Sunday, October 13, 2024

အစာအိမ်၊အူလမ်းကြောင်းနှင့်အကိုက်အခဲဆေး

 



အစာအိမ်၊အူလမ်းကြောင်းနှင့်အကိုက်အခဲဆေး

(PU & NSAID)‌

ဒေါက်တာလွင်သန့်

   အကိုက်အခဲ ပျောက်ဆေး တွေမှာ ဘေးထွက်ဆိုးကျိုး တွေရှိပါတယ်။ အကိုက်အခဲ ပျောက်ဆေး (NSAID, Non steroidal Anti-inflammatory Drug) တွေက ကမ္ဘာပေါ်မှာ အသုံးများတဲ့ ဆေးဖြစ်တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်တဲ့ အမေရိကန် မှာတောင် လူဦးရေရဲ့ ၅.၄ ရာခိုင်နှုန်းက အကိုက်အခဲ ပျောက်ဆေး တစ်မျိုးမျိုးကို သောက်သုံးနေကြပြီး လူ (၁၀၀၀၀-၂၀၀၀၀) အထိ အကိုက်အခဲ ပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကြောင့် နှစ်စဉ်သေဆုံး နေကြရပါတယ်။

Friday, October 11, 2024

ဒေါသစိတ်နှင့် ကျန်းမာရေးဆိုးကျိုးများ



 

 ဒေါသစိတ်နှင့် ကျန်းမာရေးဆိုးကျိုးများ

          ပုထုဇဉ်ဆိုသည်မှာ အမျက်ဒေါသနှင့် မကင်းနိုင်သူ ဖြစ်သဖြင့် အကြောင်း မညီညွတ်ပါက “ဒေါသ” ထွက်တတ်သည်မှာ ဓမ္မတာဖြစ်ပါသည်။ အချို့သူများက မွေးရာပါပင်ကိုယ် စိတ်နေ သဘောထားအရ၊ သည်းခံနိုင်စိတ် ရှိသဖြင့် အတော်အတန် ပြဿနာအတွက် ဒေါသမထွက်တတ် ကြသော်လည်း၊ တချို့ကမူ စိတ်မထိန်းနိုင်ဘဲ ထစ်ကနဲရှိ ဒေါသကြီးကြသည်။

          သည်းမခံခြင်း၏ ဆိုးကျိုးအပြစ်ဒဏ် (၅) မျိုးမှာ-

Thursday, October 10, 2024

အိုဇုန်းလွှာပျက်စီးမှုကိုကာကွယ်စို့

 



ရာသီဥတုပြောင်းလဲမှုကိုရပ်တန့်ဖို့အိုဇုန်းလွှာပျက်စီးမှုကိုကာကွယ်စို့

         ရေ၊ မြေ၊ လေဟူသော ထုထည်ကြီး သုံးခုသည် ဂေဟစနစ်ဖြင့် ချိတ်ဆက်နေပြီး သဘာဝ တရားကြီးကို အကောင်းဆုံး ဖန်တီးပေးထားသည်။ ရေထု၊ မြေထု၊ လေထုတို့ တစ်ခုခုပျက်စီး ချို့ယွင်းလျင် ဂေဟစနစ် ပျက်သုဉ်း၍ အမျိုးမျိုး အဖုံဖုံသော သဘာဝ ဘေးဒဏ်များ ဖြစ်ပေါ်လာရသည်။ သဘာဝတရားမှ ရရှိထားသော အခမဲ့လက်ဆောင် များကိုအခမဲ့ဟူ၍ တန်ဖိုးမထားပါက ထိုလက်ဆောင်များသည် ယိုယွင်းပျက်စီးမှု လျင်မြန်ပါလိမ့်မည်။ ယိုယွင်းပျက်စီးခြင်း ဆိုကတည်းက ကောင်းကျိုးဟူ၍ မရှိပေ။ ရေထုနှင့် လေထုကို မြေထုမှတစ်ဆင့် ဂဟေဆက်၍ ပြုပြင်ရမည်သာ ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် သဘာဝပတ်ဝန်းကျင် အမှီသဟဲပြု၍ နေထိုင်ကြသော လူသားများသည် ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသော ကြောင့်ဖြစ်သည်။ ကမ္ဘာမြေကြီး သာယာလှပရေးသည် လူသားတို့အပေါ်တွင် များစွာ မူတည်ပါသည်။

Tuesday, September 24, 2024

ချိုမြိန်အရသာမိုးသီးနှံများနှင့် ကျန်းမာရေး



 

ချိုမြိန်အရသာမိုးသီးနှံများနှင့် ကျန်းမာရေး

ဒူးရင်းသီးနှင့် ကျန်းမာရေး

          ဒူးရင်းသီး၏ ထူးခြားသော အနံ့အရသာကြောင့် အရှေ့တောင်အာရှ နိုင်ငံများတွင် “အသီးမှာဘုရင်"ဟု တင်စားခေါ်ကြသည်။ အခွံသည် အ၀ါရောင်သန်း နေပြီး လက်နှင့် ပုတ်ကြည့်၍ ခပ်အုပ်အုပ် အသံထွက်လာပါက ကောင်းသော အသားပြည့်သော အသီးဖြစ်သည်။ လုံးဝန်းသော အသီးက အိမ်ပြည့်၍ အသားများသည်။ အခွံသည် ခဲရောင်သန်းနေပြီး လက်နှင့်ပုတ်ကြည့်၍ ဂလိုင်သံ ထွက်လာပါက မကောင်းပါ၊ ထိုအသီးထဲတွင် အမွှာချောင်နေပြီး အသား မာဆတ်ဆတ် ဖြစ်သည်။

Thursday, September 12, 2024

စာဖတ်ပါ



 

စာဖတ်ပါ

ရန်ကုန် ဌေးဇော်

မိဘတို့သည် သားသမီးများ စကားပြော တတ်သည့် အရွယ်သို့ ရောက်လျှင်ပင် စာရေးတတ် စာဖတ်တတ် လေအောင် ကျောင်းသို့ စေလွှတ်၍ စာသင်စေသည်။ ကလေးများ ကျောင်းသို့ရောက် သော် ဆရာဆရာမ တို့သည် ထိုကလေးများကို စာရေးတတ် စာဖတ်တတ် ကြစေရန် ပထမဦးဆုံး ဗျည်းအက္ခရာ များမှစ၍ စာကြီးပေကြီး များအထိ သင်ကြားပို့ချကြ လေသည်။ ဤသို့ ငယ်စဉ်ကအစပြု၍ မိဖဆရာသမား တို့က စာဖတ်တတ်အောင် သင်ကြားပေးကြ သည်မှာ စာဖတ်တတ် ခြင်းကြောင့် ကလေးတို့၏ အနာဂတ် ကောင်းကျိုးကို ဖန်တီးနိုင်စေရန် ရည်သန်သောကြောင့် ဖြစ်လေသည်။ လူမျိုးအသီးသီး၊ ဘာသာအသီးသီး တို့တွင် အများအားဖြင့် စာနှင့်စာပေ ဟူ၍ ရှိကြသည်။ စာပေသည် စာမှပေါ်ပေါက် လာသည်။ စာသည် စကား၏ သင်္ကေတဖြစ်သော အက္ခရာများကို စုပေါင်းဖွဲ့စည်း၍ စံနစ်တကျ စီစဉ်ရေးသား တင်မှတ်ထားသော အမှတ်အသား ဖြစ်သည်။ အချို့ နိုင်ငံများတွင် ရုပ်ပုံသင်္ကေတ များမှ ဆင်းသက်လာသည့် အရေးအမှတ် များကိုပါ စာဟု ခေါ်ကြသည်။

Tuesday, September 10, 2024

ဉာဏ်ရည်တုနည်းပညာ နှင့် ဦးနှောက်နှင့်အာရုံကြောဆက်နွယ်အကျိုးပြုနေမှု

 


 

