ဉာဏ်ရည်တုနည်းပညာ နှင့် ဦးနှောက်နှင့်အာရုံကြောဆက်နွယ်အကျိုးပြုနေမှု
ဒေါက်တာဉမ္မာစော
ကမ္ဘာကြီးသည် သိပ္ပံနည်းပညာ တော်လှန်ရေးဖြစ်ခဲ့ပြီး အရွေ့တစ်ခုနှင့် ခေတ်တစ်ခု စနစ်တစ်ခုစီကို ပြောင်းရွှေ့နေ ပါသည်။ ထိုအရာသည် Artificial Intelligence ဟုခေါ်သည့် ဉာဏ်ရည်တု များနှင့် တည်ဆောက် ထားသော စက်များ၊ စက်ရုပ်များဖြင့် အလိုအလျောက် လုပ်ဆောင်နိုင်သည့် ခေတ်ပင်ဖြစ်ပါသည်။ AI သည် လူများတွင်ရှိသော အသိဉာဏ်အတု တစ်မျိုးဖြစ်ပြီး ၎င်းကိုလူသားတို့မှ တီထွင်ထားခြင်း ဖြစ်ပါသည်။ Russell နှင့် Norvig ဆိုသည့် သိပ္ပံပညာရှင် နှစ်ဦးမှAI သည် လူသားတို့၏ ဉာဏ်ရည်ကို လေ့လာပြီး ၎င်းလူသားများ၏ ဉာဏ်ရည်အတိုင်း တုပ၍ လုပ်ဆောင်ထားသည့် အရာဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆို ထားပါသည်။








