Monday, January 25, 2021

သုံးအိမ်သန့်ရှင်း ရောဂါကင်း

 

သုံးအိမ်သန့်ရှင်း ရောဂါကင်း 

 


မိန်းကလေး အများစုသည် လူအများ၏ အမြင်တွင် လှသွေးကြွယ်သော မိန်းမလှတစ်ဦး ဖြစ်လိုသော ဆန္ဒ ရှိကြသည်။ ယင်းသို့ လှသွေးကြွယ်သော မိန်းကလေး ဖြစ်စေရန် ဆံပင်များကို ကောက်ခြင်း၊ ဖြောင့်ခြင်း၊ မိတ်ကပ်လိမ်းခြင်း၊ မျက်နှာ အဆီချခြင်း တို့ကိုပြုလုပ် လျက်ရှိနေကြသည်။ ထိုသို့သော ပြပြင်ခြင်းများသည် ပင်ကိုယ် အလှကို အတုအယောင်များနှင့် ဖုံးအုပ်ပြီး အလှ ပြပြင်နေကြခြင်း ဖြစ်သည်။

အမှန်တော့    မိန်းကလေးများ ဖြစ်ချင်သော လှသွေးကြွယ် မိန်းကလေး၊ အလှစစ်ပိုင်ရှင်များ ဖြစ်ရန် အောက်ပါ အိမ်သုံးအိမ်ကို  ဂရုပြပေးရန်  လိုအပ်သည်။ ယင်း အိမ်သုံးအိမ်မှာ သားအိမ်၊ ကျင်ငယ်အိမ် နှင့်  ကျင်ကြီးအိမ် တို့ဖြစ်ကြသည်။  ယင်းသုံးအိမ် သန့်ရှင်းလျှင် သန့်စင်သော ရာသီသွေး၊ မှန်ကန်သောဆီး၊ ၀မ်းများဖြင့် ကြည်လင်သော မျက်နှာ၊ စိုပြည်သော အသားအရေ၊ သင်းပံျ့သော ကိုယ်နံ့များကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။


သားအိမ် သန့်ရှင်းရန် အတွက်ဆိုလျှင်   တစ်လတစ်ခါ ရာသီပေါ် ရမည့်ရက်တွင်  ရာသီသွေးမှန်ရန် လိုအပ်သည်။  ရာသီသွေး စီးဆင်းရမည့် ရက်သည် သုံးရက်မှငါးရက် အတွင်းရှိရမည် ဖြစ်သည်။ သွေး၏ အရောင်သည်  ယုန်သွေးကဲ့သို့ ရှိရမည်ဖြစ်သည်။ ရာသီသွေးကို ရေဖြင့် သန့်ရှင်းသော အခါ   ရေတွင် ညိုပုပ်သော အတုံးအခဲများ ပါနေလျှင်   သားအိမ် မသန့်ရှင်းခြင်း ဆိုသော လက္ခဏာ အသွင်ဆောင် နေသည်ကို သတိချပ် စေလိုသည်။

စီးဆင်းသော ရာသီသွေးသည် အနံ့နံခြင်းရှိ၊ မရှိ လည်း ဂရုပြရမည်။ သို့ဖြစ် ပါသောကြောင့်  ရာသီ မလာမီ တစ်ပတ်အချိန်တွင် သွေးချုပ်စေသော အစားအစာများ (လက်ဖက်၊ကော်ဖီ) စသည်တို့ကို ရှောင်ရှားရမည်။ ထို့အတူ ရာသီလာခါနီး အချိန်တွင် ရေအေးချိုးခြင်း၊   ကြာရှည်စွာ ခေါင်းလျှော်ခြင်း များကိုလည်း ဆင်ခြင်သင့်သည်။ ရာသီလာနေစဉ် အချိန်အတွင်းတွင် အချိုများ လွန်ကဲစွာစားခြင်း၊  အချဉ်၊  အစပ်များ လွန်ကဲစွာစားခြင်း၊ အချုပ်စာများ (လက်ဖက်၊ ကော်ဖီ)စသည်တို့ကို လွန်ကဲစွာ စားခြင်းမှ အထူးရှောင်ကြဉ် ရမည်။ ရာသီလာနေစဉ် အချိန်တွင် အာဟာရပြည့်ဝ စေသော အစားအစာများ၊  လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ စားခြင်းနှင့်အတူ အိပ်ချိန်၊ စားချိန်မှန်အောင် ဂရုပြသင့်သည်။   ရာသီသွေး မကျန်စေရန် အတွက် တစ်ဖက်လွန် အပြအမူများ (အိပ်ရေးပျက်ခံခြင်း၊ အစာငတ်ခံခြင်း) တို့ကို  အထူး ရှောင်ကြဉ်ရမည်။ ဤသို့ဖြင့် လှသွေးကြွယ်သော မိန်းကလေးဖြစ် စေဖို့ သားအိမ် သန့်ရှင်းစေရန်   အထက်ဖော်ပြပါ အချက်များအတိုင်း လိုက်နာကျင့်သုံး သင့်သည်။

