စိတ်ဖိစီးမှုများခြင်း
နှင့် နှလုံးရောဂါ
နှလုံးရောဂါသည်
ယနေ့ခေတ်တွင် အဖြစ်များနေသော ရောဂါတစ်ခု ဖြစ်သည်။ အဖြစ်များနေသော နှလုံးရောဂါတွင် ကုလဇ
ခေါ် မျိုးရိုးဗီဇ ပါ နှလုံးရောဂါက လွဲပြီး ကျန်နှလုံးရောဂါ များသည် အပြုအမူ ၊ အနေအထိုင်
တို့ကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်သည်။ ထို့အတူ စိတ်ဖိစီးမှု များခြင်းကြောင့်လည်း နှလုံးရောဂါ
ဖြစ်နိုင်သည်ကို သတိချပ်စေ လိုသည်။
နှလုံးခုန်ခြင်း ဆိုသည်မှာ နှလုံးသည် ကြွတစ်ခါ
၊ ကျုံ့တစ်လှည့်နှင့် သွေးများကို လက်ခံခြင်း ၊ ထုတ်လွှတ်ခြင်း ပြုလုပ်နေခြင်း ဖြစ်သည်။
ခန္ဓာကိုယ်၏ အပူချိန် တေဇောဓာတ် သည် မှန်နေပါက နှလုံးခုန်နှုန်း သည်လည်း မှန်နေမည် ဖြစ်သည်။
တေဇောဓာတ် မြင့်လာပါက နှလုံးခုန်နှုန်း သည်လည်း မြင့်တက်လာမည် ဖြစ်သည်။ တေဇောဓာတ် နည်းသွားပါက
နှလုံခုန်နှုန်း သည်လည်း နည်းသွားမည် ဖြစ်သည်။ ထို့အတူ တိုင်းရင်းဆေးပညာ (ဘေသဇ္ဇဆေးပညာ)
ဒေါသသုံးပါး အလိုက် နှလုံး၏ ဖြစ်ပေါ် ပြောင်းလဲနေသည် များရှိပါသည်။ နှလုံးအိမ်တွင် သည်းခြေဒေါသများ
ဦးဆောင် လွန်ကဲနေချိန်တွင် နှလုံးခုန်နှုန်းသည် မြန်နေမည် ဖြစ်သည်။ သလိပ်ဒေါသများ ဦးဆောင်လွန်ကဲ
နေချိန်တွင် နှလုံးခုန်နှုန်းသည် နှေးကွေးလေးလံ နေမည် ဖြစ်သည်။ လေဒေါသများ ဦးဆောင်လွန်ကဲ
နေချိန်တွင် နှလုံးခုန်နှုန်းသည် မူမမှန်ခြင်း ဖြစ်နေတတ်သည်။ သည်းခြေဒေါသ ၊ သလိပ်ဒေါသ
၊ လေဒေါသများ ညီညွတ်နေပါက နှလုံးခုန်နှုန်းသည် မျှတနေမည် ဖြစ်ပြီး ပုံမှန်အတိုင်း လှုပ်ရှားနေမည်
ဖြစ်သည်။









