Saturday, June 25, 2022

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသုံးမွုႏွင့္ တရားမဝင္ေရာင္းဝယ္မွုမ်ား ပေပ်ာက္ေစေရး



 



ယခုႏွစ္ ၂၀၂၂ ခုႏွစ္ ဇြန္လ ၂၆ ရက္ေန႔သည္ (၃၅) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါး အလြဲသုံးမွု ႏွင့္ တရားမဝင္ ေရာင္းဝယ္မွု တိုက္ဖ်က္ေရးေန႔ (International Day Against Drug Abuse and Illicit Trafficking) ျဖစ္ပါသည္။ 

-
ဇြန္လ ၂၆ ရက္ေန႔ကို သတ္မွတ္ရသည့္ သမိုင္းေၾကာင္း ရွိပါသည္။ တ႐ုတ္ျပည္တြင္ ပထမဘိန္းစစ္ပြဲ ျဖစ္ခါနီး ၁၈၃၉ ခုႏွစ္မွာ ဥေရာပတိုက္သားမ်ားျဖစ္ၾကေသာ ေပၚတူဂီ၊ စပိန္ ႏွင့္ ဒတ္ခ်္ကုန္သည္မ်ားက တ႐ုတ္ျပည္ကို ဘိန္းမ်ားေရာင္းခ်ရန္ အတြက္ ဂြမ္ဒုန္းျပည္နယ္ ဟူမင္းၿမိဳ႕သို႔ ေရာက္လာၾကသည္။ ထိုအခါ ဖူးက်န႔္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွူး Li Zexu ဆိုသူက ဇြန္လ ၂၆ ရက္ေန႔မွာ ဟူမင္းသို႔ အခ်ိန္မီသြားေရာက္ၿပီး ဥေရာပဘိန္းကုႏု္သည္မ်ား သယ္လာသည့္ ဘိန္းမ်ားကို သိမ္းဆည္း မီးရွို႔ဖ်က္ ဆီးပါသည္။ ထိုသို႔ ဘိန္းမ်ားမီးရွို႔ဖ်က္ဆီးခဲ့ေသာ ဇြန္လ ၂၆ ရက္ေန႔ကို ေႏွာင္းလူတို႔ အျမဲတမ္း ေအာက္ေမ့သတိရၾကေစရန္ ရည္ရြယ္၍ ၾသစႀတီးယားနိုင္ငံ ဗီယင္နာၿမိဳ႕တြင္ ၁၉၈၇ ခုႏွစ္ဇြန္လအတြင္း က်င္းပခဲ့သည့္ ကုလသမဂၢအေထြေထြညီလာခံက ဇြန္လ ၂၆ ရက္ေန႔ကို အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသုံးမွုႏွင့္ တရားမဝင္ေရာင္းဝယ္မွု တိုက္ဖ်က္ေရးေန႔(International Day Against Drug Abuse and Illicit Trafficking) အျဖစ္ အတူးတလည္ သတ္မွတ္ေပးခဲ့ျခင္း ျဖစ္ပါသည္။
မူးယစ္ေဆးဝါး။
-----------------
မူးယစ္ေဆးဝါးဆိုသည္မွာ လူသားမ်ား၏ ဆင္ျခင္တုန္တရားမ်ား၊ ကာယအား၊ ဉာဏအား၊ လူ႔စြမ္းအား အရင္းအျမစ္ အား လုံးကို အႏၲရာယ္အေပးနိုင္ဆုံး ပစၥည္းျဖစ္ပါသည္။ တစ္နည္းဆိုေသာ္ လူ႔ဘဝတိုးတက္မွု အရာမွန္သမၽွကို ဟိုးေအာက္ဆုံးအထိ နိမ့္က်ေစေသာ အႏၲရာယ္ေပးနိုင္သည့္ ပစၥည္းကို မူးယစ္ေဆးဝါး ဟုေခၚပါသည္။ ထို႔ေၾကာင့္ ကမၻာ့နိုင္ငံအသီးသီးမွာ မူးယစ္ေဆး ၀ါး မသုံးစြဲၾကေရး ဥပေဒအသီးသီးျပဌာန္းၿပီး အေရးယူလ်က္ရွိပါသည္။ မိမိတို႔ ျမန္မာနိုင္ငံမွာလည္း ၁၉၇၆ ခုႏွစ္၊ ေဖေဖၚဝါရီလ (၃) ရက္က ဥပေဒသစ္ျပဌာန္းၿပီး စီမံခ်က္ (၃) ရပ္ ခ်မွတ္ခဲ့ပါသည္။ အဆိုပါ စီမံခ်က္ပါ အေၾကာင္းအရာမ်ားမွာ (၁) ဘိန္းစိုက္ပ်ိဳး ထုတ္လုပ္မွု ပေပ်ာက္ေရး၊ (၂) မူးယစ္ေဆးဝါးသုံးစြဲမွု ပေပ်ာက္ေရး ႏွင့္ (၃) မူးယစ္ေဆးဝါးေရာင္းဝယ္မွု ပေပ်ာက္ေရး တို႔ျဖစ္ၾကၿပီး ယင္းစီမံခ်က္မ်ားႏွင့္အညီ နိုင္ငံေတာ္က အရွိန္အဟုန္ျမင့္ ေဆာင္ရြက္ေနပါသည္။
-
ႏွစ္စဥ္ ဇြန္လ (၂၆) ရက္ေန႔ေရာက္တိုင္း ျမန္မာျပည္၌ တစ္ႏွစ္တာအတြင္း ဖမ္းဆီးရမိေသာ ဘိန္းျဖဴ၊ စိတ္ႂကြ ႐ူးသြပ္ ေဆးျပား၊ အိုက္စ္၊ ေဆးေျခာက္ စသည့္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ၎မူယစ္ေဆးဝါးမ်ား ထုတ္လုပ္ရာမွာ အသုံးျပဳေသာ ဆက္စပ္ပစၥည္း အမ်ိဳးေပါင္း ၅၀ ေက်ာ္တို႔ကိုလည္း နိုင္ငံေတာ္က နိုင္ငံျခားသံ႐ုံးေတြကိုပါ ဖိတ္ၾကားၿပီး အခမ္းအနားျဖင့္ မီးရွို႔ ဖ်က္စီးေလ့ ရွိပါသည္။ သို႔ေသာ္ ေခတ္အဆက္ဆက္ ယေန႔ထိတိုင္ ေန႔စဥ္ထုတ္ သတင္းစာမ်ား၊ တီဗြီ႐ုပ္သံလိုင္းမ်ားမွာ မေတြ႕ခ်င္ မျမင္ခ်င္ဆုံးအရာမွာ မူးယစ္ေဆးဝါး၊ စိတ္ႂကြေဆးျပား သုံးစြဲမွု၊ ေရာင္းဝယ္မွုမ်ား ရွင္သန္ ႀကီးထြားေနဆဲျဖစ္ပါသည္။
-
ကမ႓ာ့ကပ္ေရာဂါ ကိုဗစ္-၁၉ စတင္မျဖစ္ပြားခင္ ၂၀၁၉ ခုႏွစ္ထုတ္ျပန္ခ်က္ သတင္းမ်ားအရ ကမၻာ့လူဦးေရ သန္းေပါင္း ၂၀၀ ေက်ာ္သည္ မူးယစ္ေဆးသုံးစြဲလ်က္ရွိေၾကာင္း ေၾကာက္ခမန္းလိလိ သိရပါသည္။ အနာဂါတ္ကမၻာအတြက္ ရင္ေလးစရာ ျဖစ္ပါသည္။ မူးယစ္ေဆးဝါးဆိုသည္မွာ တစ္ႀကိမ္သုံးမိ႐ုံမၽွျဖင့္ စြဲလန္းသြားကာ ျဖတ္ရန္ လြန္စြာခက္ခဲသည္။ အိမ္တစ္အိမ္ (သို႔မ ဟုတ္) မိသားစုတစ္စုမွာ မူးယစ္ေဆးစြဲသူ တစ္ဦးရွိေနလၽွင္ တစ္မိသားစုလုံး စိတ္ဆင္းရဲရသည့္အျပင္ စီးပြားေရး နာလန္မထူနိုင္ ေတာ့ဘဲ ခၽြတ္ျခဳံက်ၾကရသည္။ ေဖာ္ျပပါ ၂၀၁၉ ေနာက္ပိုင္း ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ ခုႏွစ္ စသည့္ သုံးႏွစ္တာကာအတြင္း မူးယစ္ ေဆးသုံးစြဲႏွုန္းကို စစ္တမ္းေကာက္ယူၾကည့္မည္ဆိုပါက ေဆးစြဲလူဦးေရ သန္းေပါင္း အဆမတန္ တိုးပြားေနေလာက္ၿပီျဖစ္ေၾကာင္း ပညာရွင္မ်ားက ခန႔္မွန္းထားၾကပါသည္။
-
ဘိန္းျဖဴ။
-----------
ဘိန္းျဖဴသည္ မူးယစ္အားလုံးထဲမွာ အျပင္းထန္ဆုံး ႏွင့္ ေၾကာက္စရာအေကာင္းဆုံး ျဖစ္ပါသည္။ အက္ဆစ္ (၁၄) မ်ိဳး ပါ ၀င္ေနၿပီး လူ႔ခႏၶာကိုယ္၏ အမာဆုံးအစိပ္အပိုင္းျဖစ္ေသာ အရိုးမ်ားကိုပင္ အမွုန႔္ျဖစ္ေစသည္။ ျမန္မာနိုင္ငံတြင္ မည္သည့္အခ်ိန္ ကစၿပီး မူူးယစ္ေဆးဝါးရွိေနေၾကာင္းကို ေလ့လာၾကည့္ရာ ဘိုးေတာ္ဘုရား(ဗဒုံမင္း - ကုန္းေဘာင္ေခတ္ ၆ ဆက္ေျမာက္ဘုရင္) လက္ထက္ (၁၇၈၂-၁၈၁၉) မွာ တိုင္းတပါးကုန္သည္မ်ားက သေဘၤာျဖင့္ကုန္ကူးရာကစၿပီး ျမန္မာနိုင္ငံအတြင္းသို႔ မူးယစ္ေစတတ္ ေသာအရာမ်ား ေရာက္ရွိလာခဲ့ပါသည္။ “ဘိန္း၊ ဘင္း၊ ကေစာ္၊ ေလွာ္စာ၊ အရက္ လူကိုဖ်က္ အရွက္ရမည္ေၾကာက္” ဆိုသည့္ ယစ္မ်ိဳးဥပေဒသေတြထုတ္ၿပီး မသုံးစြဲ၊ မေသာက္စားၾကရန္ တားျမစ္ခဲ့ပါသည္။ ယင္းကာလမွာ မူးယစ္မ်ားကို တြင္တြင္က်ယ္ က်ယ္ မသုံးစြဲၾကေသးေပ။
-
၁၈၆၂ ခုႏွစ္ (လြန္ခဲ့ေသာ အႏွစ္ ၁၆၀ ေက်ာ္)မွာ အဂၤလိပ္တို႔က ျမန္မာနိုင္ငံကို နယ္ခ်ဲ႕လာၾကသည္။ လူငယ္ေတြကို ပစ္မွတ္ထားၿပီး ဘိန္းအလကားေကြၽြးသည္။ တရားဝင္ဘိန္းသုံးစြဲခြင့္ မွတ္ပုံတင္မ်ား ထုတ္ေပးသည္။ ဘိန္းရွုခန္းမ်ားစြာကိုလည္း တရားဝင္ဖြင့္ေပးသည္။ နယ္ခ်ဲ႕တို႔၏ ရည္ရြယ္ခ်က္မွာ နိုင္ငံ့အနာဂတ္လူငယ္မ်ား ပ်က္စီးေစရန္၊ လူငယ္ေတြကို မ်ိဳးခ်စ္စိတ္ဓာတ္ ပ်က္ျပားေစရန္၊ လူမ်ိဳးတုန္းေစရန္၊ ျမန္္မာနိုင္ငံကို အလြယ္တကူ သိမ္းပိုက္နိုင္ရန္ တို႔အတြက္ ပရိယာယ္သုံးၿပီး ဘိန္းေကၽြးျခင္း ျဖစ္ပါသည္။ ထို႔ျပင္ ေငြအရင္းအႏွီးထုတ္ေပးၿပီး ဘိန္းပင္မ်ား စိုက္ခိုင္းသည္။ ပဲခူးတိုင္း၊ ရွမ္းျပည္နယ္ ႏွင့္ ကခ်င္ျပည္နယ္ေတြမွာ ဘိန္းပင္စိုက္ခိုင္းၿပီးေနာက္ ထြက္ရွိေသာဘိန္းမ်ားကို ျပည္ပသို႔ပို႔ၿပီး ျဖန႔္ျဖဴးေရာင္းခ်သည္။ နယ္ခ်ဲ႕တို႔က ဤနည္းျဖင့္ ျမန္္မာနိုင္ငံ ကို ကုပ္ေသြးစုပ္ခဲ့ၾကသည္။ နိုင္ငံေရး၊ လူမ်ိဳးေရးသာမက စီးပြားေရးအျမတ္ထုတ္ခဲ့ၾကသည္။
-
မူယစ္ေဆး၏ သေဘာသဘာဝသည္ ပစၥည္းပမာဏ နညး္နည္းျဖင့္ အျမတ္မ်ားမ်ားရေသာ ေရာင္းကုန္တစ္မ်ိဳး ျဖစ္သည္။ သို႔ေၾကာင့္ပင္ မိစၥာအာဇီဝျဖင့္ စီးပြားရွာသူေတြက လက္မလႊတ္နိုင္ၾကဘဲ တရားမဝင္နည္းလမ္း အမ်ိဳးမ်ိဳးျဖင့္ ေရာင္းဝယ္ေနၾကဆဲ ျဖစ္သည္။ ယင္းအက်ိဳးဆက္အျဖစ္ ယေန႔ကမၻာမွာ စိတ္ကိုေျပာင္းလဲေစတတ္ေသာ မူးယစ္ေဆးဝါးအမ်ိဳးမ်ိဳး မေပ်ာက္ကြယ္နိုင္ဘဲ ျဖစ္ေနပါသည္။ ေဆးပညာရွုေထာင့္အရ ဘိန္းကတဆင့္ ဥပမာ “ေမာ္ဖင္း” ကို ေဆးအျဖစ္ ထုတ္လုပ္သုံးစြဲပါသည္။ ဥပမာ စစ္ ေျမျပင္မွာ ေသနတ္ (သို႔မဟုတ္) ဗုံးဆံထိေသာအခါ လူနာကို ခံစားရသက္သာေစၿပီး မွိန္းေနေစရန္အတြက္ ေမာ္ဖင္းထိုးသြင္း ေပး ရသည္။ တခ်ိဳ႕ကင္ဆာေရာဂါ ေနာက္ဆုံးအဆင့္ လူနာမွာလည္း လိုအပ္လၽွင္ ေမာ္ဖင္းထိုးႏွံေပးရပါသည္။ ထို႔ေၾကာင့္ ကမၻာ့ လူသားေတြရွိေနသမၽွ ကာလပတ္လုံး ေဆးဝါးကုထုံးအရ အသုံးခ်ရန္အတြက္ မူးယစ္ကရွိေနရမည္ျဖစ္ေပသည္။ သို႔ေသာ္ အလြဲ သုံးေနၾကၿပီး မူးယစ္ေဆးဝါးမ်ား သုံးစြဲမွု၊ ေရာင္းခ်မွုတို႔ျဖင့္ မူးယစ္သံသရာျဖစ္ေနရာ နိုင္ငံအသီးသီးက ဥပေဒမ်ားျပဌာန္းၿပီး ထိန္း ခ်ဳပ္ေနရျခင္း ျဖစ္ပါသည္။
စိတ္ႂကြ႐ူးသြပ္ေဆးျပား။
-
ဂ်ပန္နိုင္ငံမွာ ဒုတိယကမၻာစစ္တြင္းကာလက မက္ဒက္ဖီတမင္း ေဆးအမွုန႔္တစ္မ်ိဳးကို Dr.Nagayoshi Nagai ဆိုသူက ေဖာ္ထုတ္ ေတြ႕ရွိခဲ့ပါသည္။ ရည္ရြယ္ခ်က္က ပန္းနာရင္က်ပ္ေပ်ာက္ေဆး၊ အဝလြန္တိုက္ဖ်က္ေဆး၊ စိတ္က်ေရာဂါေပ်ာက္ေဆး၊ ၀မ္းကိုက္ေပ်ာက္ေဆး၊ ၀က္႐ူးပ်ံကာကြယ္ေဆး စသည့္ ေဆးဝါးမ်ားေဖာ္စပ္ရာမွာ ထည့္သုံးရန္ ျဖစ္သည္။ ေနာက္ပိုင္းမွာ အမွုန႔္ကို WY အမ္ဖက္တမင္း ေဆးလုံး (သို႔မဟုတ္) ေဆးျပားမ်ားအျဖစ္ ေဖာ္စပ္လာၾကၿပီး စိတ္က်ေရာဂါသည္မ်ား (သို႔မဟုတ္) စိတ္ေဝဒ နာသည္ တခ်ိဳ႕ကို စိတ္ဖိစီးမွုေျပေပ်ာက္ရန္ စိတ္ကိုျမႇင့္တင္သည့္အေနျဖင့္ တရားဝင္ ေဆးတိုက္ေကၽြးပါသည္။ သို႔ေသာ္ လိုအပ္ သည့္ ပမာဏထက္ ပိုမေကၽြးသင့္ေပ။ မလိုအပ္ဘဲ လုံးဝ (လုံး) မေကၽြးရ။ Over dose ျဖစ္သြားပါက စိတ္ႂကြေဆးျပား မဟုတ္ ေတာ့ဘဲ “စိတ္ႂကြ႐ူးသြပ္ေဆးျပား” ျဖစ္သြားပါသည္။ ၎ေဆးထဲမွာ Sluphuric Acid, Nitric Acid မ်ားလည္း ပါရွိေနၾကသည္။ ယေန႔ ျမန္မာနိုင္ငံတြင္ အထူးသျဖင့္ လူငယ္၊ လူရြယ္ေတြက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တလြဲသုံးမိၾကၿပီး ေဆးစြဲလာၾကသည္။ စိတ္ႂကြေဆးျပား အမ်ိဳးမ်ိဳးရွိသည္။ မီးရွို႔ၿပီး အနံ့ရွုၾကသည္။ ေဆးျပားေသာက္ၾကသည္။ ခႏၶာကိုယ္ထဲ ေဆးထိုးသြင္းၾကသည္။
-
တစ္ႀကိမ္သုံးမိ႐ုံျဖင့္ စိတ္မခိုင္သူေတြမွာ ေဆးစြဲသြားၾကသည္။ ေဆးစြဲအဆင့္မွာ အျမင္၊ အၾကား ေဝဝါးသြားၿပီး မဟုတ္ကို အဟုတ္ထင္၊ မရွိကို အရွိထင္ၿပီး ႐ူးသြပ္ေျခာက္ျခားမွု ျဖစ္ေပၚေစသည္။ ထိုအခါ ပင္ကိုယ္အသိစိတ္ေတြ ကြယ္ေပ်ာက္သြားၿပီး မိမိ ကိုယ္ကို အသက္အႏၲရာယ္ျပဳနိုင္သလို၊ အတူေန မိသားစုႏွင့္ ပတ္ဝန္းက်င္ကိုလည္း အသက္အႏၲရာယ္ေပးနိုင္သည္။ ၎ပစၥည္း က ဘိန္းျဖဴေလာက္ မရွားပါး၊ ေစ်းလည္းမႀကီးဘဲ လမ္းေဘးကြမ္းယာဆိုင္တခ်ိဳ႕မွာ အလြယ္တကူ ၀ယ္၍ရနိုင္သည္။ ထို႔ေၾကာင့္ အေျခခံပညာ အထက္တန္းအဆင့္ ေက်ာင္းသားတခ်ိဳ႕ ေသာက္သုံးၾကသျဖင့္ အေရးယူခံရသည့္ သာဓက မ်ားစြာရွိပါသည္။ ဥပမာ ရန္ကုန္ၿမိဳ႕မွာလည္း ၂၀၁၈ - ၂၁၀၉ ပညာသင္ႏွစ္က ဆင္ေျခဖုံးၿမိဳ႕နယ္တစ္ခုရွိ အထက္တန္းေက်ာင္း၏ အိမ္သာ(Toilet) ထဲမွာ ကေလးတခ်ိဳ႕ စိတ္ႂကြေဆးျပား ခိုးသုံးမွုျဖစ္ခဲ့ရာ ေက်ာင္းတာဝန္ရွိသူမ်ား ႏွင့္ ျပည္သူ႔ရဲမ်ား ခ်ိတ္ဆက္ေဖာ္ထုတ္ခဲ့ရေၾကာင္း သတင္းစာမ်ားတြင္ ဖတ္ရပါသည္။ ထို႔ေၾကာင့္ မိဘမ်ားအေနျဖင့္ ကေလးကို မလိုအပ္ဘဲ မုန႔္ဖိုးအမ်ားႀကီးေပးျခင္း၊ အလိုလိုက္ လြန္းျခင္း၊ ယုံၾကည္မွု လြန္ကဲျခင္း မျဖစ္သင့္ေပ။ မိန္းကေလးေတြလည္း ေဆးစြဲနိုင္ပါသည္။ ကိုယ့္ သား၊ သမီး ဘယ္သူေတြနဲ႔ ေပါင္းေဖာ္ေနသလဲ? အေျခအေန မူပ်က္ေနသလား? ဂ႐ုစို္က္ေစာင့္ၾကည့္ဖို႔လိုပါသည္။
ေရွာင္ရွားနိုင္ေသာ နည္းလမ္းေကာင္းမ်ား။
---------------------------------------------
“မူးယစ္အစ ေဆးလိပ္က” ျဖစ္၍ ေဆးလိပ္၊ ေဆးရြက္ႀကီးအမ်ိဳးမ်ိဳး ႏွင့္ ကြမ္းယာတို႔ကို အစလုပ္ၿပီး မသုံးမိၾကဖို႔ အထူး အေရးႀကီးပါသည္။ စိတ္ဓာတ္မခိုင္မာသူ၊ စိတ္မနိုင္သူေတြက မူးယစ္ေဆးမ်ားကို သုံးမိတတ္ၾကသည္။ မေကာင္းမွန္းသိလ်က္ႏွင့္ လက္တည့္စမ္းလိုျခင္း၊ မိမိကိုယ္ကို အထင္ႀကီးျခင္း (ဥပမာ ငါကေတာ့ တျခားသူေတြလို မဟုတ္ဘူး၊ ငါ ေဆးမစြဲနိုင္ဘူး၊ ငါ စိတ္ မာတယ္) ဟု တလြဲဆံပင္ေကာင္းကာ စမ္းသုံးၾကည့္မိတတ္သည္။ တခ်ိဳ႕ကမူ အသည္းကြဲလို႔၊ တစ္စုံတစ္ခု ၀မ္းနည္းေၾကကြဲလို႔၊ သူငယ္ခ်င္းကဆြယ္လို႔၊ အိမ္ကိုအရြဲ႕တိုက္ခ်င္လို႔၊ အေဖကရိုက္လို႔၊ အေမကဆူလို႔ စသည္ျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးျပကာ သုံးၾက သည္။ အရင္းစစ္ၾကည့္လၽွင္ စိတ္မခိုင္ျခင္း၊ စိတ္မနိိုုင္ျခင္းေၾကာင့္ သုံးစြဲျခင္းသာ ျဖစ္ပါသည္။
-
တခ်ိဳ႕ကလည္း ေဟ့ေကာင္! သားႀကီး.. မင္းခ်ၾကည့္ သုံးၾကည့္ပါလား ... မလုပ္ရဲဘူးလားကြ … မင္းအေျခာက္လား” ဆို သည့္ မခံခ်င္စိတ္ကိုႏွိုးဆြၿပီး အတင္းဆြယ္ၾကသည္။ ေဘာ္ဒါက႑အျဖစ္ အေတြးမွားကာ အစျပဳ သုံးမိသြားတတ္သည္။ အမွန္ တကယ္ ျဖစ္သင့္သည္မွာ ဘယ္သူကဘဲ ဆြယ္ဆြယ္၊ မခံခ်င္ေအာင္ ဘယ္လိုဘဲေျပာၾကပါေစ “ေဟ့ေကာင္! သူငယ္ခ်င္း! အေမ့ ကို ငါ ကတိေပးထားတယ္… အေဖ့ကို ကတိေပးတားတယ္… ဘုရားမွာ သစၥာဆိုထားတယ္… မူးယစ္ေဆးဝါးမွန္သမၽွ ငါေရွာင္ မယ္… ေယာက်္ားကတိကြာ ကတိမဖ်က္ဘူးကြာ” ဟူ၍ တုန႔္ျပန္ေျပာသင့္ပါသည္။ မိမိကို္ယ္တိုင္ကလည္း ဘယ္လိုအေၾကာင္း ေၾကာင့္မွ တစ္ႀကိမ္တစ္ခါမၽွ မသုံးဖို႔၊ မထိဖို႔လိုပါသည္။ ထို႔ျပင္ ေယာက်ာ္းေလးမ်ား အားကစားတစ္ခုခုကို ပုံမွန္ လုပ္သင့္ပါသည္။ ေက်ာင္းစာအျပင္ အက်ိဳးျပဳ ျပင္ပစာေတြကိုလည္း ေလ့လာ ဖတ္ရွုသင့္သည္။ ၀ါသနာတူ သူငယ္ခ်င္းမ်ားႏွင့္ အားကစားလုပ္ျခင္း၊ ရပ္ရြာအက်ိဳးအတြက္ ပရဟိတလုပ္ျခင္း (သို႔မဟုတ္) ဘာသာေရးကိုလည္း မေမ့မေလ်ာ့လုပ္ျခင္း၊ ၿမိဳ႕နယ္ျပည္သူ႔စာၾကည့္တိုက္ မ်ားတြင္ ပိုက္ဆံမေပးရဘဲ စာအုပ္ငွားဖတ္ျခင္း စသည္ျဖင့္ လုပ္ေဆာင္မည္ဆိုပါက မူးယစ္စိတ္ႂကြေဆးေတြမ်ားကို ေရွာင္ရွားနိိုင္ပါ လိမ့္မည္။ ဆိုလိုသည္မွာ မူးယစ္ေဆးသုံးသူေတြက စာၾကည့္တိုက္ မသြားတတ္ေပ၊ သြားေလ့သြားထ မရွိေပ။ အားကစားကို လည္း မလိုက္စားၾကေပ။ ထိုအခါ မိမိႏွင့္ ယင္းတို႔သည္ ျပဒါးတစ္လမ္း သံတစ္လမ္း ျဖစ္ေနၿပီး ေဆးသုံးသူေတြႏွင့္ ဆုံဆည္းနိုင္ စရာ အေၾကာင္းမရွိေတာ့ေပ။
-
မူးယစ္သားေကာင္မ်ားအတြက္ အႀကံျပဳခ်က္။
---------------------------------------------------
လူဆိုတာ မွားတတ္သည့္အမ်ိဳး ျဖစ္ပါသည္ (ဝါ) အမွားမကင္းေပ။ သို႔ေသာ္ ထိုအမွားကို တစ္သက္တာလုံး ထမ္းပိုး ေထြး ပိုက္ၿပီး သယ္သြားစရာ မလိုအပ္ေပ။ “မွား၊ မွားမွန္းသိ လူေတာ္ျဖစ္၏” “မေကာင္း၊ မေကာင္းမွန္းသိ လူေကာင္းျဖစ္၏၊ မေကာင္း လ်က္ပင္ ေကာင္းသည္ထင္ မေကာင္းျမဲ မေကာင္းမည္ပင္” ဆိုသည့္ ဆုံးမစကားေလးအတိုင္း မေကာင္းေသာ အရာမွန္သမၽွကို ျဖတ္ေတာက္ပါ။ မည္သူမၽွွ ေမြးကတည္းက ေဆးမသုံးတတ္ၾကေပ။ မည္သည့္ေက်ာင္း၊ မည္သည့္ စာေပမ်ား ကလည္း ေဆးသုံးစြဲ ဖို႔ သင္ျပရိုး ထုံးစံ အလ်ဥ္းမရွိေပ။ မိမိအမွားကို မိမိကိုယ္တိုင္ ေခ်ဖ်က္ရပါမည္။ အမွန္တကယ္ ျပတ္ခ်င္စိတ္လည္း ရွိရပါမည္။ မိဘ၊ အုပ္ထိန္းသူေတြကလည္း ျပန္လည္ထူေထာင္ေရးပိုင္းမွာ အတတ္နိုင္ဆုံး စိတ္ရွည္ရွည္ျဖင့္ ကူညီအားေပးဖို႔လိုပါသည္။ ကာကယံ ရွင္ဘက္ကလည္း ကိုယ့္ကို မိသားစုမ်ား၊ လူအမ်ား ယုံၾကည္လာေအာင္ ေနျပနိုင္ရပါမည္။ အဓိကအခ်က္မွာ မိမိတိုယ္တိုင္က စိတ္ျပတ္သား ဖို႔လိုပါသည္။ လူ႔ဘဝ ရခဲလွပါသည္။ လူ႔ဘဝ၊ လူျဖစ္ရတုန္း ခဏမွာ မူးယစ္သားေကာင္ ျဖစ္ေနမယ္ဆိုပါလၽွင္ ဘယ္လိုနည္းနဲ႔မၽွ ကံ (၅) ပါး မလုံေတာ့ေပ။ တစ္သံသရာလုံး ေမွာက္တတ္သည္။
-
မူးယစ္ေဆးျဖတ္ထားၿပီးလၽွွင္လည္း ယခင္က ေဆးသုံးေဖာ္၊ ေဆးဝယ္ဖူးသူေတြကို ေဝးေဝးက ေရွာင္ပါ။ ျပတ္ျပတ္သား သား လမ္းခြဲပါ။ မိမိကိုယ္ကို တကယ္ခ်စ္ပါ။ မိသားစုကို ခ်စ္ပါ။ မိမိအတြက္ေၾကာင့္ မိသားစုကို ၀န္ထုပ္ဝန္ပိုး မျဖစ္ပါေစႏွင့္။ မိသားစုအေပၚမွာ တာဝန္သိစိတ္၊ တာဝန္ယူခ်င္စိတ္ရွိပါ။ အရက္ေသာက္ျခင္း၊ ကြမ္းစားျခင္း၊ ေဆးရြက္ႀကီးငုံျခင္း၊ ေဆးလိပ္ ေသာက္သုံးျခင္းေၾကာင့္ ေနာက္ဆက္တြဲဆိုးက်ိဳးအျဖစ္ ကုသရန္ခက္ခဲသည့္ ကင္ဆာေရာဂါမ်ား ျဖစ္လာနိုင္ပါသည္။ အထူးသျဖင့္ ခံတြင္းကင္ဆာ၊ အစာေရၿမိဳကင္ဆာ၊ အသည္းကင္ဆာ၊ အဆုတ္ကင္ဆာ၊ ေက်ာက္ကပ္ကင္ဆာမ်ားကို ျဖစ္ေစပါသည္။ ထို႔ျပင္ ေျခပုပ္လက္ပုပ္ေရာဂါ၊ မ်က္စိေရာဂါ၊ ပန္းေသပန္းညႇိုးေရာဂါ ျဖစ္တတ္သည္။ ေဆးလိပ္ေသာက္၍ ထြက္ရွိလာေသာ နီိိကိုတင္း အဆိပ္က ပတ္ဝန္းက်င္ကသူမ်ားကို second smoker အျဖစ္ ေဆးလိပ္ေငြ႕အႏၲရာယ္ ျဖစ္ေစပါသည္။ ကိုယ္ဝန္ေဆာင္ဗိုက္ထဲက သေႏၶသားအတြက္ third smoker အျဖစ္ ကိုယ္ဝန္ပ်က္က်ျခင္း၊ လမေစ့ဘဲ မီးဖြားျခင္း၊ အဂၤါမစုံေသာ ကေလးေမြးျခင္း ျဖစ္တတ္ သည္။
-
ထို႔ျပင္ e cigarette ကလည္း ေဆးလိပ္ေသာက္ျခင္း တစ္မ်ိဳးျဖစ္သည္။ e cigarette ေသာက္၍ ေဆးလိပ္ မျပတ္ေပ။ ၎ထဲတြင္ပါေသာ ဂက္စ္အရည္က အခမသင့္လၽွင္ ေပါက္ကြဲၿပီး လူကိုေဘးျဖစ္ေစပါသည္။ ယေန႔ေခတ္မွာ ေစ်းအေပါဆုံး ေဆး လိပ္ဗူး တစ္ဗူး၏ တန္ဖိုးသည္ ၾကက္ဥ အလုံးႀကီးႀကီး (၅) လုံးႏွင့္ ညီမၽွပါသည္။ ေဆးလိပ္ေသာက္ျခင္းသည္ ၾကက္ဥေတြကို အလဟသတ္ ပစ္ေပါက္ခြဲေနျခင္း ျဖစ္ေၾကာင္း ယုံမွာ သံသယျဖစ္ဖြယ္ မဟုတ္ပါ။ တစ္နည္းဆိုရလၽွွင္ ပိုက္ဆံကို မီးရွို႔ေနျခင္းျဖစ္ သည္။ ေဆးလိပ္ေသာက္၊ ကြမ္းစားျခင္းေၾကာင့္ ကုန္က်စရိတ္ကို မိသားစုႏွင့္အတူ အဆာေၿပ ၾကက္ဥျပဳတ္ စားၾကမည္ဆိုပါက က်နး္မာေရးအတြက္လည္း အေထာက္အကူျဖစ္ပါသည္။
-
နိဂုံးခ်ဳပ္အေနျဖင့္ အႀကံျပဳပါရေစ။ ယခုကာလ ကမ႓ာ့ကပ္ေရာဂါ ကိုွဗစ္-၁၉ ျဖစ္ပြားေနဆဲမွာ ကြမ္းတံေတြးေတြကို ေတြ႕ ကရာေနရာ ေထြးထုတ္မည္ဆိုပါက အကယ္၍ မိမိမွာ Covid Positive ျဖစ္ေနမယ္ဆိုလၽွင္ အျခားသူေတြကို ကြမ္းတံေတြးက တဆင့္ ေရာဂါျဖန႔္ေဝရာ ေရာက္ပါသည္။ သို႔ပါ၍ စိတ္ကိုေျပာင္းလဲေစတတ္ေသာ၊ လူကိုေဘးျဖစ္ေစတတ္ေသာ၊ လူညႊန႔္တုံးေစ တတ္ေသာ၊ လူမ်ိဳးတုံးေစတတ္ေသာ မူးယစ္ႏြယ္ဝင္မွန္သမၽွွကို ေရွာင္ရွားၾကပါ။ ေရွာင္ရွားနိုင္ၾကပါေစလို႔ ဆုေတာင္းရင္း နိဂုံး ခ်ဳပ္ပါသည္။
-
ေစတနာမ်ားစြာ
ေဆာင္းပါးရွင္ ေပါက္ေပါက္ ေရးသားသည္။
-
#MWD
#PaukPauk
 
Pyidaungsu
========== 
 
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများ ပပျောက်စေရေး***
=====================================
ယခုနှစ် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့သည် (၃၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (International Day Against Drug Abuse and Illicit Trafficking) ဖြစ်ပါသည်။
-
ဇွန်လ ၂၆ ရက်နေ့ကို သတ်မှတ်ရသည့် သမိုင်းကြောင်း ရှိပါသည်။ တရုတ်ပြည်တွင် ပထမဘိန်းစစ်ပွဲ ဖြစ်ခါနီး ၁၈၃၉ ခုနှစ်မှာ ဥရောပတိုက်သားများဖြစ်ကြသော ပေါ်တူဂီ၊ စပိန် နှင့် ဒတ်ချ်ကုန်သည်များက တရုတ်ပြည်ကို ဘိန်းများရောင်းချရန် အတွက် ဂွမ်ဒုန်းပြည်နယ် ဟူမင်းမြို့သို့ ရောက်လာကြသည်။ ထိုအခါ ဖူးကျန့်ပြည်နယ် အုပ်ချုပ်ရေးမှူး Li Zexu ဆိုသူက ဇွန်လ ၂၆ ရက်နေ့မှာ ဟူမင်းသို့ အချိန်မီသွားရောက်ပြီး ဥရောပဘိန်းကုနု်သည်များ သယ်လာသည့် ဘိန်းများကို သိမ်းဆည်း မီးရှို့ဖျက် ဆီးပါသည်။ ထိုသို့ ဘိန်းများမီးရှို့ဖျက်ဆီးခဲ့သော ဇွန်လ ၂၆ ရက်နေ့ကို နှောင်းလူတို့ အမြဲတမ်း အောက်မေ့သတိရကြစေရန် ရည်ရွယ်၍ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ၁၉၈၇ ခုနှစ်ဇွန်လအတွင်း ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့(International Day Against Drug Abuse and Illicit Trafficking) အဖြစ် အတူးတလည် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။
မူးယစ်ဆေးဝါး။
-----------------
မူးယစ်ဆေးဝါးဆိုသည်မှာ လူသားများ၏ ဆင်ခြင်တုန်တရားများ၊ ကာယအား၊ ဉာဏအား၊ လူ့စွမ်းအား အရင်းအမြစ် အား လုံးကို အန္တရာယ်အပေးနိုင်ဆုံး ပစ္စည်းဖြစ်ပါသည်။ တစ်နည်းဆိုသော် လူ့ဘဝတိုးတက်မှု အရာမှန်သမျှကို ဟိုးအောက်ဆုံးအထိ နိမ့်ကျစေသော အန္တရာယ်ပေးနိုင်သည့် ပစ္စည်းကို မူးယစ်ဆေးဝါး ဟုခေါ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ မူးယစ်ဆေး ၀ါး မသုံးစွဲကြရေး ဥပဒေအသီးသီးပြဌာန်းပြီး အရေးယူလျက်ရှိပါသည်။ မိမိတို့ မြန်မာနိုင်ငံမှာလည်း ၁၉၇၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်က ဥပဒေသစ်ပြဌာန်းပြီး စီမံချက် (၃) ရပ် ချမှတ်ခဲ့ပါသည်။ အဆိုပါ စီမံချက်ပါ အကြောင်းအရာများမှာ (၁) ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ပပျောက်ရေး၊ (၂) မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေး နှင့် (၃) မူးယစ်ဆေးဝါးရောင်းဝယ်မှု ပပျောက်ရေး တို့ဖြစ်ကြပြီး ယင်းစီမံချက်များနှင့်အညီ နိုင်ငံတော်က အရှိန်အဟုန်မြင့် ဆောင်ရွက်နေပါသည်။
-
နှစ်စဉ် ဇွန်လ (၂၆) ရက်နေ့ရောက်တိုင်း မြန်မာပြည်၌ တစ်နှစ်တာအတွင်း ဖမ်းဆီးရမိသော ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ် ဆေးပြား၊ အိုက်စ်၊ ဆေးခြောက် စသည့် မူးယစ်ဆေးဝါးများနှင့်အတူ ၎င်းမူယစ်ဆေးဝါးများ ထုတ်လုပ်ရာမှာ အသုံးပြုသော ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၅၀ ကျော်တို့ကိုလည်း နိုင်ငံတော်က နိုင်ငံခြားသံရုံးတွေကိုပါ ဖိတ်ကြားပြီး အခမ်းအနားဖြင့် မီးရှို့ ဖျက်စီးလေ့ ရှိပါသည်။ သို့သော် ခေတ်အဆက်ဆက် ယနေ့ထိတိုင် နေ့စဉ်ထုတ် သတင်းစာများ၊ တီဗွီရုပ်သံလိုင်းများမှာ မတွေ့ချင် မမြင်ချင်ဆုံးအရာမှာ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေးပြား သုံးစွဲမှု၊ ရောင်းဝယ်မှုများ ရှင်သန် ကြီးထွားနေဆဲဖြစ်ပါသည်။
-
ကမ႓ာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်မဖြစ်ပွားခင် ၂၀၁၉ ခုနှစ်ထုတ်ပြန်ချက် သတင်းများအရ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၂၀၀ ကျော်သည် မူးယစ်ဆေးသုံးစွဲလျက်ရှိကြောင်း ကြောက်ခမန်းလိလိ သိရပါသည်။ အနာဂါတ်ကမ္ဘာအတွက် ရင်လေးစရာ ဖြစ်ပါသည်။ မူးယစ်ဆေးဝါးဆိုသည်မှာ တစ်ကြိမ်သုံးမိရုံမျှဖြင့် စွဲလန်းသွားကာ ဖြတ်ရန် လွန်စွာခက်ခဲသည်။ အိမ်တစ်အိမ် (သို့မ ဟုတ်) မိသားစုတစ်စုမှာ မူးယစ်ဆေးစွဲသူ တစ်ဦးရှိနေလျှင် တစ်မိသားစုလုံး စိတ်ဆင်းရဲရသည့်အပြင် စီးပွားရေး နာလန်မထူနိုင် တော့ဘဲ ချွတ်ခြုံကျကြရသည်။ ဖော်ပြပါ ၂၀၁၉ နောက်ပိုင်း ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ ခုနှစ် စသည့် သုံးနှစ်တာကာအတွင်း မူးယစ် ဆေးသုံးစွဲနှုန်းကို စစ်တမ်းကောက်ယူကြည့်မည်ဆိုပါက ဆေးစွဲလူဦးရေ သန်းပေါင်း အဆမတန် တိုးပွားနေလောက်ပြီဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြပါသည်။
-
ဘိန်းဖြူ။
-----------
ဘိန်းဖြူသည် မူးယစ်အားလုံးထဲမှာ အပြင်းထန်ဆုံး နှင့် ကြောက်စရာအကောင်းဆုံး ဖြစ်ပါသည်။ အက်ဆစ် (၁၄) မျိုး ပါ ၀င်နေပြီး လူ့ခန္ဓာကိုယ်၏ အမာဆုံးအစိပ်အပိုင်းဖြစ်သော အရိုးများကိုပင် အမှုန့်ဖြစ်စေသည်။ မြန်မာနိုင်ငံတွင် မည်သည့်အချိန် ကစပြီး မူူးယစ်ဆေးဝါးရှိနေကြောင်းကို လေ့လာကြည့်ရာ ဘိုးတော်ဘုရား(ဗဒုံမင်း - ကုန်းဘောင်ခေတ် ၆ ဆက်မြောက်ဘုရင်) လက်ထက် (၁၇၈၂-၁၈၁၉) မှာ တိုင်းတပါးကုန်သည်များက သင်္ဘောဖြင့်ကုန်ကူးရာကစပြီး မြန်မာနိုင်ငံအတွင်းသို့ မူးယစ်စေတတ် သောအရာများ ရောက်ရှိလာခဲ့ပါသည်။ “ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ အရက် လူကိုဖျက် အရှက်ရမည်ကြောက်” ဆိုသည့် ယစ်မျိုးဥပဒေသတွေထုတ်ပြီး မသုံးစွဲ၊ မသောက်စားကြရန် တားမြစ်ခဲ့ပါသည်။ ယင်းကာလမှာ မူးယစ်များကို တွင်တွင်ကျယ် ကျယ် မသုံးစွဲကြသေးပေ။
-
၁၈၆၂ ခုနှစ် (လွန်ခဲ့သော အနှစ် ၁၆၀ ကျော်)မှာ အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို နယ်ချဲ့လာကြသည်။ လူငယ်တွေကို ပစ်မှတ်ထားပြီး ဘိန်းအလကားကွျွေးသည်။ တရားဝင်ဘိန်းသုံးစွဲခွင့် မှတ်ပုံတင်များ ထုတ်ပေးသည်။ ဘိန်းရှုခန်းများစွာကိုလည်း တရားဝင်ဖွင့်ပေးသည်။ နယ်ချဲ့တို့၏ ရည်ရွယ်ချက်မှာ နိုင်ငံ့အနာဂတ်လူငယ်များ ပျက်စီးစေရန်၊ လူငယ်တွေကို မျိုးချစ်စိတ်ဓာတ် ပျက်ပြားစေရန်၊ လူမျိုးတုန်းစေရန်၊ မြန််မာနိုင်ငံကို အလွယ်တကူ သိမ်းပိုက်နိုင်ရန် တို့အတွက် ပရိယာယ်သုံးပြီး ဘိန်းကျွေးခြင်း ဖြစ်ပါသည်။ ထို့ပြင် ငွေအရင်းအနှီးထုတ်ပေးပြီး ဘိန်းပင်များ စိုက်ခိုင်းသည်။ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်တွေမှာ ဘိန်းပင်စိုက်ခိုင်းပြီးနောက် ထွက်ရှိသောဘိန်းများကို ပြည်ပသို့ပို့ပြီး ဖြန့်ဖြူးရောင်းချသည်။ နယ်ချဲ့တို့က ဤနည်းဖြင့် မြန််မာနိုင်ငံ ကို ကုပ်သွေးစုပ်ခဲ့ကြသည်။ နိုင်ငံရေး၊ လူမျိုးရေးသာမက စီးပွားရေးအမြတ်ထုတ်ခဲ့ကြသည်။
-
မူယစ်ဆေး၏ သဘောသဘာဝသည် ပစ္စည်းပမာဏ နညး်နည်းဖြင့် အမြတ်များများရသော ရောင်းကုန်တစ်မျိုး ဖြစ်သည်။ သို့ကြောင့်ပင် မိစ္စာအာဇီဝဖြင့် စီးပွားရှာသူတွေက လက်မလွှတ်နိုင်ကြဘဲ တရားမဝင်နည်းလမ်း အမျိုးမျိုးဖြင့် ရောင်းဝယ်နေကြဆဲ ဖြစ်သည်။ ယင်းအကျိုးဆက်အဖြစ် ယနေ့ကမ္ဘာမှာ စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးအမျိုးမျိုး မပျောက်ကွယ်နိုင်ဘဲ ဖြစ်နေပါသည်။ ဆေးပညာရှုထောင့်အရ ဘိန်းကတဆင့် ဥပမာ “မော်ဖင်း” ကို ဆေးအဖြစ် ထုတ်လုပ်သုံးစွဲပါသည်။ ဥပမာ စစ် မြေပြင်မှာ သေနတ် (သို့မဟုတ်) ဗုံးဆံထိသောအခါ လူနာကို ခံစားရသက်သာစေပြီး မှိန်းနေစေရန်အတွက် မော်ဖင်းထိုးသွင်း ပေး ရသည်။ တချို့ကင်ဆာရောဂါ နောက်ဆုံးအဆင့် လူနာမှာလည်း လိုအပ်လျှင် မော်ဖင်းထိုးနှံပေးရပါသည်။ ထို့ကြောင့် ကမ္ဘာ့ လူသားတွေရှိနေသမျှ ကာလပတ်လုံး ဆေးဝါးကုထုံးအရ အသုံးချရန်အတွက် မူးယစ်ကရှိနေရမည်ဖြစ်ပေသည်။ သို့သော် အလွဲ သုံးနေကြပြီး မူးယစ်ဆေးဝါးများ သုံးစွဲမှု၊ ရောင်းချမှုတို့ဖြင့် မူးယစ်သံသရာဖြစ်နေရာ နိုင်ငံအသီးသီးက ဥပဒေများပြဌာန်းပြီး ထိန်း ချုပ်နေရခြင်း ဖြစ်ပါသည်။
စိတ်ကြွရူးသွပ်ဆေးပြား။
-
ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်တွင်းကာလက မက်ဒက်ဖီတမင်း ဆေးအမှုန့်တစ်မျိုးကို Dr.Nagayoshi Nagai ဆိုသူက ဖော်ထုတ် တွေ့ရှိခဲ့ပါသည်။ ရည်ရွယ်ချက်က ပန်းနာရင်ကျပ်ပျောက်ဆေး၊ အဝလွန်တိုက်ဖျက်ဆေး၊ စိတ်ကျရောဂါပျောက်ဆေး၊ ၀မ်းကိုက်ပျောက်ဆေး၊ ၀က်ရူးပျံကာကွယ်ဆေး စသည့် ဆေးဝါးများဖော်စပ်ရာမှာ ထည့်သုံးရန် ဖြစ်သည်။ နောက်ပိုင်းမှာ အမှုန့်ကို WY အမ်ဖက်တမင်း ဆေးလုံး (သို့မဟုတ်) ဆေးပြားများအဖြစ် ဖော်စပ်လာကြပြီး စိတ်ကျရောဂါသည်များ (သို့မဟုတ်) စိတ်ဝေဒ နာသည် တချို့ကို စိတ်ဖိစီးမှုပြေပျောက်ရန် စိတ်ကိုမြှင့်တင်သည့်အနေဖြင့် တရားဝင် ဆေးတိုက်ကျွေးပါသည်။ သို့သော် လိုအပ် သည့် ပမာဏထက် ပိုမကျွေးသင့်ပေ။ မလိုအပ်ဘဲ လုံးဝ (လုံး) မကျွေးရ။ Over dose ဖြစ်သွားပါက စိတ်ကြွဆေးပြား မဟုတ် တော့ဘဲ “စိတ်ကြွရူးသွပ်ဆေးပြား” ဖြစ်သွားပါသည်။ ၎င်းဆေးထဲမှာ Sluphuric Acid, Nitric Acid များလည်း ပါရှိနေကြသည်။ ယနေ့ မြန်မာနိုင်ငံတွင် အထူးသဖြင့် လူငယ်၊ လူရွယ်တွေက အကြောင်းအမျိုးမျိုးကြောင့် တလွဲသုံးမိကြပြီး ဆေးစွဲလာကြသည်။ စိတ်ကြွဆေးပြား အမျိုးမျိုးရှိသည်။ မီးရှို့ပြီး အနံ့ရှုကြသည်။ ဆေးပြားသောက်ကြသည်။ ခန္ဓာကိုယ်ထဲ ဆေးထိုးသွင်းကြသည်။
-
တစ်ကြိမ်သုံးမိရုံဖြင့် စိတ်မခိုင်သူတွေမှာ ဆေးစွဲသွားကြသည်။ ဆေးစွဲအဆင့်မှာ အမြင်၊ အကြား ဝေဝါးသွားပြီး မဟုတ်ကို အဟုတ်ထင်၊ မရှိကို အရှိထင်ပြီး ရူးသွပ်ခြောက်ခြားမှု ဖြစ်ပေါ်စေသည်။ ထိုအခါ ပင်ကိုယ်အသိစိတ်တွေ ကွယ်ပျောက်သွားပြီး မိမိ ကိုယ်ကို အသက်အန္တရာယ်ပြုနိုင်သလို၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်ကိုလည်း အသက်အန္တရာယ်ပေးနိုင်သည်။ ၎င်းပစ္စည်း က ဘိန်းဖြူလောက် မရှားပါး၊ စျေးလည်းမကြီးဘဲ လမ်းဘေးကွမ်းယာဆိုင်တချို့မှာ အလွယ်တကူ ၀ယ်၍ရနိုင်သည်။ ထို့ကြောင့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသားတချို့ သောက်သုံးကြသဖြင့် အရေးယူခံရသည့် သာဓက များစွာရှိပါသည်။ ဥပမာ ရန်ကုန်မြို့မှာလည်း ၂၀၁၈ - ၂၁၀၉ ပညာသင်နှစ်က ဆင်ခြေဖုံးမြို့နယ်တစ်ခုရှိ အထက်တန်းကျောင်း၏ အိမ်သာ(Toilet) ထဲမှာ ကလေးတချို့ စိတ်ကြွဆေးပြား ခိုးသုံးမှုဖြစ်ခဲ့ရာ ကျောင်းတာဝန်ရှိသူများ နှင့် ပြည်သူ့ရဲများ ချိတ်ဆက်ဖော်ထုတ်ခဲ့ရကြောင်း သတင်းစာများတွင် ဖတ်ရပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် ကလေးကို မလိုအပ်ဘဲ မုန့်ဖိုးအများကြီးပေးခြင်း၊ အလိုလိုက် လွန်းခြင်း၊ ယုံကြည်မှု လွန်ကဲခြင်း မဖြစ်သင့်ပေ။ မိန်းကလေးတွေလည်း ဆေးစွဲနိုင်ပါသည်။ ကိုယ့် သား၊ သမီး ဘယ်သူတွေနဲ့ ပေါင်းဖော်နေသလဲ? အခြေအနေ မူပျက်နေသလား? ဂရုစို်က်စောင့်ကြည့်ဖို့လိုပါသည်။
ရှောင်ရှားနိုင်သော နည်းလမ်းကောင်းများ။
---------------------------------------------
“မူးယစ်အစ ဆေးလိပ်က” ဖြစ်၍ ဆေးလိပ်၊ ဆေးရွက်ကြီးအမျိုးမျိုး နှင့် ကွမ်းယာတို့ကို အစလုပ်ပြီး မသုံးမိကြဖို့ အထူး အရေးကြီးပါသည်။ စိတ်ဓာတ်မခိုင်မာသူ၊ စိတ်မနိုင်သူတွေက မူးယစ်ဆေးများကို သုံးမိတတ်ကြသည်။ မကောင်းမှန်းသိလျက်နှင့် လက်တည့်စမ်းလိုခြင်း၊ မိမိကိုယ်ကို အထင်ကြီးခြင်း (ဥပမာ ငါကတော့ တခြားသူတွေလို မဟုတ်ဘူး၊ ငါ ဆေးမစွဲနိုင်ဘူး၊ ငါ စိတ် မာတယ်) ဟု တလွဲဆံပင်ကောင်းကာ စမ်းသုံးကြည့်မိတတ်သည်။ တချို့ကမူ အသည်းကွဲလို့၊ တစ်စုံတစ်ခု ၀မ်းနည်းကြေကွဲလို့၊ သူငယ်ချင်းကဆွယ်လို့၊ အိမ်ကိုအရွဲ့တိုက်ချင်လို့၊ အဖေကရိုက်လို့၊ အမေကဆူလို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ သုံးကြ သည်။ အရင်းစစ်ကြည့်လျှင် စိတ်မခိုင်ခြင်း၊ စိတ်မနိိုုင်ခြင်းကြောင့် သုံးစွဲခြင်းသာ ဖြစ်ပါသည်။
-
တချို့ကလည်း ဟေ့ကောင်! သားကြီး.. မင်းချကြည့် သုံးကြည့်ပါလား ... မလုပ်ရဲဘူးလားကွ … မင်းအခြောက်လား” ဆို သည့် မခံချင်စိတ်ကိုနှိုးဆွပြီး အတင်းဆွယ်ကြသည်။ ဘော်ဒါကဏ္ဍအဖြစ် အတွေးမှားကာ အစပြု သုံးမိသွားတတ်သည်။ အမှန် တကယ် ဖြစ်သင့်သည်မှာ ဘယ်သူကဘဲ ဆွယ်ဆွယ်၊ မခံချင်အောင် ဘယ်လိုဘဲပြောကြပါစေ “ဟေ့ကောင်! သူငယ်ချင်း! အမေ့ ကို ငါ ကတိပေးထားတယ်… အဖေ့ကို ကတိပေးတားတယ်… ဘုရားမှာ သစ္စာဆိုထားတယ်… မူးယစ်ဆေးဝါးမှန်သမျှ ငါရှောင် မယ်… ယောကျ်ားကတိကွာ ကတိမဖျက်ဘူးကွာ” ဟူ၍ တုန့်ပြန်ပြောသင့်ပါသည်။ မိမိကို်ယ်တိုင်ကလည်း ဘယ်လိုအကြောင်း ကြောင့်မှ တစ်ကြိမ်တစ်ခါမျှ မသုံးဖို့၊ မထိဖို့လိုပါသည်။ ထို့ပြင် ယောကျာ်းလေးများ အားကစားတစ်ခုခုကို ပုံမှန် လုပ်သင့်ပါသည်။ ကျောင်းစာအပြင် အကျိုးပြု ပြင်ပစာတွေကိုလည်း လေ့လာ ဖတ်ရှုသင့်သည်။ ၀ါသနာတူ သူငယ်ချင်းများနှင့် အားကစားလုပ်ခြင်း၊ ရပ်ရွာအကျိုးအတွက် ပရဟိတလုပ်ခြင်း (သို့မဟုတ်) ဘာသာရေးကိုလည်း မမေ့မလျော့လုပ်ခြင်း၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် များတွင် ပိုက်ဆံမပေးရဘဲ စာအုပ်ငှားဖတ်ခြင်း စသည်ဖြင့် လုပ်ဆောင်မည်ဆိုပါက မူးယစ်စိတ်ကြွဆေးတွေများကို ရှောင်ရှားနိိုင်ပါ လိမ့်မည်။ ဆိုလိုသည်မှာ မူးယစ်ဆေးသုံးသူတွေက စာကြည့်တိုက် မသွားတတ်ပေ၊ သွားလေ့သွားထ မရှိပေ။ အားကစားကို လည်း မလိုက်စားကြပေ။ ထိုအခါ မိမိနှင့် ယင်းတို့သည် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပြီး ဆေးသုံးသူတွေနှင့် ဆုံဆည်းနိုင် စရာ အကြောင်းမရှိတော့ပေ။
-
မူးယစ်သားကောင်များအတွက် အကြံပြုချက်။
---------------------------------------------------
လူဆိုတာ မှားတတ်သည့်အမျိုး ဖြစ်ပါသည် (ဝါ) အမှားမကင်းပေ။ သို့သော် ထိုအမှားကို တစ်သက်တာလုံး ထမ်းပိုး ထွေး ပိုက်ပြီး သယ်သွားစရာ မလိုအပ်ပေ။ “မှား၊ မှားမှန်းသိ လူတော်ဖြစ်၏” “မကောင်း၊ မကောင်းမှန်းသိ လူကောင်းဖြစ်၏၊ မကောင်း လျက်ပင် ကောင်းသည်ထင် မကောင်းမြဲ မကောင်းမည်ပင်” ဆိုသည့် ဆုံးမစကားလေးအတိုင်း မကောင်းသော အရာမှန်သမျှကို ဖြတ်တောက်ပါ။ မည်သူမျှှ မွေးကတည်းက ဆေးမသုံးတတ်ကြပေ။ မည်သည့်ကျောင်း၊ မည်သည့် စာပေများ ကလည်း ဆေးသုံးစွဲ ဖို့ သင်ပြရိုး ထုံးစံ အလျဉ်းမရှိပေ။ မိမိအမှားကို မိမိကိုယ်တိုင် ချေဖျက်ရပါမည်။ အမှန်တကယ် ပြတ်ချင်စိတ်လည်း ရှိရပါမည်။ မိဘ၊ အုပ်ထိန်းသူတွေကလည်း ပြန်လည်ထူထောင်ရေးပိုင်းမှာ အတတ်နိုင်ဆုံး စိတ်ရှည်ရှည်ဖြင့် ကူညီအားပေးဖို့လိုပါသည်။ ကာကယံ ရှင်ဘက်ကလည်း ကိုယ့်ကို မိသားစုများ၊ လူအများ ယုံကြည်လာအောင် နေပြနိုင်ရပါမည်။ အဓိကအချက်မှာ မိမိတိုယ်တိုင်က စိတ်ပြတ်သား ဖို့လိုပါသည်။ လူ့ဘဝ ရခဲလှပါသည်။ လူ့ဘဝ၊ လူဖြစ်ရတုန်း ခဏမှာ မူးယစ်သားကောင် ဖြစ်နေမယ်ဆိုပါလျှင် ဘယ်လိုနည်းနဲ့မျှ ကံ (၅) ပါး မလုံတော့ပေ။ တစ်သံသရာလုံး မှောက်တတ်သည်။
-
မူးယစ်ဆေးဖြတ်ထားပြီးလျှှင်လည်း ယခင်က ဆေးသုံးဖော်၊ ဆေးဝယ်ဖူးသူတွေကို ဝေးဝေးက ရှောင်ပါ။ ပြတ်ပြတ်သား သား လမ်းခွဲပါ။ မိမိကိုယ်ကို တကယ်ချစ်ပါ။ မိသားစုကို ချစ်ပါ။ မိမိအတွက်ကြောင့် မိသားစုကို ၀န်ထုပ်ဝန်ပိုး မဖြစ်ပါစေနှင့်။ မိသားစုအပေါ်မှာ တာဝန်သိစိတ်၊ တာဝန်ယူချင်စိတ်ရှိပါ။ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ဆေးလိပ် သောက်သုံးခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကုသရန်ခက်ခဲသည့် ကင်ဆာရောဂါများ ဖြစ်လာနိုင်ပါသည်။ အထူးသဖြင့် ခံတွင်းကင်ဆာ၊ အစာရေမြိုကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာများကို ဖြစ်စေပါသည်။ ထို့ပြင် ခြေပုပ်လက်ပုပ်ရောဂါ၊ မျက်စိရောဂါ၊ ပန်းသေပန်းညှိုးရောဂါ ဖြစ်တတ်သည်။ ဆေးလိပ်သောက်၍ ထွက်ရှိလာသော နီိိကိုတင်း အဆိပ်က ပတ်ဝန်းကျင်ကသူများကို second smoker အဖြစ် ဆေးလိပ်ငွေ့အန္တရာယ် ဖြစ်စေပါသည်။ ကိုယ်ဝန်ဆောင်ဗိုက်ထဲက သန္ဓေသားအတွက် third smoker အဖြစ် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ မီးဖွားခြင်း၊ အင်္ဂါမစုံသော ကလေးမွေးခြင်း ဖြစ်တတ် သည်။
-
ထို့ပြင် e cigarette ကလည်း ဆေးလိပ်သောက်ခြင်း တစ်မျိုးဖြစ်သည်။ e cigarette သောက်၍ ဆေးလိပ် မပြတ်ပေ။ ၎င်းထဲတွင်ပါသော ဂက်စ်အရည်က အခမသင့်လျှင် ပေါက်ကွဲပြီး လူကိုဘေးဖြစ်စေပါသည်။ ယနေ့ခေတ်မှာ စျေးအပေါဆုံး ဆေး လိပ်ဗူး တစ်ဗူး၏ တန်ဖိုးသည် ကြက်ဥ အလုံးကြီးကြီး (၅) လုံးနှင့် ညီမျှပါသည်။ ဆေးလိပ်သောက်ခြင်းသည် ကြက်ဥတွေကို အလဟသတ် ပစ်ပေါက်ခွဲနေခြင်း ဖြစ်ကြောင်း ယုံမှာ သံသယဖြစ်ဖွယ် မဟုတ်ပါ။ တစ်နည်းဆိုရလျှှင် ပိုက်ဆံကို မီးရှို့နေခြင်းဖြစ် သည်။ ဆေးလိပ်သောက်၊ ကွမ်းစားခြင်းကြောင့် ကုန်ကျစရိတ်ကို မိသားစုနှင့်အတူ အဆာပြေ ကြက်ဥပြုတ် စားကြမည်ဆိုပါက ကျနး်မာရေးအတွက်လည်း အထောက်အကူဖြစ်ပါသည်။
-
နိဂုံးချုပ်အနေဖြင့် အကြံပြုပါရစေ။ ယခုကာလ ကမ႓ာ့ကပ်ရောဂါ ကိုှဗစ်-၁၉ ဖြစ်ပွားနေဆဲမှာ ကွမ်းတံတွေးတွေကို တွေ့ ကရာနေရာ ထွေးထုတ်မည်ဆိုပါက အကယ်၍ မိမိမှာ Covid Positive ဖြစ်နေမယ်ဆိုလျှင် အခြားသူတွေကို ကွမ်းတံတွေးက တဆင့် ရောဂါဖြန့်ဝေရာ ရောက်ပါသည်။ သို့ပါ၍ စိတ်ကိုပြောင်းလဲစေတတ်သော၊ လူကိုဘေးဖြစ်စေတတ်သော၊ လူညွှန့်တုံးစေ တတ်သော၊ လူမျိုးတုံးစေတတ်သော မူးယစ်နွယ်ဝင်မှန်သမျှှကို ရှောင်ရှားကြပါ။ ရှောင်ရှားနိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံး ချုပ်ပါသည်။
-
စေတနာများစွာ
ဆောင်းပါးရှင် ပေါက်ပေါက် ရေးသားသည်။
-

No comments: