Tuesday, September 25, 2018

အဖိုးမဖြတ်နိုင်သော ဆေးဖက်ဝင် ဗာဒံပင်


အဖိုးမဖြတ်နိုင်သော ဆေးဖက်ဝင် ဗာဒံပင်

ဗာဒံပင် ကို ဗန်ဒါပင် ဆိုပြီး အလွယ်ခေါ် နေကြတာများသည်။ ဗာဒံပင်၏ အင်္ဂလိပ် အမည်မှာ Indian Almond ဖြစ်သည်။ ရုက္ခဗေဒ အမည်မှာ Terminaliacatappal ဖြစ်သည်။ ဗာဒံပင်သည် အပင်လတ် အမျိုးအစား ဖြစ်သည်။ 

အရွက်များသည် ထွက်ခါစတွင် အညိုရောင်ရှိပြီး ရင့်သွားသောအခါ အနီရောင် ဖျော့ဖျော့ ပြောင်းသွား၏။ ရာသီအလိုက် အရွက်သည် ကြွေ၏။ မကြွေခင် အရောင်မျိုးစုံ ပြောင်းသည်။ အပွင့်များမှာလည်း ဆွဲဆောင်မှု ရှိလှ၏။ 

ဗာဒံသီးကို နှစ်ပိုင်းပိုင်းခြား နိုင်၏။ ကတီ်္တပါ ကဲ့သို့ နူးညံ့သော အပိုင်းနှင့် ကျောက်ကဲ့သို့ မာကျောသော အပိုင်းတို့ဖြစ်၏။ မာကျောသည့် အပိုင်းကို ခွဲလိုက်သောအခါ အစေ့အတွင်းစာ ကို တွေ့နိုင်သည်။