Sunday, June 24, 2018

သောကကင်းကွာ ငြိမ်းချမ်းပါစေ


သောကကင်းကွာ ငြိမ်းချမ်းပါစေ

လူ့ဘ၀သည် ရခဲလှ၏။ လူ့ပြည်က အပ်တစ်စင်း နှင့်နတ်ပြည်က အပ်တစ်စင်း အချင်းချင်း ထိတွေ့ရန် လွယ်ကူကောင်း လွယ်ကူပေမည်။ လူဖြစ်ရန်ခက်ခဲ လှသည်ဟု အဆိုရှိသည်။ " မနုဿတ္တဘာဝေါ ဒုလ္ဘဘော " ဟူ၍လည်း မှတ်သားရသည်။ သို့ဖြစ်ပေရာ ရခေါင့်ရခဲ လူ့ဘ၀ထဲဝယ် ရောက်ရှိလာရ ထိုခဏတွင် လူဖြစ်ကျိုး နပ်စေရန်၊ လူကောင်းလူတော် ဖြစ်စေရန် အလွန် အရေးကြီးသည်။

လောကသုံးပါးတွင် လူသည်သာလျှင် အသိဉဏ် အရှိဆုံး၊ စွမ်းဆောင်ရည် အရှိဆုံး၊ အမြင့်မြတ်ဆုံး နှင့် အထက်မြတ်ဆုံး သော သတ္တ၀ါဟု ဆိုရပါမည်။ သုံးလောက ထွတ်ထား ဗုဒ္ဓမြတ်စွာဘုရား သည် သာမန် လူသားတစ်ဦးပင် ဖြစ်လင့်ကစား၊ သဗ္ဗညုတ ရွှေဉဏ်တော် ရရှိသော၊ သတ္တ၀ါအားလုံး အပေါ်တွင် မေတ္တာ ထားရှိသော၊ ရန်အပေါင်းကို အောင်မြင်သော၊ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိမြင်၍ လောကအကျိုး၊ ဓမ္မအကျိုးကို သယ်ပိုးရွက်ဆောင် နိဗ္ဗာန်သောင်သို့ ရောက်အောင်ညွှန်ပြ သွန်သင်ပေး တတ်သော၊ စိန်ရောင်ခြည် နေတစ်နုန်းကဲ့သို့ ရွှေဘုန်းတော်သခင် ထိပ်ခေါင်တင် အရှင်သူမြတ် ကြီးလည်း ဖြစ်တော်မူသည်။

Saturday, June 23, 2018

အရွယ်တင် နုပျိုချင်သူများ ကိုလာဂျင် ဆောင်ထား


အရွယ်တင် နုပျိုချင်သူများ ကိုလာဂျင် ဆောင်ထား

သင့်အရေပြား အမြဲတမ်းနုပျို နေဖို့ဆိုရင် ကိုလာဂျင် (Collagen) ဆိုတဲ့ဝေါဟာရကို ရင်းနှီးကျွမ်းဝင် နေဖို့လိုပါတယ်။ ကိုလာဂျင် ဆိုတာ လူသားတွေရဲ့ Dermis (ခေါ်) အရေပြားရဲ့အလယ်လွှာထဲမှာ ရှိနေတဲ့ ပရိုတင်း အမျှင်ဓာတ် တစ်မျိုးဖြစ်ပြီး အရေပြားရဲ့ ၇၅ ရာခိုင်နှုန်းက ကိုလာဂျင် ပဲဖြစ်ပါတယ်။ အလှအပဗေဒ ဆိုင်ရာ ပါရဂူတွေရဲ့ အဆိုအရ လူတစ်ယောက်ရဲ့အရေပြား အလှပဆုံး အချိန်ဟာ အသက် ၃၅ နှစ် ၀န်းကျင်လို့ ဆိုထားကြပါတယ်။ ဘာကြောင့်လဲဆိုရင် လူသားတစ်ဦးရဲ့ ကိုလာဂျင်ဓာတ် ထုတ်လုပ် နိုင်မှုက အဲဒီ အသက်အရွယ် ကာလမှာ ဖြစ်နေလို့ပါပဲ။ အသက် ၃၅ နှစ် နောက်ပိုင်းက စပြီး ကိုလာဂျင် ထုတ်လုပ်မှု တဖြည်းဖြည်း မသိမသာ လျော့နည်းလာ ပါတယ်။ အသက် ၆၀ လောက်မှာတော့ ကိုလာဂျင် အမျှင်တွေ တော်တော်ကြီး နည်းသွားပါပြီ။ ဒါကြောင့် အသားအရေတွေ တွဲလာတာပါ။

Tuesday, June 19, 2018

နိဝါတောစ


နိဝါတောစ

မင်္ဂလာတရားတော် များတွင် တစ်ခုအပါအ၀င် ဖြစ်သည့် " နိဝါတောစ " မိမိကိုယ်ကို နှိမ့်ချခြင်းသည် မြတ်သော စိတ်ထားတစ်ခုပင် ဖြစ်သည်။ ကျွန်ုပ်တို့ နေထိုင်ရာ လူ့ပြည်လူ့ရွာ ကြီးတွင် အဆိုး၊ အကောင်း ဆိုသည်မှာ ဒွန်တွဲရှိနေပါ၏။ ဤသို့ဒွန်တွဲ တည်ရှိခြင်းသည် သဘာဝ တရားကြီးက ဖန်တီးပေးထားခြင်း မဟုတ်ချေ။ သဘာဝတရား ဆိုသော လောကကြီးကို လူသားများက အမျိုးမျိုး အလှဆင် နေကြခြင်း ဖြစ်ပေသည်။ အဘယ်သို့ အလှဆင်ကြ သနည်း။ ရုပ်ဝတ္ထု ပစ္စည်းများဖြင့် အလှဆင်ကြသည်။ တော၊ တောင်၊ ရေ၊ မြေ သဘာဝဖြင့် အလှဆင်ကြသည်။ လှပသည်မှာ မှန်သော်လည်း ပျက်ယွင်းရမည့် အချိန်၌ ပျက်ယွင်းကြ ရသည်။ အဘယ်ကြောင့် ပျက်ယွင်းသနည်း။ လူသားတို့၏ အလှဆင်သော စိတ်ဓာတ်တရား များ ယိုယွင်းပျက်စီး လာသောကြောင့် လောကကြီးလည်း တဖြည်းဖြည်း နှင့် အရုပ်ဆိုး အကျည်းတန် လာခဲ့ခြင်းပင်။

Sunday, June 17, 2018

လူငယ် နှင့် ရွေးချယ်မှု


လူငယ် နှင့် ရွေးချယ်မှု

ရွေးချယ်မှုဆိုသည့် စကားကို နေ့စဉ်နှင့်အမျှ ကြားဖူးကြပါလိမ့်မည်။ ထို့အတူ ရွေးချယ်မှုဆိုသည့် အရာနှင့်လည်း မည်သူ တစ်ဦးတစ်ယောက်မျှ လွတ်ကင်းနိုင်ကြ လိမ့်မည် မဟုတ်ပေ။ အစားအသောက်၊ အ၀တ်အထည် များမှအစ ဘ၀တစ်သက်တာ ကာလ တစ်လျှောက်လုံး အတွက် အဓိက အရေးကြီးသည့် အသက်မွေး ၀မ်းကျောင်းမှု များထိ မိမိတို့ စိတ်တိုင်းကျ ရွေးချယ်ဖူးခဲ့ကြ မည်သာဖြစ်သည်။ ထို့ကြောင့် လူတိုင်းလူတိုင်း သည် ရွေးချယ်မှုဟူသော ကွန်ရက် တစ်ခုအတွင်း၌ ကျင်လည်ရှင်သန် နေကြရသည့် သူများဟု ဆိုပါကလည်း မှားလိမ့်မည် မဟုတ်ပေ။

Thursday, June 14, 2018

စာဖတ်ခြင်းကျေးဇူး


စာဖတ်ခြင်းကျေးဇူး

လူ့လောကရှိ လူသားတို့သည် မည်သည့် အမျိုးအနွယ်မှ ဆင်းသက်ပေါက်ဖွား လာကြရစေကာမူ လူတစ်ဦးချင်းစီ အတွက် ပိုင်ဆိုင်ရမည့် အမြတ်ဆုံးဥစ္စာ သည်ကား သီလနှင့် ပညာဖြစ်၏။ သီလနှင့်ပညာကို ရှင်တော်ဘုရားက သီလအား ခြေထောက်နှင့် ဥပမာပြု၍ ပညာအား မျက်စိဖြင့်ဥပမာပြု တော်မူခဲ့သည်။ ခြေထောက်ရှိပြီး မျက်စိနှစ်ကွင်း အလင်းမရသည် ရှိသော် လိုရာမရောက်ခရီး မပေါက်နိုင်သကဲ့သို့ မျက်စိနှစ်ကွင်း အလင်းရသော်လည်း ခြေထောက်နှစ်ဖက် မသန်စွမ်းခဲ့ပါမူ လိုရာမရောက်ခရီး မပေါက်ဘဲ ဖြစ်ရ၏။

လူတစ်ဦးချင်းစီတွင် ရှိသော ခြေနှစ်ဖက်မှာလည်း သန်စွမ်း၊ မျက်စိနှစ်ကွင်း မှာလည်း အလင်းရမှသာ လိုရာပန်းတိုင် ရောက်ပေမည်။ မိမိတို့ လိုရာပန်းတိုင် ခရီးသို့ ရောက်နိုင်ရန် အတွက် ခြေနှစ်ဖက်နှင့် မျက်စိနှစ်ကွင်း ကြံ့ခိုင်သန်စွမ်း နေရမည်ဖြစ်သည့် နည်းတူ လူတစ်ဦးချင်းစီတွင် ခြေနှစ်ဖက်နှင့် တူသောသီလ၊ မျက်စိနှစ်ကွင်း နှင့်တူသော ပညာသည် မယွင်းမပျက် တွဲဖက်ရှင်သန် ရမည်ဖြစ်ပါသည်။

Wednesday, June 13, 2018

ဆံပင်ကျွတ်ခြင်း


ဆံပင်ကျွတ်ခြင်း

လူတစ်ယောက်ဟာ ပျမ်းမျှနေ့စဉ် ဆံပင် ၅၀ မှ ၁၀၀ အထိ ကျွတ်လေ့ရှိတယ်။ စိတ်ပူပင်သောက ရောက်ရင်၊ ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ရင် ဆံပင် ရုတ်တရက် ကျွတ်တယ်။ အနည်းဆုံး တစ်ပတ်တစ်ခါ ခေါင်းလျှော်သင့်တယ်။ 

အသက်ငယ်သူ လူငယ်လူရွယ် များမှာ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်ရင် မျိုးရိုးလိုက်လို့ ဆံပင်ကျွတ်ကြတာ ဖြစ်ပါတယ်။

Monday, June 11, 2018

လူမှုကွန်ရက် ကို သတိဖြင့်အသုံးပြု


လူမှုကွန်ရက် ကို သတိဖြင့်အသုံးပြု

မိုဘိုင်းဖုန်းများကို လူတိုင်းနီးပါး ၀ယ်ယူသုံးစွဲနိုင် ကြပေပြီ။ ယနေ့ခေတ် ကာလသည် လူတစ်ကိုယ် ဖုန်းတစ်လုံးတော့ ပိုင်ဆိုင်မှ၊ ကိုင်နိုင်မှ လူရာဝင်သလို ဖြစ်သောခေတ်ဟု ဆိုပါလျှင်လည်း မှားအံ့မထင်။ ဘယ်သွားသွား ဘယ်လာလာ ကျန်သည့် အရာသာ မေ့ကောင်းမေ့ကြမည် ဖြစ်သော်လည်း မိမိဖုန်းကိုတော့ မေ့ကျန်ခဲ့မည် မဟုတ်ပေ။

ရောက်သည့်နေရာ ရှုကြည့်ပါလေ။ လူတိုင်း လက်ထဲတွင် ဖုန်းတစ်လုံးတော့ တွေ့မြင်ရမည် ဧကန်ပါ။ အချို့ဆိုလျှင် ဖုန်းနှစ်လုံး၊ သုံးလုံးနှင့် အလုပ်များ ရှုပ်လို့။

Sunday, June 10, 2018

နီပါးဗိုင်းရပ်ရောဂါ အကြောင်း သိကောင်းစရာ


နီပါးဗိုင်းရပ်ရောဂါ အကြောင်း သိကောင်းစရာ

နီပါးဗိုင်းရပ်ရောဂါ သည် အသစ်ပေါ်ထွက် လာသောရောဂါ တစ်မျိုးဖြစ်ပြီး တိရစ္ဆာန်မှ တစ်ဆင့် လူသို့ကူးစက် တတ်သောရောဂါ ဖြစ်သည်။ ၎င်း ရောဂါပိုးသည် RNA ဗိုင်းရပ် အမျိုးအစားဖြစ်ပြီး Paramyxoviridae မိသားစုဝင် ဖြစ်သည်။ ထို့ပြင် ၁၉၉၄ ခုနှစ်တွင် သြစတြေးလျနိုင်ငံ ၌ ဖြစ်ပွားခဲ့သော Hendra ဗိုင်းရပ်နှင့်လည်း အမျိုးအစား တူညီသည်။

နီပါးဗိုင်းရပ်ကို ၁၉၉၈ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အနီးရှိ နီပါရွာ ၌ ၀က်မွေးမြူရေး လုပ်သားများတွင် စတင်ဖြစ်ပွားပြီး စတင်ဖြစ်ပွား ခဲ့သော ကျေးရွာ၏အမည်ကို အစွဲပြု၍ ၎င်းင်းရောဂါကို နီပါးဗိုင်းရပ်ရောဂါ ဟု ခေါ်တွင်ခဲ့သည်။

Tuesday, May 8, 2018

တိုးတက်လာသည့် ခေတ်စနစ်ကြားမှာ သတိပြုရမည့် ဒီဂျစ်တယ်ငွေကြေး


တိုးတက်လာသည့် ခေတ်စနစ်ကြားမှာ သတိပြုရမည့် ဒီဂျစ်တယ်ငွေကြေး

ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းပညာ (Financial Technology) များသည် ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲလျက်ရှိရာ ရှေးယခင်က ကုန်ပစ္စည်း အချင်းချင်း ဖလှယ်ခြင်းစနစ် သုံးစွဲခဲ့ရာမှ ဖွံဖြိုးတိုးတက် လာသည်နှင့်အမျှ ဒင်္ဂါးပြားများ၊ ငွေစက္ကူများကို တဖြည်းဖြည်း ပြောင်းလဲ သုံးစွဲလာခဲ့ ပါသည်။ ထို့နောက် စဉ်ဆက်မပြတ် ပြောင်းလဲလာခြင်းနှင့်အတူ ငွေကြေးပိုင်းဆိုင်ရာ ဘဏ်လုပ်ငန်းများ ပေါ်ပေါက်လာသောအခါ ငွေကြေးသုံးစွဲမှုမှာလည်း လွယ်ကူမြန်ဆန်ကျယ်ပြန့် လာစေရေးအတွက် အင်တာနက် နည်းပညာကို အသုံးချလာကြပါသည်။ Mobile Banking နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာသည်နှင့်အညီ ငွေကြေးသုံးစွဲမှု ဆိုင်ရာ နည်းပညာဖွံ့ဖြိုး တိုးတက်မှုတစ်ခုအနေဖြင့်လည်း အဆင့်မြင့်ကွန်ပျုတာနည်းပညာတစ်ခုဖြစ်သည့် BlockChain နည်းပညာကိုအခြေခံ၍ အသုံးပြုထားသော Cryptocurrency (ခ) Digital Currency ဟု ခေါ်ဆိုကြသည့် ကိုင်တွယ်၍ မရသော ငွေကြေးစနစ် (Digital Money) ဒီဂျစ်တယ်ငွေကြေးတစ်မျိုးမှာ ၂၀၀၉ ခုနှစ်တွင် စတင်ပေါ်ထွက် လာခဲ့ပြီး ကမ္ဘာ့စီးပွားရေး နယ်ပယ်၌ တဖြည်းဖြည်း ပြောင်းလဲ သုံးစွဲလာ နေသည်ကို တွေ့မြင်နေရ ပါသည်။

Thursday, May 3, 2018

ချိုသာယဉ်ကျေးစွာ ပြောဆိုပါ


ချိုသာယဉ်ကျေးစွာ ပြောဆိုပါ

လူသားတိုင်း၊ လူမျိုးတိုင်း စကားပြောကြ၏။ လူသားတိုင်း၊ လူမျိုးတိုင်း စကားပြောကြရ သော်လည်း မျိုးရိုးမျိုးနွယ် အလိုက် သုံးနှုန်းကြသည့် ဘာသာစကားတော့ မတူညီပေ။ အင်္ဂလိပ်လူမျိုးတို့သည် သူတို့လူမျိုး ဘာသာစကား ဖြစ်သည့် အင်္ဂလိပ်စကား ကိုသာ ပြောကြသည်။ ထို့အတူ တရုတ်လူမျိုးများသည်လည်း သူတို့လူမျိုး ဘာသာစကားဖြစ်သည့် တရုတ်စကားကို ပြောကြသည်။ မိမိတို့ မြန်မာလူမျိုး တို့သည်လည်း မိမိတို့၏ ဘာသာစကား ဖြစ်သည့် မြန်မာစကားကို ပြောကြသည်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးမဆို စကားပြော ကြရ၏။