Wednesday, December 9, 2020

ဆောင်းရာသီအတွက် ဆောင်ရန်ရှောင်ရန် အစားအစာလေးများ

 

ဆောင်းရာသီအတွက် ဆောင်ရန်ရှောင်ရန် အစားအစာလေးများ

 


ရှေးမြန်မာကြီး များက ဆောင်းတွင်း တစ်တွင်းလုံး ကျန်းမာစေဖို့ အတွက် လက်စွဲတော် ဆေးနည်းတို လေးကို မှီဝဲလေ့ ရှိကြပါတယ်။ ၎င်းဆေးနည်းမှာ  ငရုတ်ကောင်းစိမ်း၊ ပိတ်ချင်းသီး နှင့် ချင်းစိမ်းခြောက် ၎င်း သုံးမျိုးတို့အား ၉ မူးသားစီ ဆတူရော၍ ထိုအရော အနှောထဲသို့ ထန်းလျက်ရည် နှင့် ပျားရည် တစ်ဆယ် ကျပ်သားစီ ရောစပ်ပြီး ဆေးရည်တည် ပါတယ်။

ထိုဆေးနှစ်ရည် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ပမာဏ ခန့်ကို ဆောင်းဝင်သည့် နေ့ကစပြီး တစ်နေ့တစ်ကြိမ် မျှသာ စားပေးရုံဖြင့် ဆောင်းဥတုမှာ မည်သည့် ရောဂါမျှ မရှိနိုင်တော့ဘူးလို့ ဆိုပါတယ်။ ထိုနည်းတူစွာပင် နွေရာသီ၊  မိုးရာသီ အတွက်ပါ ဆေးနည်းတို လေးများ ဖော်စပ်သောက်သည့် ဓလေ့ကို လေ့လာကြည့်ခြင်း အားဖြင့် ရှေးမြန်မာကြီး များဟာ ကျန်းမာရေး အသိအမြင်နှင့် ပတ်သက်၍ ခေတ်နောက် မကျဘူး လို့ ဆိုနိုင်ပါတယ်။ ယနေ့ကမ္ဘာမှာ တစ်နေ့တခြား တိုးတက်ခေတ်မီ လာတဲ့အလျောက် ရုပ်ဝတ္ထတွေနောက် အမီလိုက်ရင်း   နေထိုင်စားသောက်မှု ပုံစံတွေလည်း ပြောင်းလဲ လာကြရာ လွယ်ကူ မြန်ဆန်သော အစား အသောက်တွေကို အာသီသ ရှိလာကြပြီး ကျန်းမာရေး အတွက် ဘေးထွက် ဆိုးကျိုများစွာ ခံစားနေကြရ ပါတယ်။ ဒီတစ်နှစ် ဆောင်းဥတုမှာ တော့ဖြင့် ရာသီဥတု နှင့်လျော်ညီစွာ စားသောက်နေထိုင် တတ်ဖို့အတွက် အောက်ဖော်ပြပါ ဆောင်ရန်/ ရှောင်ရန် အစားအစာ လေးများဖြင့် မျှဝေ လိုက်ရပါတယ်။


ဆောင်းရာသီအတွက် ဆောင်ရန်အစားအစာများ

အချဉ်သီးများ

ဗီတာမင်စီ မြင့်မားစွာ ပါရှိသော လိမ္မော်၊ သံပရာ၊ ရှောက်၊ ဂရိတ်ဖရု စတဲ့ အသီးတွေကို စားပေးသင့် ပါတယ်။ ၎င်းအသီး တွေထဲတွင် ဖောလစ်အက်စစ် အပြင် ချေဖျက်နိုင်သော အမျှင်ဓာတ်တွေ အလုံအလောက် ပါရှိနေ၍ အစာကို ကြေညက်စေ ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် အကျိုးပြဓာတ်တိုးဆန့်ကျင် ပစ္စည်းများလည်း ကယ်ဝစွာ ပါရှိနေတာကြောင့်   ကိုယ်ခံ စွမ်းအားကို တိုးတက်မြင့်မား လာစေပြီး   အအေးမိ၊   နှာစေး၊ ချောင်းဆိုး စတဲ့ပြင်ပ ကူးစက် ရောဂါတွေ အလွယ်တကူ  မ၀င်ရောက် နိုင်တော့ပေ။  ဆောင်းဥတုမှာ အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်လေ့ရှိသူများ နံနက်စာ စားပြီးတိုင်း သံပရာရည် တစ်ခွက် သောက်ပေးသင့် ပါတယ်။

မြေအောက်မြစ်လျှောက်အပင်များ

မုန်လာဥနီ၊ မုန်လာဥဖြ၊ ရွှေဖရုံသီး၊ ကန်စွန်းဥ၊ စိမ်းစားဥ၊ အာဒါလွတ်ဥ၊ ကြက်သွန်နီ   စသော ဟင်းသီး ဟင်းရွက်တွေဟာ မြေအောက် မြစ်လျှောက် အမျိုးအစား ဖြစ်တာကြောင့် မြေဆီလွှာထဲမှ သတ္တဓာတ်နဲ့ အာဟာရတို့ကို  အပြည့်အ၀ စုပ်ယူထားကြ ပါတယ်။ ဒါ့အပြင် မြေပြင်ပေါ် ထိုးထိုး ထောင်ထောင် ဖြစ်နေသော ရွှေဖရုံရွက်ညွန့်၊ မုန်လာရွက် တွေကလည်း နေရောင်ခြည်ဖြင့် အစာချက်လုပ် ထားကြပါတယ်။ ဒါကြောင့် ကစီဓာတ် ကြွယ်ဝကာ လူကို အာဟာရ ဖြစ်စေသော ၎င်း မြေပေါ်မြေအောက် ဟင်းသီးဟင်းရွက် များကို ဆောင်းရာသီ ဓာတ်စာအဖြစ် စားပေးသင့် ပါတယ်။ (အာလူးကလည်း ဆောင်းရာသီ ဓာတ်စာ ဖြစ်ပါတယ်။ သို့သော် အာလူးကို အခွံနွှာ၍ တစ်ညသိပ် ရေစိမ်ပြီးမှ စားပေးသင့်သလို အခွံ အစိမ်းရောင်ရှိ သော အာလူးမျိုးကို လုံးဝ မစားသင့်ပါဘူး)

ဆန်လုံးညိ

နေ့စဉ် စားသောက်နေသည့် ဆန်ထက်စာရင် ဆန်လုံးညိုက လူကို အာဟာရ ပိုစေပါတယ်။ ဆန်လုံးညိုမှာ လူသားတို့အတွက် သက်စောင့်ဆေး အာနိသင်များ ဖြစ်ကြသော မဂ္ဂနီစီယမ်၊ မဂ္ဂနီးစ်၊ ဇင့်၊ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါရှိ နေပါတယ်။ (၎င်းမျိုးနွယ်ဝင် ကွေကာအုတ် အကြမ်းများ ဟာလည်း ဆန်လုံးညို နီးပါးခန့် လူကို အာဟာရဖြစ် စေပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ  တစ်နေ့တာလုံး အာဟာရ ပြည့်နေစေဖို့ အတွက် ဆန်လုံးညို ဆန်ပြတ် သို့မဟုတ် ကွေကာအုတ် အကြမ်းတို့ကို ပြတ်၍ နံနက်စာ အာဟာရအဖြစ် သောက်ပေးသင့် ပါတယ်)

လက်ဖက်ခြောက် ရေနွေးကြမ်းနှင့် သောက်ရေသန့်

ဆောင်းရာသီ ရောက်တဲ့အခါ သဘာဝအလျောက် ခန္ဓာကိုယ်တွင်း ထဲမှာ အပူခဲနေပြီး ခန္ဓာကိုယ်ပြင်ပ၏ အသားအရေမှာ အေးစက်နေတတ် ကြပါတယ်။ အပူအအေး မျှတစွာ နေထိုင်ဖို့အတွက် လက်ဖက်ခြောက် ရေနွေးကြမ်း သောက်ပေးသင့် ပါတယ်။ ရေနွေးကြမ်း က ကိုယ်ခံအား ကောင်းမွန်စေပြီး နှလုံး ကျန်းမာရေး သာမက အစာမကြေခြင်းနဲ့ အစာအိမ်ကို ကောင်းကျိုး ပြပါတယ်။  ဆောင်းဥတုတွင် အသားအရေ ခြောက်သွေ့တတ် တာကြောင့်လည်း ခန္ဓာကိုယ်တွင်း ရေဓာတ် မခန်းခြောက် စေဖို့အတွက် တစ်နေ့ကို သောက်ရေ ရှစ်ဖန်ခွက်ထက် မနည်း သောက်ပေး သင့်ပါတယ်။ (ရေခဲရေ လုံးဝမသောက်ပါနှင့်)

ဟင်းလျာများ

ကြက်သားထဲတွင် ပါရှိသော ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖရက်၊ စီလီကွန်၊ ဆာလ်ဖာ စသည့် သက်စောင့်ဓာတ် များက လူကို ခွန်အားဖြစ်စေတဲ့ အပြင် ဆောင်းရာသီ ရောဂါများ ဖြစ်ကြသော အစာမကြေခြင်း၊   အအေးမိ တုပ်ကွေးနှင့်   အပူကန် လည်ချောင်းနာ ရောဂါတွေအတွက် ကြက်သားက လွန်စွာကောင်းကျိုး ပြပါတယ်။ ငါးနဲ့ အမဲသားတို့ ကလည်း ဆောင်းရာသီအတွက် ဓာတ်စာလေးများ ဖြစ်ကြပါတယ်။

ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ

ပင်ကို ခန္ဓာကိုယ်တွင်း    အပူများသူတွေမှာ  ဆောင်းဦးပေါက် ရာသီဥတု အပြောင်းအလဲ ကာလများ   အပူကန်ထွက် လာတာကြောင့် ကျီးကန်းပါးစပ်၊  နှုတ်ခမ်းကွဲ၊ လည်ချောင်းနာ၊ မျက်စိနာ၊ အပူချောင်း၊ လျှာကွဲ၊ အပူဖျားတွေ ဖြစ်လာတတ်ပါတယ်။ ထိုသူများ အတွက် အပူငြိမ်း၍ ၀မ်းမှန်စေဖို့ မန်ကျည်းမှည့် ဖျော်ရည်ထဲကို ဆားထည့်၍ သောက်ပါ။   တလည်းသီး ကလည်း ကိုယ်တွင်း အပူအပုပ်များကို လျှော့ချပေး နိုင်ပါတယ်။ မျှစ်၊ ချဉ်ပေါင်ရွက်၊ အစိမ်းရောင် ပန်းငရုတ်ချိုပွ၊ ကျောက်ဖရုံသီး၊ ကြက်ဟင်းခါးသီး၊ ခရမ်းချဉ်သီး၊ စောင်းလျားသီး၊ ချဉ်စော်ခါးသီး၊ ပြည်ပန်းညိုရွက်၊ ဒန့်သလွန်ရွက်နဲ့ မဲဇလီဖူး မဲဇလီရွက် တို့ဟာလည်း ဆောင်းတွင်း ဓာတ်စာများ ဖြစ်ကြပါတယ်။ မီတာမင်စီ ကြွယ်ဝပြီး အမျှင်ဓာတ် များသော ဂေါ်ဖီထုပ်ကို ဆောင်းရာသီ ဓာတ်စာ ဟင်းခါးပူပူလေး အဖြစ် မကြာခဏ သောက်ပေးသင့် ပါတယ်။

ဆောင်းရာသီအတွက် ရှောင်ရန်အစားအစာများ

Ä        အေးမြသည့် ဆောင်းရာသီမှာ အစာကြေညက်ခဲ တာကြောင့် ဆီနှင့် အဆီအအိမ့်တွေ လျှော့စား ပေးသင့်ပါတယ်။

Ä        အာလူးကြော်၊ ကြက်ကြော်၊ ဒိုးနက် စတဲ့ဆီကြော် မုန့်များ၊ မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့ စသော အစေ့အဆန်များ၊ ကြက်အူချောင်းနှင့် ၀က်အူချောင်း များကို ရှောင်နိုင်လျှင် ကောင်းပါတယ်။

          Ä        အဆီအနှစ်နှင့် ငရုတ်သီးများသော ဟင်းလျာ အစပ်တွေက ရင်ပူစေပါတယ်။

          Ä        ဆောင်းရာသီမှာ ခရမ်းသီးက လူကို ကောင်းကျိုး မပြုနိုင်ပေ။

Ä        ကော်ဖီနှင့် ချောကလက် ဖျော်ရည်များ ကလည်း ရင်ပူစေနိုင် ပါတယ်။ ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်း ခြောက်မှု မဖြစ်ရအောင် ကဖိန်းဓာတ် ပမာဏကို နည်းနိုင်သမျှ လျှော့သောက်ပါ။

Ä        ဆောင်းရာသီမှာ အကြော်အလှော် ဟင်းလျာများက ရင်ပူစေနိုင် တာကြောင့် အသားငါးတွေကို ဆီဖြင့် ကြော်စားခြင်းထက်  ချက်ပြတ်၍ စားခြင်းသာ ပိုသင့်လျော် ပါတယ်။

Ä        အဆီများသော နို့နှင့် နို့ထွက်ပစ္စည်း များဖြစ်သော ချိစ်၊ မလိုင်၊ ခရင်များ၊ ၎င်းခရင်ဓာတ် ကဲထားသော ကွတ်ကီးမုန့်များက နှာခေါင်း၊ လည်ချောင်း၊ ရင်ခေါင်းတို့ကို ပိတ်ဆို့ စေတဲ့အပြင် အစာမကြေခြင်း ကိုပါ ဖြစ်စေနိုင်ပါတယ်။

Äျုံဖြင့်လုပ်ထားသော အစားအစာ တွေကလည်း ဆောင်းရာသီမှာ အစာမကြေ ခြင်းကို ဖြစ်စေနိုင်ပါတယ်။

Ä        ဓာတုဆေးဝါး သုံး၍ ဖြဆွတ်အောင် ပြပြင်ထားသော သကြားများက သွေးဆဲလ်များကို ထိခိုက် စေနိုင်ပြီး ကိုယ်ခံစွမ်းအား ယုတ်လျော့စေတာ ကြောင့် အအေးမိ၊ ဖျားနာနှင့် ချောင်းဆိုးကူးစက် ပိုးတွေကို ခံနိုင်ရည် မရှိတော့ပါဘူး။ ဒါကြောင့် အဖြရောင် သကြားများနှင့် ၎င်းဖြင့် ပြလုပ်ထားသော အချိုရည်တွေကို ဝေးဝေးက ရှောင်နိုင်လေ ကောင်းလေပဲ ဖြစ်ပါတယ်။  

 

ပေါက်ပေါက်

ဓာတ်ပုံ - အင်တာနက်

ခရက်ဒစ် - mwddaily


No comments: