Sunday, October 11, 2020

ကလေးငယ်တွေက ကိုရိုနာဗိုင်းရပ်ကို အလွယ်တကူ တိုက်ခိုက်နိုင်ရတဲ့ အကြောင်းရင်း

 

ကလေးငယ်တွေက ကိုရိုနာဗိုင်းရပ်ကို အလွယ်တကူ တိုက်ခိုက်နိုင်ရတဲ့ အကြောင်းရင်း

 


ယနေ့ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ဟာ ကလေး၊ လူကြီး၊ ကျား၊ မ မရွေးကူးစက် နေတာပါ။ ဘယ်သူ့မျက်နှာ ကိုမှမကြည့်ပါဘူး။ ဒါပေမဲ့လည်း ရောဂါဖြစ်တာချင်း အတူတူ မှာတောင်မှ လူကြီးတွေထက် ကလေးတွေက အဲဒီဗိုင်းရပ်ကို အလွယ်တကူ တိုက်ထုတ် နိုင်တာတွေရပါတယ်။ ဘာကြောင့်ပါလဲ။ ဘာကြောင့်လဲ ဆိုတာကို  သိနိုင်ဖို့ သုတေသီ တွေက လေ့လာမှုတွေ လုပ်ထားတာ ရှိပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားသူ ကလေးငယ်တွေနဲ့ အရွယ်ရောက် ပြီးသူတွေ ကြားလုပ်တဲ့ ပထမဆုံး လေ့လာမှု ဖြစ်ပါတယ်။


အဲဒီ လေ့လာမှုမှာ ကလေးငယ် တွေရဲ့ ကိုယ်ခံအား စနစ်ဟာ သူတို့တစ်ခါမျှ မကြံဖူးတဲ့ ရောဂါပိုးတွေကို ချေမှုန်းဖို့ အလျင်အမြန် ထွက်လာကြတာ တွေ့ရပါတယ်။ နိုဗယ်ကိုရိုနာ ဗိုင်းရပ်က    ကိုယ်တွင်း ကလီစာတွေကို မတိုက်ခိုက်မီ ထွက်လာတဲ့ ကိုယ်ခံအား စနစ်က အဲဒီဗိုင်းရပ်ကို အရင် တိုက်ခိုက်တယ်။ အဲဒါကြောင့် ကလေးငယ် တွေဟာ ရောဂါကူးစက်ခံ ရပေမယ့်လည်း တော်ရုံအားဖြင့် အမြန်ဆုံး နာလန်ပြန်ထူ လာတာ ဖြစ်ပါတယ်။ 

ကလေးငယ် တွေမှာ ကိုယ်ခံအား စနစ်ကို ဒီလို တက်တက် ကြွကြွ တုံပြန် ပေမယ့်လည်း လူကြီးတွေ မှာတော့ အဲဒီလိုမဟုတ် တော့ပါဘူး။ လူကြီးတွေရဲ့ ကိုယ်ခံအားက ကလေးတွေရဲ့ ကိုယ်ခံအားထက် ပိုပြီး မသိချင် ယောင်ဆောင်တာ များ ပါတယ်။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အစိမ်း သက်သက်ဖြစ်တဲ့ ရောဂါပိုးနဲ့ ထိတွေ့လိုက် တဲ့အခါ   ပျားပန်းခတ်မျှ လှုပ်ရှားလာတဲ့ ကိုယ်ခံအား စနစ်နဲ့ ရင်ဆိုင်ရ ပါတယ်။ အဲဒီ အခြေအနေကို မွေးရာပါ ကိုယ်ခံအား တုံ့ပြန်မှုလို့ ခေါ်ပါတယ်။ အဲဒီ ကိုယ်ခံအား စနစ်က   ၀င်လာတဲ့ ရောဂါပိုးကို တိုက်ထုတ်မယ့် သူတွေကို မြန်မြန် ဆန်ဆန်ပဲ ဆော်သြသလို နောက်ထပ် တိုက်ထုတ်မယ့် သူတွေကိုလည်း   အဆင်သင့် စုစည်းပေး ထားပါတယ်။ 

ကလေးငယ်တွေ အတွက်ကတော့ တွေသမျှ ရောဂါပိုးက သူတိုအတွက် အသစ်အဆန်း ဖြစ်တဲ့အတွက် သူတိုကိုယ်ထဲက ကိုယ်ခံအားစနစ် ကလည်း အထက်မှာ ဆိုခဲ့သလို အလျင်မြန်ဆုံးနဲအထိရောက်ဆုံး အလုပ်လုပ်တာ ဖြစ်ပါတယ်။ 

အချိန်ကြာ လာတာနဲ့အမျှ ကိုယ်ခံအား စနစ်ကလည်း ရောဂါပိုး တစ်မျိုးပြီး တစ်မျိုး တွေလာတဲ့ အချိန်မှာ သက်ဆိုင်ရာ ရောဂါပိုးကို တိုက်ခိုက်နိုင်တဲ့ တိုက်ခိုက်ရေး အဖွဲတွေကို သီးခြားစီဖွဲလာပါတယ်။ အရွယ်ရောက် လာတဲ့ အခါမှာတော့ ကိုယ်ခံအား စနစ်က   ဗိုင်းရပ်တစ်မျိုးဆို တစ်မျိုးကို ထိထိရောက်ရောက် တုံ့ပြန်တိုက် ခိုက်နိုင်စေမယ့် သီးသန့် ကိုယ်ခံအားစနစ် ကိုဖြစ်ပေါ် လာစေပါတယ်။ 

ကလေးငယ်တွေမှာ ကိုယ်ခံအား တုံ့ပြန်မှုပုံစံက ဘာနဲ့ အလားသဏ္ဌာန် တူလဲဆိုရင် ရောဂါတစ်ခုကြောင့်   ဆေးရုံတစ်ရုံကို ရောက်သွားလို့  အထူးကု သမားတော်နဲအရင် တွေလိုက်ရတဲ့ ပုံစံနဲ့တူပါတယ်။ အခု ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ဟာ  လူတိုင်း အတွက်တော့  ရောဂါပိုး အသစ် ဖြစ်ပေမယ့်လည်း အရွယ်ရောက်ပြီး သူတွေမှာ ကျတော့  ကလေးငယ် တွေလို ကိုယ်ခံအားစနစ်က တုံ့ပြန်မှု အားနည်းသွား ပါတယ်။ ၀င်လာတဲ့ ဗိုင်းရပ်ကို   တုံ့ပြန်နိုင်တဲ့ တိုက်ခိုက်ရေး သမားတွေကို ကိုယ်ခံအား စနစ်က ထုတ်ပေး လိုက်တဲ့ အချိန်မှာတော့  ဗိုင်းရပ်က ကိုယ်တွင်း ကလီစာတွေကို ဒုက္ခ ပေးပြီးပါပြီ။  ဒါကြောင့်  လူကြီးတွေဟာ နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု ဒဏ်ကို ပိုခံစားရတာ ဖြစ်ပါတယ်။ 

နောက်တစ်ချက်က ကလေးငယ် တွေမှာ ကိုယ်ခံအား မော်လီကျူး နှစ်ခုဖြစ်တဲ့ Interleukin 17A  နဲ့ Inteferonmamma ပမာဏ အများအပြား ရှိပါတယ်။ ဒီမော်လီကျူး တွေဟာ အသက်အရွယ် ရလာတာနဲ့အမျှ တဖြည်းဖြည်း လျော့ကျ သွားပါတယ်။

ဒီအချက်ကပဲ   ကလေးငယ်တွေမှာ ပြင်းထန် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါတွေ မဖြစ်အောင်နဲ ကာကွယ်ပေး ဟန် တူပါတယ်။ အရွယ်ရောက်ပြီး လူနာတချို့ မှာတော့ အစောပိုင်း အဆင့်မှာ သက်ရောက်မှု အားပြင်းတဲ့ ကိုယ်ခံအား တုံ့ပြန်မှု မရှိတဲ့ အတွက်  ပြင်းထန်ပြီး နည်းလမ်း မကျတဲ့ တုံ့ပြန်မှုကို သာ ဖြစ်ပေါ် စေတာကြောင့်    ပြင်းထန် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါကို ခံစားရတဲ့အပြင် အသက်သေဆုံးမှု အထိပါ ဖြစ်ပေါ် စေတာ ဖြစ်ပါတယ်။ 

ဗိုင်းရပ် အားလုံးဟာ မွေးရာပါ ကိုယ်ခံအား စနစ်ကို ရှောင်တိမ်းဖို့ လှည့်ကွက်မျိုးစုံ သုံးလေ့ ရှိပါတယ်။  နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကတော့ ဒီနေရာမှာ တကယ့် ဆရာကြီးပါပဲ။ ဒါပေမဲ့ ရောဂါကူးစက်မှု စတင်ချိန်မှာပထွက်ပေါ်လာတဲ့ Interleukin 17A မော်လီကျူးဟာ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ရဲ့ မွေးရာပါ ကိုယ်ခံအားစနစ်ကို ရှောင်တိမ်းမယ့် ကြိုးပမ်းမှုနဲ့ နောက်ပိုင်းမှာ လိုက်လျောညီထွေ ဖြစ်လာမယ့် တုံ့ပြန်မှုကို ဖျက်ဆီး လိုက်ဖွယ် ရှိပါတယ်။ 

အခု တင်ပြခဲ့တဲ့ သုတေသန ပြမှုတွေကို လုပ်ခဲ့သူကတော့ ဘော်စတွန်မြို့ရှိ ဟားဗက် ကူးစက်ရောဂါ ပြန့်ပွားမှုနဲ့ ကာကွယ်မှု ဆိုင်ရာ ကျောင်းမှ ဒေါက်တာ မိုက်ကယ်မီနာနဲ့ အဖွဲ့ ဖြစ်ပါတယ်။ သူတို့အဖွဲဟာ  မတ် ၁၃ ရက်ကနေ  မေ ၁၇ ရက်အထိ နယူးယောက်မြို့ မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ တက်ရောက် ကုသမှုခံယူသူ အသက် ၂၄ နှစ်အောက်ရှိ လူငယ်နဲ့ ကလေးငယ် ၆၅ ဦးနဲ့ အရွယ်ရောက်ပြီးသူ အယောက် ၆၀ တို့မှာ ဖြစ်ပေါ်တဲ့ ကိုယ်ခံအား တုံ့ပြန်မတွေကိုနှိုင်းယှဉ် လေ့လာခဲ့ တာပါ။ 

အဲဒီထဲကမှ ကလေးငယ် အများစုဟာ ဗိုင်းရပ် ကူးစက်မှုကို အနည်းငယ်သာ ခံစား ရပြီး  ၀မ်းလျှောခြင်း ကဲ့သို့  အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုင်ရာ လက္ခဏာများ၊ အနံအရသာ ပျောက်တဲ့ လက္ခဏာတွေသာ ခံစား ရပါတယ်။ အရွယ်ရောက် ပြီးသူ ၂၂ ဦးနဲနှိုင်းယှဉ်ရင် ကလေးငယ် ငါးဦးကသာ အသက်ရှူစက် ကူဖိုလိုအပ်တာဖြစ်ပြီး အရွယ် ရောက်ပြီးသူ ၁၇ ဦးနဲ့နှိုင်းယှဉ်ရင် သေဆုံးတဲ့ ကလေးငယ် နှစ်ဦးသာရှိပါတယ်။ 

ဒါပေမဲ့လည်း အခုလိုမျိုး ကလေးငယ်ရဲ့ ကိုယ်ခံအား စနစ်က ဗိုင်းရပ်အပေါ် တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ဒီထက် ထဲထဲဝင်ဝင် လေ့လာ ရဦးမယ်လို သုတေသီ တွေက ပြောထားပါတယ်။                  

ထက်မြက်

နယူးယောက်ခ်တိုင်းမ်း

ဓာတ်ပုံ - အင်တာနက်


No comments: