Saturday, October 10, 2020

အမျိုးသမီးထုနှင့် ကြောက်မက်ဖွယ်ဝေဒနာ

 

အမျိုးသမီးထုနှင့် ကြောက်မက်ဖွယ်ဝေဒနာ 


ယနေ့ခေတ်၏ စားသောက် နေထိုင်မှုများကြောင့် ကြောက်မက်ဖွယ် ကောင်းသော ကင်ဆာရောဂါ ကို အနည်းနှင့် အများ ခံစားနေကြ ရသည်။ အမျိုးသမီးများ တွင်မူ ရင်သားကင်ဆာ သည် အဖြစ်အများဆုံး အဖြစ် နေရာယူလျက် ရှိသည်။ ဒုတိယ အဖြစ်အများ ဆုံးသော ဝေဒနာမှာ သားအိမ်ခေါင်း တွင်ဖြစ်သော ကင်ဆာ ရောဂါပင် ဖြစ်သည်။ သားအိမ်ခေါင်း တွင်ဖြစ်သော ကင်ဆာဆိုသည်မှာ  တိုင်းရင်းဆေး ပညာအရ သားအိမ်ခေါင်း တွင်ဖြစ်သော အပူလွန် သန္နိပါတ်နာ ဖြစ်သည်။ 

တေဇောဓာတ် သည် ခန္ဓာကိုယ် အတွင်းရှိ ကလာပ်စည်းများ လောင်ကျွမ်းရာမှ ဓာတ်လေးပါး သို့မဟုတ် တြိဒေါသတို့ ပေါင်းစုံပြီး  သန္နိပါတ်စုံ နေသည့် အနာမျိုး ဖြစ်သည်။ အာယုဗေဒ ဆေးပညာ အားဖြင့် အဗ္ဗဒ ဟုခေါ်သည်။ အနောက်တိုင်း ဆေးပညာအရ Carcinoma of Cervix  ဖြစ်သည်။ သားအိမ် ကင်ဆာသည် အာရှနိုင်ငံ များတွင် လေးမိနစ်လျှင် တစ်ယောက်နှုန်း သေဆုံးနေသော ရောဂါတစ်ခု ဖြစ်သည်။ အသက်အရွယ် အားဖြင့် ၃၅ နှစ်မှ ၅၅ နှစ်အတွင်းတွင် အဖြစ်များသည်။ ၃၅ နှစ်မှ ၅၅ နှစ် အတွင်းတွင် ၅၀ ရာခိုင်နှုန်း တွေ့ရပြီး အသက် ၆၅ နှစ်တွင် ၂၀ ရာခိုင်နှုန်းတွေရသည်။ အသက် ၃၀ အောက်တွင် ရှားရှားပါးပါး တွေရတတ်သည်။ 


(က) သားအိမ်ခေါင်း ကင်ဆာ ဖြစ်နိုင်ခြေ ရှိသူများ   အသက် ၁၆ နှစ်အောက် အိမ်ထောင်ကျသူ၊ အိမ်ထောင်ဆက် များသူ၊ လိင်ဆက်ဆံဖော် များသူ၊ လိင်ဆက်ဆံမှု ဆိုင်ရာ ကူးစက်ရောဂါ တစ်ခုခုရှိသူနှင့် ဆက်ဆံမိသူ၊ သားဆက်များသူ၊ မျိုးပွား လမ်းကြောင်းတွင် အနာရှိသူ၊ မူမမှန် အဖြမကြာခဏ ဆင်းသူ၊ မျိုးရိုးရှိသူ ၊ သွေးဆုံးပြီးသူ၊ သားသမီးလုံးဝ မမွေးဖွားဖူးသော  အိမ်ထောင်ရှင် အမျိုးသမီးတိုဖြစ်သည်။ 

(ခ) ခံစားရသော လက္ခဏာများ   မွေးလမ်းကြောင်း မှပုံမှန်မဟုတ်သောသွေးဆင်းခြင်း၊ ဆိုးဝါးသော အနံ့များနှင့် အဖြများဆင်းခြင်း၊ ယောနိပူခြင်း၊ ယားခြင်း၊ အဖုအပိမ့်များ ထွက်ခြင်း၊ လိင်ဆက်ဆံမှု အပြီးတွင် သွေးဆင်းခြင်း၊ သွေးဆုံးပြီး အဖြဆင်းခြင်း၊ သွေးဆုံးပြီးမှ သွေးဆင်းခြင်း၊ ရောဂါပြင်းထန် လာပါက နေစဉ် သွေးဆင်းခြင်း၊ ခါးနှင့်ဆီးအိမ်တိုလွန်စွာ ကိုက်ခဲခြင်း၊ အအိပ်အစား ပျက်ခြင်း၊ အားအင် ကုန်ခန်းခြင်း၊ သွေးအားနည်း၍ ကိုယ်သားကိုယ်ရေ ဖျော့တော့ခြင်း၊ ပင်ပန်း မောဟိုက်ခြင်း၊ ၀မ်းဗိုက်ဖောင်း ခြင်းနှင့် လေပွခြင်း၊ မကြာခဏဆီး ပုံမမှန်သွားခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ ခါးအောက်ပိုင်း နာကျင်ခြင်း၊ အလွန်အမင်း ၀မ်းချုပ်ခြင်း တိုဖြစ်သည်။ 

(ဂ) ကုထုံးဆေးချက်   သားအိမ်ကင်ဆာ ကို တိုင်းရင်းနည်းဖြင့် ဆေးတိုက် ကျွေးမည် ဆိုလျှင် နံနက်နှင့် ညတွင် ဆေးအမှတ်(၆) ဟလိဒ္ဒစုဏ္ဏ ငန်းဆေး နှစ်ပဲသားနှင့် ဆေးအမှတ်(၂၃) ဆေးပုလဲ ကလာပ်နှစ်ပဲသား တို့ကို ရေနွေးဖြင့် ပေးနိုင် သည်။ နေ့တွင်  တပင်တိုင်မြနန်း လေးပဲသားကို ရေနွေးနှင့် ပေးနိုင်သည်။ အကယ်၍ ကိုက်ခဲနေမည် ဆိုလျှင် စတုရဂ်ကို ကွမ်းရွက် ပြတ်ရည်နှင့် ပေးနိုင်သည်။ 

ခါးအောက်ပိုင်း ကိုက်ခဲခြင်းများကို သက်သာစေရန် ဆေးအမှတ်(၄၃) အကင်းဆယ်ပါး ဆေးကို သနပ်ခါး ဖြင့် လိမ်းပေးနိုင်သည်။ တြိဖလပြတ်ရည်ွေးဖြင့် သားဖွား လမ်းကြောင်းကို ဆေးကြောပေး ရမည်။ လူနာသည် သွေးမဆုံးသေး ပါက အထောက်အကူ ပြဆေးချက် အဖြစ် သကြားကဲ မီးယပ်ဆေးကို ပေးရမည်။  သွေးဆုံးပြီး ဖြစ်ပါက သကြားရေစင် ဆေးကို ပေးရမည်။ မိယှလောဟိတ တေဆေး ကိုလည်း ကျွေးနိုင်သည်။ သားအိမ်ထဲသို့ တြိဖလချက်ဆီ ထည့်ပေး နိုင်သည်။

(ဃ) ဆောင်ရန်၊ ရှောင်ရန်များ   ပါစက မဖြစ်စေသော အသားကင်များ၊ အသားစိမ်း၊ ငါးစိမ်းများ စားခြင်း၊ အသားချဉ်များ စားခြင်း၊ လက်လုပ် ချဉ်များစားခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်း၊  လိင်ဆက်ဆံဖော် များခြင်း၊ အသက် ၁၆ နှစ်အရွယ် မတိုင်မီ အိမ်ထောင်ပြခြင်း၊ မသန့်ရှင်းသော အမျိုးသမီး လစဉ်သုံး ပစ္စည်းများ သုံးစွဲခြင်းတို့ကို ရှောင်ကြဉ် ရမည်။

ဆောင်ရန် အနေဖြင့် ကြေကျက်လွယ်သော အစားအစာ များသာ စားသောက်ခြင်းကို ပြလုပ်ရမည်။ ကိုယ်ကျင့်တရား ကောင်းမွန်အောင် နေထိုင်ရမည်။ အရည်ရွှမ်းသော သဘာဝ အသီးအနှံ များကို စားသုံးပေးရမည်။ ဥပမာ - အစိမ်းရောင် ဟင်းသီးဟင်းရွက် များဖြစ်သည့် ဆလတ်ရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်း၊ တရုတ်နံနံ၊ ပန်းပွင့်စိမ်း၊  ကြက်သွန်ဖြတို့သည် ကင်ဆာဆဲလ် များကို တားဆီးနိုင်စွမ်း ရှိခြင်းကြောင့် စားသုံးပေး သင့်သည်။

(င) ကင်ဆာရောဂါများနှင့် သတိပြစရာမျာ  သားအိမ်ခေါင်း ကင်ဆာသာမက အခြားကင်ဆာ အားလုံးသည် ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမို အကျိုး သက်ရောက်မှု ရှိသည်ကို အထူးသတိပြစေလိုသည်။ ကင်ဆာနှင့် ပတ်သက်၍ WHO ၏သတိပေး နှိုးဆော်ချက် အချို့ကို တင်ပြပေးလိုသည်။ ကင်ဆာ ရောဂါသည် အရမ်းကြောက် စရာ မလိုတော့ဘဲ ကာကွယ်နိုင်၊ ကုသနိုင်ပြီ ဖြစ်သည်။ သို့သော် နောက်မကျ စေရန် အထူး လိုအပ်သည်။

ထို့အတူ လေထု ညစ်ညမ်းမှု၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများ၊ အစားအစာများ၊ ဆေးဝါးများ၊ ဓာတ်ရောင်ခြည်သင့် ခြင်းများ၊ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင် လူနေမှုဘ၀ အတွင်းများမှာ ကင်ဆာ ဖြစ်စေသော အကြောင်းရင်းများ ဖြစ်ကြောင်းကိုဖြင့် သတိပြစေလိုသည်ဟု ဖော်ပြထားသည်ကို တွေရသည်။

ကင်ဆာရောဂါ များနှင့် ပတ်သက်၍ နောက်ဂရုပြရမည့် အချက်တစ်ချက်မှာ ကင်ဆာဟု သိလိုက်သည် ဆိုသည်နှင့် ကျွမ်းကျင်သော ဆေးပညာရှင် များနှင့်သာ ဦးစွာ ပြသင့်သည်။ ရပ်ကွက်ထဲမှ ပါးစပ်သတင်းများ နှင့်ကုသ နေမည်ဆိုလျှင် နောက်ကျမှ လွန်သွားသည့် အဆင့်များသို့ ရောက်ရှိသွားသော လူနာများကို တွေရှိမှုများ နေရခြင်းကြောင့် ဖြစ်သည်။ 

ကင်ဆာရောဂါ များကို စိတ်ဖြေလျှော့ အနားယူခြင်း၊ တရားထိုင်ခြင်း၊ အစားအစာများ ရွေးချယ် စားသောက်ခြင်း၊ ကိလေသာ၊ တဏှာ၊ ဒေါသ၊ မောဟ၊ လောဘ တို့ကို လျှော့ချခြင်း၊ ယောဂကျင့်ခြင်း၊ ဆေးပညာရှင် များ၏ ညွှန်ကြားမှုများ အတိုင်း လိုက်နာ ဆောင်ရွက် ခြင်းများဖြင့် ပြည့်စုံသော ကုထုံး၊ ကုသမှုများကို ရရှိ ပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း တင်ပြရင်း အမျိုးသမီး ထုနှင့် ကြောက်မက်ဖွယ် ဝေဒနာ သားအိမ်ခေါင်း ကင်ဆာ အကြောင်း တင်ပြလိုက်ရ ပါသည်။  

မုဒိတာ (တောင်သာ)

ဓာတ်ပုံ - အင်တာနက်


No comments: