိုပါတယ်။
(၆) တက်ခြင်း ဖြစ်နိုင်တယ်။ အရက် အလွန်အကျွံ သောက်တာက
ဝက်ရူးပြန်တာ ကိုလည်း ဖြစ်စေပါတယ်။ အရင်က ဝတ်ရူးပြန်ရောဂါ မရှိသူတွေမှာလည်း တတ်တာ ဖြစ်လာနိုင်
ပါတယ်။ ဝက်ရူးပြန် ရောဂါရှိသူတွေမှာ အရက် သောက်သုံးပါက၊ နေ့စဉ် သောက်နေကျထက် ပိုများလာပါက၊
အတတ်ကျဆေးရဲ့ အာနိသင်ကို ဟန့်တား၊ နှောင့်ယှက် တာကြောင့် ဝတ်ရူးပြန်ခြင်း (သို့) တတ်ခြင်းရောဂါ
ပိုဆိုးစေတယ် ဆိုပါတယ်။
(၇) ဂေါက်(Gout) ရောဂါ။ ။ အဆစ်တွေမှာ ယူရစ်အက်ဆစ်
ပုံဆောင်ခဲတွေ အနည်ကျ လာတာကြောင့် ဖြစ်တဲ့ဂေါက် (Gout)ရောဂါက အလွန်နာကျင် တတ်ပြီး၊
လေထိုးရင်တောင် နာကျင်တတ်လို့ ရောဂါခံစားရသူ တွေက ပြောပါတယ်။ မျိုးရိုးလိုက်တာ အရက်သောက်တာနဲ့
အစားအသောက် စားသောက်မှုပုံစံ တွေက ဂေါက်(Gout) ရောဂါဖြစ်ပွါး စေတဲ့ အဓိက အကြောင်းအရာတွေ
ဖြစ်ပါတယ်။ ဂေါက်(Gout)ရောဂါ ရှိသူတွေ အရက်၊ ဘီယာ သောက်ပါက (အထူးသဖြင့် ဘီယာသောက်ပါက)
ဂေါက်ရောဂါကို ပိုမိုဆိုးရွာစွာ ခံစားရတတ် ပါတယ်။
(၈) သွေးဖိအား မြင့်မားခြင်း။ ။ အရက်က ဦးနှောက်နှင့်
အာရုံကြောစနစ် အပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ အဂ်ါအစိတ်အပိုင်း များစွာကို ထိခိုက်စေပါတယ်။
စိတ်ဖိစီးမှု၊ အပူချိန်၊ စွမ်းအင် အသုံးပြုမှု စတာတွေ ပြောင်းလဲတဲ့ အခါ သွေးကြောတွေ ကျုံ့တာ၊
ကျယ်တာ ကိုတုံ့ပြန်မှု ဖြစ်စေတဲ့ အာရုံကြောစနစ်ရဲ့ ထိန်းချုပ်မှုလည်း လျော့နည်း စေပါတယ်။
အရက် အလွန်အကျွံ သောက်သုံးပါက သွေးဖိအား များနေတတ် ပါတယ်။ သွေးဖိအား များတာက နာတာရှည်
ဖြစ်လာတဲ့အခါ သွေးကြောတွေ ထိခိုက်ပျက်စီးကာ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါ
သေဆုံးခြင်း ထိဖြစ်စေ ပါတယ်။
(၉) ပိုးဝင်ကူးစက် လွယ်ခြင်း။ ။ အရက် အလွန်အကျွံ
သောက်တာက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ဖိနှိပ်ထား တာကြောင့် ရောဂါပိုးမွှားတွေ ကူးစက်ဝင်ရောက်
နိုင်ပါတယ်။ ပိုးမွှားတွေ ဝင်ရောက်တာကြောင့် တီဘီရောဂါ အဆုတ်ရောင် (Pneumonia) ရောဂါ၊
မမျှော်လင့်ဘဲ လိင်ဆက်ဆံမိရာမှ ကာလသားရောဂါ (STD) အိပ်ခ်ချအိုင်ဗီ (HIV/AIDS) ရောဂါနဲ့
လိင်ဆက်ဆံရာမှာ ကူးစက်နိုင်တဲ့ အခြားပိုးမွှားတွေ ဝင်ရောက် ကူးစက်တာ စတာတွေ ဖြစ်ပွါးနိုင်
ပါတယ်။ အရက် အလွန်အကျွံ သောက်သူတွေဟာ၊ လိင်ဆက်ဆံရာက ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွါးနူန်း
လေးပုံသုံးပုံ ဖြစ်ပွါးစေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
(၁၀) အာရုံကြောများ ပျက်စီးခြင်း။ ။ အရက် အလွန်အကျွံ
သောက်တာကြောင့် အာရုံကြောများ ထိခိုက် ပျက်စီးတာကို (Alcoholic Neuropathy) လို့ခေါ်ပါတယ်။
ကြွက်သားတွေ အားနည်းတာ၊ ဆီးမထိန်းနိုင်တာ၊ ဝမ်းချုပ်တာ၊ ပန်းသေပန်းညှိ ဖြစ်တာနဲ့ အခြား
ကျန်းမာရေး ပြဿနာတွေ ဖြစ်စေပါတယ်။ အရက် ကအာရုံကြောဆဲလ် တွေကို အဆိပ်သင့်တာ၊ အာဟာရချိုတဲ့မှု
တွေဖြစ်တာ စတာတွေဟာ အာရုံကြော ဆဲလ်တွေကို ထိခိုက်ပျက်စီး စေပါတယ်။
(၁၁) မုန့်ချိုအိတ် (Pancreas) ရောင်ရမ်းစေတယ်။
အရက် သောက်တာကြောင့် အစာအိမ် ရောင်ရမ်းတာ အပြင် မုန့်ချိုအိတ် ကိုလည်း ရောင်ရမ်းမှုတွေ
ဖြစ်စေပါတယ်။ နာတာရှည် မုန့်ချိုအိတ် ရောင်ရမ်းတာက အစာခြေစနစ်ကို အနှောင့်အယှက် ဖြစ်စေပြီး၊
ဝမ်းဗိုက် မအီမသာ ဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှော တာတွေ ဖြစ်စေတယ်။ နာတာရှည် မုန့်ချိုအိတ်
ရောင်ရမ်း တာကြောင့် သည်းခြေ ကျောက်တည်တာ (Gallstones) ကိုလည်း ဖြစ်စေနိုင်ပါတယ်။
အရက် သောက်သုံးသူတွေက မသောက်သုံးသူ တွေထက် သည်းခြေ ကျောက်တည် နိုင်ခြေ(၆၀%) ပိုများနိုင်တာကို
သုတေသီတွေက လေ့လာတွေရှိ ထားပါတယ်။
(၁၂) အာဟာရချိုတဲ့ခြင်း ဖြစ်စေပါတယ်။ အရက်စွဲသွားတဲ့
အခါ ထမင်းနပ်မမှန်တာ၊ ထမင်းနပ် ကျော်သွားတာ ဖြစ်ပြီး၊ အစာမှန်မှန် မစားတော့လို့၊ အာဟာရချိုတဲ့ခြင်း
ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဗီတာမင်ဘီ အုပ်စု အားနည်းကာ ထုံနာကျင်နာ ဘီဝမ်းချို့တဲ့
ရောဂါ၊ သွေးအားနည်း ရောဂါ (ဗီတာမင်ဘီတွဲ ချိုတဲ့ခြင်း)နဲ့ အစာစားချိန် မမှန်လို့ နာတာရှည်
အားပြတ်၊ အား လျော့ရောဂါ ဖြစ်စေပါတယ်။ သွေးအားနည်း ရောဂါကြောင့်၊ ယိုင်ထိုးလဲကျ နိုင်သလို
အရက်ကြောင့် ရပ်တည်ဖို့ ခဲယဉ်းလို့ သာမန်မပြုတ်ကျ၊ မလဲကျတဲ့ နေရာမှာ အလွယ်တကူ ပြုတ်ကျလဲကျ
နိုင်ပါတယ်။
အရက်ကြောင့် ပုံမှန်ရှိတဲ့ဝင်ငွေက လျော့ကျခြင်း၊
အလုပ်မမှန်လို့ အလုပ်ပြုတ်ခြင်း၊ အလုပ်က ထွက်ရခြင်း၊ စီးပွါးရေး ချွတ်ခြုံကျခြင်း၊
မိသားစုကို ဦးမဆောင်နိုင်ခြင်း၊ သားသမီးအပေါ် ဆုံးမမရတော့ခြင်း၊ မိမိဇနီးသည် ဖောက်ပြန်တယ်လို့
မသိစိတ်က တွေးပူနေလို့၊ လင်မယား စကားခဏခဏ များခြင်း၊ အိမ်ထောင်ရေး သုခဆုံးရူံးခြင်း၊
မှတ်ဉာဏ် ထိခိုက်ကာ၊ စိတ်ပေါ့သွပ် သွားခြင်း အရက်ကြောင့် ကြောင်ခြင်း၊ ရူးသွပ်ခြင်းထိ
ဖြစ်စေပါတယ်။ ဒါကြောင့် အရက်ကို အကျင့်လုပ်ပြီး မသောက်သင့် သလို အမြန်ဖြတ်သင့် ပါတယ်။
စီးပွါးရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး အဖက်ဖက်က ထိခိုက်စေလို့ အရက်ဖြတ်ဖို့
အမြင်မှန် ရသင့်ပါကြောင်း အကြံပြု ရေးသားလိုက်ရ ပါသည်။
ဓာတ်ပုံ
= အင်တာနက်
No comments:
Post a Comment