Saturday, May 23, 2009

ခဏလေးပေမယ့် ကျေးဇူးကမ္ဘာ ပါ ..

  • ချွေးစိုလက်နဲ့ အိမ်ခန်းတံခါးကို ဖွင့်အ၀င်မှာ မှိန်ဖျော့ဖျော့ မီးရောင်ကြောင့် တစ်ခန်းလုံး ပိုလို့ ငြိမ်သက်ပြီး တိတ်ဆိတ်လွန်းတယ် လို့ ခံစားရမိတယ်။ 
  • အိမ်ရှင် မရှိတဲ့ အခိုက်အတန့်မှာ အိမ်လည်လာတဲ့ ဧည့်သည်တွေကို အိမ်ရှင်ကိုယ်စား တစ်စုံတစ်ယောက် သောသူကို ရည်ရွယ်ထားတဲ့ လေးဖြူရဲ့ သီချင်းသံလေးက ဆီးကြိုမြဲ ရှိနေမှာပါ။ 
  • မိတ်ဆွေ သူငယ်ချင်းတွေရဲ့ သံယောဇဉ်နွယ်တဲ့ နှုတ်ဆက်စကား တွေကြောင့် ရင်အမောကို ပြေပျောက်စေတဲ့ အတွက် အတိုင်းမသိ ကြည်နူးရပါတယ်။ အလုံးစုံသော သံယောဇဉ်တွေနဲ့ အချိန်တိုင်း အိမ်လည် ရောက်ရောက် လာတတ်တဲ့ အတွက်လည်း ရင်နဲ့အမျှ ၀မ်းသာမိပါတယ်၊ ကျေးဇူးလည်း တင်မိပါတယ်။ တစ်ဦးချင်းစီရဲ့ နွေးထွေးတဲ့ စေတနာကို အလေးအနက် ထားတယ်၊ တန်ဖိုးထား လေးစားတယ်လို့ ထပ်လောင်း ပြောချင်ပါတယ်။
  • သွားသုတ်သုတ် လာသုတ်သုတ် ဘ၀သမားမို့ အားလုံးသော သူငယ်ချင်းတွေကို အိမ်ပေါက်စေ့ နှုတ်ဆက်ဖို့ အချိန်မပေး နိုင်သေးတာကို နားလည်ပေးဖို့ မေတ္တာရပ်ပါတယ်။ ကိုယ်စိတ်နှစ်ပါး အေးချမ်းနိုင်ကြပါစေ ..

54 comments:

သက်ဝေ said...

ဘာမှမပူနဲ့..
အားလုံးဒီလိုတွေချည်းပဲ... အဆင်ပြေတဲ့အခါ ပြန်လာခဲ့ပေါ့... ဟုတ်တယ် ဟုတ်...
အဆင်ပြေ ပျော်ရွှင်ပါစေ...

ကိုတိုး said...

အဆင်ပြေလို့ပြန်လာပြီပဲ အကောင်းဆုံးတွေပဲ ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်အကိုရေ ပျော်ရွှင် အဆင်ပြေပါစေဗျာ။

တလနွန် said...

ပြန်လာပြီးလား ဘရားသား.......မုန့် ပါလား(အဟတ်)
ပျောက်သွားတာ တော်တော်ကြာတယ်နော်။။ဘယ်
ရောက်ခဲ့လဲ....အားလုံး သာသာယာယာ ပဲ ဟုတ်။။။။
ပြန်ရောက်လာတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်
။။။ အားလုံးသတိရနေကြတာပါ။။။။။

ခင်မင်ခြင်းနှင့်
တလနွန်

Anonymous said...

Welcome Back Bro !!!
အဆင်ပြေပြေနဲ့ ပြန်တွေ့ရတာ ဝမ်းသာမိပါရဲ့ .. အားရင်လည်း စာလေးတွေ ပြန်ရေးပါဦး .. အားပေးလျှက်
နေဒေးသစ်

flowerpoem said...

ကိုဝင်းဇော် ပြန်လာပြီလား အားလုံး အဆင်ပြေတယ်ဟုတ် ..

Unknown said...

မတွေ့ဖြစ်တာကြာခဲ့ပြီ အဆင်ပြေမယ် ထင်ပါတယ်။ စာတွေ ဖတ်ရဖို့ မျှော်လင့်နေတယ်။
အတွေအကြုံသစ်တွေ ဖလှယ်နိုင်ပါစေ

အေးချမ်းပါစေ ..

Unknown said...

welcome ကြိုဆိုပါတယ်၊ နောက်ကျပေမယ့် လတ်ဆတ်တဲ့ အချိန်တွေ အများကြီး ကျန်သေးတယ်။ အန္တရာယ်ကင်းကင်းနဲ့ ပြန်တွေ့ ရလို့ စိတ်ချမ်းသာတယ်။ ဘာဖြစ်ဖြစ် အဆင်ပြေစေဖို့ ပြောချင်ပါတယ်။

Unknown said...

အကိုဝင်းဇော်
ပြန်ရောက်လာတာတောင် စကားပြောဖော် မရဘူး။ သူစိမ်းဆန်နေပြီထင်ပါတယ်နော် .. နောက်တာပါ။
အချိန်ရရင် အချိန်ပေးစေချင်ပါတယ် သတိရလျက်

နှင်းဆီနီ said...

ရောက်ရင် သတင်းပို့ ---
ဘာလက်ဆောင်ပါလဲ အရင်ပြောပါ

နှင်းဆီနီနီ

kiki said...

ကိုဝင်းဇော် ပြန်လာတာ ဝမ်းသာစွာကြိုဆို တယ်နော် ။
ခရီးရက်ရှည် ထွက်နေပုံ ရတယ် ။ လောလောဆယ် ခရီးပန်းနေရင် ခဏလေးနားပြီးမှ အတွေ့ အကြံတွေ ဖေါက်သည် ချ အုံးနော် ။ စာလေးတွေ စောင့်မျှော်နေပါတယ် ။
ခင်မင်စွာဖြင့်
ကိကီ။

Unknown said...

အဦးဆုံး မတွေ့ရလို့ စိတ်ကောက်တယ်မှတ်ပါ ..

Unknown said...

ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာလို့ ၀မ်းသာတယ်။ အားလုံးက မျှော်နေသူဆိုတော့ မျက်နှာပွင့်တယ်နော် နမောင်လေးက ။။။

လမင်းလေး

မိုးခါး said...

စာတွေဖတ်ဖို့စောင့်နေပါတယ် ...း)

Welcome said...

မိတ်ဆွေ သူငယ်ချင်း တွေရဲ့
နွေးထွေးတဲ့ ခင်မင်မှုသံယောဇဉ်အားလုံးကို
အမှန်ပဲ အလေးထားပါတယ်။
ခဏတာပြန်လာတာဖြစ်လို့ စာရေးဖို့ အချိန်မပေးနိုင် သေးပါဘူး ..

အားလုံးကို ကျေးဇူးတင်ရှိကြောင်းပါ .. .. ..

မု;သုင်ခု, said...

ရောက်ပြီလားဝေ့

မေသစ္စာမောင် said...

အားတော့မှ ရေးပါ....ရပါတယ်။

ခင်စရာကောင်းတဲ့ ကိုဝင်းဇော်ကို ဘလော့ဂါမိတ်ဆွေ အားလုံးက စောင့်နေကြမှာပါ..။

khin oo may said...

အစိမ်းရောင်သန်းနေတယ်လို့ခံစားမိပေမဲ့ ခင်မင်ဆဲပါ။

အဖြူရောင်ဒဏ္ဍာရီ said...

အိမ်ရှင်မရှိလည်း ရောက်တယ်နော်
မှတ်တမ်းတင်ထားပါ

မင်းအိမ်ဖြူ said...

ပြန်လာပြီလားဗျ

တွေတွေချင်း လာနှူတ်ဆက်ပါတယ်

အသစ်တွေ စောင့်နေပါတယ်............

ကောင်းကင်ပြာ said...

မထားခဲ့ ပါနဲ့တော့ ၊ အချိန်ရသလောက်လေးတော့ လုပ်ပါ၊ သတိရနေတာ

Unknown said...

ဒီမှာ ---
ခေါ်ဝူးဆို ခေါ်ဝူးပဲ
မှတ်ထား

Unknown said...

