အရွယ်မတိုင်မီ မျက်စိအဝေးမှုန်ပြဿနာအဖြေရှာ
စမတ်ဖုန်း၊ကွန်ပြူတာများ
ကြည့်ရှုချိန်လွန်ကဲခြင်းနှင့် မျက်စိအဝေးမှုန်ပြဿနာ
မျက်စိအဝေးမှုန် ပြဿနာသည် ကလေးဘ၀အရွယ်၊ မြီးကောက်ပေါက် အရွယ်များတွင်
ဖြစ်ပွားတတ်
သော်လည်း မည်သည့် အသက်အရွယ်မျိုး မဆို ရင်ဆိုင်ရနိုင် ကြောင်း၊ သို့သော် စမတ်ဖုန်း
ကြည့်ခြင်းကဲ့သို့ ရုပ်သံ မှန်သားပြင် ကြည့်ရှုချိန် ပုံမှန်ထက် လွန်ကဲပါက မျက်စိအဝေးမှုန်
ပြဿနာ ပေါ်လာနိုင်ခြေ ပုံမှန်ထက် ၃၉ ရာခိုင်နှုန်း မြင့်မားပြီး ကွန်ပြူတာ အသုံးပြု ချိန်
လွန်ကဲမှုကိုပါ ထည့်ပေါင်းပါက ၈၀ ရာခိုင်နှုန်း အထိ မြင့်မား လာနိုင်ကြောင်း၊ လက်ရှိ အခြေအနေအရ အမေရိကန် ပြည်ထောင်စု အပါအ၀င် ကမ္ဘာ့နိုင်ငံ အချို့တွင် ပြည်သူများ
အကြား မျက်စိအဝေးမှုန် ပြဿနာ ပေါ်ပေါက်နှုန်းမှာ ပုံမှန်ထက် ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်
လာကြောင်း၊ လက်ရှိနှုန်းထား အတိုင်း အဝေးမှုန် ပြဿနာ ဖြစ်ပွားနှုန်း မြင့်တက်လာခဲ့ ပါက
၂၀၅၀ ပြည့်နှစ် အရောက်တွင် ကမ္ဘာ့ပြည်သူ လေးဘီလီယံ အထိ မျက်မှန်တပ်ရန် လိုလာမည် ဖြစ်ကြောင်း
နှင့် ၂၀၅၀ ပြည့်နှစ် အရောက်တွင် တစ်ကမ္ဘာလုံး ဆိုင်ရာ အမြင်အာရုံ ကျန်းမာရေး ပြဿနာကပ်ဘေး
ပေါ်ထွက် လာနိုင်ကြောင်း စသည်တို့ကို အမေရိကန် ပြည်ထောင်စု ရိုချက်စတာ နည်းပညာ အင်စတီကျုမှ
သုတေသန ပညာရှင်များက ဧပြီ ၂၅ တွင် သတိပေး ထားသည်။