Wednesday, October 28, 2020

ဆံပင်ဆေးဆိုးသူတို့ သိစေဖို့

 

ဆံပင်ဆေးဆိုးသူတို သိစေဖို


ယနေ့ခေတ် လူငယ် ယောကျာ်းလေး၊ မိန်းကလေး အများစု၏ ဆံပင်အရောင်သည် အနီရောင်၊ အပြာနုရောင်၊ ပန်းရောင် စသည်ဖြင့် ကာလာစုံ များကိုမြင်တွေ့ နေရသည်။ ထို့အတူ အသက် ၄၀ ကျော် အမျိုးသမီး၊ အမျိုးသား အများစု သည်လည်း ဆံပင်နက်ဆေး များကို အလျဉ်းသင့်လျှင် သင့်သလို ဆိုးဖြစ်နေ ကြသည်။ ယင်းကာလာစုံ ဆံပင်ဆိုးဆေး၊ ဆံပင်နက်ဆေး များကြောင့် ဓာတ်မတည့် ဖြစ်ရာမှ ဦးရေပြားတွင် အနာဖြစ်ခြင်း၊ တစ်ကိုယ်လုံး ယားယံခြင်း စသည့် နောက်ဆက်တွဲ အကျိုးကျေးဇူး များကို ခံစား နေကြရ သည်ကိုဖြင့် အများစုက သတိမေ့လျော့ နေကြသည်။

ဆံပင်ဆိုးဆေး အများစုသည်  ဓာတုပစ္စည်းများ ပါဝင်လျက် ရှိသည်။ ယင်းဓာတု ပစ္စည်းများ ကြောင့်ပင် ဓာတ်မတည့်မှု ဖြစ်ပွားခြင်း ဖြစ်သည်။ ဆံပင်ဆိုးဆေး များသည် ဆိုးနေချိန်တွင်  မသိသာ သော်လည်း ဆေးဆိုးပြီး ဆံပင်ခြောက်သည့် အချိန်တွင် သိသိသာသာ လက္ခဏာရပ်များ ခံစားရနိုင်သည်။ ဆံပင် ဆိုးဆေး များကြောင့် ဦးရေပြား ယားခြင်း၊ နားနောက် လည်တိုင် တွင် အကျိတ်များ ရောင်တင်းခြင်း၊ ဆံပင်ဆိုးဆေး အနံ့များကြောင့် ခေါင်းကိုက်ခြင်းများ သိသိသာသာ ခံစားရ နိုင်သည်။


အကယ်၍ ဆံပင်ဆိုးဆေး များသည် ဦးခေါင်းသာမက ခန္ဓာကိုယ်၏ အခြားနေရာ များသို့ ကျရောက်ခဲ့ပါ ကလည်း အခြားနေရာ များတွင် ယားယံခြင်း၊ ယားယံ ရာမှ ကုတ်ခြင်း များကြောင့် အရေပြားနာများ ဖြစ်တတ်လေ့ ရှိသည်။ အကယ်၍ မိမိသည် ဆံပင် ဆိုးဆေးများ ကို အသုံးပြမည် ဆိုပါက ဆေးဖက်ဝင် အပင်များနှင့် ပြလုပ်ထားသော ဆိုးဆေးများကို ရွေးချယ် အသုံးပြသင့်သည်။

ဆံပင်ဆိုးဆေး များဆိုးပြီး ခေါင်းလျှော်သည့် အခါ တွင်လည်း လက်သည်း ရှည်များဖြင့် ကုတ်ခြစ်ခြင်းမျိုး မဖြစ်စေရန်လည်း သတိပြရမည်။ ဆံပင် ဆိုးဆေးများ ဆိုးပြီးသည့် အခါတွင် ဓာတ်မတည့်မှု ကာကွယ်နိုင်ရန် ဆံပင်ဆိုးဆေးများ ကင်းစင်စေရန် သေချာ ဆေးကြော သင့်သည်။