ဉာဏ်ရည်တုနည်းပညာ နှင့် ဦးနှောက်နှင့်အာရုံကြောဆက်နွယ်အကျိုးပြုနေမှု

ဒေါက်တာဉမ္မာစော

          ကမ္ဘာကြီးသည် သိပ္ပံနည်းပညာ တော်လှန်ရေးဖြစ်ခဲ့ပြီး အရွေ့တစ်ခုနှင့် ခေတ်တစ်ခု စနစ်တစ်ခုစီကို ပြောင်းရွှေ့နေ ပါသည်။ ထိုအရာသည် Artificial Intelligence ဟုခေါ်သည့် ဉာဏ်ရည်တု များနှင့် တည်ဆောက် ထားသော စက်များ၊ စက်ရုပ်များဖြင့် အလိုအလျောက် လုပ်ဆောင်နိုင်သည့် ခေတ်ပင်ဖြစ်ပါသည်။ AI သည် လူများတွင်ရှိသော အသိဉာဏ်အတု တစ်မျိုးဖြစ်ပြီး ၎င်းကိုလူသားတို့မှ တီထွင်ထားခြင်း ဖြစ်ပါသည်။ Russell နှင့် Norvig ဆိုသည့် သိပ္ပံပညာရှင် နှစ်ဦးမှAI သည် လူသားတို့၏ ဉာဏ်ရည်ကို လေ့လာပြီး ၎င်းလူသားများ၏ ဉာဏ်ရည်အတိုင်း တုပ၍ လုပ်ဆောင်ထားသည့် အရာဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆို ထားပါသည်။

Sunday, September 8, 2024

စိတ်ပင်ပန်းမှုတွေ ပြေပျောက်မည့် နည်းလမ်းကောင်းများ

 


 

စိတ်ပင်ပန်းမှုတွေ ပြေပျောက်မည့် နည်းလမ်းကောင်းများ

နိုင်ငံတကာ စိတ်ရောဂါဆိုင်ရာ ကျန်းမာရေး သုတေသီများ၏ လေ့လာချက်များ အရ ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၃၅၀ ခန့် သည် စိတ်ဖိစီးမှု အမျိုးမျိုးကြောင့် စိတ်ရောဂါများ ဖြစ်ပွားလျှက် ရှိကြောင်း နှင့် အောက်ဖော်ပြပါ အကြောင်းရင်းများက လူသား များအား စိတ်ဖိစီးမှုကို အများဆုံး ဖြစ်ပေါ်စေ တတ်ကြောင်း သိရပါသည်။  

·         ထင်ပေါ်ကျော်ကြား အောင်မြင်ချင်လွန်းသော စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာရသော စိတ်ဖိစီးမှုကို လူငယ်များ တွင် ၆၀ ရာခိုင်နှုန်း တွေ့ရသည်။

·         ဖြစ်ချင်မှု၊ လိုချင်မှု ပြင်းပြသော စွဲလမ်း ရူးသွပ်စိတ်ကို လူငယ်များတွင် ၄၉ ရာခိုင်နှုန်း တွေ့ရသည်။

·         ကျန်းမာရေး ပြဿနာအမျိုးမျိုး ရင်ဆိုင်ရသဖြင့် စိတ်ဖိစီးမှုကို အရွယ်ရောက်ပြီး သူများတွင် ၃၆ ရာခိုင်နှုန်း တွေ့ရ သည်။

ဖြေသိမ့်စကား


ဖြေသိမ့်စကား

ဒေါက်တာလွင်သန့်

      လူတို့ဟာ ရင်းနှီးတဲ့ သူငယ်ချင်း(သို့) ဆွေမျိုး တစ်ယောက်ယောက် ဝမ်းနည်းစရာ၊ ကြေလွဲစရာ တစ်ခုခုနဲ့ကြုံရ ပါက ဘာမြောရမှန်း မသိ၊ ဘယ်လိုနှစ်သိမ့်ရမှန်း မသိ ဖြစ်နေတတ်တယ်။ သူတို့အနေနဲ့ ကြေကွဲဖွယ် ကောင်းတဲ့ အဖြစ်အပျက် တွေကိုရင်ဆိုင် ကျော်လွှားရာမှာ ကိုယ်က ဘယ်လိုကူညီ ရမှန်းမသိ တာကြောင့် ကိုယ်ပြောလိုက်ရင်၊ အမှားပါသွားမှာ စိုးတာကြောင့် ခပ်ရှောင်ရှောင် နေမိသွားတာမျိုး လည်းဖြစ်တတ်ကြ ပါတယ်။ အဲဒီလို ရှောင်ဖယ်ဖယ် လုပ်နေပါက သူတို့တွေကို ပိုအထီးကျန် ဆန်သွားတာ ပိုပြီးစိတ်ဆင်းရဲ ရတတ်ပါတယ်။ သူတို့ရဲ့ နာကျင်ခံစားမှုကို ကိုယ့်အနေနဲ့ ပျောက်ကင်း သွားအောင် ဖယ်ရှားပေး နိုင်ပေမယ့် မျှဝေခံစားပေး နိုင်ပါတယ်။ ဒါမှလည်း သူတို့အနေနဲ့ စိတ်သက်သာရာ ရပြီး အထီးကျန် မဆန်တော့ပါဘူး။

Sunday, September 1, 2024

စာပေလေ့လာဖတ်ရှုမှု လူသားတိုင်းကို ကောင်းကျိုးပြု

 



စာပေလေ့လာဖတ်ရှုမှု လူသားတိုင်းကို ကောင်းကျိုးပြု

          ယနေ့ခေတ်လူငယ် တော်တော်များများ အွန်လိုင်း၊ မီဒီယာများဖြင့် ပျော်မွေ့နေကြသည်။ လူငယ်တွေသာမက လူလတ် ပိုင်း၊ တချိုလူကြီးပိုင်း တွေလည်း အွန်လိုင်းကို စွဲလန်းနေကြသည်။ ကလေးများ ဂိမ်းစွဲလာကြသည်။ ကိုယ်လက် လှုပ်ရှားမှု မရှိ။ လေးလံ လာကြသည်။ လူမှုဆက်ဆံရေး နယ်ပယ် ကျဉ်းမြောင်းခြင်းနှင့် အတူ လောကနီတိ သဘောသဘာဝ ချို့ယွင်း လာကြသည်။ အရေးကြီးဆုံး အချက်ဖြစ်သည့် စာပေလေ့လာ ဖတ်ရှုမှုလည်း အားနည်း လာကြသည်။ စာဖတ် အားနည်းခြင်းက ဘ၀တိုးတက်မှု နာရီလက်တံများကို အတိုင်းအတာ တစ်ခုအထိ ရပ်တန့်သွား စေသည်။ ခေတ်စနစ်၏ တောင်းဆိုချက်အရ ရုပ်ဝတ္တုတွေ တိုးတက် လာသည်။ အကျိုးပြု စာပေများ ဖတ်ဖိုထက် အွန်လိုင်းများ၊ အီလက်ထရောနစ် မီဒီယာများ၊ ဒစ်ဂျစ်တယ်လ် များဖြင့်သာ ပျော်မွေ့နေကြသည်။ သို့သော် အွန်လိုင်းကို အကျိုးရှိရှိ မသုံးမပြုကြပေ။ စာမဖတ်ကြဘဲ ဂိမ်းဆော့ခြင်း၊ မီဒီယာကြည့်ခြင်း တို့ဖြင့်သာ အချိန် ကုန်မှန်းမသိ တစ်နေ့တာ ပြီးဆုံးသွားပြန်သည်။

Saturday, August 31, 2024

ဆေးဘက်အသုံးဝင် ယာကွန်ပင်

 

 


ဆေးဘက်အသုံးဝင် ယာကွန်ပင်

(SmallanthusSonchifolius)

ဒေါက်တာလပြည့်ခင်

နှစ်ရှည်ခံအပင် ဖြစ်သော ယာကွန်ပင် သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ဒေသအများစုတွင် အများအပြား ပေါက်ရောက်သည်။ ယာကွန်ပင် မျိုးရင်းသည်  Asteraceae ဖြစ်ပြီး ရုက္ခဗေဒအခေါ် (SmallanthusSonchifolius) ဖြစ်သည်။ မူလစိုက်ပျိုးရာ ဒေသမှာ တောင်အမေရိကတိုက် ဖြစ်ပြီး ကိုလံဘီယာနှင့် အာဂျင်တီးနား တွင်လည်း စိုက်ပျိုးကြသည်။ ယာကွန်ပင် သည် အပေါ်ပိုင်း အပင်ခြောက်၍ အရွက်ကြွေကျ ချိန်တွင် မြေအောက်ရှိ ပင်စည်ဥကို တူးဖော်စားသုံး နိုင်ပြီဖြစ်သည်။ တူးဖော်ရာတွင် ယာကွန်ဥ များကို ထိခိုက်မှု မရှိစေရန် အထူးဂရုစိုက် ရမည်ဖြစ်သည်။ ယာကွန်ဥ သည် ပျမ်းမျှ အလေးချိန် (၃၀၀)ဂရမ် ခန့်ဖြစ်ပြီး ကြီးထွား သန်မာပါက (၂၀၀၀)ဂရမ်ခန့် ထိရှိသည်ကို တွေ့နိုင်သည်။