ကျင်ငယ်အိမ် သန့်ရှင်းစေရန် အတွက်မူ ရာသီဥတု အပူအအေးပေါ် မူတည်၍ လည်းကောင်း၊ ရေသောက် သည့် ပမာဏပေါ် မူတည်၍ လည်းကောင်း ဆီးအနည်း၊  အများ စွန့်ခြင်းရှိရမည် ဖြစ်သည်။ ဆီး၏ မူလအရောင် မှာ ကောက်ရိုးဝါရောင် ရှိရမည်ဖြစ်သည်။  ဆီးနီခြင်း၊ ဆီးဝါခြင်း၊ ဖြခြင်း၊ နည်းခြင်း၊ အနယ်အနှစ် ပါခြင်း၊ သွေးပါခြင်း၊ ဆီးကျန်ခြင်း၊ ဆီးကြောတင်းခြင်း၊ ဆီးသွား အားမရခြင်း တို့သည် ကျင်ငယ်အိမ် မသန့်ရှင်းခြင်း ၏ လက္ခဏာများ ဖြစ်သည်ကို သတိချပ် စေလိုသည်။ သို့ဖြစ်ပါသောကြောင့် ဆီးသည် ရေပိုက်မှ ရေဖွင့်ချ သကဲ့သို့ လှိုဏ်ခေါင်းသံ မြည်ပြီး ကုန်စင်အောင်စွန့် နိုင်ရန်အတွက်   ရေကိုအနည်းဆုံး တစ်နေ့လျှင် ၂ လီတာခန့်  သောက်ပေးရန် လိုအပ်သည်။ ဆီးသွားချင်သည့် အချိန်တွင်  ဆီးအောင့်ထားခြင်း ကို အထူး ရှောင်ကြဉ်သင့်သည်။ အချို့ လူများသည် ဆီးခဏခဏ သွားရမည်စိုး၍ ရေလျှော့သောက် မည်ဆိုသော အယူအဆအမှား များကို  လက်ကိုင်ထား ကျင့်သုံးနေကြ သည်ကို တွေ့ရသည်။ သို့ဖြစ် ပါသောကြောင့် လှသွေးကြွယ်သော မိန်းကလေးတို့ ဖြစ်စေဖို့  ကျင်ငယ်အိမ် သန့်ရှင်းစေရန် အထက်ပါ အချက်များ အတိုင်း ဂရုပြသင့်ကြောင်း တင်ပြလိုက်ရ ပါသည်။

ကျင်ကြီးအိမ် သန့်ရှင်းခြင်း ဆိုရာတွင်   ၀မ်းသွား သည့်အခါတွင်  အားစိုက် မညှစ်ရဘဲ   မပျော့မမာ အားရပါးရ ကုန်စင်အောင် ၀မ်းဗိုက်အတွင်း ချောင်သွား သကဲ့သို့ ခံစားရသည့်တိုင် ၀မ်းသွားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။  ကျင်ကြီးအိမ် သန့်ရှင်းစေရန် အတွက် ၀မ်းမှန်ရန် လိုအပ်သည်။ ၀မ်းမှန်ရန် အတွက် သင့်လျော်သော ကိုယ်လက် လှုပ်ရှားမှု ပြလုပ်ပေးရန် လိုအပ်သကဲ့သို့ စိတ်သောကများ ကင်းဝေးစေရန် ပြမူနေထိုင်ဖို့  လိုအပ်လှသည်။

ဝမ်းမှန်စေရန် အတွက် သင်္ဘောသီး၊ ငှက်ပျောသီးမှည့်၊   မန်ကျည်းသီးမှည့်၊   ဘူးညွန့်ဘူးရွက် တို့ကို ဓာတ်စာအဖြစ် စားသုံးပေးရန် လိုအပ်သည်။ အများစုက ၀မ်းချုပ်ခြင်းမှ ကာကွယ်ရန် အတွက်    အထက်ပါ အလေ့အကျင့်၊ အစားအသောက် များကို မစားသုံး၊ မပြုမူကြဘဲ ၀မ်းချုပ်သည်နှင့် တစ်ပြိင်နက် ၀မ်းနုတ်ဆေး၊  ၀မ်းပျော့ဆေး များကို  လွယ်လင့်တကူ ၀ယ်ယူ သုံးစွဲနေကြသည်။

ဝမ်းချုပ်ခြင်းသည်  အူမကြီးကင်ဆာ ၏ လက္ခဏာ များစွာထဲမှ တစ်ခုအပါအ၀င် ဖြစ်သည်ကို  သတိချပ် စေလိုသည်။   ၀မ်းချုပ်ခြင်းမှ ကင်းဝေးစေရန် အတွက် ရေကို လုံလောက်စွာ သောက်ပေးရန် လည်း လိုအပ်သည်။ ၀မ်းချုပ်ခြင်းသည်   ရောဂါပေါင်း များစွာကို ဖြစ်ပေါ်စေပြီး   သာမန်ရောဂါ ကိုလည်း ကြီးကျယ်စေ ပါသည်။ သို့ဖြစ် ပါသောကြောင့် ကျင်ကြီးအိမ် မသန့်ရှင်းသည့် အခါတွင် မျက်နှာတွင် အဖုအပိမ့် များထွက်ခြင်း၊    အသားအရေ ခြောက်သွေ့ခြင်း၊  ညစ်နွမ်းခြင်း၊ လေးလံထိုင်းမှိုင်း ခြင်းတို့ဖြစ်စေ သည်ကို သတိချပ် စေလိုသည်။ ဤသို့ဖြင့် လှသွေးကြွယ်သော  မိန်းကလေးတို့ ဖြစ်စေဖို့ အထက်ပါ အိမ်သုံးအိမ် သန့်ရှင်းစေရန် အစဉ်တစိုက် ဂရုပြ ပြပြင်သင့် ပါသည်။ တစ်အိမ် မကောင်းလျှင်တစ်အိမ် ပြပြင်ခြင်းဖြင့် မိန်းကလေးတို့ ဘ၀စိုပြည် ၀င်းပ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာမည် ဖြစ်ပါသည်။  

 

မုဒိတာ (တောင်သာ)

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - mwddaily