Friday, October 23, 2020

အချိန်မဆိုင်းဘဲ ကုသပါ

 

အချိန်မဆိုင်းဘဲ ကုသပါ 

(အရိုး အကြော အဆစ်အမျက် ရောဂါ)

 


အရိုး၊ အကြော၊ အဆစ် ရောဂါသည် အဖြစ်အများဆုံး အဆစ်ရောင် ရောဂါ အမျိုးအစား တစ်ခုဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး အသက်အရွယ် ပိုင်းခြား မရွေး ဖြစ်တတ်ပြီး မိသားစုဝင် ညီအစ်ကို မောင်နှမများမှ ဖြစ်လေ့ ရှိသူများ၊ ဆေးလိပ် သောက်သူများ၊ ကလေးမီးဖွား ပြီးစ  နို့တိုက်မိခင် များနှင့် အသက် လေးဆယ်ကျော် အမျိုးသမီး များတွင် င်းရောဂါ ဖြစ်နိုင်ခြေ ပိုများသည်။

အရိုး၊ အကြော၊ အဆစ် ရောဂါတွင် သွေးလေးဖက်နာ၊ အရေပြား လေးဖက်နာ၊ အရေပြားထု လေးဖက်နာ စသည်ဖြင့် အမျိုးအစား ပေါင်း ၂ဝဝ ရှိသည်။ လေးဖက်နာ ရောဂါတွင် အဆစ်နာ၊ အဆစ်ရောင် ရောဂါ အမျိုးမျိုးရှိပြီး င်းရောဂါများ အနက် အများဆုံး တွေ့ရှိရ သည်မှာ ဂေါက်ရောဂါ၊ ဒူးကျီးပေါင်း ရောဂါ ခေါ် ဇရာနှင့် ဒဏ်ကြောင့် ဖြစ်သော ဒူးနာရောဂါ၊  လည်ပင်းရောင် စေသော ဗက်တီးရီးယား ပိုးကြောင့် ဖြစ်သော ပိုးလေးဖာက်န Rheumatic Fever  အဆစ်ငယ်များ နာတာရှည် ရောင်ရမ်းသည့် သွေးလေးဖက်နာ ခေါ် RA, Rheumatiod Arthritis နှင့် အရေပြား လေးဖက်နာ ခေါ် SLE ရောဂါတို့ ဖြစ်ကြသည်။


အသက်ကြီး လာခြင်း၊ အဝလွန်ခြင်း၊ အဆစ် ထိခိုက်ဒဏ်ရာ ရဖူးခြင်း  စသည် တို့ကြောင့် အရိုး အဆစ်များရှိ အရိုးနုများ တဖြည်းဖြည်း ပွန်းတိုက် ပျက်စီးလာပြီး အဆစ်များ ရောင်၍ နာလာခြင်ဖြစ်သည်။

အဖြစ်များဆုံး နေရာများမှာ ဒူးဆစ်၊ တင်ပါးဆုံရိုး၊ ကျောရိုးနှင့် လက်ဆစ်တို့ ဖြစ်သည်။ အရိုးအဆစ် ရောင်ခြင်း အထူးသဖြင့် ဒူးဆစ်နာ ခြင်းကြောင့် လှုပ်ရှား သွားလာတိုင်း နာခြင်း၊ ကျပ်ခဲနေခြင်းတို့ ခံစားရပြီး ပုံမှန် လှုပ်ရှားမှုမျိုး မပြုလုပ်နိုင် တော့ဘဲ   နှေးကွေး လာပြီး သွေးတိုး၊ နှလုံး၊ ဆီးချို တို့ကိုပါ ပိုမိုဖြစ်ပေါ် စေနိုင်သည်။ အချိန်ကြာ လာသည်နှင့်အမျှ အရိုး၊ အဆစ် အမျက် ပျက်စီးမှု ဆိုးရွားသွားကာ ခွဲစိတ်ကုသမှု ခံယူရနိုင်သည်။ 

