ကလေးငယ်တွေက ကိုရိုနာဗိုင်းရပ်ကို အလွယ်တကူ တိုက်ခိုက်နိုင်ရတဲ့ အကြောင်းရင်း
ယနေ့ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်ဟာ ကလေး၊ လူကြီး၊ ကျား၊ မ မရွေးကူးစက် နေတာပါ။ ဘယ်သူ့မျက်နှာ ကိုမှမကြည့်ပါဘူး။ ဒါပေမဲ့လည်း ရောဂါဖြစ်တာချင်း အတူတူ မှာတောင်မှ လူကြီးတွေထက် ကလေးတွေက အဲဒီဗိုင်းရပ်ကို အလွယ်တကူ တိုက်ထုတ် နိုင်တာတွေ့ ရပါတယ်။ ဘာကြောင့်ပါလဲ။ ဘာကြောင့်လဲ ဆိုတာကို သိနိုင်ဖို့ သုတေသီ တွေက လေ့လာမှုတွေ လုပ်ထားတာ ရှိပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ကလေးငယ်တွေနဲ့ အရွယ်ရောက် ပြီးသူတွေ ကြားလုပ်တဲ့ ပထမဆုံး လေ့လာမှု ဖြစ်ပါတယ်။









