Friday, November 22, 2024

ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်

 



ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်

          ရှေးလူကြီးများက ပျားရည်ကို “ပန်းပေါင်းတစ်ထောင်ဟုခေါ်သည်။ ပျားကောင်၏ ခြေချောင်းကလေး များဖြင့် ပန်းဝတ်မှုန်များကို ယူငင်သယ်ဆောင် လာကာ ပန်းတစ်ပွင်မှ တစ်ပွင့်ဆီသိုကူးလူးပျံသန်း၍ ၀တ်မှုန်ချပေးလေ့ ရှိသည်ထို့ကြောင့် ကမ္ဘာပေါ်မှာ ပျားသတ္တ၀ါမရှိလျှင် ပန်းမျိုးပေါင်း တစ်ထောင့်် ပျောက်ကွယ်သွားနိုင် သကဲ့သိုပန်းမျိုးစိပ်တွေ ပျက်သုဉ်းသွား ခဲ့လျှင်လည်း ပန်းဝတ်ရည် မရှိနိုင်တော့၍ ပျားသတ္တ၀ါတွေ မျိုးတုံးသွားနိုင် ပါသည်

Thursday, November 21, 2024

အာဟာရချို့တဲ့ခြင်းရောဂါများ(Malnutrition)

 



အာဟာရချို့တဲ့ခြင်းရောဂါများ(Malnutrition)

ဒေါက်တာလွင်သန့်

  နေ့စဉ်လူတို့ စားသုံးနေသော အစားအစာထဲတွင် (၁) ကာဟိုက်ဒြိတ် ကစီဓာတ်၊ (၂) အဆီဓာတ်(Fat)၊ (၃) အသားဓာတ် (protein)ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်မျိုးစုံ၊ သက်စောင့်ဓာတ်၊ ရေဓာတ်တို့ လိုအပ်ပါသည်။ ကစီ(Carbohydrate)ဓာတ် သည်လူတို့၏ ခန္ဓာကိုယ်လှုပ်ရှား သွားလာနိုင်ရေး အတွက် ဘေးအကင်းဆုံးကို အများဆုံး ပေးနိုင်သော ဓာတ်ဖြစ်သည်။

ဆောင်းရာသီဓာတ်စာ ဆေးဖက်ဝင်လိမ္မော်သီး

 



ဆောင်းရာသီဓာတ်စာ ဆေးဖက်ဝင်လိမ္မော်သီး

          လိမ္မော်သီးသည် ချိုသော ရှောက်မျိုးနွယ်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ဘီစီ ၂၅၀၀ မှစ၍ စိုက်ပျိုးလာခဲ့ကြ ပါသည်။ ကမ္ဘာပေါ်တွင် လိမ္မော်သီး မျိုးကွဲပေါင်း မြောက်များစွာ ရှိကြရာ ယေဘုယျအားဖြင့် လိမ္မော်သီးကို အချိုမျိုး၊ အချဉ်မျိုး၊ အခါးမျိုးဟူ၍ တွေ့ရပါသည်။ ယခုအခါ မြန်မာပြည်တွင် လိမ္မော်သီးများကို ၁၂ လရာသီပတ်လုံး မြင်တွေ့ကြရပါသည်။ မြန်မာနိုင်ငံတွင် လိမ္မော်ပင်များကို ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်း၊ အောင်ပန်း၊ နောင်တရား နှင့် ကလောဒေသ တို့တွင် လည်းကောင်း၊ ကယားပြည်နယ် အတွင်း ဘောလခဲမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် တို့ရှိကျေးရွာ တို့တွင်လည်းကောင်း စီးပွားဖြစ် သာမက၊ မိသားစုအပိုဝင်ငွေ ရရန် တစ်ပိုင်တစ်နိုင် အဖြစ်ပါ တိုးချဲ့စိုက်ပျိုးလျက် ရှိကြသည်။

Monday, November 18, 2024

သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

 



သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ

ဒေါက်တာ သိင်္ဂီကျော်

သွေးချိုဆီးချို ရောဂါဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး ကြီးထွားလာသည့် မကူးစက်နိုင်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါ အဖွဲ့ချုပ်၏ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၁၀.၅ ရာခိုင်နှုန်း ခန့်သည် သွေးချိုဆီးချို ရောဂါခံစား နေကြရကြောင်း ခန့်မှန်းထားသည်။ သို့သော် ရောဂါရှိသူ အားလုံး၏ ထက်ဝက်နီးပါး ခန့်သည် သွေးချိုဆီးချို ရောဂါရှိကြောင်း သတိမပြုမိကြဘဲ အာဖရိက၊ အနောက်ပစိဖိတ်နှင့် အရှေ့တောင်အာရှ ဒေသများရှိ ဝင်ငွေနည်းနိုင်ငံ များနှင့် ဝင်ငွေအလယ်အလတ် ရှိသော နိုင်ငံများတွင် အဖြစ်အများဆုံး ဖြစ်ကြောင်း တွေ့ရှိရသည်။ သွေးချိုဆီးချို ရောဂါသည် အချိန်ကြာ လာသည်နှင့် အမျှ နာတာရှည် နောက်ဆက်တွဲ ရောဂါများဖြစ်ပွား နိုင်သည်။ သွေးချိုဆီးချို ရောဂါရှိသူ သုံးဦးလျှင် နှစ်ဦးသည် နောက်ဆက်တွဲ ပြဿနာများ ရှိနှင့်ပြီး ဖြစ်ကြောင်း တွေ့ရှိရသည်။

အရက်နှင့်ကျန်းမာရေးပြဿနာ

 



အရက်နှင့်ကျန်းမာရေးပြဿနာ

ဒေါက်တာလွင်သန့်

   အရက်က သောက်တတ်ရင်ဆေး၊ မသောက်တတ်ရင်ဘေး ဖြစ်တယ်။ တရုတ်လူမျိုးတွေ ဂျပန်နဲ့ ကိုရီးယားလူမျိုးတွေ ညစာမစားခင် အမျိုးသား အရက်(၂)ပတ် အမျိုးသမီး အရက်(၁)ပတ် သောက်တတ်ကြပြီး၊ နှလုံးသွေးကြော ရောဂါမဖြစ်စေ ပါဘူး။ ဒါပေမယ့် အရက်က စွဲစေတယ်။ ဒီဖက်ခေတ်မှာ နိုင်ငံခြား အရက်မျိုးစုံ၊ တံဆိပ်မျိုးစုံ ဝင်ရောက်လာ ပါတယ်။ နောက်တော့ နိုင်ငံခြားငွေ ပြုန်းတီးခြင်းလို့ သတ်မှတ်ပြီး၊ နိုင်ငံခြားအရက်တွေ ပိတ်ပင်ခဲ့တယ်။ ယခုတော့ အရက်တိုင်း၊ ပြည်တွင်းဖြစ် အရက်များ တံဆိပ်အမျိုးမျိုးနဲ့ နိုင်ငံခြားအရက်ရနံ့နဲ့ အရသာ တုပကာ၊ ပုလင်းထဲထည့်ပြီး ထုတ်သေးတယ်။ ဘယ်အရက်မှ မစစ်တော့ပါဘူး။ အရက်က ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွါးရေးအားလုံး ဆိုးကျိုးတွေတန်းစီ ပေးနိုင်ပါတယ်။ အရက် သောက်သုံးသူတွေဟာ တဖြည်းဖြည်းနဲ့ အရက်စွဲပြီး၊ အရက်ရဲ့သားကောင် ဖြစ်လာတယ်။ တောအရက်တွေမှာ လူတွေသောက်ဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ ဓာတ်မြေဩဇာ၊ ပလပ်စတစ်၊ ဆာလဖြူရစ် အက်ဆစ်ပြင်း၊ အင်ဒရင်းတို့နဲ့ စီမံချက်လုပ်ထားလို့ အရက်နဲ့ ဆိုးကျိုးစောစောပိုပြီး ခံစားရတာ၊ အရွယ်မတိုင်ခင် သေဆုံးကြရလို့ မအိုဆေးဆိုပြီး တွင်ကျယ်စွာ သောက်သုံးနေကြ ပါတယ်။ တကယ့် ကြောက်စရာ ကောင်းလွန်း ပါတယ်။