Tuesday, June 10, 2008

ကွာကွာမားမား Web ကမ္ဘာ (၁၉)



Economic.com

၁၉၇၉ ခုနှစ်ကတည်းက စတင်တည်ထောင်သော Economic Packaging and Clean room Supplies သည် တစ်ကမ္ဘာလုံးရှိ စီးပွားရေး လုပ်ငန်းများအတွက် ၀န်ဆောင်မှုများကို နှစ်(၃၀)နီးပါး ဆောင်ရွက်ပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကမ္ဘာအရပ်ရပ်သို့ ပင်လယ်ကူးသင်္ဘောကြီးများ၊ လေယာဉ်ပျံများဖြင့် ကုန်ပစ္စည်းပါဆယ် အရွယ်အစားမျိုးစုံကို အလျင်အမြန်ဆုံး ဖြန့်ဝေပေးလျက်ရှိပါတယ်။ ၀က်ဘ်ဆိုက်မှတစ်ဆင့် ကုန်ပစ္စည်း ဖြန့်ဝေရေး အော်ဒါများနဲ့ လိုအပ်တဲ့ ငွေပေးငွေယူ၊ စာရွက်စာတမ်းကိစ္စရပ်များ အားလုံးကို တစ်ထိုင်တည်းနဲ့ ပြီးပြတ်အောင် ၀န်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒ့ါအပြင် ထိုဝက်ဘ်ဆိုက်သည် ခေါ်ယူမှာကြားသော မည်သည့် ကုမ္ပဏီရုံးခန်းသို့မဆို သန့်ရှင်းရေး ၀န်ဆောင်မှုနဲ့ အခြားရုံးအသုံးအဆောင် ပစ္စည်းများကို လာရောက် ဆောင်ရွက် ပို့ဆောင်ပေးသော ၀န်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးတဲ့ ၀က်ဘ်ဆိုင်ဖြစ်ပါတယ်။

No comments: