Tuesday, June 10, 2008

ကွာကွာမားမား Web ကမ္ဘာ (၁၉)



Economic.com

၁၉၇၉ ခုနှစ်ကတည်းက စတင်တည်ထောင်သော Economic Packaging and Clean room Supplies သည် တစ်ကမ္ဘာလုံးရှိ စီးပွားရေး လုပ်ငန်းများအတွက် ၀န်ဆောင်မှုများကို နှစ်(၃၀)နီးပါး ဆောင်ရွက်ပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကမ္ဘာအရပ်ရပ်သို့ ပင်လယ်ကူးသင်္ဘောကြီးများ၊ လေယာဉ်ပျံများဖြင့် ကုန်ပစ္စည်းပါဆယ် အရွယ်အစားမျိုးစုံကို အလျင်အမြန်ဆုံး ဖြန့်ဝေပေးလျက်ရှိပါတယ်။ ၀က်ဘ်ဆိုက်မှတစ်ဆင့် ကုန်ပစ္စည်း ဖြန့်ဝေရေး အော်ဒါများနဲ့ လိုအပ်တဲ့ ငွေပေးငွေယူ၊ စာရွက်စာတမ်းကိစ္စရပ်များ အားလုံးကို တစ်ထိုင်တည်းနဲ့ ပြီးပြတ်အောင် ၀န်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒ့ါအပြင် ထိုဝက်ဘ်ဆိုက်သည် ခေါ်ယူမှာကြားသော မည်သည့် ကုမ္ပဏီရုံးခန်းသို့မဆို သန့်ရှင်းရေး ၀န်ဆောင်မှုနဲ့ အခြားရုံးအသုံးအဆောင် ပစ္စည်းများကို လာရောက် ဆောင်ရွက် ပို့ဆောင်ပေးသော ၀န်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးတဲ့ ၀က်ဘ်ဆိုင်ဖြစ်ပါတယ်။

ကွာကွာမားမား Web ကမ္ဘာ (၁၈)



Robotcafe.com

ရိုဘော့များအကြောင်း စိတ်ပါဝင်စားသူများ၊ ရိုဘော့တစ်ကောင်ကို ကိုယ်တိုင် ကိုယ်ကျ တည်ဆောက်ကြည့် လိုသူများနှင့် အချင်းချင်း တွေ့ဆုံအမြင် ဖလှယ်လိုသည့် ကမ္ဘာ့တစ်ဝန်းမှ ရိုဘော့ဝါသနာရှင် များအတွက် အင်တာနက်ပေါ်ရှိ အကောင်းဆုံး ကွန်းထောက်စခန်း တစ်ခုဖြစ်သည်။ နယ်ပယ်ပေါင်းစုံမှ ထိပ်တန်း ရိုဘော့ပညာရှင်များ ပါဝင်သဖြင့် ရိုဘော့နယ်ပယ်မှ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုများ နှင့် စိတ်ကူးစိတ်သန်း သစ်များ တင်ပြထားသည်ကို တွေ့နိုင်သည်။ ၀က်ဘ်ဆိုက်ကို အလွန်ရိုးရှင်းသော အသွင်အပြင်ဖြင့် ကရပ်ဖစ်ကို တတ်နိုင်သမျှနည်းအောင် ရေးဆွဲဖွဲ့စည်းထားသည်။ ထို့ပြင် ရိုဘော့ချစ်သူ အသိုင်းအ၀ိုင်း တစ်ခုလိုဖြစ်အောင် ဖန်တီးထား၍ Blog ဆိုက်တစ်ခုနှင့် ပိုတူနေသည်ကို တွေ့ရသည်။ ၀က်ဘ်ဆိုက်သို့ တိုးတက်ကြောင်း အကြံဥာဏ်များကို e-Mail ဖြင့်ပေးပို့ပေးပါက အထူး ကျေးဇူးတင်မည် ဖြစ်ကြောင်း ကမ်းလှမ်းထားတယ်။

Monday, June 9, 2008

မြင်တတ်ပုံက

မြင်တတ်ပုံက

အမူးသမားတစ်ယောက်သည် အိမ်သော့အား လမ်းဘေးမီးတိုင်ထဲ ထိုးထည့်၍ ဖွင့်ရန်လုပ်နေစဉ် ရဲသားတစ်ဦးက သူ့အနားသို့ ရောက်လာသည်။

×× အိမ်ထဲမှာ ဘယ်သူမှ မရှိဘူးလို့ ထင်တယ်။ လူကြီးမင်း .......

လို့ ရဲသားကပြောလိုက်သည်။

အမူးသမားက ပြဿနာမဖြစ်စေရန် ပေးလိုက်သော အဖြေကတော့

++ ဟုတ်ပါလိမ့်မယ်၊ ဒါပေမယ့် အပေါ်ထပ်မှာ မီးလင်းနေလို့ပါ…

ဈေးကြီးတဲ့ ဦးနှောက်

ဈေးကြီးတဲ့ ဦးနှောက်

ကြွယ်ဝချမ်းသာတဲ့ လူတစ်ယောက်သည် အကြီးအကျယ် နေထိုင်မကောင်းဖြစ်နေသည်။ သူ့ဆရာဝန်က ပြောသည်။

++ ခင်ဗျားရောဂါသက်သာဖို့က တစ်ခုပဲလုပ်စရာရှိပါတယ်။ ဦးနှောက်ကို လဲရပါမယ်။ ဒါပေမယ့် သိပ်ကို ငွေကုန်ကြေးကျ များပါတယ်ခင်ဗျာ့

လူနာက ပြန်ပြောသည်။

++ ငွေက ကိစ္စမရှိပါဘူး၊ ဦးနှောက်ကကော ရနိုင်ပါ့မလား။

++ ရနိုင်မယ့် ဦးနှောက်က (၃)မျိုးတောင်ရှိပါတယ်။ ပထမဦးနှောက်က တက္ကသိုလ်ပါမောက္ခရဲ့ ဦးနှောက်ပါ။ သူကတော့ ဒေါ်လာတစ်သောင်းလောက် ကုန်ကျပါလိမ့်မယ်။

++ ကိစ္စမရှိပါဘူး၊ ကျွန်တော်တတ်နိုင်ပါတယ်။ ဒုတိယကကော…

++ သူကတော့ ဒုံးပျံသိပ္ပံပညာရှင်ရဲ့ ဦးနှောက်ပါ။ ဒေါ်လာတစ်သိန်းလောက် ဈေးရှိပါတယ်။

++ ငွေတွေအများကြီးရှိပါတယ်။ ကျွန်တော့်အတွက် ပိုကောင်းတာပေါ့၊ ဒါပေမယ့် တတိယကကောဗျာ

++တတိယကတော့ အစိုးရဌာနတစ်ခုက ဗျူရိုကရက်အရာရှိရဲ့ ဦးနှောက်ပါ။ သူကတော့ ဒေါ်လာ သန်းတစ်ဝက်လောက် ကုန်ကျပါမယ်။

++ဗျူရိုကရက်ရဲ့ ဦးနှောက်က ဘာဖြစ်လို့ ဈေးကြီးရတာလဲ

++တစ်ခါမှ အသုံးမပြုရသေးလို့ပါ..

ထို့ကြောင့် . .. . ဤသို့

ထို့ကြောင့် . .. . ဤသို့

အသက်(၇၀)နှစ်ရှိသော သန်းကြွယ်သူဌေးကြီး တစ်ဦးသည် ချောမောလှပသော အသက်(၂၀)ရှိ မိန်းကလေး တစ်ဦးနှင့် မကြာခင် လက်ထပ်လိုက်သည်။ သူ့မိတ်ဆွေ သူငယ်ချင်း တစ်ယောက်က မေးလေသည်။

+ခင်ဗျား အတော့်ကိုလည်တဲ့ အဖိုးကြီးပဲ၊ ဘယ်လိုလုပ်ပြီး ဒီလောက် ချောတဲ့ လှတဲ့ မိန်းမရအောင် လုပ်ရတာသလဲ။

သန်းကြွယ်သူဌေး ပြန်ပြောလိုက်တာက

++လွယ်ပါတယ်ကွာ၊ ငါ့အသက် (၉၅)နှစ်ရှိပြီ လို့ ပြောလိုက်တာပေါ့။

Saturday, June 7, 2008

စာစီစာကုံး

စာစီစာကုံး

အငိုပထမ
နိဒါန်း စ၏ ။

ငိုညည်းဆက်လျှောက်
စာကိုယ် ရောက်၏ ။

ငိုရင်းပင်ဆုံး
နိဂုံးချုပ် ၏ ။

အို.... ကျွန်ုပ်မဖြုံ
လူသားဂုဏ်ကို
ထုံကာ မွှန်းကာ
ရေးသားပါအံ့
မဟာဝီရ
မနုဿ၏
ဘဝ
စာစီစာကုံး များ ။ ။
( မြေပြန့်ဝင်းသွေး )

ကွာကွာ မားမား Web ကမ္ဘာ (၁၇)



W3.buddhanet.net


ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာများ၊ သတင်းအချက်အလက်များနဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်သော ပညာရေး ဗဟုသုတများကို လေ့လာနိုင်တဲ့ ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို သြစတြေးလျ နိုင်ငံရှိ Buddha Dharma Education Association Inc က ၁၉၉၅ ခုနှစ်မှာ လွှင့်တင်ထားတာဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာများ ဖြစ်သော ထေရ၀ါဒ၊ မဟာယာန၊ တိဗက်၊ ဇင် (Zen) စတဲ့ ဗုဒ္ဓဘာသာ အကြောင်းတွေ ဖော်ပြပေးပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အွန်လိုင်း မဂ္ဂဇင်းကဏ္ဍ၊ ဗောဓိပင်၊ ကမ္ဘာ့ဗုဒ္ဓဘာသာလမ်းညွှန်၊ တရားပြဆရာများ၏ နည်းနာများ၊ သတင်းများနဲ့ တရားထိုင်နည်း များကို ဖော်ပြထားပြီး ဗုဒ္ဓဘာသာကို လေ့လာလိုသူများအတွက် မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်များကို အခြေခံမှစ၍ လေ့လာနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာ ဆိုင်ရာဘွဲ့ယူလိုသူများအတွက် သင်ရိုးများကို အွန်လိုင်းမှပင် လေ့လာနိုင်ပြီး အထက်ပါ အဖွဲ့အစည်းသို့ ဆက်သွယ်လှူဒါန်းလိုသူများအတွက် အွန်လိုင်းမှ တိုက်ရိုက် လှူဒါန်းနိုင်အောင်လဲ စီစဉ်ထားတဲ့ ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။ သာဓု ခေါ်နိုင်ကြပါစေ။

ကွာကွာ မားမား Web ကမ္ဘာ (၁၆)


W3.WSJ.com

Wall Street ဂျာနယ်က သူတို့ရဲ့ ၀က်ဘ်ဆိုက်မှာ အခုဆိုရင် လာရောက်ဖတ်ရှုသူပေါင်း တစ်သန်း ကျော်သွားပြီလို့ ကြေညာခဲ့ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို အခပေး ကြည့်ရှုနိုင်အောင် တင်ပေးထားတဲ့ ၀က်ဘ်ဆိုက်ဖြစ်တယ်။ လွန်ခဲ့တဲ့ကာလကစလို့ လူအများစုဟာ သတင်းစာ၊ ဂျာနယ်တွေကို ပုံနှိပ် ထုတ်ဝေတဲ့ဘက်ကနေ ခွာလာကြပြီး အခမဲ့ပေးတဲ့ ၀က်ဘ်ဆိုက်တွေနဲ့ အခြားသော မီဒီယာ တွေဘက်ကို အာရုံပိုပြီး စိုက်လာကြတာကို တွေ့ကြရပါတယ်။ လက်ရှိအချိန်မှာ အွန်လိုင်း ဂျာနယ် လောကဟာ လူပြောစရာ ဖြစ်လောက်အောင် အောင်မြင်နေပြီဖြစ်တယ်။

Friday, June 6, 2008

ဤမီးတိုင်

ဤမီးတိုင်

ဘုရားရှေ့ဝယ်
အငွေ့လှိုင်လှိုင်
နံ့ကြိုင်ကြိုင်ဖြင့်
တစ်တိုင်ဆီမီး
ထိန်ထိန်ညီးတည့် ။

သူအလျှံမှ
တစ်ဖန်ကူးဘိ
သူငါညှိလည်း
မသိလျော့ရာ
ထိန်မြဲသာတည့် ။ ။
(ငွေတာရီ)

ကွာကွာ မားမား Web ကမ္ဘာ (၁၅)



W3.myanmarscholarship.com


နိုင်ငံခြားကိုသွားရောက်ပြီး အဆင့်မြင့် ပညာရပ်တွေကို ထပ်မံလေ့လာဆည်းပူးလိုတဲ့ ထူးချွန် ထက်မြက်အောင် ကြိုးစားနေကြတဲ့ ကျောင်းသူ၊ ကျောင်းသာ၊ အတတ်ပညာရှင်တွေ အတွက် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ စကောလားရှစ် အစီအစဉ်တွေကို သိရှိနိုင်အောင် ဖော်ပြပေးနေတဲ့ ၀က်ဘ်ဆိုက်ဖြစ်တယ်။ စကောလားရှစ်နဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်မယ့် ၀န်ဆောင်မှုတွေကို ပေးထားတဲ့အတွက် ဗဟုသုတတွေ ရရှိစေနိုင်ပါတယ်။ အင်္ဂလိပ်၊ မြန်မာ (၂)ဘာသာနဲ့ ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။ ဒါကြောင့် ပညာသင်ဆုနဲ့ဆိုင်တဲ့ သတင်းတွေ ဖတ်ရှု လေ့လာလိုတဲ့သူတွေအတွက် ၀င်ရောက် လေ့လာသင့်တဲ့ ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။