ဆံပင်ဆိုးဆေး အသုံးများ သူသည် ခေါင်းပူရာမှ ဆံပင်ကျွတ်ခြင်း နှင့်အတူ မှတ်ဥာဏ်များ မေ့လျော့ခြင်းလည်း ဖြစ်ပွားနိုင်သည်။ ဆံပင်ဆိုးဆေး အသုံးများ ခြင်းကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက် တို့တွင် ကင်ဆာ ဖြစ်နိုင်သကဲ့သို့ သွေးကင်ဆာ များလည်း ဖြစ်ပွား နိုင်ကြောင်း လေ့လာမှုများ အရ သိရသည်။ ဆံပင်ဆိုးဆေး များတွင် ပါဝင်သော ဓာတုပစ္စည်း များသည် ဆေးလိပ်ငွေ့နှင့် အခြား လေထုညစ်ညမ်း စေသော ပစ္စည်းများနှင့် ထိတွေ့သည့် အခါ ကင်ဆာ ဖြစ်စေနိုင်သော အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ်မျိုးကို ဖန်တီးပေး နိုင်သည်ဟု သိပ္ပံပညာရှင် များ၏ ပြောကြားချက် အရ သိရသည်။

တစ်နှစ်လျှင် ဆံပင်ဆိုးဆေး ကိုးကြိမ်ထက် အသုံးပြမှု ရှိသူများသည် သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားလျက် ရှိကြောင်း ကိုလည်း လေ့လာမှုများ အရ သိရသည်။ ဆံပင်ဆိုးဆေး များ၏  အကြီးမားဆုံး အန္တရာယ် တစ်ခုလည်း ရှိပါသေးသည်။ ထိုအရာမှာ ဆံပင်ဆိုးဆေးများ မျက်စိထဲ ၀င်လျှင် မျက်စိကို ထိခိုက်ပျက်စီး နိုင်ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ကျွန်မတို့သည် မဖြစ်မနေ ဆံပင်နက်ဆေး၊ ဆံပင် ဆိုးဆေးများ အသုံးပြမည် ဆိုလျှင်  ဆံပင်ဆိုး နေသည့်ကာလ တစ်လျှောက်လုံး မျက်စိကို ပိတ်ထားသင့်သည်။ မျက်စိကို အကာအကွယ် ယူသည့် အနေဖြင့်  အ၀တ်တစ်ခု ဖုံးအုပ်ထားခြင်းသည် အကောင်းဆုံး ဖြစ်သည်။

ဆံပင်ဆိုးဆေး များနှင့် ပတ်သက်ပြီး သတိပြရမည့် အချက်တစ်ချက် လည်း ရှိပါသေးသည်။ ထိုအချက်မှာ မိမိသုံးနေသော ဆံပင်ဆိုးဆေးကို မိမိနှင့် တည့်၊မတည့် ဦးခေါင်းတွင် မသုံးမီ အရေပြားပေါ်တွင် အနည်းငယ် သုတ်လိမ်းခြင်းဖြင့် စမ်းသပ်နိုင်သည်။ ထို့အတူ တစ်ပါးသူ သုံးနေသော  ဆံပင်ဆိုးဆေး ကောင်းသည်ဟု ပြောတိုင်းလည်း မိမိနှင့်သင့်၊ မသင့်ကို စမ်းသပ်ပြီးမှ  သုံးစွဲ စေချင်သည်။  အကြောင်းမှာ လူတစ်ဦးနှင့် တစ်ဦး ဓာတ်မတည့်မှု မတူညီနိုင် ခြင်းကြောင့် ဖြစ်သည်။

ဆံပင်ဆိုးဆေးများ ကိုင်တွယ်သည့် နေရာတွင်လည်း လက်အိတ် မပါဘဲ ကိုင်တွယ်ခြင်းမျိုးကို ရှောင်ရှားသင့်သည်။ ဆံပင်ဆိုးဆေး များနှင့် ပတ်သက်၍ အချို့သူများ မှားယွင်းနေသော အထင် တစ်ခုလည်း ရှိသည်။ ထိုအရာမှာ ဆံပင်ဆိုးဆေး များကို မျက်ခုံးမွေး နက်စေရန် ဆိုပြီး မှားယွင်း အသုံးပြနေခြင်းပင် ဖြစ်သည်။ ဆံပင်ဆိုးဆေးများ သုံးသည့်အခါတွင် တစ်မျိုးတည်း သုံးခြင်းကိုသာ ပြလုပ်သင့်သည်။ အချို့သူ များသည် အရောင်စပ်ရန်၊   အရောင်လှရန် အလို့ငှာ ဆိုပြီး နှစ်ရောင်စပ်ကာ ဆိုးနေခြင်း မျိုးကိုလည်း အထူး ရှောင်သင့်သည်။

ဆံပင်ဆိုးဆေးများ ဆိုးတော့မည် ဆိုလျှင် ဆိုးပေးသူ အနေဖြင့်လည်း နှာခေါင်းစည်း၊ လက်အိတ်များကို စနစ်တကျ သုံးပြီးမှ ပြလုပ်သင့်သည်။ ဆံပင်ဆိုးဆေး အရောင်အရင့် များသည် ဆံပင်ဆိုးဆေး အရောင်နု များထက် ပိုပြီး ကျန်းမာရေး ထိခိုက်သည် ကိုလည်း သတိချပ် စေလိုသည်။ ဆံပင်ဆိုးဆေး များ၏ အနံများ သည်လည်း  လူတို့၏ ကျန်းမာရေးကို များစွာ ထိခိုက်စေသည်။

ဆံပင်ဆိုးဆေး အနံ့များကို ကြာကြာရှနေရသူ များသည်   အသက်ရှလမ်းကြောင်း မှတစ်ဆင့် အဆုတ်ကို ထိခိုက်နိုင်သည်။ အဆုတ်ရောင်ပြီး အဆုတ် အတွင်း ရေ၀င်ခြင်း၊ လြွေပန် ရောင်ခြင်း၊ နာတာရှည် ချောင်းဆိုးခြင်း များလည်း ဖြစ်စေသည်။

ဆံပင်ဆိုးဆေး များကြောင့်  အောက်ဖော်ပြပါ လက္ခဏာများ ဖြစ်ပေါ်လာ လျှင်ဖြင့် အနီးစပ်ဆုံး ဆေးခန်းသို့  အလျင်အမြန် သွားသင့်သည်။  ပြင်းထန်သော anaphylactic shock ၏ လက္ခဏာများမှာ အရေပြားများ နီပြီး ဖောင်းနေခြင်း၊ မျက်လုံး၊ နှုတ်ခမ်း၊ ခြေ၊ လက်များ ရောင်ခြင်း၊  လျှာများ ထူအန်းလာခြင်း၊ အသက်ရှရာတွင် ခက်ခဲခြင်း၊ အသံရှရာတွင် စီစီမြည် လာခြင်း၊ ပျို့အန်ခြင်း တို့ဖြစ်သည်။

အကယ်၍ ဆံပင်ဆိုးဆေး များသုံးပြီး ၄၈ နာရီအတွင်း တွင် ဦးရေခွံ၊ နဖူး၊ နားရွက်၊ မျက်ခွံများတွင် အနေရခက် လာခြင်း၊ နီရဲပြီး ကွဲအက်ခြင်းများ ဖြစ်ပေါ်လာလျှင် ဦးခေါင်းကို အေးမြစေရန် အုန်းဆီစစ်စစ်၊ သံလွင်ဆီ စစ်စစ်တို့ကို စိုရွှဲနေအောင် လိမ်းထား သင့်သည်။

နိဂုံးချုပ် အနေဖြင့် ကျွန်မတိုသည် ဆံပင်ဆိုးဆေး နှင့်ပတ်သက်၍ မကင်းနိုင်လျှင် အထက်ဖော်ပြပါ အချက်များကို     လိုက်နာကျင့်သုံး မည်ဆိုပါက ဘေးအန္တရာယ် လျော့ပါးစေမည်။ 

 

မုဒိတာ (တောင်သာ)

ဓာတ်ပုံ - အင်တာနက်

Crd mwd daily


No comments: