Friday, December 25, 2020

ကျောက်ကပ်ကျန်းမာဖို့ အစားအသောက်ဆင်ခြင်စို့

 

ကျောက်ကပ်ကျန်းမာဖို့ အစားအသောက်ဆင်ခြင်စို့

 


ကျွန်တော်တို့ ခန္ဓာကိုယ် အစိတ်အပိုင်းများ ကျန်းမာနေ မှသာ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မည် ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက် များကို ဖယ်ရှား ပေးနိုင်သော ကိုယ်တွင်းအင်္ဂါ တစ်ခု ကျန်းမာစေရန် ပြမူ ဆောင်ရွက်သင့်သည် များကို ဝေမျှပေးလိုသည်။

ခန္ဓာကိုယ် အတွင်းရှိ အဆိပ်အတောက် များကို ဖယ်ရှားပေး နိုင်သော     အတွင်းအင်္ဂါ တစ်ရပ်မှာ ကျောက်ကပ်ပင် ဖြစ်သည်။ နံရိုးတို့၏ အောက်ဘက် အနားတွင်ရှိသော လက်သီးဆုပ် အရွယ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း ဖြစ်သည်။ ကျောက်ကပ်သည်  ကျောရိုး၏ တစ်ဖက်တစ်ချက်စီ တွင်ရှိကြသည်။ သူ၏  အဓိကတာဝန်မှာ ခန္ဓာကိုယ် အတွင်းက အညစ်အကြေး တွေကို စစ်ထုတ်ပေးခြင်း ဖြစ်သည်။


သွေးတွင်းက အညစ်အကြေး တွေကို သန့်စင်ပေး ရာမှ စစ်ထုတ်လိုက်သော အညစ်အကြေး များကို ဆီးအိမ်ထဲတွင် သိမ်းထားပြီး ဆီးအဖြစ်နဲ့ ခန္ဓာကိုယ် ပြင်ပဆီ စွန့်ထုတ်ပေးသည်။ ခန္ဓာကိုယ် အတွင်းရှိ ပိုတက်ဆီယမ် ပမာဏကိုလည်း ထိန်းညှိ ပေးသည်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန် ကိုလည်း  ထိန်းညှိပေးနိုင်စွမ်း ရှိသည်။ အရိုးများကို သန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံး လုပ်ဆောင်မှု ရရှိနိုင်ရန် ကယ်ဆီယမ်ကို စုပ်ယူနိုင်ဖို့ ဗီတာမင်ဒီ ဖြစ်အောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိသည်။

ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် ကျောက်ကပ် မထိအောင်၊ ကျောက်ကပ် ကျန်းမာနေအောင် ဘာတွေ လုပ်ရမလဲ ဆိုသည့် မေးခွန်းများ အမြဲလိုလို ကြားသိနေ ရသည်။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ ကင်းစေရန်အတွက် ရှောင်ရန် အပြအမူများကို ဝေမျှ ပေးလိုသည်။

ရေသောက်နည်းခြင်း

ကျောက်ကပ်၏     လုပ်ငန်း ဆောင်တာများ ကောင်းကောင်း လည်ပတ်နိုင်ရန် ရေဓာတ်ပြည့်ဝ နေဖို့ လိုအပ်သည်။ ရေသောက် နည်းမည်။ ရေကို လုံလောက်စွာ သောက်သုံးမှု မရှိလျှင် သွေးထဲတွင် အဆိပ်များ စုလာပြီး ကျောက်ကပ်က  စွန့်ထုတ် စစ်ထုတ်နိုင်မှု  ကျဆင်းသွား နိုင်သည်။ သို့ဖြစ်ပါ၍   ကျောက်ကပ် ကျန်းမာရေး ကောင်းမွန်လိုလျှင် ရေများများ သောက်ပေးစေလိုသည်။

အငန်စားလွန်းခြင်း

လူတစ်ယောက် ကျန်းမာနေစေဖို့ တစ်နေ့လျှင် အငန်ဓာတ် ၅ ဒသမ ၈ ဂရမ် စားသုံးပေး နိုင်သည်။ ကျွန်တော်တို့ စားသော အစားအစာများတွင် အငန်ဓာတ်များ လွန်ကဲနေလျှင် ကျောက်ကပ်ကို နာမကျန်း ဖြစ်စေမည် ဖြစ်သည်။ အငန်ဟု ဆိုလိုက်သည်နှင့် ငါးပိ၊ ငါးခြောက် များကိုသာ ပြေးမြင်တာ များကြသည်။ စင်စစ်အားဖြင့် အငန်အရသာ ရှိသော အစားအစာ များတွင် အမြန်စာများ၊ ပြပြင်စီမံ ထားသော အစားအစာတို့ ပါဝင်သည်။  သို့ဖြစ်ပါ၍ ကျွန်တော် တို့သည်  မိမိတို့စားမည့် အစားအစာ ထဲတွင် အငန်ဓာတ် လွန်ကဲမနေဖို့ လိုအပ်သည်။

အိပ်ရေးပျက်ခံခြင်း

ယနေ့ခေတ်တွင် အများစုသည် မိမိတို့၏ လက်ကိုင်ဖုန်း၊ လက်တော့များ နှင့် နီးစပ်လွန်းရာမှ ညဘက် အိပ်ချိန်တွင် မအိပ်ဘဲ အချိန်ဖြန်း နေလေ့ရှိကြသည်။ လူတစ်ဦးသည် ကျန်းမာနေစေဖို့ အနည်းဆုံး ၆ နာရီ မှ ၈ နာရီအထိ ရှိနေဖို့ လိုအပ်သည်။ သို့သော် ခန္ဓာကိုယ် အတွင်းရှိ  ဇီဝကမ္မဖြစ်စဉ် များကို  ကမောက်ကမ ဖြစ်စေသော အိပ်ရေးပျက်ခံခြင်း များရှိလာသည့် အခါ အတွင်းအင်္ဂါများ ကိုပါ ထိခိုက်သွားမည် ဖြစ်သည်။

သို့ဖြစ်ပါ သောကြောင့် ကျွန်တော်တို့သည် အိပ်ရေး၀၀ အိပ်စက်ဖို့ လိုအပ်သည်။

အရက်သောက်သုံးခြင်း

အရက်သောက်သုံးသူ များတွင် အသည်း ပျက်စီးခြင်း ဝေဒနာ သာမက ကျောက်ကပ် ပျက်စီးခြင်း ကိုပါ ဖြစ်စေ နိုင်သည်။ သို့ဖြစ်ပါ၍ အရက် သောက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ လိုအပ်သည်။

ကွမ်းစားခြင်း

ကွမ်းစားများ သူများတွင်  ကာလ ကြာရှည်လာ သည့်အခါ ထုံးဓာတ်များ ခန္ဓာကိုယ်အတွင်း များနေမည် ဖြစ်သည်။ များနေသော ထုံးဓာတ်များကို ကောင်းစွာ မစွန့်ထုတ် နိုင်သောအခါ   ကျောက်ကပ် အတွင်း ကျောက်တည်ခြင်းများ ဖြစ်လာနိုင်သည်။ သို့ဖြစ်ပါ သောကြောင့် ကျောက်ကပ် ကျန်းမာနေစေဖို့ ကွမ်းစား ခြင်းကို ရှောင်ရှား သင့်သည်။

ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း

လေ့လာမှုများ အရ   ကိုယ်လက် လှုပ်ရှားမှုများ  ပြလုပ်ပေးခြင်းဖြင့် ကျောက်ကပ်မှာ ကျောက်တည် ခြင်းကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချပေး နိုင်စွမ်းရှိကြောင်း သိရသည်။ ကိုယ်လက် လှုပ်ရှားမှုလုပ်ပေး ခြင်းဖြင့် ညီညွတ်သော ကိုယ်အလေးချိန် ကို ထိန်းထား ပေးနိုင်ရုံသာမက   ကျောက်ကပ် ကျန်းမာစေရန် အထောက်အကူ ဖြစ်စေနိုင်သည်။

ဆေးလိပ်သောက်သုံးခြင်း

ဆေးလိပ် သောက်သုံးခြင်းသည် ကျွန်တော်တို့ ခန္ဓာကိုယ်ရှိ သွေးကြောများကို တောင့်တင်း ကျဉ်းမြောင်း စေပြီး ခန္ဓာကိုယ်၏ အရေးပါသော အစိတ်အပိုင်း များဆီ သွေးစီးဆင်းမှု နည်းပါးသွား နိုင်သည်။ သွေးစီးဆင်းမှု နည်းပါးလာသည့် အတွက် ကျောက်ကပ် သည်လည်း အလုပ်ကောင်းမွန်စွာ လုပ်နိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်ပါ သောကြောင့် ကျောက်ကပ် ကျန်းမာစေဖို့ ဆေးလိပ် သောက်သုံးခြင်းကို ရှောင်ကြဉ် သင့်သည်။

ကဖိန်းဓာတ်များလွန်ကဲခြင်း

ကဖိန်းဓာတ် များစေသော အားဖြည့် အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်များ လွန်ကဲစွာ သုံးစွဲမှုကြောင့် အိပ်မပျော်ခြင်းမှ အိပ်ရေးပျက်ခြင်း ဆီ ဦးတည်လာ နိုင်သည်။ အထက်တွင် ဖော်ပြခဲ့သော အချက်အလက် များအတိုင်း အိပ်ရေးပျက်ခြင်းဖြင့် ဇီဝကမ္မ ဖြစ်စဉ် များကို ကမောက်ကမ ဖြစ်စေသည်။ သို့ဖြစ်ပါ သောကြောင့် ကျောက်ကပ်များ ကျန်းမာစေဖို့ ကဖိန်းဓာတ် လွန်ကဲသော အစားအစာများ လျှော့သုံးစွဲ စေလိုသည်။

အကိုက်အခဲ ပျောက်ဆေးများ လွန်ကဲစွာ သုံးစွဲခြင်း ယနေ့ခေတ်တွင် အများစုသည် မိမိတို့ သဘောဖြင့် အကိုက်အခဲ ပျောက်ဆေးများ သုံးစွဲလျက် ရှိသည်။ ဆေးများ သုံးစွဲရာမှ   မိမိတို့နှင့် မသင့်လျော်သော ဆေးဝါးများကို ကြာရှည်စွာ မှီဝဲမည်ဆိုလျှင် ကျောက်ကပ် ကို နာမကျန်း ဖြစ်စေမည်ဖြစ်သည်။ သို့ဖြစ်ပါ သောကြောင့် မိမိတို့ သဘောဖြင့် အကိုက်အခဲ ပျောက်ဆေးများ မှီဝဲခြင်းကို အထူး ရှောင်ကြဉ် သင့်သည်။

အ၀လွန်ခြင်း

ယနေ့ခေတ်တွင် အ၀လွန်ခြင်းသည် လူသားတို့ အတွက် စိုးရိမ်ဖွယ် ပြဿနာ တစ်ရပ် ဖြစ်နေသည်။ အ၀လွန်ခြင်းဖြင့် နောက်ဆက်တွဲ အနေနှင့် ဆီးချို ၊ နှလုံး၊ သွေးတိုးနှင့်နှလုံး၊ ကျောက်ကပ် တို့ကို အလွယ်တကူ ထိခိုက်စေမည်။ သို့ဖြစ်ပါ သောကြောင့် ကျွန်တော် တို့သည် ကျောက်ကပ် ကျန်းမာစေရန် အ၀လွန်ခြင်းမှ ရုန်းထွက်ဖို့ လိုအပ်လှသည်။

သွေးပေါင်ချိန်မထိန်းခြင်း

ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာနေစေဖို့ ပုံမှန်သွေး ပေါင်းချိန်ဖြစ်သော အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိဖို့ လိုအပ်သည်။ အကယ်၍ သွေးပေါင်ချိန် တက်နေမည် ဆိုလျှင် ကျောက်ကပ် ပျက်စီးခြင်း ဖြစ်နိုင်သည်။ သို့ဖြစ်ပါ သောကြောင့် သွေးပေါင်ချိန် ပုံမှန်ရှိရန် ထိန်းပေးဖို့ လိုအပ်သည်။

သကြားဓာတ်များခြင်း

အသင့်သောက် အချိုရည်၊ ကော်ဖီများကို တာရှည် သောက်သုံးခြင်းဖြင့် သကြားဓာတ်များ ခန္ဓာကိုယ် အတွင်း စုပုံလာနိုင်သည်။  သကြားဓာတ် မြင့်မားလာသော အခါ ကျောက်ကပ်က သွေးများကို   စစ်ထုတ်ရန်  အလုပ်ပိုလုပ် ရသည်။   သို့ဖြစ်ပါ သောကြောင့် ကျောက်ကပ် ကျန်းမာစေဖို့ သကြားဓာတ်များ လျှော့စား စေလိုသည်။

အသားစားသုံးမှု လွန်ကဲခြင်း

ပရိုတင်းဓာတ် သည် ခန္ဓာကိုယ် အတွက် လိုအပ်သော အရာဖြစ်သည်။ သို့သော် အသားစားသုံးမှု လွန်ကဲမည် ဆိုလျှင် ပရိုတင်းဓာတ် များလွန်ကဲပြီး ကျောက်ကပ် ကို   ထိလာနိုင်သည်။    သို့ဖြစ်ပါ သောကြောင့်  ကျောက်ကပ် ကျန်းမာစေဖို့ အနီရောင် အသားများ လျှော့စား သုံးစေလိုသည်။

အဟုန်တားထားခြင်း

ကျွန်တော်တို့သည် ရံဖန်ရံခါ ဆီးသွားချင်သည့် အချိန်များတွင် ဆီးမသွားဘဲ အောင့်ထားခြင်း မျိုးကို ပြလုပ်လေ့ ရှိကြသည်။ ဆီးအိမ်ထဲတွင် ဆီးများ ကြာကြာထားမည် ဆိုလျှင် ဗက်တီးရီးယား များကို အလွယ်တကူ ပေါက်ပွားစေ နိုင်သည်။  ယင်းသို့  ပေါက်ပွားရာမှ  ကျောက်ကပ်ကို ထိခိုက် လာနိုင်သည်။ သို့ဖြစ်ပါ သောကြောင့် ဆီးကို အောင့်ထားခြင်း အလေ့မျိုး ရှောင်ကြဉ် သင့်သည်။   အထက်ပါ အချက်များကို    သတိပြရှောင်ကြဉ်ရမည် ဆိုလျှင် ခန္ဓာကိုယ် အတွင်းရှိ အဆိပ်အတောက် များကို ဖယ်ရှားပေး နိုင်သော ကျောက်ကပ်များ ကျန်းမာနေမည် ဖြစ်သည်။   

 

မုဒိတာ (တောင်သာ)

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - mwddaily