Sunday, October 18, 2020

ငွေစက္ကူများ ၊ ဖန်သားပြင်များပေါ်မှာ ၂၈ ကြာရှင်သန်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်

 

ငွေစက္ကူများ ၊ ဖန်သားပြင်များပေါ်မှာ ၂၈ ကြာရှင်သန်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် 

 


ယခင်က အရာဝတ္ထုများ ပေါ်မှာ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် တည်ရှိနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး တစ်ယောက် တစ်မျိုး ဆိုသလို ပြောဆိုခဲ့ကြ ပါတယ်။ အခုတော့  သြစတြေးလျ နိုင်ငံမှာရှိတဲ့ ထိပ်တန်း ဇီဝလုံခြုံရေး ဓာတ်ခွဲခန်းရဲ့ ကျေးဇူး ကြောင့် ကိုရိုနာ ဗိုင်းရပ်စ် တည်ရှိနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး  အသေးစိတ် သိလာ ရပါပြီ။ 

ဓာတ်ခွဲခန်းရဲ့ သုတေသန ပြထုတ်ပြန်ချက် အရဆိုရင် ဒီဗိုင်းရပ်စ်ဟာ ငွေစက္ကများ၊ ဖန်သားပြင် များနဲ့ လူအများစု ထိတွေနေကျ အရာဝတ္ထတွေပေါ်မှာ သီတင်းပတ် လေးပတ် ကြာတဲ့အထိ တည်ရှိ နေနိုင်ပြီး တခြားသူကို ကူးစက်နိုင်စွမ်း ရှိတယ်ဆိုတာ သိလိုက်ရပါတယ်။ 


ဒါဟာ  မိမိတို့အနေနဲ့  နေ့စဉ်ထိတွေ့ ကိုယ်တွယ် အသုံးပြနေတဲ့ အရာဝတ္ထတွေက   ကိုဗစ်-၁၉ ရောဂါဖြစ်စေဖို့ အတွက် ဘယ်လောက် အတိုင်းအတာ အထိ အ္တရာယ် ကြီးမားတယ် ဆိုတာကို မီးမောင်းထိုးပြ နေတာပါ။ 

ဒီဗိုင်းရပ်ဟာ အလွန်ကိုပဲ ကြံ့ခိုင်သန်မာ လှပြီး  အခန်းတွင်း အပူချိန်   သို့မဟုတ် အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ် အတွင်းမှာ ရှိတဲ့ မိုဘိုင်းဖုန်း မျက်နှာပြင် လိုမျိုး ဖန်သားပြင်တွေ၊  ငွေစက္ကတွေပေါ်မှာ ၂၈ ရက်အထိ ရှင်သန်နိုင် ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ် တောင်မှ ဒီလို အခြေအနေ မျိုးမှာ ၁၇ ရက်ပဲ အသက်ရှင် တာပါ။ 

အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် အတွင်းရှိ တချို့ အရာဝတ္ထတွေပေါ်မှာတော့   သူ့ရဲ့ရှင်သန် နိုင်စွမ်းက ၂၄ နာရီတောင် မပြည့်ဘူးလို့  ဓာတ်ခွဲခန်းမှ သုတေသီ တွေက ရောဂါ ပိုးမွှားဗေဒ ဂျာနယ်မှာ ဖော်ပြထား ပါတယ်။ 

အခုလိုမျိုး တွေ့ရှိချက်ဟာ အရင်တုန်းက သုတေသီတွေရဲ့ တွေ့ရှိချက်ကို   သွားပြီး အားဖြည့်ပေးတာ တွေ့ရပြန် ပါသေးတယ်။ အရင်က တွေ့ရှိချက်က   ဒီဗိုင်းရပ်စ် ဟာ အေးမြတဲ့ ရာသီဥတုမှာ အချိန်ကြာကြာ အသက်ရှင်နိုင်စွမ်း ရှိတာကြောင့် နွေရာသီ ထက် ဆောင်းရာသီမှာ သူ့ကို ထိန်းချုပ်ဖို့ ပိုခက်ခဲမယ် ဆိုပြီး ပြောထားတာပါ။ 

ဒါ့အပြင်  အခု တွေ့ရှိချက်ဟာ  ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပံျ့နှံ့မှုကို လျှော့ချရေးနဲ ကူးစက်ပံျ့နှံ့ နိုင်မှု အခြေအနေကို ပိုပြီး တိတိကျကျ ခန့်မှန်းနိုင် စေဖို့အတွက် အထောက်အကူ ဖြစ်စေတယ်လို့ သုတေသီ တွေက ပြောပါတယ်။ 