အဆစ်ရောင် ရောဂါနှင့်ကမ္ဘာ

ကမ္ဘာတစ်ဝန်း၌ အဆစ်ရောင် ရောဂါ ဖြစ်ပွားသူ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား လာပြီး ကမ္ဘာ့လူဦးရေ သန်း ၃၅ဝ ခန့်သည် အဆစ်ရောင် ရောဂါ ခံစား နေရသည်။ လူကြီးများတွင် သာမက ကလေးသူငယ်  များလည်း ခံစား ရတတ်သည်။ ထိထိ ရောက်ရောက် ကုသခံယူမှု မရှိပါက အချိန်ကြာ လာသည်နှင့် အမျှ တစ်စတစ်စနှင့် မူလသဘာဝ အတိုင်း လှုပ်ရှား သွားလာမှု မပြုနိုင်တော့ပေ။  နာကျင်ခြင်း ဝေဒနာကို ခံစား ရရုံမက နှလုံး၊ ဆီးချိုစသည့် အခြား နောက်ဆက်တွဲ ရောဂါများပါ ခံစားရ နိုင်သည်။ ထို့ကြောင့် အဆစ်ရောင် ခြင်းကို အချိန်မီ ကုသဖို့ အရေးကြီးသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက နှစ်စဉ် အောက်တိုဘာ ၁၂ ရက်ကို  ကမ္ဘာ့ အဆစ်ရောင် ရောဂါနေ့ ( World Arthritis Day WAD ) အဖြစ် သတ်မှတ်ပြီး ထိုနေ့သို့ ရောက်တိုင်း ပြည်သူလူထုကို  အဆစ် အမျက်ရောင် ဝေဒနာနှင့် ပတ်သက်၍ ကျန်းမာရေး ဆိုင်ရာ အသိပညာပေး နှိုးဆော် လှုပ်ရှားမှုများ ပြုလုပ် လေ့ရှိသည်။ ယခုနှစ် အတွက် WAD ဆောင်ပုဒ်မှာ  '' Cure Arthrites @ အရိုး အကြော အဆစ် ရောဂါ ပျောက်ကင်းအောင် ကုသပါဖြစ်သည်။  ၂ဝ၁၉  ခုနှစ်အတွက်  ဆောင်ပုဒ်မှာ Don’t Delay Connect Today @ အရိုး၊  အကြော၊ အဆစ်ရောဂါ ပျောက်အောင် ကုသပါ  အဆစ်အမျက် ရောင်ရောဂါ ခံစားရပါက    အချိန်ဆွဲ မနေဘဲ ဆေးရုံ၊ ဆေးခန်း သို့ သွားပါ'' ဖြစ်သည်။ Arthritis သည် အချိန်မီကုသ ခြင်းဖြင့် အဆစ်များ လုံးဝပျက်စီး မသွားအောင် ကြိုတင် ကာကွယ်နိုင်မည် ဖြစ်၍   နှစ်စဉ်နှစ်တိုင်း  ယခုလို ဆောင်ပုဒ်များ ပြဋ္ဌာန်းထား ရခြင်းဖြစ်သည်။

ဆစ်ရောင် ရောဂါနှင့် မြန်မာပြည်

မြန်မာနိုင်ငံ၌  ခုတင်-၅ဝဝ  ရန်ကုန်အထူးကု ဆေးရုံကြီး အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာန မှတ်တမ်းများ အရ အတွင်းလူနာ အနေဖြင့် ၂ဝ၁၇ ခုနှစ်တွင် ၃ဝဝ၄ ဦး၊ ၂ဝ၁၈ ခုနှစ်တွင် ၃ဝဝ၈ ဦး တက်ရောက် ကုသခဲ့ပြီး ပြင်ပလူနာ အနေဖြင့် ၂ဝ၁၇ ခုနှစ်တွင် ၈၃၆၃ ဦးနှင့် ၂ဝ၁၈ ခုနှစ်တွင် ၉၁၁၉ ဦး အထိရှိကာ  တစ်နှစ်ထက် တစ်နှစ်  လူနာအရေ အတွက် များပြားလာသည်။

အရိုး၊ အကြော၊ အဆစ်ရောဂါ ဖြစ်ပွားသူများ အနေဖြင့် အဆစ်ရောင် ကိုက်ခဲသည့် ရောဂါ ဖြစ်ပွားပါက နီးစပ်ရာ ဆရာဝန်ထံ ပြသပြီး ဆရာဝန်၏ ဆေးညွှန်းစာ ဖြင့် ရန်ကုန်အထူးကု ဆေးရုံကြီး ခုတင်-၅ဝဝ အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာန၊ မြောက်ဥက္ကလာပ ဆေးရုံကြီး အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာန နှင့်  မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာန တို့၌ ကုသမှုခံယူ နိုင်သည်။ 

အရိုး၊ အဆစ်အမျက်ရောင်ခြင်းရောဂါအဆင့်ဆင့်

(အဆင့်-၁ လက္ခဏာ စတင်သော အဆင့်) အဆစ်များ အနည်းငယ် စတင်ပျက်စီး လာပြီး အရိုးနု ပျက်စီးမှု ၁ဝ ရာခိုင်နှုန်းခန့် ဖြစ်ပေါ်လာသည်။ (အဆင့်-၂  အနည်းငယ် နာကျင်မှု အဆင့်) အဆစ်နှစ်ခု ကြားနေရာ ကျဉ်းလာပြီး အရိုးနုများ စတင်ပျက်စီး လာကာ အရိုးအတက်များ ဖြစ်ပေါ်လာသည်။ (အဆင့်-၃ အလယ်အလတ် အဆင့်) အဆစ်နှစ်ခုကြား နေရာ ပိုမိုလျော့နည်း လာပြီး အရိုးနှစ်ခု စတင်ထိတွေ့ လာပါသည်။ (အဆင့်-၄ ပြင်းထန်သော အဆင့်) အဆစ်နှစ်ခုကြား နေရာမရှိ သလောက် နည်းသွားပြီး  အရိုးနု  ၆ဝ ရာခိုင်နှုန်း ပျက်စီးသွား၍ အရိုးအတက် ကြီးများ ဖြစ်လာသည်။ 

အဆစ်အမျက်ရောင်နာအတွက် အကောင်းဆုံး အစားအစာများ

အမျှင်ဓာတ်နှင့် ပရိုတင်း ပြည့်ဝသော အစိမ်းရောင် ပဲသီး အမျိုးမျိုး တို့က အရိုးများ အတွက်သာမက အရိုး နှင့်တွဲကပ် နေသော ကြွက်သားများ ကျန်းမာရေး အတွက် ဆေးဖြစ်စေသည်။ ကယ်ဆီယမ်ဓာတ် ကြယ်ဝသော နွားနို့က အရိုး၊ အကြော၊ အဆစ်အမျက် ရောင်နာ အားလုံးအတွက် ကောင်းကျိုးပြုသည်။ ပရိုဘိုင်အိုတစ် ဓာတ်ကြွယ်ဝသော ဒိန်ချဉ်ကို   နေ့စဉ် စားပေးသင့်သည်။ ပဲပုပ်ပဲ ကလည်း ဆေးဖြစ် စေသည်။ ဂေါ်ရခါးသီး မကြာမကြာ စားပေးပါ။ ဆင်တုံးမနွယ်ပင် က ရောင်ရမ်း ကိုက်ခဲခြင်း ဝေဒနာများကို သက်သာပြေလျော့ စေသည်။

သစ်ကြားသီး၊ ဗာဒံစေ့ကဲ့သို့ အခွံမာသီး အစေ့အဆန် များတွင် ပရိုတင်း၊ ကယ်ဆီယမ်၊ မဂ္ဂနီစီယမ်၊ သွပ်၊ ဗီတာမင်အီး စသော ပရိုတင်းဓာတ် များနှင့် အမျှင်ဓာတ်တို့ ပြည့်စုံ လုံလောက်စွာ ပါရှိနေကြပြီး င်းဓာတ်ပေါင်းစု များက အရိုး၊ အကြော၊ အဆစ်အမျက် ရောင်ရောဂါ အပြင် သွေးလေးဖက်နာ အတွက်သာမက အရိုးပျော့၊  အရိုးပွများ အတွက်လည်း ကောင်းကျိုးပြု ပေးနိုင်သည်။

လက်ဖက်စိမ်း ထဲတွင် ပါရှိသော ဖလေဗိုနွိုက် EGCG ဓာတ်တစ်မျိုးက ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာ များကို သက်သာ စေသည့်အပြင် အရိုးနုများ ပျက်စီးယိုယွင်း ခြင်းဖြစ်စဉ် ကိုလည်း နှေးကွေး စေသည်။ ကွေကာအုတ်၊ ဆန်လုံးညိုနှင့် ကောက်နှံများ ကလည်း သွေးလေးဖက်နာ ရောဂါကို လွန်စွာ ကောင်းကျိုးပြု ပေးနိုင်သည်။ နနွင်းမှုန့်ထဲတွင် Curcumin ဓာတုပစ္စည်း တစ်မျိုးပါရှိ နေပြီး င်းက ခန္ဓာကိုယ်၏ ဆဲလ်များ ရောင်ရမ်းခြင်းမှ လျှော့ချပေး နိုင်သည်။ သံလွင်ဆီနှင့် ထောပတ်သီး အဆီ တို့က ကိုယ်တွင်း ကိုယ်ပ ရောင်ရမ်းနာ များအတွက် အထူး သင့်လျော်သည်။ ဗီတာမင်စီ ကြယ်ဝသော လိမ္မော်၊ ဂရိတ်ဖရု နှင့် သံပရာသီး တို့က အဆစ်အမျက် များကို ကျန်းမာကြံ့ခိုင် စေပြီး သွေးလေးဖက်နာ ရောဂါနှင့် အရိုးပွရောဂါ တို့အတွက် ဆေးဖြစ်စေသည်။

ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးဖြစ်သော ချင်းတက် ထဲတွင် Gingerols နှင့် အဆီတစ်မျိုး ပါရှိနေကြပြီး င်းဓာတု ပစ္စည်းများက အရိုး၊ အကြော၊ အဆစ်အမျက် အတွက် ဆေးစွမ်း ထက်မြက်လှသည်။ တရုတ်နံနံပင် တွင်ရှိသော Luteolin ခေါ် ဖလေဗိုနွိုက်ဓာတ် များက ကိုယ်တွင်း ကိုယ်ပ ရောင်ရမ်းခြင်း ဖြစ်စဉ်ကို လျှော့ချပေး နိုင်သည်။

ပင်လယ်စာများ ဖြစ်ကြသော ငါးသေတ္တာငါး၊ ပင်လယ် ငါးသလောက်နှင့် ဆယ်မွန်ငါး တို့က သွေးလေးဖက်နာ ကြောင့်ဖြစ်သော အဆစ်အမျက်များ ရောင်ရမ်းမှု ဝေဒနာများကို သက်သာ စေသည့်အပြင် အရိုးနှင့် တွဲဆက်လျက် ရှိသော အသားများ တောင့်တင်း နာကျင်ခြင်း ကိုပါ ဖြေလျှော့ပေး နိုင်သည်။ ထို့ကြောင့် ပင်လယ်ငါး များစား၍ လိုအပ်ပါက ဖြည့်စွက်စာ အဖြစ် ငါးကြီးဆီကို မှီဝဲသောက်သုံး ပေးသင့်သည်။

အရသာချဉ်သော ချယ်ရီသီးများတွင်  ခန္ဓာကိုယ် အကျိုးပြုဓာတ်တိုး ဆန့်ကျင် ပစ္စည်းများ ကြယ်ဝစွာ ပါရှိ၍ လေးဖက်နာ ရောဂါ အမျိုးမျိုးတို့ အတွက် လွန်စွာ ကောင်းကျိုးပြု ပေးနိုင်သည်။ တလည်းသီး ထဲတွင် ပါရှိနေသော ဖလေဗိုနွိုက် Anthocyanin ဓာတ်တစ်မျိုး ကလည်း ချယ်ရီသီး များကဲ့သို့ပင် ဆေးဝါး ဖြစ်စေသည်။ နာနတ်သီး၏ အလယ်အူတိုင် တွင် အရည်အသွေးမြင့် Bromelain အင်ဇိုင်းဓာတ် ပါရှိနေပြီး င်းဓာတ်က နာတာရှည် ရောင်ရမ်းနာ များကို လွန်စွာ ကောင်းကျိုး ပြုသည်။ ထို့ပြင် နာနတ်သီးက အရိုးပွ၊ အရိုးပျော့ ရောဂါအတွက် ကိုလည်း ကောင်းကျိုးပြုပေး နိုင်သည်။ ဗီတာမင်ဒီ ဓာတ် အပြည့်အဝေ ရရှိစေရန် နံနက်စောစော နေပူစာလှုံ ပေးပါ။

အဆစ်အမျက် ရောင်နာအတွက် ရှောင်ရှား သင့်သည်များ ဆေးလိပ် သောက်ခြင်း ကလည်း အရိုး၊ အကြော၊ အဆစ်အမျက် ရောင်နာ ဖြစ်ပွားခြင်းနှင့် ဆက်နွှယ် နေသည်။ ထို့ကြောင့် ဆေးလိပ် သောက်ခြင်းကို ဆင်ခြင်ပါ။ တစ်ဆင့်ခံ ဆေးလိပ်မီးခိုးနံ့ မရှူရှိုက်မိ အောင်လည်း ရှောင်ရှားသင့်သည်။ ဆီကြော်မုန့်များ ဓာတုပစ္စည်းတွေ သုံးထားသော အစားအစာများ တာရှည်ခံအောင် ပြုပြင်ထားသော အသင့်စား အစားအသောက် များနှင့် အချိုမှုန့် စားသုံးခြင်းမှ ရှောင်ရှားသင့် ပါသည်။

အချုပ်အားဖြင့် ဆိုသော် အဆစ်အမျက်များ ရောင်ခြင်းကြောင့် နံနက်အိမ်ရာထ တင်းမာနေခြင်း၊ လှုပ်ရှားရန် ခက်ခဲခြင်း လုပ်ငန်းခွင်တွင် အလုပ်လုပ် နိုင်ရန် ခက်ခဲခြင်း တို့ကိုလည်း ကြုံတွေ့ရနိုင်သည်။ အဆစ်အမျက် ရောင်ခြင်း၏   အဓိက လက္ခဏာများ ဖြစ်ကြသည့် အဆစ် နာကျင်ခြင်း၊ အဆစ်များ ကျပ်ခဲနေခြင်း၊ ပင်ပန်း နွမ်းလျခြင်း တို့ကိုခံစားရ ပါက  ဆေးမြီးတိုဖြင့် ကု၍ အချိန်ဆွဲ မနေဘဲ   ဆရာဝန်နှင့် ချက်ချင်း ဆွေးနွေး တိုင်ပင်ကာ ကုသမှု ခံယူကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ 

 

ပေါက်ပေါက်

ဓာတ်ပုံ - အင်တာနက်


No comments: