Showing posts with label လူငယ်ဂုဏ်ရည်များ. Show all posts
Showing posts with label လူငယ်ဂုဏ်ရည်များ. Show all posts

Tuesday, September 23, 2014

လှပလိုသူတို့ သတိပြုစေချင်




လှပလိုသူတို့ သတိပြုစေချင်

ခေတ်စနစ်များ ပြောင်းလဲ လာသည်နှင့် အမျှ ယနေ့ခေတ် လူငယ်များသည် လှပမှု မျိုးစုံတို့ကို မက်မော လာခဲ့သည်။ လူငယ်တို့ သဘာဝအလျှောက် လှပလို ခြင်းသည် ဓမ္မာတာပင် ဖြစ်သော်လည်း လိုသည်ထက် ကျော်လွန်ပြီး လှပအောင် ဖန်တီးယူမှု များသည် ကျန်းမာရေး ရှုထောင့်မှ ကြည့်လျှင် အကောင်းထက် အဆိုးများ ဖြစ်လာနိုင်သည် သတိပြု ဆင်ခြင် ရမည် ဖြစ်သည်။

တချို့ လူငယ် အမျိုးသား ၊ အမျိုးသမီးငယ် များသည် ဆံပင်၏ ပြုပြင်မှုများ ဖြစ်သော အဖြောင့်ကို ကောက်သည်။ အကောက်ကို ဖြောင့်သည်။ မူလ ဆံပင် အနက်ရောင် ကို အနီ ၊ အ၀ါ ၊ ကြောင် တောင်တောင် အရောင်များ ဆိုးသည်။ ထိုကဲ့သို့ ပြုပြင် သောကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ အဖြစ် ဆံပင် ဆိုးဆေးတွင် ပါဝင်သော ဓာတုပစ္စည်း များကြောင့် ဆံပင်ကျွတ်ခြင်း ၊ ဆံပင် ဦးရေများ ပျက်စီးခြင်း ၊ ဆံပင်ဆဲလ်များ ပျက်စီးခြင်း စတဲ့ ဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ကျန်းမာရေး သုတေသီ များက သတိပေး ထားသည်ကို သိရသည်။

ထို့အတူ အသားအရေ လှပမှု အတွက် မိတ်ကပ် အမျိုးမျိုး ၊ နှုတ်ခမ်းနီ အမျိုးမျိုး ၊ အလှဆီ အမျိုးမျိုး ၊ ကာနေရှင်း အမျိုးမျိုး စသည်တို့ကို လိမ်းကြ ၊ ဆိုးကြ ၊ ခြယ်သကြ သည်။ အဆိုပါ အလှကုန် ပစ္စည်း များတွင်လည်း ဓာတု ပစ္စည်းများ ပါဝင် သောကြောင့် လူတို့၏ အရေပြား များကို ထိခိုက် ပျက်စီးစေသည်။ တချို့သော မိန်းကလေး များမှာ မိတ်ကပ်တွင် ပါဝင်သော ဓာတုပစ္စည်း များနှင့် ဓာတ်မတည့် သဖြင့် မျက်နှာ အရေပြားတွင် အဖုအပိန့်များ ထွက်ခြင်း ၊ နီမြန်းသော အကွက်များ ဖြစ်ခြင်း တို့ကို ဖြစ်ပေါ် စေသည်။ ဒါကြောင့် လှပမှုထက် အရုပ်ဆိုး အကျည်းတန်မှု ကို ဖြစ်စေ နိုင်သည်။

ကနေ့ ဈေးကွက်တွင် ရောင်းချနေသော အလှကန် ပစ္စည်းများတွင် အစစ်အမှန်များ ရှိသော်လည်း အတုအပများလည်း များစွာ ရှိသည်။ အစစ်အမှန် ကို သုံးစွဲပါက အရေပြား ထိခိုက် ပျက်စီးမှု မရှိဟု ဆိုနိုင်သော်လည်း အတုအပ များကြောင့် အရေးပြားများ ထိခိုက် ပျက်စီးပြီး အရုပ်ဆိုး အကျည်းတန် မှုကို ဖြစ်စေမှာ အသေအချာ ပင် ဖြစ်သည်။

အရေပြား လှပ စေဖို့အတွက် လူ့ခန္ဓာကိုယ် မွှေးညှင်းပေါက် များမှ ချွေးထွက် ၊ ချွေးစို့ နေရန် လိုသည်။ ချွေးထွက်စေရန် အတွက် နေ့စဉ် ရေများများ သောက်ပေး ရမည်။ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေး ရမည်။ မိမိ၏ မျက်နှာတွင် လိမ်းခြယ် ထားသော မိတ်ကပ် များကို အိပ်ရာ မ၀င်ခင် ဆပ်ပြာဖြင့် စင်ကြယ်အောင် မျက်နှာသစ် ပေးရမည်။ မျက်နှာတွင် မိတ်ကပ်များဖြင့် အိပ်ခြင်းသည် မျက်နှာရှိ မွှေးညှင်းပေါက်များ ပိတ်၍ မျက်နှာ၏ လှပမှုကို ပျက်စီး စေသည့် တင်းတိပ် ၊ ၀က်ခြံ နှင့် မှဲ့ခြောက် စသည်တို့ကို ဖြစ်ပေါ် စေသည်။

ဒါကြောင့် ကနေ့ခေတ် လူငယ် အမျိုးသား ၊ အမျိုးသမီး ငယ်လေးများ အလှအပ ကို အကောင်းဆုံး ဖြစ်အောင် ခြယ်မှုန်း ကြရာတွင် ကျန်းမာရေး နှင့် လိုက်လျော ညီထွေစွာ ပြုပြင်တတ် စေရန် နှင့် ဘေးထွက် ဆိုးကျိုးများ မကြုံရအောင် သတိပြု ဆောင်ရွက်ကြရန် အကြံပြု ရေးသား လိုက်ရ ပါသည်။

Wednesday, January 21, 2009

လိမ်းကာ ခြယ်သ နေ့စဉ်ဘဝ



ချော်တွင်းကုန်း ပါရမီဂုံးကျော် တံတားနဲ့ မနီးမဝေး အိမ်လေးမှာ ကောင်မလေး တစ်ယောက်ရဲ့ မွေးနေ့ကို ရောက်ခဲ့တယ်။ ကောင်မလေး ဆိုပေမယ့် ၉ တန်းကျောင်းသူ လေးတစ်ယောက်ပါ။ ရင်းနှီးတဲ့ လုပ်ငန်းတူ မိတ်ဆွေ တစ်ယောက်ရဲ့ သမီးလေး ဖြစ်ပါတယ်။ ရောက်တာ စောတာပဲလား၊ နောက်ကျလို့ပဲလား တော့မသိဘူး။ လူတော့ရှင်းတယ်။ အဆင့်မြင့် အုန်းနို့ခေါက်ဆွဲနဲ့ ဧည့်ခံပါတယ်။ စိတ်ကြိုက် ထည့်စားနိုင်အောင် စီစဉ်ပေးတယ်။ အဆီနဲ့ အုန်းနို့များလို့ သိပ်မစားနိုင်ပါဘူး။ ၃ ပန်းကန် စားပြီးတာနဲ့ ရပ်ထားလိုက်တယ်။ စားသောက်ပြီးတော့ အိမ်ကဒေါ်လေးတွေ စီမံပေးလိုက်တဲ့ မွေးနေ့ လက်ဆောင်ဘူးကို မွေးနေ့ရှင် ကလေးမလေးကို ပေးလိုက်တယ်။ သူကလည်း ကျွန်တော့်ရှေ့တင် လက်ဆောင်ပစ္စည်းကို ဖောက်ပြီးကြည့်တယ်။ ဘာများလက်ဆောင် ရသလဲပေါ့။ လက်ဆောင် အဖြစ်နဲ့ အလှပြင်ပစ္စည်း set ကလေး ဖြစ်တယ်။ စုစုပေါင်း အလှပြင်ပစ္စည်း အမယ် ၈ မျိုးပါတယ်။ နာမည်ကြီး တံဆိပ်တွေ ဖြစ်တယ်။ တန်ဖိုးက ၃၂၀၀၀ိ တဲ့။ ကျွန်တော်တောင် မျက်ခုံးလှုပ်သွားတယ်။ (နှမြောတာ အဟီး၊ ဒါတောင် ကိုယ်တိုင် ၀ယ်ပေးရတာ မဟုတ်ဘူး၊ တွန့်တိုတတ်တဲ့ ဒီလို ဒီအကြောင်းကြောင့် လွတ်သွားတဲ့ ငါးကြီးတွေ မနည်းတော့ဘူး)။
မွေးနေ့အိမ်ကအပြန် သူငယ်ချင်းက အဆွယ်ကောင်းတာနဲ့ပဲ တာမွေပလာဇာကို လိုက်လာဖြစ်တယ်။ သူငယ်ချင်းက အပျော်တမ်း ဂျာနယ်လစ်ပါ။ သတင်းယူပေးတယ်။ သူ့နာမည်နဲ့တော့ ဂျာနယ်ပေါ် ပြန်ပါမလာပါဘူး။ တစ်မျိုးတော့ တစ်မျိုးကြီးပါ။ သူ့ဝါသနာနဲ့ သူမို့ မတိုက်တွန်းခဲ့ သလို၊ တားမြစ်ခဲ့ခြင်းလဲ မလုပ်ခဲ့ပါဘူး။ သူ့ယုံကြည်ချက်နဲ့ သူမို့ သူ့ဖန်တီးမှုကို သူဂုဏ်ယူရှာပါတယ်။ လွယ်လွယ်ပြောရရင် ရှယ်ဒိုး သတင်းကောက်သမား ပေါ့နော်။ အချက်အလက် တွေစုဆောင်း ပေးရတယ်။ သူ့ data ကနေပြီးတော့ ဆရာကြီးတွေက ဆောင်းပါးရေးတာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျာနယ်မှာ ကိုယ်တိုင် မရေးတာကတော့ သူ့ဆောင်းပါဆို အပယ်ခံရလို့တဲ့လေ။ စိတ်မကောင်းစရာပါ။ (အနော်တို့ ဘလောဂ့်မှာလည်း စာမူစိစစ်တဲ့ အယ်ဒီတာ ရှိခဲ့ရင် ကျွန်တော့်ပို့စ်တွေ တစ်ပုဒ်မှ ဘလောဂ့်ပေါ် တင်ကျန်မှာ မဟုတ်ဘူး ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ စာအရေးအသား ညံ့လို့လေ) ကနေ့လည်း သတင်းကောက်ဖို့ တာမွေပလာဇာကို ရောက်လာတာပါ။ သူ့ဒီဇိုင်းက ဘေးလွတ်အိတ် တစ်လုံးလွယ်လျက် နဲ့ပါ။ လွတ်အိတ်ထဲမှာ အဆင့်မနိမ့်တဲ့ အသံဖမ်းကိရိယာ၊ ကင်မရာ၊ mp3၊ mp4၊ notebook အသေးလေး၊ card reader ၊ battery စုံလို့ပါပဲ။ ကနေ့ သတင်းကောက်တဲ့ ခေါင်းစဉ်က ကိုယ့်ဝင်ငွေထဲကနေ အလှကုန် ပစ္စည်းကို ၀ယ်ယူသုံးစွဲမှု အချိုးအစားကို ကောက်ယူတာပါ။ စိတ်ဝင်စားစရာမို့ သူ့နောက်ကို တကောက်ကောက်နဲ့ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်လာမိတယ်။ အသိတွေနဲ့ မတွေ့ပါစေနဲ့လို့လည်း စိတ်ထဲ ကြိတ်ဆုတောင်း နေမိတယ်။

မြို့ပြ လူနေမှုပုံစံရဲ့ တိုးတက် ပြောင်းလဲလာမှုကြောင့် ငွေကြေး သုံးစွဲရာမှာ အရင်ကနဲ့ မတူတော့ဘဲ လိုက်လံ ပြောင်းလဲ လာပါတယ်။ လူငယ်တွေဟာ အလှကုန် ပစ္စည်းအတွက်နဲ့ ငွေကြေးတွေ ပိုမိုသုံးစွဲ လာတာကို တွေ့ရတယ်။ ကနေ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ သူတွေကတော့ လုပ်ငန်းခွင်ထဲက အသက် ၁၆ နှစ်ကနေ ၃၅ အတွင်း၊ ပညာ အရည်အချင်း ကတော့ ၈ တန်းအောင်ကနေ ဘွဲ့ရတွေအထိ ပါဝင်တဲ့ လူငယ် လူရွယ်တွေ ဖြစ်ပါတယ်။ အမျိုးသမီးလေးတွေဟာ မိမိဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေက မိမိဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထိ သုံးစွဲကြတာကို သိရပါတယ်။ မိန်းကလေးတွေ အသုံးပြုကြတဲ့ အခြေခံ အလှကုန် ပစ္စည်းတွေ ကတော့ သနပ်ခါးခဲ (ဗူး)၊ မိတ်ကပ်အခဲ၊ မိတ်ကပ်အရည်၊ လိုင်နာ၊ စနိုး၊ အသားလိမ်း အလှဆီ၊ ကိုယ်လိမ်းပေါင်ဒါ၊ ရေမွှေး၊ roll-on ဂျိုင်းနံ့ပျောက်ဆေး၊ နှုတ်ခမ်းနီ၊ ဟဲကုတ်၊ လက်သည်းနီ ဆိုးဆေး၊ ဖျက်ဆေး၊ ဆံပင်သန်ဆေးလုံး၊ shampo စုံလို့ပါပဲ။ အမျိုးသားတွေကျတော့ ခေါင်းလိမ်းဆီ၊ ဂျယ်လီ၊ အသားဖြူ cream၊ snow ၊ ရေမွေး၊ roll-on ၊ မျက်နှာသုတ် soft tissue paper စုံအောင်ကို သုံးကြတယ်လို့ သိရပါတယ်။


အိမ်ပြင်တစ်ခါ ထွက်ဖို့ အတွက် အချိန်လုံလုံ လောက်လောက်နဲ့ အလှပြင် ထွက်ကြတာ များပါတယ်။ ဒီအထဲကမှ အလှပြင် ပစ္စည်း တစ်မျိုးတစ်လေ (သနပ်ခါး တစ်မျိုးတည်း) သုံးသူတွေလည်း တွေ့ရပါတယ်။ ယောက်ျားလေးထဲမှာ ဘာအလှကုန် မှ မသုံးဖြစ်တဲ့ သူတွေကိုလည်း တွေ့ရပါတယ်။ (ပင်ကိုယ်အလှ လေပဲလား၊ အချိန်မရလို့ လေပဲလား)။ မေးမြန်းသမျှကို ဖော်ဖော်ရွေရွေ နဲ့ ပျော်ပျော်ရွှင်ရွှင် ဟာသနှောနှောပြီး ဖြေသွားကြတာမို့ ပျော်စရာ ကောင်းပါသေးတယ်။ ဓာတ်ပုံရိုက်မယ် ဆိုတော့လည်း စတိုင်လ် အပြည့်နဲ့ တပျော်တပါးကြီး လျောလျောရှူရှူ အရိုက်ခံကြပါတယ်။ (ဓာတ်ပုံကိုတော့ ခွင့်ပြုချက်မရလို့ မတင်တော့ပါဘူး။) လူငယ်တွေရဲ့ အလုပ်ခွင်မှာ ပျော်ပျော်ပါးပါး အလုပ်လုပ် နေကြတာကိုလည်း အားကျခဲ့မိပါတယ်။ ကဲ သူငယ်ချင်းရေ မင်း data တွေကို ယူပြီး ငါလည်း ပို့စ်တစ်ပုဒ် ရေးလိုက်ပါပြီ။ မြို့ပြ ခေတ်လူငယ် များရဲ့ အလှကုန် ပစ္စည်းသုံးစွဲမှု နေ့စဉ်ဘ၀ ဖြစ်စဉ်လေးကို ဖတ်ပေးလို့ ကျေးဇူးပါ။

Friday, June 20, 2008

လူငယ်များတွင်ရှိသင့်သော ဂုဏ်ရည်များ

လူငယ်များတွင်ရှိသင့်သော ဂုဏ်ရည်များ


လူငယ်များအနေနှင့် ဂုဏ်ရည်များနှင့်ပြည့်စုံပြီး လူမွန် လူချွန် လူကောင်း လူတော် များဖြစ်အောင် လိုက်နာကျင့်သုံးနိုင်ရန် ဖော်ပြအပ်ပါတယ်


(၁) သေချာတိကျခြင်း ( Accuracy )

(၂) လိုက်လျောညီထွေကျင့်ခြင်း ( Adaptability )

(၃) စွန့်စားစိတ်ရှိခြင်း ( Adventure )

(၄) နှစ်သက်ဖွယ်ဖြစ်ခြင်း (Agreeableness )

(၅) တိုးတက်ချင်စိတ်ရှိခြင်း ( Ami-biting )

(၆) အကောင်းအမြတ်ကို သိမြင်ခြင်း (Appreciation of the Beautiful )

(၇) သတိရှိခြင်း ( Caution )

(၈) ကြည်လင်ရွှင်ပြခြင်း ( Cheerfulness )

(၉) သန့်ပြန့်စင်ကြယ်ခြင်း ( Cleanliness )

(၁၀) စွဲမြဲစူးစိုက်ခြင်း (Concentration )

(၁၁) ရောင့်ရဲတင်းတိမ်ခြင်း ( Contentment )

(၁၂) ပူးပေါင်းဆောင်ရွက်ခြင်း ( Cooperation )

(၁၃) ရဲရင့်သတ္တိရှိခြင်း ( Courage )

(၁၄) ယဉ်ကျေးသိမ်မွေ့ခြင်း ( Courtesy )

(၁၅) သိချင်တတ်ချင်စိတ်ရှိခြင်း ( Curiosity )

(၁၆) စိတ်ဆုံးဖြတ်ခြင်း ( Decision )

(၁၇) ၀တ္တရားကျေခြင်း ( Duty )

(၁၈) ကြိုးစားအားထုတ်ခြင်း ( Effort )

(၁၉) ယုံကြည်မှုရှိခြင်း ( Faith )

(၂၀) မိတ်ဖွဲ့စိတ်ရှိခြင်း ( Friendliness )

(၂၁) ပေးကမ်းစွန့်ကြဲခြင်း ( Generosity )

(၂၂) ကျေးဇူးသိခြင်း ( Gratitude )

(၂၃) ပျော်ရွှင်ခြင်း ( Happiness )

(၂၄) ကူညီရိုင်းပင်းခြင်း ( Helpfulness )

(၂၅) ရိုးသားဖြောင့်မတ်ခြင်း ( Accuracy )

(၂၆) နိမ့်ချစိတ်ရှိခြင်း ( Humility )

(၂၇) ရယ်ရွှင်မှုနားလည်ခြင်း ( Humor )

(၂၈) ဥာဏ်ကွန့်မြူးခြင်း ( Imagination )

(၂၉) လုံ့လ၀ီရိယကြီးခြင်း ( Industry )

(၃၀) တရားမျှတခြင်း ( Justice )

(၃၁) သနားကြင်နာခြင်း ( Kindness )

(၃၂) ခေါင်းဆောင်ခြင်း ( Leadership )

(၃၃) ချစ်ခင်မြတ်နိုးခြင်း ( Love )

(၃၄) သစ္စာစောင့်ထိန်းခြင်း ( Loyalty )

(၃၅) ဆုံးမနာယူခြင်း ( Obedience )

(၃၆) စနစ်စည်းကမ်းရှိခြင်း ( Orderliness )

(၃၇) သည်းညည်းခံခြင်း ( Patience )

(၃၈) ဇွဲကောင်းခြင်း ( Perseverance )

(၃၉) အချိန်မှန်ခြင်း ( Punctuality )

(၄၀) ကြံရည်ဖန်ရည်ရှိခြင်း ( Resourcefulness )

(၄၁) ကိုယ်ထူကိုယ်ထလုပ်ခြင်း ( Self-reliance )

(၄၂) မြဲမြံခိုင်ခံ့သောစိတ်ရှိခြင်း ( Steadfastness )

(၄၃) ကောင်းဆိုးပိုင်းခြားနိုင်ခြင်း ( Tact )

(၄၄) ခြိုးခြံချွေတာခြင်း ( Thrift )

(၄၅) ခွင့်လွှတ်ခြင်း ( Tolerance )

(၄၆) ပညာဥာဏ်ရှိခြင်း ( Wisdom )