ကိုဝင်းဇော်ကြီးကို ပြန်တွေ့ရလို့ ၀မ်းသာတယ်။
နေကောင်းကျန်းမာပါစ။
ချစ်ချစ်ကောတွေ့ခဲ့ရဲ့လား။
နောက်ကောက်ကျနေမယ်နော်။

မေ

တောင်ပေါ်သား said...

အကိုရေ ကြိုဆိုပါတယ်ဗျာ အဟီး ပြန်လာပြီဝေးးးးးးးးးးးးး


လေးစားလျက်
တောင်ပေါ်သား

Unknown said...

ကိုဝင်းဇော်ကြီး
ခရီးကပြန်လာပြီဆိုတော့ အကျိုးပြုစာတွေ ပြန်ရေးဖို့ အားပေးနေပါမယ်
ကျန်းမာရေးဂရုစိုက်ပါ

ခင်မင်တဲ့
နေခြည်

Maung Myo said...

အဆင်ပြေတယ်ဟုတ် အားလုံးး)

Unknown said...

မီး .. ရောက်တယ်၊ ပြန်လာလည်ဖို့ စိတ်ကူးရှိရင် လာခဲ့ပါနော် .. အဟီး (မျက်နှာငယ်တယ်)

Unknown said...

တိတ်တိတ်လေးလာပြီး တိတ်တိတ်လေး ပြန်သွားပြီ ထင်ပါ့။ စာတွေဖတ်ရဖို့ မျှော်နေပါတယ်။ ကျန်းမာရေး အထူးဂရုစိုက်ပါ။ (၀က်တုတ်ကွေး ကူးမှာစိုးလို့ အဟိ))

Unknown said...

ကို Welcome ကြီးကို
အားလုံးက Welcome နေလေရဲ့
ရွှင်ပျော်ပျော် နဲ့ ပျော်ရွှင်နိုင်ပါစေ

မိုးသား said...

သာပါစ မာပါစ လာလာချောင်းပါ၏

မြစ်ကျိုးအင်း said...

ပြန်ရောက်ပြီဆိုလို့ အပြေးအလွှား လာနှုတ်ဆက်တယ်.
သတိတရ ရှိနေပါတယ်ဗျာ..။ပါလာတဲ့ စာပေ အဟာရ ကောင်းတွေကိုလည်း ပြန်ဝေမျှပါအုံး
...ခင်မင်သောအားဖြင့်....

WWKM said...

ပြန်လာပြီလား မောင်ဝင်းဇော်ရေ..
စာရေးကောင်းတဲ့ မောင်လေးကို သတိရနေပါတယ်..
စာကောင်းလေးတွေ ဖတ်ချင်နေပါတယ်။
အဆင်ပြေတော့ ပို့စ်လေးတွေ ရေးပါဦးနော်.

အဆင်ပြေပါစေ။

sait phay yar said...

ေ၇ာက်တယ် ပေါက်တယ် ပြန်မလာသေးဘူးလား

အရုပ်ကလေး said...

အစ်ကို
စိတ်စေရာမှာ ငြိမ့်ငြိမ့်လေးသာ လိုက်ပါမျောရင်း
ဘ၀ရဲ့ ဖြစ်တည်မှု စေညွှန်ရာမှာ ပျော်ရွှင်လန်းပါစေ ..။

ညီလည်း မအားဘူး အစ်ကိုရေ ..
အစ်ကိုအားလို့ ပို့စ်တွေ တင်မဲ့ အချိန်ကို စောင့်နေလျက်ပါ ..။

မငုံ said...

ဦးချစ်ဖေကြီး ပြန်လာပြီလား။ အဆင်ပြေပါစေ။

အိုက်ခီလောက် said...

တူပြန်လာပြီ ဘေးကင်းစွာနဲ့ ပြန်လာပြီ
ဝမ်းသာလိုက်တာကိုဝင်းဇော်ရာ
ချောချောမောမော ပြန်ရောက်လာလို့ 
ဘာများသွားလုပ်တာကျနေတာပဲ ပြောလိုက်တာများ
ကဲ အတိုးချပြီး အိမ်လည်ပေတော့အကိုရေ

Sein Lyan Tun said...

ပျော်ရွှင်စွာဖြင့်
စောင့်မျှော်နေပါတယ်အကို
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

သီဟသစ် said...

ကိုဝင်းဇော်ရေ..

အားလုံးအဆင်ပြေပါစေဗျာ...

စောင့်မျှော်နေပါကြောင်း..

်ခင်မင်စွာဖြင့်..
သီဟသစ်

နွေးနွေးသဲမွန် said...

နားလည်ပြီးသားပါ အကိုရေ...အဆင်ပြေပါစေနော်.. :-)

tartar said...

:) :) :) :) :)

မသက်ဇင် said...

ကိုဝင်းဇော်ပြန်ရောက်ပြီကိုး
သတိရလျက်ပါ
ပျော်ရွှင်ပါစေ

Anonymous said...

လုပ်ဗျို့ အလုပ်က ပိုအရေးကြီးသဗျ။ အူမတောင့်မှ ဖြစ်မှာဆိုတော့ နားလည်ပါတယ်ဗျာ။

အချစ်မဲ့ဂစ်တာ said...

ပြန်လာချိန်ကို မျော်နေတယ်ဗျို့.....
သတိရလျှက်..

Anonymous said...

နေ့တိုင်းအိမ်လာ ကြည့်ပေးပါတယ် အကိုတော်ရယ်။ ကြိုဆိုပါတယ်နော်။ မနက်စောစော မနှုတ်ဆက်တော့ဘူး Lunch time မှပဲ လာတော့တယ်နော်။ :D


ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်

Anonymous said...

သတိရလျက်ပါဗျာ။
အဆင်ပြေပါစေနော်။

mgnge said...

စာဖတ်ပြီး ၀မ်းတောင်နည်းလာပြီ...
လွမ်းတယ် ဘရာရာ...။
ညီလည်း စာမေးပွဲဖြေနေပြီ

မီယာ said...

အားတဲ့အခါ ပြန်လာပါ

နေ့အိပ်မက် said...

နေ့အိပ်မက်လည်း အကြာကြီးပျောက်ပြီးမှ ပြန်ပေါ်လာရတယ်.. ကိုဝင်းဇော်လည်း အဆင်ပြေတဲ့အချိန် ပြန်ရေးပါနော်.. စောင့်ဖတ်နေပါ့မယ်.. :)

မေ့သမီး said...

ဘယ်သွားလို့လဲဟင်။ ဘာမှလဲ မသိလိုက်ပါလား။ အိမ်အသစ်ဖြစ်သွားတာလားဟင်။

Unknown said...

မတွေ့တာကြာလို့ သတိရတယ်ဗျာ။ အားလုံးကိုယ်စီကိုယ်စီ ရုန်းကန်နေရတဲ့ဘ၀တွေကို နားလည်ပါတယ်ဗျာ။ အဆင်ပြေပျော်ရွှင်ပါစေ ဆုတောင်းပေးပါတယ်။

ငှက်ငယ်လေး said...

တိုင်ရမဲ့ အကိုတစ်ယောက်ရော့သွားပီး(

khin oo may said...

သတိရလို့လာပါတယ။်

ကြယ်ပြာ said...

ရှမ်းလေးရေ ... ဒီပို့စ်ကနေတွက်ရင် ပျောက်နေတာ ၄ လ ကျော်လို့ ၅ လထဲဝင်နေပြီ .... သတိရလို့ လာကြည့်ပါတယ် ... နေကောင်းမယ်လို့လဲမျှော်လင့်ပါတယ် ... အမြဲမရောက်ဖြစ်ပေမယ့် သတိရပါတယ် ... သူငယ်ချင်း အစစ အရာရာ အဆင်ပြေပါစေ ....

ဆန်းဝင်း said...

အခြေနေ .. လာကြည့်တယ်.....

မမသီရိ said...

ဝေး..
ပျောက်နေတာ အကြာကြီးပဲ
ခုမှ ပေါ်လာ ရသလား..
သတိရနေကြတာလေ
ပြီးတော့.. မမရဲ့ ဖတ်စရာတွေ မှာ
ဒီဘလော့စာရင်းလေး တိုးတတ်ခဲ့ပြီ..း)

အကြာကြီး မပျောက်သွားနဲ့နော်..