သုတေသနမှာ ပါဝင်တာက မျက်နှာပြင် အမျိုးမျိုး ပေါ်မှာရှိတဲ့ လူလုပ် ချွဲသလိပ်တွေ ထဲက  ကိုရိုနာဗိုင်းရပ်စ် တွေကို အခြောက်ခံခြင်း နဲ့ အဲဒီဗိုင်းရပ်စ် တွေကို တစ်လကျော် ကြာ သီးသန့် ခွဲထားခြင်းတို့ ဖြစ်ပါတယ်။ နေရောင်ခြည် တိုက်ရိုက်ကျမှုက ဗိုင်းရပ်စ် တွေကို   မြန်မြန်ဆန်ဆန် သေစေနိုင် တာကြောင့် သူတို့ရဲ့ သုတေသနမှာ ဗိုင်းရပ်တွေ အပေါ် ခရမ်းလွန် ရောင်ခြည် မကျရောက် စေဖို့အတွက် အမှောင်ခန်း ထဲမှာ စမ်းသပ်မှု တွေလည်း ပါဝင်ပါတယ်။ 

ဒီလိုတွေရှိမှု တွေအနက် အနောက်နိုင်ငံတွေ အတွက် အရေးကြီး တာကတော့ ဖန်သားပြင် ပေါ်မှာ  ဗိုင်းရပ်စ်ရဲ့ ရှင်သန်နိုင်စွမ်း ပါပဲ။ ဘာကြောင့်လဲ ဆိုရင် မိုဘိုင်းဖုန်း လိုမျိုး ၊ ဘဏ်တွေရဲ့ ငွေထုတ်စက် လိုမျိုး ၊ ကုန်တိုက်ကြီး တွေမှာရှိတဲ့ ကိုယ်တိုင် ငွေရှင်းစနစ် လိုမျိုး ၊ လေဆိပ်ရှိ    စာရင်းပေး နေရာတွေ လိုမျိုး အရာဝတ္ထတွေဟာ ထိတွေ့မှု အင်မတန်များ တဲ့အပြင် သန့်ရှင်းရေး ကိုလည်း ပုံမှန်လုပ်လေ့ လုပ်ထ မရှိတာကြောင့် အဲဒီအရာတွေ ကနေတစ်ဆင့် ကိုဗစ်-၁၉ ရောဂါကူးစက် နိုင်မှုက အလွန်မြင့်တက် နိုင်ပါတယ်။ 

ငွေစက္ကတွေပေါ်မှာ ဗိုင်းရပ်စ်ရဲ့ ရှင်သန် နိုင်စွမ်းကို  သုတေသနပြတွေ့ရှိမှုက  ငွေစက္ကကို  ကိုင်တွယ် အသုံးပြမှု များပြားတဲ့ နိုင်ငံတွေ အတွက်တော့ အလွန်အရေးကြီး ပါတယ်။ တရုတ်နိုင်ငံ ဆိုရင် ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ် ရောဂါအဖြစ်    မကြေညာခင် ကတည်းက     သူတို့ရဲ့ ငွေစက္ကတွေကို ပိုးသတ်မှုတွေ လုပ်ပြီးမှ အသုံးပြတာပါ။ ဒါဟာ ဘာကို   ဖော်ပြနေလဲ ဆိုရင် ဒီလိုမျိုး ငွေစက္ကတွေကနေ တစ်ဆင့် ရောဂါ ကူးစက်နိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်မှုဟာ   အဲဒီအချိန် ကတည်းက တည်ရှိခဲ့တယ် ဆိုတာကို ဖော်ပြနေ ပါတယ်။ 

ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာတဲ့ အချိန်မှာတော့  အမေရိကန်နဲ့  တောင်ကိုရီးယား တို့ဟာ  ငွေစက္ကတွေကို သီးသန့်ခွဲ ထားပြီး ပိုးသတ်မှုတွေ လုပ်လာတာ ကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင်    အခုတွေ့ရှိမှုမှာ ပါဝင်တဲ့  အေးမြတဲ့ အပူချိန် အတွင်းရှိ သံထည်ပစ္စည်း တွေပေါ်မှာ  ကိုရိုနာဗိုင်းရပ်စ် ရဲ့ ရှင်သန်နိုင်စွမ်းက   အသား ထုတ်လုပ်တဲ့ စက်ရုံတွေ၊ အအေးခန်း တွေမှာ ဗိုင်းရပ် တွေ့ရှိမှု တွေနဲပတ်သက်ပြီး ဖြေရှင်းပေး နိုင်ပါလိမ့်မယ် 

ဒီလို အခြေအနေ မျိုးကနေ  ကိုဗစ်-၁၉  ရောဂါ ကူးစက်နိုင်မှုကို လျှော့ချနိုင်ရေး အတွက်  အဓိကကျ တာကတော့  လက်ကို ပုံမှန် ဆေးကြော တာနဲ့ အရာဝတ္ထမျက်နှာပြင်တွေကို   သန့်ရှင်းရေး လုပ်တာတွေ ဖြစ်တယ်လို့    သြစတြေးလျ ရောဂါ ကြိတင် ကာကွယ်မှု ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒက်ဘီအီးဂဲ က သတိပေးထား ပါတယ်။ အခု သုတေသန ကိုတော့ သြစတြေးလျ ကာကွယ်ရေး ၀န်ကြီးဌာန က ငွေကြေး ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။     

 

Ref : Mail Online

ဓာတ်ပုံ - အင်တာနက်


No comments: